ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့တော်ရှိ ကမ္ဘာကျော် နော်တာဒိမ်း ဝတ်ပြုကျောင်းကြီးတွင်
အသက်(၇၈)နှစ် အရွယ်ရှိ ဒေါမနစ် ဗန်နာသည် လိင်တူချင်း လက်ထပ်ထိမ်းမြားခွင့်ကို
ဆန့်ကျင်ကြောင်း ပြသသည့် အနေဖြင့် မိမိကိုယ်ကိုယ် အဆုံးစီရင်သွားခဲ့သည်။ ဘာသာရေးအရ
လက်ခံရန် ခက်ခဲသည့် အပြောင်းအလဲအတွက် ပြင်းထန်စွာ ဆန့်ကျင်ခဲ့သော ဒေါမနစ်သည်
နော်တာဒိမ်း ဝတ်ပြုကျောင်းကြီးအတွင်းသို့ ဝင်ရောက်လာကာ မိမိကိုယ်ကိုယ်
သေနတ်နှင့်ချိန်ပြီး မောင်းဖြုတ်လိုက်ခြင်း ဖြစ်သည်။ ခရစ်ယာန် ဘာသာရေးတွင် အထင်ကရ
အထွတ်အမြတ် တန်ဖိုးထားရသည့် ဝတ်ပြုကျောင်းဆောင်ကြီးအတွင်း မိမိကိုယ်ကိုယ်
သတ်သေမှုတစ်ခုကြောင့် ယင်းကျောင်းတော်ကြီးကို ခေတ္တ ပိတ်ပင်ထားခဲ့ရကြောင်း
သိရှိရသည်။
၎င်း၏ ရှည်လျားသော Essayတွင် လိင်တူချင်း လက်ထပ်ထိမ်းမြားခွင့်ကို ပြင်းပြင်းထန်ထန် ဆန့်ကျင် ရှုတ်ချထားသလို ပြင်သစ်နှင့် ဥရောပတို့တွင် လူဦးရေ ထူထပ်များပြားလာမှုကို ပြင်ဆင်အစားထိုးမှု ပြုလုပ်ရန် လိုအပ်ကြောင်း၊ အစ္စလာမ် ဘာသာရေးတွင် ကျင့်သုံးသည့် ဘာသာရေးကို အခြေခံသော ဥပဒေမျိုးကို လိုအပ်နေကြောင်း စသဖြင့်လည်း ရေးသားထားသေးသည်။ နော်တာဒိမ်း ကျောင်းတော်ကြီးသည် သမိုင်းကြောင်း ကြီးမားခန့်ထည်ပြီး ကမ္ဘာ့အံ့ချီးဖွယ်ရာ အဆောက်အအုံများ စာရင်းတွင် တစ်ခု အပါအဝင်အဖြစ် သတ်မှတ် ချီးကျူးခံထားရသည်။ ယင်းကျောင်းတော်ကြီး၏ နှစ်ပေါင်း(၈၅၀)ပြည့် အခမ်းအနားကိုလည်း ယခုနှစ်အတွင်း ကျင်းပသွားမည် ဖြစ်သည်။ ဒေါမနစ်၏ အဆုံးစီရင်မှု ဖြစ်ပေါ်ခဲ့သည့်နောက် ကျောင်းတော်ကြီးအတွင်း ရှိနေသူ အားလုံးကို အရေးပေါ် ရွှေ့ပြောင်းကာ (၄)နာရီကြာ ပိတ်ဆို့ထားလိုက်ရကြောင်းလည်း သတင်းများက ဖော်ပြသွားသည်။
Source: Independent
http://www.planet.com.mm/news/read.cfm/id/21596
ဒေါမနစ်သည် အမျိုးသားရေးဝါဒီ အကြမ်းဖက် လှုပ်ရှားမှုတွင် အဖွဲ့ဝင်ဟောင်း တစ်ဦးလည်း
ဖြစ်ခဲ့သည်။ ၎င်းသည် အင်္ဂါနေ့က ဝတ်ပြု ကျောင်းဆောင်ကြီး အတွင်းသို့ ဝင်လာပြီး ပစ္စတိုကို
ပါးစပ်ထဲထည့်ကာ ပစ်ခတ်ပြီး အဆုံးစီရင်သွားခြင်း ဖြစ်သည်။ ထိုမြင်ကွင်းကို
ကျောင်းဆောင်ကြီးအတွင်း လည်ပတ်ကြည့်ရှုနေသည့် ကမ္ဘာလှည့် ခရီးသွား အများအပြား
တွေ့မြင်ခဲ့ရသည်။ ဒေါမနစ်သည် လတ်တလောတွင် ကက်သလစ် ရိုးရာကဏ္ဍ ရေဒီယို အစီအစဉ်
တစ်ခုတွင် တင်ဆက်သူအဖြစ် အလုပ်လုပ်နေပြီး မိမိကိုယ်ကိုယ် အဆုံးမစီရင်မီ တစ်နေ့က
မိမိတို့အနေဖြင့် ဘာသာရေးအတွက် မေ့လျော့နေမှုများကို လှုပ်နှိုးရန် လိုအပ်ပြီဟု ၎င်းပိုင်
ဝက်ဘ်ဆိုက်တွင် ရေးသားခဲ့သေးသည်။
၎င်း၏ ရှည်လျားသော Essayတွင် လိင်တူချင်း လက်ထပ်ထိမ်းမြားခွင့်ကို ပြင်းပြင်းထန်ထန် ဆန့်ကျင် ရှုတ်ချထားသလို ပြင်သစ်နှင့် ဥရောပတို့တွင် လူဦးရေ ထူထပ်များပြားလာမှုကို ပြင်ဆင်အစားထိုးမှု ပြုလုပ်ရန် လိုအပ်ကြောင်း၊ အစ္စလာမ် ဘာသာရေးတွင် ကျင့်သုံးသည့် ဘာသာရေးကို အခြေခံသော ဥပဒေမျိုးကို လိုအပ်နေကြောင်း စသဖြင့်လည်း ရေးသားထားသေးသည်။ နော်တာဒိမ်း ကျောင်းတော်ကြီးသည် သမိုင်းကြောင်း ကြီးမားခန့်ထည်ပြီး ကမ္ဘာ့အံ့ချီးဖွယ်ရာ အဆောက်အအုံများ စာရင်းတွင် တစ်ခု အပါအဝင်အဖြစ် သတ်မှတ် ချီးကျူးခံထားရသည်။ ယင်းကျောင်းတော်ကြီး၏ နှစ်ပေါင်း(၈၅၀)ပြည့် အခမ်းအနားကိုလည်း ယခုနှစ်အတွင်း ကျင်းပသွားမည် ဖြစ်သည်။ ဒေါမနစ်၏ အဆုံးစီရင်မှု ဖြစ်ပေါ်ခဲ့သည့်နောက် ကျောင်းတော်ကြီးအတွင်း ရှိနေသူ အားလုံးကို အရေးပေါ် ရွှေ့ပြောင်းကာ (၄)နာရီကြာ ပိတ်ဆို့ထားလိုက်ရကြောင်းလည်း သတင်းများက ဖော်ပြသွားသည်။
Source: Independent
http://www.planet.com.mm/news/read.cfm/id/21596
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။