အမျိုးသားလုံခြုံမှု ကာကွယ်ရေး with ထွန်း ဝီရ and 50 others
ဂဏန်းတစ်ကောင်၏ ခြေရာ (အတွေး)
ကျွန်တော်တို့လူ့ဘောင်အဖွဲ့အစည်းမှာ ကိုယ်ကိုတိုင်လည်း မလုပ်..။သူများလုပ်နေတာကိုလည်း
မကူညီ..။ဘာပဲလုပ်လုပ် ဘေးကနေ ကန့်လန့်တိုက်ပြီး အရာအရာ နှောင့်ယှက်သူကို လူဂဏန်းဟု
ခေါ်သည်...။
ဂဏန်းဆိုသည်မှာ မျက်လုံးပြူးပြူး(၂)လုံးရှိသော်လည်း တကယ်မမြင်.။ခြေလက်တွေ ရှည်ရှည်လျား
လျားနဲ့ အသုံးဝင်နိုင်စရာရှိသော်လည်း ဘေးတိုက်သွားဖို့လောက်သာ အရာရောက်သည်...။အဆိုး
... ရွားဆုံး အမူအကျင့်မှာ...တစ်ကောင်တည်းဖြစ်လျှင်ဘေးတိုက်သွားပြီး...။အများစုဖြစ်လာလျှင်.....
တစ်ကောင်ကိုတစ်ကောင် ဆွဲချတတ်ခြင်းပင်ဖြစ်သည်...။သည်တော့ ထိုဂဏန်း၏ရာဇ၀င်သည်
ပလိုင်း ၊ခြင်းတောင်းလို ကျဉ်းမြောင်သံသရာမှ မလွတ်တော့..။အရာရာဟာ သူ့အတွက် ဆွဲချစရာ
တွေအဖြစ်သာ ထင်မြင်နေတော့သည်..။သူကိုယ်တိုင်လည်း အဆွဲချခံ ဘ၀ကမလွတ်မြောက်....။

လတ်တလော...။မြန်မာနိုင်ငံ၏ အတွင်းရေးကို လှုပ်ရှားသူများစွာရှိသည်..။အကောင်းမြင်ဝါဒဖြင့်
ဖြောင့်ဖြောင့်တန်းတန်းသွားသူတွေလည်းရှိ၏..။ဂဏန်းတွေလို ခြေကားယား လက်ကားယားဖြင့်
ဘေးတိုက်သွားသူတွေလည်းရှိ၏...။ထိုနှစ်မျိုး၏ သဘောမှာ..။တစ်မျိုးကတိုင်းပြည်ပျောက် လူမျိုး
ပျောက်မှာကို စိုးရိမ်စိတ်ဖြင့် အာဏာရမ္မက်ကင်းစွာဖြင့် ကာကွယ်လိုသူ ..။နောက်တစ်စုက
တိုင်းပြည်နှင့်လူမျိုးကို အသုံးပြု၍ အာဏာရမ္မက်ကို ရယူလိုသူ..။ထိုနှစ်မျိုးတွင် မည်သည့်အစုက
ဂဏန်းဖြစ်မည်ထင်သနည်း..။
ကျွန်တော်တို့ ပညာတွေသင်ခဲ့ကြ..။အဆုံးအမတွေ ခံယူခဲ့ကြတာ ဒီလိုသဘောတရားတွေမှာ...
တွေးဆ ဆုံးဖြတ်နိုင်ဖို့အတွက် မဟုတ်လော..။အရာရာတိုင်းကို ဂတိလေးပါးနောက်လိုက်နေရင်
ဘယ်လိုအခြေအနေမျိုးမှာ ကျွန်တော်တို့ အသိပညာတွေ ထုတ်သုံးကြမလဲ..။တစ်စုံတစ်ခု၏
ဆွဲအားကြောင့်တော့ အသိတွေ၊ပညာတွေကို အဆုံးရှုံးမခံစေချင်ဘူး..။အတွေးတစ်ခု ..စဉ်းစား
ဆုံးဖြတ်စရာတစ်ခုနဲ့ကြုံတိုင်း အစွဲတွေ ခနမေ့ထားပါ..။ဓမ္မဓိဌာန်ကျကျ တွေးယူကြပါ......။
မှားယွင်းတဲ့ ဆုံးဖြတ်ချက်ကြောင့် ကိုယ့်ကိုကိုယ် မသိမ်ငယ်စေချင်ပါဘူး...။ဒါမှ ပညာတတ်ရဲ့
အတွေး..ပညာတတ်လို့ခံယူမှုတွေက မြင့်မြတ်လာမှာပါ....။
လစ်ဘရာယ်..။ပညာတတ်..အတွေးခေါ်ဆန်းသစ်သူတွေအဖြစ် ခံယူဖို့ကတော့ အတွေးနဲ့ ဆုံးဖြတ်
ချက်တွေမှာလည်း..သမ္မာအာဇီဝကျဖို့လိုတာတော့အမှန်ပါပဲ...။တစ်ခုကိုဆွဲထားရင်တော့ ဆုံးရှုံးရမဲ့
အရာတွေက မနည်းဘူးဆိုတာ သိကြပါလို့ တိုက်တွန်းပါရစေ...။
မှတ်ချက်...။ဂတိလေးပါးဟူသည်..။ဆန္ဒာဂတိ၊ ဒေါသာဂတိ၊ ဘယာဂတိ၊ မောဟာဂတိတို့ဖြစ်သည်။

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။