Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Monday, May 20, 2013

လေဖြတ်မည့် ရှေးပြေးလက္ခဏာများနှင့် ကြိုတင်ကာကွယ်နည်း (၃)သွယ်

 
ကျန်းမာရေးစာတိုများစုစည်းမှု
လေဖြတ်မည့် ရှေးပြေးလက္ခဏာများနှင့် ကြိုတင်ကာကွယ်နည်း (၃)သွယ်

လေဖြတ်ခြင်း (Stroke) အနောက်တိုင်း ဆေးပညာအခေါ်အားဖြင့် (Paralysis) ခေါ်
ရောဂါသည် မြန်မာပြည်တွင်သာမက ကမ္ဘာနှင့်အ၀ှမ်းတွင် အဖြစ်အများဆုံးသော
ရောဂါတစ်မျိုးဖြစ်ပြီး ဖြစ်ပွားလျှင် ခန္ဓာကိုယ်တစ်ခြမ်းလုံး
မလှုပ်ရှားနိုင်တော့ဘဲ အချိုတွင် စကားမပြောနိုင်၊ အစာမမျိုနိုင်ခြင်းနှင့်
အသိဥာဏ်ချို့ယွင်းခြင်းအထိ ဖြစ်နိုင်သဖြင့် ဘ၀ဆုံးရသော
ရောဂါအမျိုးအစားဖြစ်သည်။
ထို့အပြင် လေဖြတ်ခံရပြီးလျှင်လည်း အကောင်းပကတိ ပြန်ဖြစ်သူနည်းပါးပြီး
အချိန်ကာလလည်း ကြာမြင့်စွာ ကုသရသဖြင့် လူနာရော၊ လူနာရှင်များအဖို့ပါ
ပြုစုစောင့်ရှောက် ကုသရသည့် တာဝန်ဝတ္တရားကြီးမားပြီး ငွေကုန်၊ အချိန်ကုန်
ဒုက္ခမျိုးစုံ မိသားစုလိုက် ရောက်ရသော ရောဂါဆိုးကြီးဖြစ်သည်။

ထို့ကြောင့် မည်သည့်ရောဂါမဆို “ဖြစ်မှကုသခြင်းထက် ကြိုတင်ကာကွယ်ခြင်းက
အကောင်းဆုံး ဖြစ်သည်” ဟူသောစကားအတိုင်း လက်တွေ့ လေ့လာတွေ့ရှိချက်များအပေါ်
အခြေခံ၍ လေဖြတ်ခြင်းဝေဒနာဖြစ်မည့် ကြိုတင်နိမိတ်၊ ရှေ့ပြေးလက္ခဏာများကို
သိရှိရန်နှင့် ၎င်းလက္ခဏာများပြလာလျှင် ကြိုတင်ကာကွယ်ရန်နည်းလမ်းများကို
စာတမ်းပြုစု တင်ပြလိုက်ရ ပါသည်။


သင်လေဖြတ်နိုင်သလား?

