ဗဟုသုတ ဟင်းပေါင်းအိုးကြီး
ခေတ်သစ်မျက်မမြင်ပုဏ္ဏားများ
++++++++++++++++++++++++++
တခါတုန်းက ဗုဒ္ဓမြတ်စွာသည် သာဝတ္ထိပြည်၊ဇေတ၀န်ကျောင်းတော်မှာ သီတင်းသုံးနေတော်မူစဉ်က ရဟန်းသံဃာတော်တို့အား ဘုရားရှင်သည် သူကန်းဥပမာရှိတဲ့တရားတော်အားဟောကြားတော်မူပါတယ်။
ရဟန်းတို့ ရှေးအခါကသာဝတ္ထိမင်းဟာ မွေးစဉ်ကတည်းကမျက်စေ့မမြင်သော ဆင်ကိုမမြင်ဖူးသည့် မျက်မမြင်ပုဏ္ဏား ၉-ဦးတို့ကိုနန်းတော်သို့ခေါ်ယူစေပြီး မင်း၏စီးတော်ဆင်အား မျက်မမြင်ပုဏ္ဏားတစ်ယောက်ချင်းစီကို
၁။ ဆင်၏ဦးခေါင်း
၂။ ဆင်၏နားရွက်
၃။ ဆင်၏အစွယ်
၎။ ဆင်၏နှာမောင်း
၅။ ဆင်၏ခန္ဓာကိုယ်
၆။ ဆင်၏ခြေထောက်
၇။ ဆင်၏ပေါင်
၈။ မြီးတံ
၉။ ဆင်၏မြီးဆံ
တို့ကို စမ်းတတ်ကိုင်တွယ်စေ၍ တစ်ယောက်ချင်းစီအား " ပုဏ္ဏားတို့ယခုသင်တို့ကိုင်တွယ်ခဲ့သည်မှာ ငါ၏စီးဆော်ဆင်ဖြစ်ပေတယ်။ ဆင်ဆိုတာဘာလိုပုံသဏ္ဍာန်းရှိလဲဆိုတာ မိမိတို့ထင်မြင်သည့်အတိုင်း ဖြေကြားကြ"ဟု ဆိုလိုက်ပါတယ်..။
ဒီအခါမှာဆင်၏ဦးခေါင်းကိုကိုင်စမ်းမိသော မျက်မမြင်ပုဏ္ဏားတစ်ယောက်က "အရှင်မင်းကြီး ဆင်ဆိုတာကရေအိုးနှင့် တူပါတယ်" ဟုဖြေကြား၏။
ထို့အတူ ဆင်၏နားရွက်ကို ကိုင်မိသော ပုဏ္ဏားကလည်း "ဆင်ဆိုတာဟာ ဆန်ကော(ဗန်း)နှင့်သာ တူကြောင်း"ဆိုပြီး။
ဆင်၏အစွယ်ကိုကိုင်မိသော မျက်မမြင်ပုဏ္ဏားကလည်း "အရှင်မင်ကြီး ဆင်ဆိုတာ သူတို့ပြောသလို ရေအိုးနဲ့လည်းမတူပါ၊ ဆန်ကောဗန်းနှင့်လည်း မတူပါ။ တကယ်တော့ဆင်ဆိုတာ ထွန်သွားနဲ့သာ တူညီပါကြောင်း" အားကျမခံဖြေကြားပါတယ်။
၎-ယောက်မြောက်မျက်မမြင်ပုဏ္ဏားကလည်း သူကိုင်မိသည့် ဆင်၏နှာမောင်ကိုပဲ သိမြင်ပြီး" ဆင်ဆိုတာ ထွန်းတံနှင့်သာတူကြောင်း" နှင့် ဆင်၏ကိုယ်ခန္ဓာကိုယ်ကိုင်မိသော မျက်မမြင်ပုဏ္ဏားသည်လည်း "ဆင်ဟာတကယ်တော့ အိမ်၏နံရံ နှင့်အတူတူပါပဲ" ဟုဆို၍ ဆင်၏ခြေထောက်ကို ကိုင်မိသောပုဏ္ဏားကလည်း"ဆင်သည် အိမ်တိုင်နှင့်သာ တူပါကြောင်း သူ၏အထင်ကို မင်းကြီအားလျှောက်ထားပါတော့တယ်။
