Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Wednesday, July 3, 2013

ပါပါရာဇီနှင့် မြန်မာအနုပညာရှင်များ

 
Popular Journal
ပါပါရာဇီနှင့် မြန်မာအနုပညာရှင်များ
=====================
မီဒီယာပွင့်လင်းလာမှုဟာ နိုင်ငံတစ်ခုအတွက် စတုတ္ထမဏ္ဍိုင်ဖွံ့ ဖြိုးရေးပြယုဂ်တစ်ခုဖြစ်စေပါတယ်။ မီဒီယာကျင့်ဝတ်နဲ့အညီ လိုက်နာ ဆောင် ရွက်နေကြတာရှိသလို မီဒီယာကျင့်ဝတ်ချိုးဖောက်ကာ လုပ်ဆောင်ကြတာလည်း ရှိကြပါတယ်။ အဲဒီအထဲမှာ သတင်း မုဆိုးလို့ ခေါ်တဲ့ ပါပါ ရာဇီေ တွရဲ့ အခန်းကဏ္ဍကလည်း မီဒီယာပွင့်လင်းမှုထဲမှာ အရေးပါလျက်ရှိနေကြတာ တွေ့ရပါတယ်။

နိုင်ငံတကာမှာ သတင်းမုဆိုးလို့ခေါ်တဲ့ ပါပါရာဇီတွေရဲ့ လုပ်ဆောင်မှုတွေ ဟာ မီဒီယာကျင့်ဝတ်တွေကို ချိုးဖောက်ကြတယ်လို့လည်း အများက ရှုမြင်ကြပါတယ်။ အဲဒီအတွက် မြန်မာပြည် မီဒီယာလောက မှာ ပါပါရာဇီဆိုတဲ့ သတင်းမုဆိုးတွေသာ ပေါ်ထွက်လာတဲ့အခါ အားသာချက်၊ အားနည်း ချက် များနဲ့ပတ်သက်ပြီး အနုပညာရှင်များရဲ့ အမြင်များကို ဖော်ပြလိုက်ပါတယ်။

အောင်ရဲလင်း

“မီဒီယာနဲ့ ပါပါရာဇီ နှစ် မျိုးကွဲကွဲပြားပြားသိသွားရင် ပို ကောင်းမယ်ထင် တာပဲ။ တစ်ခါ တလေကျရင် ကိုယ်မပြောတဲ့ အရာတွေကိုလည်း ရေး လိုက် တာမျိုး ကြုံဖူးပါတယ်။ ဒါပေမဲ့ လည်း အဲဒါက အရေးမကြီး တော့ဘူး။ ကိုယ့်ကိုယ်ကိုယ်ပဲ သတိထားလိုက်ပါတယ်။ ဘယ် အရာမဆို အကောင်း နဲ့အဆိုး ရှိမှာပဲ။ ပါပါရာဇီတွေ ပေါ် လာတဲ့အချိန်မှာလည်း ကောင်း တာတွေရှိသလို၊ဆိုးတာတွေ ရှိမှာပေါ့။ ပါပါရာဇီဆိုတာ ကတော့ သတင်းလိုက် ရမယ်။ ထူးခြားတာတွေရေး ရမယ်။ဒါက သူတို့ အလုပ် ပါပဲ။ ပါပါရာဇီလား၊ မီဒီယာလား ကွဲကွဲပြားပြား သိသွားရင်တော့ ပိုကောင်းတာပေါ့”

