Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Wednesday, July 17, 2013

အမှတ်တရဖြစ်ခဲ့ ရတဲ့ အာဇာနည်နေ့ပုံရိပ်တွေ အကြောင်းကို မေးမြန်းဖြစ်ခဲ့ကြပါ တယ်။

 
Popular Journal
အခုနှစ် ကျရောက်မယ့် အာဇာနည်နေ့က ၆၆ နှစ် ပြည့်ခဲ့ပြီ ဖြစ်ပါ တယ်။ တစ်တိုင်းပြည်လုံး၊ တစ်မျိုးသားလုံး ရင်ကျူးမရဖြစ်ခဲ့ရတဲ့ သွေးစွန်းသော သမိုင်းဝင်နေ့ရက်လည်းဖြစ်သလို ယနေ့ထက် ထိ အမျိုးသားရေးစိတ်ဓာတ်နဲ့ ဇာတိမာန်ဇာတိသွေးကို ညွှန်းဆို ပြနေ ဆဲ နေ့ထူးနေ့မြတ် လည်းဖြစ် ပါတယ်။
အဲဒီနေ့မှာ ဗိုလ်ချုပ်အောင်ဆန်း၊ သခင်မြ၊ ဒီးဒုတ်ဦးဘချို၊ မန်းဘခိုင်၊စဝ်စံထွန်း၊ ဦးရာဇတ်၊ ဦးဘဝင်း၊ ဦးအုန်းမောင်၊ ရဲဘော်ကိုထွေး စတဲ့ အာဇာ နည်(၉)ဦးကို ဂဠုန်ဦးစော ဦးဆောင်တဲ့ နယ်ချဲ့ လက်ပါးစေများက လုပ်ကြံခဲ့ကြ ပါတယ်။
အဲဒီလို သမိုင်းဝင် နေ့ရက်တစ်ရက်ဖြစ်တဲ့ အာဇာနည်နေ့ ကို ဂုဏ်ပြုတဲ့အနေနဲ့ ပေါ်ပြူလာဂျာနယ်မှ စာဖတ်ပရိသတ်တွေအတွက် ကဏ္ဍတစ်ခုအနေနဲ့ ရုပ်ရှင်၊ ဂီတ၊ သဘင်အနုပညာနယ်ပယ် ...တို့မှာ အောင် မြင်ကျော်ကြားပြီး လူငယ် အနုပညာရှင်များ ဖြစ်ကြ တဲ့ ဟန်ဇာ မိုးဝင်း၊ အိမ့်ချစ်၊ ချမ်းမီမီကိုတို့ ၃ ဦး ရဲ့ ငယ်စဉ် ကလေးဘဝကနေ အခု လူငယ်အရွယ် အထိ သူတို့ သိရှိခဲ့ကြတဲ့ အာဇာနည်နေ့အကြောင်း နဲ့ မိဘ၊ဘိုးဘွားတွေ ပြန်ပြောပြမှုကနေ အာဇာနည် နေ့ရောက်တိုင်း ဥသြဆွဲသံ ကို တစ်ပြည်လုံး ပူဆွေး သောက ဖြစ်လောက်ဖွယ် နားထောင် ခံစားခဲ့ရမှုအပြင် သူတို့ကိုယ်တိုင် လူငယ်ဘဝရောက်လာချိန်အထိ တွေ့ ထိ
အမှတ်တရဖြစ်ခဲ့ ရတဲ့ အာဇာနည်နေ့ပုံရိပ်တွေ အကြောင်းကို မေးမြန်းဖြစ်ခဲ့ကြပါ တယ်။

နှစ်တိုင်းခံစားမိခဲ့တဲ့ အာဇာနည်နေ့
ဟန်ဇာမိုးဝင်း
”ဒီနေ့လေးက ကျွန်တော်တို့ရဲ့ နိုင်ငံ့ခေါင်းဆောင်တွေ ကျဆုံးတဲ့ နေ့ပါပဲ။ တစ်နိုင်ငံလုံးက ဝမ်းနည်း ကြေကွဲစွာနဲ့ အထိမ်းအမှတ်ထားတဲ့ နေ့ပေါ့။ ငယ်စဉ်ကတော့ အာဇာ နည်နေ့နဲ့ ပတ်သက်တဲ့အကြောင်း အရာတွေကို ကျွန်တော့်အဖိုး၊အဖွား တွေက ပြန်ပြောပြကြတယ်။