နောက်ထပ်မမြင်ပုဏ္ဏားကလည်း "ဆင်ဆိုတာ ဆန်၊ပဲအစရှိသည်တွေကို ဖွတ်သည့်ထောင်းသည့် လက်ထောင်းဆုံး နှင့်သာတူပါတယ်လို့ သူကိုင်မိတဲ့ ဆင်၏ပေါင်ကို အထင်နှင့်ပြေပါတော့တယ်" ဆင်၏မြီးတံကိုကိုင်မိတဲ့ မျက်မမြင်ပုဏ္ဏားကလည်း"ဆင်ဆိုတာ ကျည်ပွေ့ နှင့်သာတူပါကြောင်း" ပြောကြားလေသော်။
နောက်ဆုံးကျန်ရှိနေတဲ့ မြင်မမြင်ပုဏ္ဏားကလည်း ဆင်၏မြင်ဆံအမွေးကို ကိုင်ကြည့်ပြီး" ရှေးကပုဏ္ဏားတွေပြောပြသွားကြသလို တခုမှမဟုတ်ပဲ ဆင်ဆိုတာက အမှန်တော့ တံမြက်စည်းနှင့်ပဲ တူပါတယ်ဟု ဖြေကြားပါတော့တယ်။
ဒီအခါမှာတော့ အခြားမျက်မမြင်ပုဏ္ဏားတွေဟာ ကိုယ်ထင်ရာအတိုင်း ဆင်ဆိုတာ ရေအိုးနဲ့တူတာပါ။ဗန်းဆန်ကောနဲ့တူတယ်။ မင်းတို့ပြောမှားတယ် အိမ်နဲ့ပဲတူတာ စသည်ဖြင့် ဆင်၏ပုံသဏ္ဍန်အား ကျနသေခြာလေ့လာခြင်း သုံးသတ်ဖြင်း ဝေဖန်းခြင်းမပြုပဲနဲ့ မိမိတို့ထင်မြင်ရာလေးတခုကိုပဲ အတ္တကြီးစွာအစွဲပြုပြီး ညင်းခုန်ရခြင်း ဆဲရေးမြည်တမ်းကြမ်းတမ်းစွာပြောဆိုယုံမကတော့ပဲ နောက်ဆုံးမှာ ထိုးကြိတ် ပုတ်ခတ်ခြင်းကိုပြုကြပါတော့တယ်။
ထိုသို့မြင်မမြင်ပုဏ္ဏားတို့အတိုင်းပင် အမိမြန်မာပြည်ဝယ်ယခုအခါ ခေတ်သစ်မျက်မမြင်ပုဏ္ဏားများ အလျှိုအလျှို ဝေလေလေနှင့်ထွက်ပေါ်လာနေပါတယ်။ မြန်မာနိုင်ငံတော်၏ ပရိယတ္တိ၊ပရိပတ္တိဝန်ဆောင် သံဃရာဇာဆရာတော်သံဃာတော်အရှင်မြတ်တို့သည်သက်တော်၊၀ါတော်ကြီးရင့်တော်မူကြပါတော့လည်း မေတ္တာ၊ဂရုဏာ၊အမြော်မမြင်ကြီးများကြသူများပီပီ
မိမိတို့အကျိုးမဖက် အများပြည်သူကောင်းစားရေးသက်သက်မျှဖြင့် ကိုယ်အဆင်းရဲ၊စိတ်အဆင်းရဲခံကာဖြင့် မြန်မာပြည်၏ အမျိုး၊ဘာသာ၊သာသနာတော်အကျိုးအား အရှည်မျှော်ကိုးကာ အမျိုးစောင့်ဥပဒေအားအများနိုင်ငံများနည်းတူ ပြဋ္ဌာန်းရန်သြ၀ါဒပေး တော်မူခြင်းကို အချို့သောလူနည်းစု လူ့အန္ဓတို့သည် မိမိထင်မြင်ရာတစ်ခုပဲအမှန်လုပ်အဟုတ်ထင်ကာ ပုဏ္ဏားမျက်မမြင်များနည်းတူ ထင်ရာကိုပြောဆိုနေသည်ကိုတွေ့နေမြင်နေရပါသည်။
သာသနာ့ဥသျှောင်သက်တော်၊၀ါတော်ကြီး စိတ်ကောင်း၊စာတတ်၊အကျင့်မြတ်တော်မူသည့် ထေရ်အရှင်မြတ်တို့သည် ဘက်ပေါင်းစုံကိုမစဉ်းစားပဲ အရှည်မတွေးပဲ အမျှော်အမြင်သုံးသတ်မှုမရှိပါပဲလျှက် ယခုကဲ့သို့လုပ်ဆောင်ကြပါမည်လော???