ဝိုင်းစုခိုင်သိန်း

“ပါပါရာဇီက အနုပညာ ရှင်တွေအတွက် ပိုပြီးမလွတ် လပ်ဘူး။ အချိန်မရွေး ကိုယ့် ကိုကောင်းတာတွေ မကောင်း တာတွေဖြစ်သွားနိုင်တယ်။ အခု လည်း ဘာမှတော့ မထူးပါဘူး။ ဖေ့ဘုတ်စ်က ပါပါရာဇီပါပဲ။ ပါပါရာဇီပဲတင်တင် ဘယ်လိုပဲတင်တင်ဖေ့ဘုတ်ရှိနေတဲ့အတွက် တက်ကိုတက်နေမှာ ပဲ။ ပါပါ ရာဇီရှိလည်း စာမျက်နှာပေါ်မှာ တက်လာတာကလွဲရင် ကျန်တာ က မထူးပါဘူး။ တကယ်လို့ မြန်မာနိုင်ငံမှာ ပါပါရာဇီတွေ ပေါ်လာခဲ့ မယ်ဆိုရင်တော့ ဝိုင်း စုကတော့ မကြိုက်ဘူး။ ဆိုးလာမယ်လို့ မြင်ပါ တယ်။ပါပါရာဇီဆို တာက အနုပညာရှင် တွေရဲ့ လျှပ်တပြက် လှုပ်ရှားမှုတွေရိုက် တယ် ဆိုကတည်းကလူ တိုင်း သတိ ပြုပြီး နေမှာ မဟုတ်ဘူး။ အဲဒီ အတွက် ဆိုးတာတွေပဲဖြစ်လာဖို့များ တယ်။ အဲဒီဆိုးတာတွေကို ပရိသတ်နား လည် ပေးနိုင် မလား။ နားလည် မပေးနိုင်ဘူး လားဆိုတာကိုယ်လည်းမသိ ဘူး။ အဆိုးတွေပဲ ဖြစ် လာမှာ ဖြစ်တဲ့အတွက် ဝိုင်းစုကတော့ မကြိုက်ပါ ဘူး”

စန္ဒီမြင့်လွင်

“ကိုယ်ဘာလုပ်လုပ် နောက် ကနေ ထက်ကြပ်မကွာလိုက်နေ မယ်ဆိုရင် တအားစိတ်ညစ် တာပေါ့။ အဲဒီအခါကျရင် အနု ပညာရှင်လည်းလုပ်ရဲမှာ မဟုတ် တော့ဘူး။ ဒါပေမဲ့သူတို့ အောင် မြင်လို့၊ ကျော်ကြားလို့ ပါပါရာ ဇီတွေလိုက်ကြတာပေါ့။ ဒီမှာက မြန်မာနိုင်ငံလည်းဖြစ်တယ်။ ဗုဒ္ဓဘာသာ နိုင် ငံ လည်းဖြစ် တယ်။ အစကတည်းက စာနယ် ဇင်းလွတ်လပ်ခွင့်ဆိုတာ ရတာ မှ မကြာသေးဘူး။ မြန်မာလူ မျိုးတွေရဲ့ စိတ်ကယဉ်ကျေး တယ်လေ။ ချစ်တတ်တယ်လေ။ ခင်နေတော့တော်ရုံတန်ရုံဆို ရင် မကောင်းတာ ကိုပျစ်ပျစ်နှစ် နှစ်ကြီး ဘယ်တော့မှ မရေးကြ ဘူး။ ဂျာနယ်တိုင်း ဒီလိုချည်း ပါပဲ။ တစ်ခုခု ဆိုရင် ရေးချင် တဲ့စကားလုံးကို ဖော့ပြီးတော့ ရေးကြတယ်။ ပါပါရာဇီတွေ မြန်မာနိုင်ငံမှာ မပေါ်လာ စေချင်ဘူးလည်း မဟုတ် ဘူး။ ပေါ်လာစေချင် တယ်လည်း မဟုတ်ဘူး။ သူ့နေရာနဲ့သူ အားလုံးက အလယ်အလတ် ရှိနေရင်ပိုပြီးတော့ ကောင်း မယ်ထင်ပါတယ်”

အိမ့်ချစ်

“ညီမတို့နိုင်ငံအနေနဲ့ ပါပါရာဇီနဲ့က နည်းနည်းလေး အခက်အခဲဖြစ်မယ်လို့ ယူဆတယ်။ အနောက်ပိုင်း နိုင်ငံတွေက သူတို့ ယဉ်ကျေးမှု အရ အနု ပညာရှင်တွေက လုပ် ချင်တာလုပ်ပြီး စာမျက်နှာပေါ် တင်တယ်။ ပရိသတ်ကလည်း ခဏပဲစိတ်ဝင်စားတယ်။ ပြီးရင်မေ့သွား တာပဲ။ မြန်မာ ကျတော့ ဒီလိုမဟုတ်ဘူးလေ။ ယဉ်ကျေး မှုအရ ကွာခြားတယ်။ မြန်မာ့ ယဉ်ကျေးမှုဖြစ်တဲ့အတွက် မှား ရင် အမည်းစက်ဖြစ် သွားတယ်။ ပါပါရာဇီအနေနဲ့က လိုအပ်ပါ တယ်။ ဒါပေမဲ့ တအားလွန်လာ ရင် ဆိုးကျိုးဖြစ်သွားနိုင်တယ်။ နေ့စဉ်ကောင်းတဲ့အလုပ်တွေ လည်းလုပ်ရင်လုပ်မယ်၊ မကောင်း တာလည်း လုပ်မိရင်လုပ်မိ မယ်။ ကောင်းတာတွေ လူမြင်သွားရင် နာမည်ပိုတက်တာပေါ့။ မကောင်း တာကို လုပ်မယ်ဆိုရင်တော့ အမည်းစက်ဖြစ်သွားပြီး ခေါင်း မဖော်နိုင်တော့ဘူးပေါ့”