အခု နောက်ပိုင်းမှာကျတော့ ကျွန်တော်ကိုယ်တိုင်ကလည်း ပွဲတွေမှာ အာဇာနည်နေ့နဲ့ ပတ်သက်တဲ့တေးသီချင်း တွေကို အမြဲတမ်းဆိုဖြစ်လာတယ်။ ကျွန်တော်တို့ တစ်နိုင်ငံလုံး လွတ်လပ်သွားအောင် အာဇာနည် ခေါင်း ဆောင်ကြီးတွေကလုပ်ပေးခဲ့ကြတယ်။ဒါကြောင့် အာဇာနည် ခေါင်းဆောင် ကြီးတွေ ကျဆုံးသွား ခဲ့တာကို ကျွန်တော်တို့ ရင်ထဲမှာ တအားခံစားခဲ့ရတယ်။ အသက်အရွယ်ရလာလေလေ၊ ဒီအကြောင်းကို ပိုတွေးဖြစ် လာလေေ လ။ ခံစားရလေလေပါပဲ။ တိုင်းပြည်အတွက် ကိုယ်ကျိုးစွန့်ပြီး အသက်စွန့် သွားတဲ့အတွက် အများကြီး လေးစားတယ်။ မြန်မာ့ယဉ်ကျေးမှုတွေ အများကြီးကျန်နေခဲ့ တာကလည်း လွတ်လပ်ရေးရသွားလို့ပါပဲ”
အိမ့်ချစ်
“ဇူလိုင် ၁၉ ရက်နေ့ကို အာဇာနည်နေ့ဆိုတာ ငယ်ငယ်ကတည်းက အားလုံး သိခဲ့ရတယ်။ ဒီနေ့မှာ ဘာတွေဖြစ်ခဲ့တယ်။ ဘာတွေဖြစ်တယ် ဆိုတာ ကိုလဲ သိခွင့်ရခဲ့တယ်။ ရင်ထဲမှာ လည်း ရှိခဲ့တယ်။ ငယ်ငယ်ကဆိုရင် အာဇာနည် နေ့ရဲ့ အဓိပ္ပာယ်ကိုသိပ်မသိခဲ့ဘူး။ အခုကြီး လာတော့ အခုလို အချိန်မှာ လူတွေအားလုံးက အာဇာနည်နေ့ဆိုတာ ဘယ်လိုအဓိပ္ပာယ်ရှိ တယ်ပြောတော့ သမိုင်းပုံရိပ်တွေကို မျက်လုံး ထဲမှာ ပြန်မြင်ယောင်လာ တယ်။ ပိုပြီးတော့ အဓိပ္ပာယ်ရှိလာတဲ့နေ့ဆိုတာကို ခံစားမိလာ တယ်။ဘယ်လိုအဓိပ္ပာယ် ရှိတဲ့ရက်ဆိုတာကို သိခွင့်ရတယ်။ အရင်က အာဇာနည်ေ န့တွေကို ကျွန်မအမေဆိုလို့ရှိရင် ကောင်းကောင်းမီခဲ့ တယ်။ သူတို့တုန်းက အကြောင်းအရာတွေ ပြောပြောပြတယ်။ အဲဒီတုန်းက အလေးပြုတဲ့ မြင် ကွင်း၊ ဘယ်လိုတန်းစီအလေး ပြုရတာတွေကို အကုန်လုံးပြောပြတယ်။ မြင်ကွင်းကို မျက်လုံး ထဲမှာ ပုံဖော်ခွင့်ရတယ်။ ကိုယ်မသိခဲ့ရဘူး။ ဒါပေမဲ့ ပုံဖော်ခွင့်ရတာနဲ့ကို ကျေနပ်တယ်”
ချမ်းမီမီကို