သေခြာစဉ်းစားဆင်ခြင်ကြပါကုန်လော။ ထိုအမျိုးစောင့်ဥပဒေသည် ယခုအခါ ဥပဒေပညာရှင်များနှင့် တိုင်ပင်ဆွေးနွေးဆဲအချိန်ပင်ရှိပါသေးတယ်။ အချောတတ်မထွက်ရှိရသေးပဲ ၊ မလေ့လာရသေးပဲ ထင်ရာပြောနေကြရင်ဖြင့် မြင်စေ့မြင်ပါလျှက် မျက်မမြင်ပုဏ္ဏားတို့ထက် မိုက်မဲရာရောက်မနေပေဘူးလား???
စဉ်းစားကြပါလေ အမျိုးစောင့်ဥပဒေရှိခြင်း၊မရှိခြင်းသည် စင်စစ်အားဖြင့် သံဃာတော်များအားတိုက်ရိုက်မသက်ရောက်ပါ အမှန်တကယ်သက်ရောက်ရမည်မှာ ပြည်သူ၊ပြည်သားအများဒကာ၊မများပင်မဟုတ်ပါလား။အမျိုးစောင်ဥပဒေဆိုတာ ဘာသာခြားကိုလက်မထပ်ရဟု တားမြစ်ထားသောဥပဒေလုံးဝမဟုတ်ပဲ၊ ဘာသာခြားယေင်္ကျား၏တဖက်သတ်အနိုင်ကျမှုကို ကာကွယ်ပေးထားသည့်ဥပဒေသာဖြစ်သည့်အတွက် အမျိုးသမီးထုအားလုံးအနေဖြင့် ၀မ်းသားအာရပင်ဖြစ်ရပါမည်။ ဒီအချက်ကို မီဒီယာ၏ကျော့ကွင်းဝင် မိုက်ခဲကြီးများ အသိတရားကင်းဆိတ်သော ခေတ်သစ် မျက်မမြင်ပုဏ္ဏားများသိရှိကြပါ၊သဘောပေါက်ကြပါ။
မြန်မာအမျိုးကောင်းသမီးတို့သည် ဘာသာခြားအားယူလိုက်သဖြင့် ဘာသာခြား၏ အမျိုးမျိုးနှိပ်စက်မှုကြောင့် အတိဒုက္ခရောက်ကြသည့်အခါတိုင်း အစိုးရနှင့် ပါတီကြီးတို့အား အားကိုးလို့မရလို့ ဆရာတော်သံဃာတော်များမှ ကယ်ထားရသည့် မြန်မာအမျိုးသမီးများမှာ မရေမတွက်နိုင်အောင်ပင်ရှိပါတယ်။ထိုသို့ ဘာသာခြားမှ မိမိတို့မြန်မာအမျိုးသမီးတို့အား စော်ကားတိုင်း အနိုင်ကျင့်တိုင်း ခေတ်သစ်မျက်မမြင်ပုဏ္ဏားများဘယ်အရပ်ဆီဝယ် ဘာတွေများလုပ်နေကြသနည်း။
အို ရွှေမြန်မာတို့ ဉာဏ်မျက်စေ့ဖွင့်ကြပါ၊ လေ့လာကြပါ၊ ပုဏ္ဏားမျက်မမြင်များကဲ့သို့ သေခြာမလေ့လာပါပဲ ထင်ရာပြောကာ မပြစ်မှားကြပါကုန်နှင့်..။ ပုဏ္ဏားမမြင်တို့၏ အတွေးမှား အထင်မှားခြင်းသည် မည်သူတစ်ဦးစ်ေယောက်ကိုမှ သက်ရောက်မှုဆိုးကျိုးမဖြစ်၊ ဒုက္ခလည်းမပေး၊ မည်သည့်ကိုမှလည်း ဘယ်အချိန်အခါမှ ထိခိုက်စေမည်မဟုတ်ပါ ။
သို့သော် သင်ခေတ်သစ်ပုဏ္ဏားတို့၏ မသိတွဝေ မှုကြောင့် မြန်မာသမီးပျိုများသာမက၊ နောင်းတချိန်မှာ ၊အမိနိုင်ငံတော်၊ကြီးနှင့် ဘာသာသနာအပေါ်တွင် မထိခိုက်ပါစေနှင့်၊ ဆိုးကျိုးမကျပါစေလင့်၊ဒုက္ခမရောက်ပါစေလင့်။ပညာတရားဖြင့် အသိတရားဖြင့် သတိချပ်ကြပါဟုသာ ..။
ဓမ္မ၀ီရ အရှင်တေဇနိယ
ကိုလံဘို၊သီရိလင်္ကာ။
_______________________________
Dhammavira Ashin ၏စာမျက်နှာမှ ကူးယူဖော်ပြပါသည်။
(ဗဟုသုတ ဟင်းပေါင်းအိုးကြီး)

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။