လေဖြတ်ခြင်းအကြောင်းအရာများကို တော်တော်လေးဖတ်ရှုလေ့လာဖူးလျှင်
(သို့မဟုတ်) ပတ်ဝန်းကျင်၊ အိမ်နီးချင်းသိကျွမ်းသူတစ်ဦးဦး
အကောင်းကြီးကနေ လေဖြတ်နိုင်သလားဟု စိုးရိမ်တွေးတောမိမည်မှာ
အမှန်ပင်ဖြစ်လေသည်။ ကျွန်ပ်စာရေးသူ ကိုယ်တိုင်လည်း ဤကဲ့သို့ပင်
မကြာခဏတွေးမိပါသည်။
အချို့ပုဂ္ဂိုလ်များသည် လေဖြတ်နိုင်သည့် လက္ခဏာ၊ (ဥပမာ) သွေးတိုး၊ နှလုံး
စသည်တို့ မရှိသည့်အပြင် ထုံခြင်း၊ ကျင်ခြင်းစသည်များကို သိပ်ပင်မသိရဘဲ
လေဖြတ်သွားသောကြောင့် ဖြစ်ပါသည်။
ဥပမာပေးပါရစေဗျာ။ ထိုသူသည် အရပ်အမောင်းကလည်း ကောင်းသည်။ ငယ်စဉ်က
အားကစားလုပ်ခဲ့သဖြင့် ကိုယ်နေဟန်ထားအချိုးအစားကျသည်မှာ အသက် (၅၀)
ကျော်သည့်တိုင် မကျပါ။ ကားရှိသော်လည်း နံနက်တိုင်း လမ်းလျှောက်ထွက်သည်။
တစ်ခါတစ်ရံ ပြေးသည်။ တစ်ပတ်လျှင် (၂)ရက် Golf ကွင်း သွားပြီး
ဂေါက်ရိုက်သည့်အပြင် ဂေါက်ရိုက်နည်းပြ အဆင့်ထိ ကျွမ်းကျင်သည်။
တစ်ခါတစ်ရံ သူ့အိမ်ရှေ့မြက်ခင်းပြင်တွင် ဂေါက်တံကို လေထဲတွင်လွှဲပြီး
လေ့ကျင်နေဟန်မှာ အချိုးကျလှသဖြင့် မျက်စိထဲတွင် ယနေ့အထိ
မြင်ယောင်နေမိသေးသည်။
ကြက်ဥတွေ အစားများသလား၊ အဆီအဆိမ့်တွေ အစားများသလား မထင်နှင့်၊
ကိုလက်စ်ထရောနှင့် (Cholesterol) အဆီပိုများအကြောင်းကို သူကပင်
ရှင်းပြလိမ့်ဦးမည်။ ရှောင်လည်း ရှောင်သည်။
တောင်ဆင်းတောင်တက်လုပ်ခြင်းသည် နှလုံးကျန်းမာရေးအတွက် အလွန်ကောင်းသည်။
နှလုံးလေ့ကျင့်ခန်းဖြစ်သည်ဆိုကာ မြို့ထဲတွင် တောင်တက်စရာမရှိသဖြင့်
သူ့မိတ်ဆွေတစ်ဦး နေထိုင်သော လေးထပ်မှတိုက်ခန်းသို့ မကြာခဏသွားတက်ပြီး
လည်ပတ်လေ့ရှိသည်။
ဤမျှ ကျန်းမာရေးကောင်းသူ ကျန်းမာရေးနှင့်အညီ နေထိုင်ပြုမူသူ၊ သွေးတိုး၊
နှလုံးရောဂါဆို ဝေး။ ထောင့်စုံမှ အပြစ်ကင်း ကျန်းမာသူမှာ တစ်နေ့တွင်
လေဖြတ်သွားသည်ဆိုသောအခါ ကြားရသူတိုင်း အံ့သြသွားကြပါသည်။ ဖြစ်ရပုံမှာ
ထိုသူသည် ကျန်းလည်းကျန်းမာ၊ ၀မ်းလည်းမှန်သဖြင့် တစ်နေ့လျှင် (၂)ကြိမ်
အိမ်သာတက်လေ့ရှိသည်။ နံနက် အိမ်ယာထ ရေအ၀သောက်ပြီးသည်နှင့် တစ်ကြိမ်
အိမ်သာတက်သည်။ နောက် နေ့လည် ထမင်းကြီးစားပြီး တစ်နာရီခန့်ကြာလျှင်
တစ်ကြိမ် အိမ်သာတက်လေ့ရှိသည်။ ဤသည်မှာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်သော
သူ၏အလေ့အကျင့်ပင် ဖြစ်သည်။ ညစာကိုတော့ သူက သိပ်မစားသဖြင့် ညစာစားပြီး
ဝမ်းသွားလေ့မရှိဟု ဆိုသည်။
ထိုနေ့ နေ့လည်နှစ်နာရီခန့်က သူသည် ထုံစံအတိုင်း
ဖတ်စရာစာအုပ်တစ်အုပ်ယူပြီး အိမ်သာဝင်သွားသည်။ သူသည် အိမ်သာတက်ရင်း
စာဖတ်လေ့ရှိရာ နာရီဝက်ခန့်ကြာတတ်သည်။ အိမ်သူအိမ်သားများကလည်း
အမှုမဲ့အမှတ်မဲ့နေရာမှ အိမ်သားတစ်ဦး အိမ်သာသွားချင်သဖြင့်
အိမ်သာရှေ့ရောက်သွားသောအခါ တံခါးကပိတ်နေသည်။ အတော်ကြာကြာစောင့်ပြီး
နောက်တစ်ခါ ထပ်သွားသောအခါမှာလည်း အိမ်သာတံခါးက မဖွင့်သေးသဖြင့်
အနားကပ်သွားပြီး တံခါးခေါက်ကြည့်သည်။ အတွင်းမှ တုန့်ပြန်သံမကြားရ။
နောက်ထပ် ခပ်ပြင်းပြင်းခေါက်သည်။ ထိုအခါမှ အတွင်းမှ အသံသဲ့သဲ့နှင့်
ညည်းသံလိုလိုကြားရသည်။
ဤတွင်မှ အိမ်သားများအားလုံးကိုခေါ်ပြီး နောက်ဆုံး အိမ်သာတံခါးကို
ဖျက်ဆီးပြီး အတွင်းမှ လူကို ဆွဲထုတ်ကြရသည်။ လေဖြတ်သွားပြီး ပါးစပ်မှ
ဝူးဝါးဝူးဝါးနှင့်ပြောသည်။ စကားမပီသတော့။ ကျန်းမာရေးအလွန်ကောင်းသူဖြစ်၍
သတိတော့မလစ်၊ တစ်ကိုယ်လုံး အေးစက်နေသည်။ အိမ်သာထဲတွင် သူလဲနေသည်မှာ
တစ်နာရီခန့်ကြာခဲ့ပြီကိုး။
အားလုံးဝိုင်းပွေ့ချီကြသည်။ ရန်ကုန်မြို့တွင်း
