Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Sunday, April 21, 2013

ပြစ်ဒဏ်စာရွက်လေးတစ်ရွက်

 

ပြစ်ဒဏ်စာရွက်လေးတစ်ရွက်
_____________________
ဂျာမဏီနိုင်ငံက စက်မှုလုပ်ငန်း အရမ်းထွန်းကားတဲ့နိုင်ငံပါ။ Mercedes-Benz, BMW, Siemensလို့ ပြောလိုက်ရင် မသိတဲ့လူမရှိသလောက်ပါပဲ။ ကမ္ဘာ့အဏုမြူဓာတ်ပေါင်းဖိုတွေထဲက အကောင်းဆုံး အဏုမြူစုပ်စက်ကို ဂျာမဏီရဲ့မြို့ငယ်လေးတစ်မြို့မှာ တည်ဆောက်ထားပါတယ်။ ဒီလိုတိုးတက်ခေတ်မီတဲ့ နိုင်ငံတစ်နိုင်ရဲ့ လူနေမှုစရိုက်က အပျော်အပါး၊ အသောက်အစားကြူး၊ ဖြုန်းတီးမှုတွေနဲ့ ပြည့်နှက်နေခဲ့မလာ...း?


ဂျာမဏီကို သွားရောက်မလည်ပတ်ခင် ကျွန်တော်တို့ဟာ အဲဒီနိုင်ငံကိုပုံဖော်ကြည့်ကြတယ်၊ ဖော်ညွှန်းကြည့်ကြတယ်။ ပင်လယ်ဆိပ်ကမ်းမြို့ဖြစ်တဲ့ Hamburgကိုရောက်တော့ ကျွန်တော်တို့က ထုံးစံအတိုင်း စားသောက်ဆိုင်ကို အရင်ချီတက်ကြတယ်။ ကျွန်တော်တို့ကို လာကြိုတဲ့မိတ်ဆွေရဲ့အပြုအစုကို ကျွန်တော်တို့ ဧကန်မလွဲခံရတော့မယ်။

စားသောက်ဆိုင်ထဲ ကျွန်တော်တို့ဝင်လိုက်တယ်။ စားပွဲဝိုင်းတော်တော်များများနဲ့ ဧည့်သည်နည်းနည်းကို ကျော်ဖြတ်နေချိန်မှာ ကျွန်တော်စိတ်ထဲ သံသယဖြစ်မိတယ်။ ဒီလောက်တိတ်ဆိတ် ခြောက်ကပ်နေတဲ့ စားသောက်ဆိုင်က ကြာကြာရပ်တည်နိုင်ပါ့မလား?

ပိုရယ်စရာကောင်းတာက စားပွဲဝိုင်းတစ်ဝိုင်းမှာ အတွဲတစ်တွဲထိုင်နေတယ်။ သူတို့ရှေ့စားပွဲပေါ်မှာ ဟင်းနှစ်မျိုးထည့်ထားတဲ့ ပန်ကန်းပြားတစ်ချပ်နဲ့ ဘီယာနှစ်ဗူးပဲရှိတယ်။ ဒီလောက်ရိုးရှင်းတဲ့ အပြင်အဆင်နဲ့ သူတို့ဘယ်လိုရိုမန်တစ်ဆန်ဆန် တွေ့ဆုံကြတာပါလိမ့်? တကယ်လို့ ယောက်ျားလေးက ငွေထုတ်ရှင်းတယ်ဆိုရင် သူကပ်စီးနည်းလွန်း မနေဘူးလား? ကပ်စီးနည်းတဲ့သူ့ကို ချစ်သူမိန်းကလေးထားခဲ့မှာ မစိုးရိမ်ဘူးလား?

နောက် စားပွဲဝိုင်းတစ်ဝိုင်းမှာက လူဖြူအဘွားအိုတချို့ထိုင်နေကြပြီး အစားအသောက်ကို ဇိမ်ပြေနပြေစားနေကြတယ်။ ဟင်းတစ်ပွဲရောက်လာတိုင်း စားပွဲထိုးက သူတို့အတွက်ခွဲဝေပေးတယ်။ ခွဲဝေပေးတဲ့အစားအစာတွေ ခဏတွင်းချင်း သူတို့အပြောင်စားလိုက်ကြတယ်

သူတို့ကို ကျွန်တော်တို့ သိပ်ကြာကြာ ဂရုစိုက်ကြည့်မနေတော့ပါဘူး။ ကျွန်တော်တို့ဝိုင်းအတွက် အစားအသောက် မြန်မြန်လာချဖို့ကိုပဲ ကျွန်တော်တို့ဆန္ဒစောနေခဲ့တယ်။ နယ်ခံမိတ်ဆွေက ကျွန်တော်တို့ဆာလောင်နေပုံကိုကြည့်ပြီး ဟင်းတွေ ပိုမှာလိုက်တယ်။ ကျွန်တော်တို့လည်း အားနာမနေတော့ပါဘူး။ သူ့ရဲ့စေတနာကို ကောင်းကောင်းကြီး အသိအမှတ်ပြုလိုက်ကြပါတယ်။