“အာဇာနည်နေ့ ရောက်တိုင်းမှာ ပြည်သူတွေနဲ့ နိုင်ငံ တော် အကြီးအကဲတွေက အခမ်းအနား လေးလုပ်ကြတယ်။ လွမ်းသူ့ပန်းခွေတွေချပြီး အေ လးပြုခဲ့ကြတယ်။ နိုင်ငံ့ ခေါင်းဆောင်တွေ၊ နိုင်ငံတော်ကိုအသက်ပေးပြီး ကာကွယ် သွားတဲ့ လူတွေအတွက်အသိအမှတ်ပြုခဲ့ကြတဲ့ နေ့လေး တစ်နေ့ ပေါ့။ နိုင်ငံ့ဖခင်ကြီး ဗိုလ်ချုပ် အောင်ဆန်းနဲ့အတူ ရဲဘော်ရဲဘက်သူရဲကောင်းတွေကိုလည်း အသိအမှတ် ပြုပြီး ဇူလိုင်လ ၁၉ရက်နေ့ရောက်တိုင်း အာဇာနည်နေ့ အဖြစ်သတ်မှတ်ကြတယ်”
အာဇာနည်နေ့မှာ ဥသြသံကြားချင်
ဟန်ဇာမိုးဝင်း
“ဒီခေတ်မှာ ဥသြဆွဲသံတွေကို ပြန်မျှော်လင့်ပါတယ်။ ဥသြဆွဲသံကို နှစ်စဉ်နှစ်တိုင်းမှာ ကြားခဲ့ရမယ် ဆိုရင် ဒီအချိန်ထိ အာဇာနည်ခေါင်းဆောင် ကြီးတွေကို ဂုဏ်ပြုရ မယ်၊လွမ်းဆွတ်ရမယ်ဆိုတဲ့ အတွေးတွေက လူ ငယ်တွေရဲ့ အတွေးတွေမှာ မဝေး သွားဘူး။ ကျွန်တော်လည်း ဥသြ ဆွဲသံကို မမီခဲ့ရဘူး။မကြားခဲ့လိုက် ရဘူး။ ကျွန်တော်တို့ အဖေတွေပဲ ကြားခဲ့ရမှာလေ။ ဒါပေမဲ့ ဥသြ ဆွဲ သံကိုကျွန်တော့်စိတ်နဲ့ မြင် ယောင်ကြည့်တဲ့အခါ ရင်ထဲမှာ ခံစားလိုက်ရတယ်။ဒီအသံထဲမှာ ဂုဏ်ပြုတာလည်းပါတယ်။ ကြေကွဲစရာတွေလည်းပါတယ်။ အဲ ဒါက တအားလေး နက်တဲ့ အရာကြီး တစ်ခုပါဗျာ။ ပထမဆုံး ဥသြ ဆွဲ လိုက် တဲ့ တစ်ချက်မှာ တင် တစ် နိုင်ငံလုံးက လူငယ် တွေ အား လုံး စိတ် ဝင် စား သွား မယ်။ ဘာ အတွက် ဥသြဆွဲရ တာလဲဆို တဲ့ မေးခွန်း တွေအများ ကြီး ထွက်လာမယ်။အဲ ဒီ မေး ခွန်း တွေကို သိတဲ့လူကြီး တွေ က ဖြေပေးလိုက်တော့မှ အာဇာနည်နေ့က ပြန်ပြီး နိုးကြား လာမှာပါ”
အိမ့်ချစ်
“ဟိုးတုန်းကအာဇာနည်နေ့ရောက်ရင် သြဥဆွဲတယ် ဆိုတာကိုတော့ မမီဘူး။ အမှန်တကယ်ဆိုရင် ဥသြဆွဲတာ က အမှန်တကယ်ဝမ်းနည်းမှု ကိုပိုဖြစ်စေတယ်။ဘာဖြစ်လို့ လဲဆိုတော့ ဒီဥသြသံကို ကြားရတဲ့အခါမှာ အလိုလို နေရင်းကို ရင်ထဲမှာ ခံစားရတယ်။ဆို့နင့်ရတယ်။ အဲဒီဟာက တအားအဓိပ္ပာယ်ရှိတယ်။ ဥသြဆွဲတဲ့ အသံ တွေကို ကြားမယ်ဆိုရင် လူငယ်တွေ အလိုလိုနေရင်း သိလာလိမ့်မယ်။ ဒါဟာ ဒီလိုနေ့ပါလား၊ ဒီလို နေ့ဟာ ငါ တို့နိုင်ငံအတွက် ဘယ်လို အထိမ်းအမှတ်နေ့။ ငါတို့သမိုင်း ရဲ့ ဘယ်လိုအထိမ်းအမှတ်နေ့ဆိုတာ သူတို့စိတ်ထဲမှာ ပို ရောက်လိမ့်မယ်လို့ ထင်တယ်။ ”