အကောင်းဆုံးဆေးရုံကြီးတစ်ခုသို့ ပို့ကြသည်။ စက်ကိရိယာများ၊
ဓာတ်မှန်များဖြင့် ချက်ခြင်းအဖြေရှာကြသည်။ အဖြေများထွက်လာသောအခါ
ဘယ်တုန်းကမှ သွေးတိုးမရှိသောသူ့မှာ ရုတ်တရက်သွေးပေါင်တက်ပြီး ဦးနှောက်မှ
ပင်မ သွေးကြောမကြီးတစ်ခု ပေါက်သွားပြီဟုဆိုသည်။
ဦးနှောက်သွေးကြောမကြီးတစ်ခု ပေါက်သွားပြီဆိုသည်နှင့်
သွေးထောက်ပံ့မှုမရသော ဦးနှောက်အစိတ်အပိုင်းတစ်ချို့ သေသွားခဲ့ပြီဖြစ်သည်။
စကားမပြောနိုင်၊ မျက်စိအမြင် မကြည်မလင် ဖြစ်သည်။ တစ်ခါတစ်ရံ
သတိလစ်သွားသည်။ ဆေးရုံမှ အထူးကြပ်မတ်ကုသသည်။ အစာကို ပိုက်မှ သွင်းသည်။
ပေါက်သွားသောသွေးကြော ပိတ်စေရန် နောက်ဆုံးပေါ်ဆေးများသွင်းကြသည်။
နဂိုမူလက အလွန်ကျန်းမာရေးကောင်းသူဖြစ်သဖြင့် သေရွာပြန်၊ ဆေးရုံမှ
တစ်လအကြာတွင် ဆင်းခဲ့နိုင်သော်လည်း လေဖြတ်သည့်ခန္ဓာကိုယ်တစ်ခြမ်းမှာ
မလှုပ်နိုင်၊ ထူပေးမှ ထနိုင်သည်။ စကားမပီ။ ပြောတာဘာမှန်းမသိ။
အိပ်ယာထဲမှာပင် အိုးထိုး၍ ၀မ်းသွားရတော့သည်။
ထိုပုဂ္ဂိုလ်ကြီးကိုကြည့်ပြီး သူ့အတွက်ရော၊ ပြုစုရသည့် သူ့မိသားစုအတွက်ပါ
အလွန် စိတ်မကောင်းဖြစ်ရပါသည်။ သူသည် တစ်ချိန်က ကျွန်ုပ်၏ဆေးခန်းသို့
လာပြဖူးသည်။ ရောဂါမဟုတ်ပါ။ လက်စွယ်ငုတ်ရာမှ ပြည်တည်ပြီး
လက်သန်းတစ်ချောင်းလုံး ယောင်နေသောကြောင့် ဖြစ်သည်။
တိုင်းရင်းဆေးဝါလေးနှင့် လက်ဖက်အစို ရောနယ်ပြီး အုံပေးလိုက်ရာ
နောက်တစ်ရက်တွင် ကောင်းသွားကြောင်း လာပြောပါသည်။ အခကြေးငွေလည်း
မယူလိုက်ပါ။
သူတို့မိသားစုနှင့် ခင်မင်ရင်းစွဲရှိဖူးသဖြင့် မပင့်မခေါ်သော်လည်း
သူတို့အိမ်သွားလည်ပြီး သူဘာကြောင့် လေဖြတ်ရသလဲဆိုတာကို လေ့လာမိသည်။
ဤကဲ့သို့ ဒေါင်ဒေါင်မြည်တဲ့အိုးမှ အက်သွားရသည့်အကြောင်းရင်းက ဘာလဲ ....?
သူတို့အိမ်သို့ အခေါက်ခေါက်အခါခါ သွားသည်။ သူလေဖြတ်ပုံ၊ အိမ်သာထဲမှာ
လဲကျနေပုံတို့ကို သိလိုသဖြင့် သူဖြစ်ခဲ့သည့် အိမ်သာခန်းအထိ
သွားကြည့်ပါသည်။ သူတို့အိမ်မှာ အိမ်သာမှာ နှစ်လုံးတောင်ရှိသည်။ တစ်လုံးက
ဘိုထိုင်၊ တစ်လုံးက ရိုးရိုးအထိုင်။
သူက ဘိုထိုင်မသွားတတ်။ အားမရသဖြင့် ရိုးရိုးအိမ်သာပဲ ထိုင်လေ့ရှိသည်။
ဤမှာပင် ချို့ယွင်းချက်တစ်ခု တွေ့ရသည်မှာ သူက အိမ်သာသွားတိုင်း
ဆောင့်ကြောင့်ထိုင်ပြီး စာဖတ်လေ့ ရှိခြင်းပင်ဖြစ်သည်။
စာဖတ်ကောင်းနေလျှင် ကြာသည့်အခါ ကြာသွားတတ်လေသည်။
ကျွန်ုပ်၏လူနာများထဲတွင် တစ်ချို့က အိမ်သာထိုင်လျှင်
ဆောင့်ကြောင့်ထိုင်လျှင် ခြေနှစ်ဖက် ကျင်ထုံပြီး ပြန်အထတွင်
မူးတတ်ကြောင်း ပြောသည်ကို သတိရမိပါသည်။ လူနာပြောသောစကားများသည်
တစ်ခါတစ်ရံ ဆရာများကို ပြန်၍ပညာပေးတတ်သည်။
ဖြစ်ပုံက ဆောင့်ကြောင့်ထိုင်သောအခါ တံကောက်ကွေးအတွင်းတွင်ရှိသော
သွေးကြောအဖွဲ့ (တံကောက်သွေးအိမ်)ကို ပိတ်ထားသကဲ့သို့ဖြစ်သဖြင့် -
(၁) သွေးသည် ခြေဖျားသို့ဆင်းသွားပြီး သွေးပြန်ကြောမှ
အပေါ်သို့ပြန်ပေးသောအခါ တံကောက်ကွေးတွင် ပိတ်မိနေသည်။
(၂) နှလုံးမှ ပေါင်၊ ပေါင်မှ တံကောက်၊ တံကောက်မှဆင်းလာသော
သွေးစီးကြောင်းမှာ ဆောင့်ကြောင့်ထိုင်ထားသဖြင့် တံကောက်တွင် ပိတ်သွားသည်။
(၃) ပိတ်သောသွေးသည် အထက်သို့ ပြန်ဆောင့်သဖြင့်
ပြောင်းပြန်တွန်းအားတစ်ခု နှလုံးဆီသို့ ရိုက်ခတ်လာသည်။
(၄) နှလုံးက သွေးစီးကြောင်း ပိတ်မှန်းသိသဖြင့် ပိုညှစ်သောအခါ သွေးပေါင်တတ်လာသည်။
(၅) သွေးပေါင်တတ်သောဒဏ်ကို မခံနိုင်သောကြောင့် ဦးနှောက်အတွင်းမှ
သွေးကြောပေါက်သွားသောအခါ လူသတိလစ်လဲကျလေသည်။