စားသောက်ဆိုင်ထဲမှာ ဧည့်သည်တွေနည်းတော့ ဟင်းတွေမြန်မြန်ရောက်လာပါတယ်။ ကျွန်တော်တို့စားပွဲဝိုင်းက ခဏတွင်းမှာပဲ ဟင်းပန်းကန်တွေနဲ့ ပြည့်သွားတော့တယ်။ ကြည့်ရတာ ဒီကနေ့မှာ ကျွန်တော်တို့က ဒီစားသောက်ဆိုင်ထဲမှာ အသုံးဖြုန်းနိုင်ဆုံးဖြစ်လိမ့်မယ်။

အစားအသောက်တွေကို ကျွန်တော်တို့ အားရပါးရစားကြတယ်။ လျှောက်လည်ဖို့ရှိသေးတယ်ဆိုလို့ အစားအစာတွေနဲ့ ကျွန်တော်တို့ အချိန်ဆွဲမနေတော့ဘဲ စားသောက်ဝိုင်းကို ခပ်မြန်မြန်လေး အဆုံးသပ်လိုက်ကြတယ်။ ဒါကြောင့် အစားအသောက် ၃ပုံ ၁ပုံလောက်က မကုန်ဘဲကျန်နေခဲ့တယ်။ ငွေရှင်းပြီး၊ သွားကြားညှပ်တာတွေရှင်းပြီးနောက် ဆိုင်ထဲကနေ ကျွန်တော်တို့ လိမ်ဖည်လိမ်ဖည်နဲ့ ထွက်လာခဲ့ကြတယ်။ ဒါပေမဲ့ စားသောက်ဆိုင်ဝ မရောက်ခင် ဆိုင်ထဲကလူတစ်ယောက်ယောက်က ကျွန်တော်တို့ကို လှမ်းခေါ်တယ်။ ကျွန်တော်တို့အဖွဲ့ထဲက ပစ္စည်းများမေ့ကျန်ခဲ့သလားပေါ့?

ကျွန်တော်တို့ အထူးအဆန်းနဲ့ နောက်ပြန်လှည့်ကြည့်ကြတယ်။ လူဖြူအဘွားအိုတစ်သိုက် စားသောက်ဆိုင်ပိုင်ရှင်နဲ့ ကွိစိကွစ တစ်ခုခုပြောနေကြတယ်။ ကြည့်ရတာ ကျွန်တော်တို့ကိုရည်ရွယ် ပြောနေပုံရတယ်။ သူတို့အနီးနားကျွန်တော်တို့ ရောက်သွားတော့ အင်္ဂလိပ်လို သူတို့ပြောင်းပြောကြတယ်။ ကျွန်တော်တို့မှာတဲ့ဟင်းတွေ အများကြီးကျန်ကြောင်း၊ အရမ်းဖြုန်းတီးကြောင်း ကျွန်တော်တို့နားလည်လိုက်တယ်။

ဒီအဘွားကြီးတွေ တော်တော်စွက်စွက်ဖက်ဖက်နိုင်လွန်းတယ်ဆိုပြီး ကျွန်တော်တို့ရယ်ချင်သွားတယ်။

"ကျွန်တော်တို့ ပိုက်ဆံပေးပြီးစားတာပဲ၊ ဟင်းတွေဘယ်လောက်ကျန်ကျန် ခင်ဗျားတို့နဲ့ မဆိုင်ပါဘူး"

မိတ်ဆွေကရှေ့ထွက်ရပ်ပြီး အဘွားကြီးတွေကိုပြောတယ်။ မိတ်ဆွေစကားကိုကြားတော့ သူတို့ပိုစိတ်ဆိုးသွားပုံရတယ်။ ရှေ့ဆုံးမှာရပ်နေတဲ့ အဘွားအိုတစ်ဦးက ချက်ချင်းဟမ်းဖုန်းထုတ်ပြီးဆက်တယ်။

