Myawady News
အချစ်နဲ့ ဖုန်း...
ဇနီး။ ။ မောင်၊ ခင့်ကို ဘယ်လောက်ချစ်လဲဟင်။
ခင်ပွန်း။ ။ ခင့်ကို မောင် အရမ်းကို ချစ်ပါတယ်။ ဘယ်လောက်တောင်ချစ်လဲဆိုရင် တိုင်းတာပြလို့ တောင်မရပါဘူး ခင်ရယ်။
ဇနီး။ ။ မရဘူးကွာ။ ခင့်ကိုပြောပြ။ နော် မောင်။
...

ခင်ပွန်း။ ။ကောင်းပြီ မောင်ပြောပြမယ်နော်။ မောင်က ဆဲလ်ဖုန်းလေးဆိုရင် ခင်က မောင့်ရဲ့ sim card လေးပေါ့ကွာ။ ခင် မှမရှိရင် မောင်ဘ၀က ဘာမှ အဓိပ္ပါယ်မရှိတော့ဘူး။
ဇနီး။ ။ အိုး။ အရမ်းကို ကြည်နူးစရာကောင်းတာပဲ။
ခင်ပွန်း (စိတ်ထဲမှ)။ ။ ဘုရား၊ ဘုရား။ တော်သေးတာပေါ့။ ငါပြောတဲ့ ဖုန်းက တစ်လုံးထဲမှာတင် sim card လေးခု ထည့်လို့ ရတဲ့ တရုတ်ဖုန်းမှန်းသူ မသိလို့ ။
ပုံပြင်လေးကတော့ ရယ်စရာကောင်းသလို စဉ်းစားဖို့ လည်းကောင်းပါတယ်။ မိန်းမသားတွေရဲ့ (ယောက်ျားသားများလည်း ပါပါတယ်) အားနည်းချက်က သူတို့ ချစ်တဲ့ ချစ်သူကိုဆိုရင် မျက်လုံးမှိတ်ပြီး ယုံကြည်နေတာပါပဲ။ အပြောချိုချိုလေးမှာပဲ မသာယာပဲ တကယ့်လက်တွေ့ ဟုတ်မဟုတ် သုံးသပ်ပြီးမှ ယုံကြည်မှု ထားနိုင်မှ တကယ် စစ်မှန်တဲ့ ယုံကြည်မှုမျိုး ရရှိနိုင်မှာပါ။
အင်တာနက်ကဖတ်ရတဲ့ ပုံပြင်လေးကို ပြန်ဆိုထားခြင်းဖြစ်ပါတယ်။ မူရင်း အင်္ဂလိပ်လိုလည်း ထည့်သွင်းပေးထားပါတယ်။
စနိုး
Wife : How much do you love me ?
Husband : I love U so much, I can't measure.
Wife : No just tell me....
Husband : Okay, I am like a cell phone & you are my sim card, i am nothing without you...
Wife : Wow ! that's so romantic...
Husband (saying to himself): Thank God she doesn't know, this is a Chinese phone, with FOUR sim cards...
ဘာသာပြန်ပုံပြင်များ

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။