ချမ်းမီမီကို
“နိုင်ငံတိုင်းနိုင်ငံတိုင်းမှာ တကယ်အသက်စွန့်ပြီး ကာကွယ်တဲ့ အနစ်နာခံတဲ့ သူရဲကောင်းတွေကို ဂုဏ်ပြုကြ ပါတယ်။ ဒီလိုမျိုးတွေကို လည်း အသိ အမှတ်လည်းပြုတယ်။ လွမ်းဆွတ်တမ်းတတယ်။ ဥသြဆွဲ တာလေးလည်း လုပ် စေချင်ပါတယ်”
ဂုဏ်ယူစိတ် နဲ့ ဓာတ်ပုံရိုက်ကူး
ဟန်ဇာမိုးဝင်း
“ကျွန်တော်ဓာတ်ပုံပေါင်းများစွာ ရိုက်ခဲ့ဖူးတယ်။ ဒီ တစ်ခါကျတော့ တအားရင်ခုန်ရတယ်။ ကျွန်တော့်အနေနဲ့ အင်မတန်လေးနက်တဲ့ အလုပ် တစ်ခုကို လုပ်လိုက်ရတဲ့ အတွက် ပေါ်ပြူလာဂျာနယ်ကိုလည်း တအားကျေးဇူး တင်ပါတယ်။ ဒီလိုနေရာမှာတကူးတက တော်ရုံတန်ရုံ လာရိုက်ဖို့ ဆိုတာလည်း မလွယ်သလို၊ ဒီအကြောင်းအရာ ကို တင်ပြဖို့ဆိုတာလည်း မလွယ်ပါဘူး။ ဒါကြောင့် ဒီ အကြောင်းအရာနဲ့ ရိုက်ရတဲ့အတွက် လည်း တအားဂုဏ် ယူမိတယ်။ ကျွန်တော်တို့ နိုင်ငံရဲ့ ခေါင်းဆောင်ကြီး တွေကိုလည်း စိတ်ထဲမှာပိုရောက်သွားတယ်”
အိမ့်ချစ်
“ဒီလိုမျိုးမှာ ပါဝင်ခွင့်ရတဲ့ အတွက် စိတ်ထဲမှာ ကျေနပ်မိတယ်။ တခြားဓာတ်ပုံရိုက်ရတာတွေနဲ့ တော့ မတူဘူး။ ဒီလိုမျိုးရိုက်ကူးခွင့်ရဖို့ ကမ်း လှမ်းခြင်းခံရတာကို စိတ်ထဲမှာ တအားကိုကျေနပ်တယ်။ ဘာကြောင့်လဲဆို တော့ တကယ်လည်းလုပ်ချင်နေတဲ့အရာမို့လို့။ တကယ် လာရောက်ြ ပီးတော့ ဦးညွတ်အလေးပြုတယ်ဆိုတာ လုပ်သင့်တဲ့အရာပါ။ အခုလိုလာရောက်ပြီးတာ့ ဒီလို လုပ်ခွင့်ရတယ်။ အဲဒီဟာကိုမှ မှတ်တမ်းတင်ခွင့်ရ တာဆို တော့ စိတ်ထဲမှာ ကျေနပ်မိတယ်”
ချမ်းမီမီကို
"ချမ်းမီတို့အနေနဲ့ကတော့ အာဇာနည်ကုန်းကို တစ် ခါမှ မရောက်ဖူးပါဘူး။ သတင်းထဲမှာတို့ ဂျာနယ်ထဲမှာပဲ တွေ့ဖူးတာလေ။ အဲဒီနေရာ ကို ရောက်တဲ့အတွက်၊ ကိုယ်ကိုယ်တိုင်သွားပြီး အလေးပြု ရတဲ့အတွက် တအား စိတ်ထဲမှာ ဂုဏ်ယူမိပါတယ်”
လင်းအက္ခရာ၊ ခိုင်ဝေလွင်၊ ထက်လူလူ
ဓာတ်ပုံ-အောင်ဇော်မင်း

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။