တအောင့်နေတော့ ဆိုင်ရှေ့ကားတစ်စီးထိုးရပ်ပြီး ဝတ်စုံဝတ်လူတစ်ယောက် ဆင်းလာတယ်။ လူမှုလုံခြုံရေးဝန်ထမ်းလို့ သိရပါတယ်။ အဲဒီလူက အကျိုးအကြောင်းတွေ မေးမြန်းပြီးနောက် ကျွန်တော်တို့ကို ဂျာမဏီငွေ(၅ဝ Mark) ပြစ်ဒဏ်စာရွက်တစ်ရွက် ထုတ်ပေးတယ်။ ကျွန်တော်တို့ အသံမထွက်ရဲတော့ဘူး။ ကျွန်တော့်မိတ်ဆွေကလည်း မျက်နှာကိုတစ်ဖက်လှည့်ပြီး အာခံပြန်မပြောရဲခဲ့တော့ဘူး။ ပြစ်ဒဏ်ငွေ (၅ဝ) ထုတ်ပေးလိုက်ရတဲ့အပြင် "ဆောရီး"လို့ တောင်းပန်လိုက်ရသေးတယ်။

လူမှုလုံခြုံရေးဝန်ထမ်းက ငွေကိုလက်ခံပြီး ကျွန်တော်တို့ကို လေးလေးနက်နက်ပြောတယ်။

"အစားအသောက်ကို စားနိုင်သလောက်ပဲမှာပါ! ပိုက်ဆံက ခင်ဗျားတို့ရဲ့ကိုယ်ပိုင်ပါ။ ဒါပေမဲ့ သဘာဝအရင်းအမြစ်တွေက လူသားအားလုံးနဲ့ဆိုင်ပါတယ်။ ကမ္ဘာပေါ်မှာ သဘာဝအရင်းအမြစ်ချိုတဲ့နေသူတွေ အများကြီးရှိတယ်။ ခင်ဗျားတို့ ဆင်ခြေပေးပြီး ဖြုန်းတီးချင်တိုင်း ဖြုန်းတီးလို့ မရပါဘူး"

ကျွန်တော်တို့ရဲ့မျက်နှာတွေ နီမြန်းကုန်ကြတယ်။ ဒါပေမဲ့ စိတ်ထဲမှာတော့ ဒီစကားကို ထောက်ခံနေကြပါတယ်။ ကြီးပွားတိုးတက်တဲ့ နိုင်ငံတစ်နိုင်ငံကလူတွေဟာ ဒီလိုသတိပြုဆင်ခြင်တာတွေ ရှိကြသေးတယ်။ ကျွန်တော်တို့ ပိုလိုတောင် ဆင်ခြင်သင့်ပါတယ်။ ကျွန်တော်တို့နိုင်ငံက လူဦးရေများပြီး သဘာဝရင်းမြစ်တွေ လုံလုံလောက်လောက် မရှိတဲ့နိုင်ငံပါ။ ကျွန်တော်တို့ဟာ ဧည့်သည်တွေကို ထမင်းဖိတ်ကျွေးတိုင်း အိမ်ရှင်မျက်နှာပွင့်အောင်၊ ဧည့်ဝတ်ကျေအောင်၊ ကပ်စီးနည်းသူအထင်မခံရအောင်ဆိုပြီး ဟင်းတွေတပုံကြီးမှာတယ်၊ ပြင်ဆင်တယ်။ နောက်တော့ စားမကုန်ဘဲ အများကြီးကျန်ခဲ့တယ်။

တကယ်တော့ ကျွန်တော်တို့ရဲ့အကျင့်ကို ကျွန်တော်တို့ပြောင်းလဲဖို့ လိုအပ်နေပါတယ်။ သဘာဝရင်းမြစ်တွေကို အလွဲသုံးစား ဖြုန်းတီးမနေသင့်တော့ပါဘူး။ အဲဒီနေ့က မိတ်ဆွေက ပြစ်ဒဏ်စာရွက်ကို မိတ္တူကူးပြီး လူတိုင်းကို တစ်စောင်ဆီ အမှတ်တရအနေနဲ့ လက်ဆောင်ပေးခဲ့တယ်။ ကျွန်တော်တို့ လိုလိုလားလားလက်ခံပြီး သိမ်းဆည်းခဲ့ပါတယ်။ ကျွန်တော်တို့နိုင်ငံကို ပြန်ရောက်ပြီးနောက် မိတ္တူတွေကူးပြီး တခြားလူတွေကို မျှဝေပါလို့ မိတ်ဆွေကမှာပါတယ်။ ကိုယ့်ကိုယ်ပိုင်စာရွက်ကိုတော့ အိမ်ကနံရံမှာ ကျွန်တော်တို့ကပ်ထားကြတယ်။ အချိန်တိုင်း အသိတရားရှိနေအောင်လို့ပေါ့............



မူရင်း--- http://city.udn.com/51670/1448074?tpno=0&cate_no=53746

နိုင်းနိုင်းစနေ(Friday, October 14, 2011)

Re-Post By ACM 21-4-2013
အေးချမ်းမွန် Credit & Copy From > Nine Nine Sanay @ နိုင်းနိုင်းစနေ<<

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။