မိစန္ဒီ

“ပါပါရာဇီအနေနဲ့ထွက် ပေါ်လာတာမျိုးတွေရှိမယ် ဆို ရင်သိပ်တော့မကောင်းဘူးထင် တယ်။ မကောင်းဘူးဆိုတာ က ပြည်ပနိုင် ငံတွေမှာက အရမ်း ခေတ်ရှေ့ပြေးတယ်။ ဒီမှာက မြန်မာ့ယဉ်ကျေးမှုလည်းရှိ တယ်။ ဟိုကယဉ်ကျေးမှုက ပုံစံ တစ်ခုပေါ့။ အကယ်၍ အဲဒီလို ပါပါရာဇီ အနေနဲ့ေ ပ်ါလာပြီး ပရိသတ် ကိုယ့်ကို အမြင်မှားစေ မယ့် ဟာမျိုးရိုက် လိုက်တာမျိုး၊ ပရိသတ်အတွက်လည်း အကျိုး မရှိစေမယ့် အပြင်မှာနေပုံ ထိုင် ပုံ၊ သွားပုံ၊လာပုံတွေကို ဘာမှ မဟုတ်တဲ့အရာတစ်ခုကို စကဘူငခ ကိုချပြပြီးတစ်ခုခုလွဲမှားသွား ရင် ပရိသတ် အထင်လွဲသွားရင် မကောင်းဘူးပေါ့။ အားသာချက် အနေနဲ့ ပြောရရင်တော့ အများ ပြည်သူမသိနိုင်တဲ့အရာမျိုး၊ သတင်းမျိုးကိုသေချာ စုံစမ်း နောက် ယောင်ခံပြီး ပရိသတ်အတွက် အကျိုးရှိစေမယ့် အမှန်တရား၊ သတင်းမျိုးတွေ ဖော်ပြနိုင်ရင် ကောင်းကျိုးတစ်ခုပေါ့။ ဒါပေမဲ့ လူတစ်ယောက်ရဲ့ ပါစင်နယ်ကို အရမ်းထိခိုက်ပြီး ပရိသတ်တွေ အတွက်လည်း အကျိုးမရှိဘူးဆို ရင်တော့ မကောင်းဘူးပေါ့”

ရွှေမှုံရတီ

“လူတစ်ယောက်ရဲ့ အ ကြောင်းကို သိသင့်တဲ့အရာရှိ သလို၊ မသိသင့်တဲ့ အရာတွေ လည်းရှိတယ်။ လူတိုင်းကတော့ စပ်စုကြတာပဲ။ ဒါပေမဲ့ ဒီ အကြောင်းကကိုယ်နဲ့မသက်ဆိုင် ဘူးထင်ရင်တော့ မသိသင့်ဘူး လို့ထင်တယ်။ ရွှေမှုံကတော့ သူများအကြောင်းကို စိတ်မဝင် စားတတ်ဘူး။ ကိုယ့် ဘာသာ ကိုယ်ပဲသီချင်းနားထောင် တာတို့၊ ကိုယ့်အလုပ်ကိုယ်လုပ် နေရတယ်ဆိုရင်ပဲ ကျေနပ် တယ်။ သတင်းစာဖတ်တယ်။ ပါပါရာဇီတွေရှိတာက အနုပညာ ရှင်တစ်ယောက်ကို တက်အောင် လည်းလုပ်ပေးနိုင်သလို၊ကျအောင် လည်း လုပ်ပေးနိုင်တဲ့အရာတွေ အများကြီးရှိတယ်။ အဲဒီတော့ ပါပါရာဇီ ရှိတာကကောင်းလည်း ကောင်းတယ်။မကောင်းလည်း မကောင်းဘူးလို့ထင်တယ်”

ပေါ်ပြူလာအဖွဲ့

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။