YoYarLay
အစားထိုး ကျေင်းတက်ပေးမည့် စက်ရုပ် VGo
ရုပ်ရှင်တွေထဲမှာ အစားထိုးတဲ့ စက်ရုပ်နဲ့တော့ မတူပါဘူး။ ၂၀၀၉ ခုနှစ်က ဘရု(စ်)ဝီလီ သရုပ်ဆောင်တဲ့ Surrogates ရုပ်ရှင်ထဲမှာဆိုရင် လူနေရာ အစားထိုးတဲ့ စက်ရုပ်များကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။ လူက အိမ်မှာ ပဲ နေပြီး မိမိစက်ရုပ်ကို အလိုအလျောက် ထိန်းချုပ်ရတာ မျိုး ဖြစ်ပါတယ်။
ရုပ်ရှင်တွေထဲကလို မဟုတ်ပေမယ့် အိမ်မှာနေမယ့် ထိန်းချုပ်လို့ရမယ့် စက်ရုပ်ကိုတော့ တကယ် တီထွင်အောင်မြင်ပြီး ဖြစ်ပါတယ်။ သူ့ကို VGo (Roboswot) လို့ အမည်ပေးထားပါတယ်။ ပုံမှာကတော့ ဖျားလို့ အတန်းမတက်နိုင်တဲ့ ၇ နှစ်အရွယ် အမေရိကန် ကျောင်းသားလေး Devon က သူ့အစား VGo စက်ရုပ်လွတ်ထားခြင်း ဖြစ်ပါတယ်။
စက်ရုပ်မှာ ကင်မရာပါပါတယ်။ တီဗီ Screen ပါပါတယ်။ ဖန်သား...ပြင်က VGo စက်ရုပ်ကို ထိန်းချုပ်နေသူရဲ့ ရုပ်ကို ဖော်ပြပေးထားမှာ ဖြစ်ပါတယ်။ အိမ်ကနေပဲ ကွန်ပျူတာထိန်းချုပ်မောင်းနှင်ပြီး အတန်းတက်စေပါတယ်။ အတန်းထဲမှာ သူ့အတွက် လည်း နေရာပေးထားရပါတယ်။ အခြား အတန်းဖော်တွေအနေနဲ့ ယင်းစက်ရုပ်ကို သူ့တို့ သူငယ်ချင်းလို့ ထင်မြင်မှတ် ယူ ဖို့တော့ လိုအပ်ပါတယ်။

အတန်းထဲမှာ သင်ကြားသမျှစာကိုလည်း ကင်မရာနဲ့ တိုက်ရိုက်ကြည့်ရှုပြီး တကယ့် အပြင်မှာ စာသင်ကြားသလို သင်ကြားလို့ ရတယ်လို့ ဆိုပါတယ်။ တကယ့် လူအစစ်လောက် လုပ်ဆောင်ချက် မမြန်ဆန်ဘူး- မကောင်းမွန်ဘူး ဆိုရင်တောင်မှ ဖျားနာသူ၊ ကူးဆက်ရောဂါရှိသူ၊ မသန်စွမ်းသူတို့အတွက် အသုံးတည့် မယ့် စက်ရုပ် ဖြစ်ပါတယ်။
ဈေးနှုန်းကတော့ ဗြိတိန်ပေါင် ၃၀၀၀ ဝန်းကျင် ရှိတယ်လို့ သိရပါတယ်။
----
Ref:Roboswot
ရိုးရာလေး နည်းပညာ

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။