အနှိုင်းမဲ့ စာတိုပေစများ
မဖြစ်သေးတာ ကြို မပျော်နှင့်....လုပ်နိုင်တာထက်ပိုမပြောနှင့်.
အရာအားလုံးကို သေချာစီစဉ်ထားရင်တောင် လွဲတတ်တဲ့ လောကမှာ မျှော်လင့်ထားသလို မဖြစ်တတ်ကြပါဘူး။ မျှော်လင့်ထားတဲ့ အတိုင်းဖြစ်လာဖို့ ဆိုတာ အကြောင်းအကျိုးအားလုံး ညီညွတ်မှ ဖြစ်ကြတာပါ။
တစ်စုံတစ်ရာ လွဲချော်ရင်တောင် တစ်စုံတစ်ခု ဟာ ဖြစ်မလာတတ်တော့ ပါဘူး။ တေ့လွဲလေးတွေ လွဲတတ်ပါတယ်။ ကြုံ ဖူးကြမှာပါလေ...ကြိုတင်စီမံထားသလို အလွဲလေးတွေဟာ ကိုယ်မျှော်လင့်ထားတဲ့ အခါရောက်မှ လွဲတတ်တာမျိုးလေးတွေ.....
ဒါကတော့ လောကထဲမှာနေတဲ့ လောကသားတွေရဲ့ လောကဓံ တစ်ခုပါဘဲ။
အမြဲ တမ်းကိုယ်လိုချင်သလို ဖြစ်ဖို့ ဆိုတာ မလွယ်ပါဘူး။ ဒါကြောင့် ကိစ္စတစ်ခုကို မျှော်လင့်ချက်နဲ့ လုပ်ပါ။သို့သော် မမျှော်လင့်တာတွေကြောင့် ပျက်ပြားတတ်တာ...ကို လည်းမမေ့ပါနဲ့။
လောကမှာဘယ်အရာမှ အစိုးမရလို့ ပါ။ဒါကြောင့် အမှန်တကယ်မဖြစ်လာသေးတာကို အရမ်း ကြီး ကြိုတင်မျှော်လင့်မထားပါနဲ့။ ပျက်တတ်တာကို မှတ်ထားပါ။တကယ်ဖြစ်လာရင်တော့ အတိုင်းထက်အလွန်ပေါ့.။ဘယ်သူက မှ အနှုတ်လက္ခဏာ ကို မလိုချင်ပါ။ သို့ပေမယ့် လောက သဘာဝအရ တားမရတာကို မေ့မထားပါနဲ့ ။အဲဒီခါကျ တကယ်မဖြစ်လာလည်း အလွန်အမင်း ခံစားရခြင်းမှ ကင်းဝေးမှာပါ။

နောက်တစ်ခုက လုပ်နိုင်တာထက် ပိုမပြောတာကောင်းပါတယ်။ တဖက်သားကို မျှော်လင့်ချက်တွေ အများကြီးပေးတာမျိုး၊ အလွယ်ပြောလိုက်တာမျိုး။ စိတ်ချမ်းသာစေချင်လို့ ၊ ၀မ်းသာစေချင်လို့ ပြောလိုက်တာမျိုး ကို တခဏဖြေရှင်း နည်းနဲ့ အမှန်တကယ်လုပ် နိုင်တဲ့၊ ဖြစ်လာမယ့် ရလဒ်နဲ့ ဝေးကွာတာမျိုးကို ရှောင်ရှားသင့်ပါတယ်။
တဖက်လူက အများကြီးမျှော်လင့်ထားပြီး တကယ်ချပြတာနဲ့ ကွာဟနေရင် ကတိပေးခဲ့သူဘက်က မကောင်းပါဘူး။
အရာအားလုံးကို ငါထင်သလို ငါလုပ်သလို မဖြစ်တတ်ဘူးဆိုတဲ့ အချက်ကို စိတ်ထဲထည့်ထားရင်...လုပ်နိုင်သလောက်သာ ချင့်ချိန်ပြောဖြစ်မှာပါ။
ပြောတဲ့ စကားမတည်ဘူးဆိုတာကို တဘက်က သတ်မှတ်သွားရင် မကောင်းပါဘူး။
ဒါကြောင့်မဖြစ်သေးတာ ကြို မပျော်နှင့်....လုပ်နိုင်တာထက်ပိုမပြောနှင့်.လို့ အကြံပြုလိုက်ရပါတယ်ရှင်။
အားလုံးကိုယ်စီ ကျန်းမာချမ်းသာကြပါစေ။
မေတ္တာဖြင့်
မနန်းမွန်း ( အနှိုင်းမဲ့စာတိုပေစများ)
www.infinitydhamma.com

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။