ကျန်းမာရေး မည်သို့ပင် ကောင်းစေကာမူ အသက်အရွယ်ကြီးရင့်သောအခါ
သွေးကြောများသည် မာကျွတ်ဆက်ပြီး ဖိအားကို သိပ်မခံနိုင်တော့ပါ။
ပလပ်စတစ်ပိုက်များ နှစ်ကြာဟောင်းလာလျှင် ကျွတ်ဆက်ပြီး ကွဲအပ်သကဲ့သို့
ဖြစ်သည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် ထိုပုဂ္ဂိုလ်ကြီးကဲ့သို့
ကျန်းမာရေးကောင်းသူပင် အနေအထိုင်မတတ်လျှင် လေဖြတ်နိုင်ကြောင်း သတိပြုစရာ
မှတ်သားစရာ ဖြစ်လေသည်။ သူဖြစ်စဉ်မှ သတိပြုစရာအချက်မှာ
အိမ်သာကြာကြာထိုင်းခြင်းနှင့် ဆောင့်ကြောင့်ထိုင်ခြင်းကြောင့်
တံကောက်သွေးအိမ်ကြော ပိတ်ခြင်းဖြစ်ရာ ဘယ်အကြာင်းကြောင့်နှင့်မျှ
ကြာကြာဆောင့်ကြောင့်ထိုင်ခြင်း မပြုမိအောင် ရှောင်ကြဉ်ကြရန် ဖြစ်သည်။
“ဆောင့်ကြောင့်ထိုင်ခြင်းကြောင့် ကြာလျှင်လေဖြတ်နိုင်သည်။
ဦးနှောက်သွေးကြော ပေါက်နိုင်သည်ဟု အမြဲမှတ်ပါလေ။”


Written by အရှင်တေဇနိယ(အုတ်ဖို)
http://oscarmalay.blogspot.com

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။