YoYarLay
တမလွန်ဘဝ ရှိကြောင်း သက်သေပြရန် ကိုယ့်ကိုယ်ကို သက်သေခဲ့
ကမ္ဘာကျော် ဖြစ်ရပ်တစ်ခုပဲ ဖြစ်ပါတယ်။ ၁၉၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၆ ရက်နေ့က အမေရိကန်နိုင်ငံ၊ မစ်ချီဂန်းပြည်နယ်၊ ဒတ်ထရွိုက်မြို့ မှာ ဖြစ်ပြီး Thomas Lynn Bradford အမည်ရ ပရော်ဖက်ဆာ တစ်ဦး က ကိုယ့်ကိုယ်ကို သေကြောင်းကြံခဲ့တာ ဖြစ်ပါတယ်။
သေကြောင်းကြံတဲ့ ရည်ရွယ်ချက်ကတော့ နောက်ဘဝ (Afterlife) ဆိုတာ တကယ်ရှိတယ်ဆိုတာကို သက်သေပြဖို့ ဖြစ်ပြီး သေတဲ့အခါ လူ့လောကက လူတွေနဲ့ ဆက်သွယ်မယ်လို့တောင် ပြောခဲ့ပါသေးတယ်။ ဒီအတွက် အခန်းတံခါးအလုံပိတ်၊ ဂက်စ်မီးဖိုက ဂက်စ်များ အပြည့် လွတ်စေပြီး ကိုယ်တိုင် သေကြောင်းကြံခဲ့ပါတယ်။ ဒီအတွက် ကူညီပေးသူ အမျိုးသမီး Ruth Doran ကို လာဆက်သွယ်ပြမယ်လို့ တရားဝင် ကြေညာခဲ့ပါတယ်။
အ...မေရိကန်ပြည်တွင်း သတင်းစာ၊ ဂျာနယ်များကလည်း စိတ်ဝင်တစားနဲ့ စောင့်ဆိုင်း ကြည့်ရှုခဲ့ပေမယ့် Ruth Doran ဆီက ဘာသံမှ မကြားခဲ့ပါဘူး။ Bradford ဟာ သေဆုံးပြီး တကယ်ပဲ ဘယ်သူနဲ့မှ မဆက်သွယ်နိုင်ဘူးဆို တာကိုသာ ဝမ်းနည်းစွာပဲ လေ့လာတွေ့ရှိခဲ့ပါတယ်။

ဒါကြောင့် တမလွန်ဘဝ ရှိတယ်မရှိတယ်ဆိုတာကို ကိုယ့်ကိုယ်ကို သေကြောင်းကြံပြီး လက်တွေ့စမ်းသပ်ပြရဲခဲ့တဲ့ Bradford ရဲ့  လုပ်ရပ်ဟာ ယနေ့တိုင် ရာဇဝင်တွင် ကျန်ရှိစေခဲ့ကြောင်း သိရပါတယ်။
--
ref:wiki
ရိုးရာလေး ဗဟုသုတ
-
http://www.yoyarlay.com/ international-news/usa/ 35567-kill-himself-to-show-afte rlife
--
ref:wiki
ရိုးရာလေး ဗဟုသုတ
-
http://www.yoyarlay.com/

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။