Myanmar News Update
တခါက မျက်စိအလင်းကွယ်နေရှာတဲ့ မိန်းကလေးတစ်ဦးရှိတယ်... သူမဟာ မျက်စိမမြင်တဲ့ သူမရဲ့ဘဝကြောင့် ဘယ်သူ့ကိုမှ အကောင်းမမြင်ဘဲ လူတိုင်းကို မုန်းတီးလို့နေပါတယ်... အရာရာသူမကိုအလိုလိုက်တဲ့ သူမအတွက် အမြဲရှိတဲ့ သူမရဲ့ ချစ်သူကောင်လေးကလွဲလို့ပေါ့... သူမက အကယ်၍သူမသာ ကမ္ဘာကြီးကို မြင်တွေ့ခွင့်ရခဲ့ရင် သူမရဲ့ ကောင်လေးကို လက်ထပ်မယ်လို့ အမြဲပြောလေ့ရှိပါတယ်...
ဒီလိုနဲ့ တစ်နေ့မှာတော့ မျက်စိအလှူရှင်ရှိတာကြောင့် သူမရဲ့ မျက်လုံးတွေအလင်းပြန်ရခဲ့ပါတယ်. .. သူမမျက်စိပြန်မြင်ပြီးနောက် သူမရဲ့ ချစ်သူကောင်လေးရောက်ရှိလာပြီးတော့
“ချစ်.. အခုမျက်စိ ပြန်မြင်ပြီဆိုတော့ ချစ်ပြောခဲ့သလို ကိုယ့်ကိုလက်ထပ်နိုင်ပြီလားဟင် ?” လို့မေးခွန်းထုတ်လိုက်ပါတယ်... ဒါပေမယ့် ကောင်မလေးအံ့အားသင့်ရ...တာကတော့ သူ့ချစ်သူကောင်လေးဟာ မျက်မမြင်ဖြစ်နေတာကို တွေ့လိုက်ရတာပါပဲ...
ဒီလိုနဲ့ တစ်နေ့မှာတော့ မျက်စိအလှူရှင်ရှိတာကြောင့် သူမရဲ့ မျက်လုံးတွေအလင်းပြန်ရခဲ့ပါတယ်.
“ချစ်.. အခုမျက်စိ ပြန်မြင်ပြီဆိုတော့ ချစ်ပြောခဲ့သလို ကိုယ့်ကိုလက်ထပ်နိုင်ပြီလားဟင် ?” လို့မေးခွန်းထုတ်လိုက်ပါတယ်... ဒါပေမယ့် ကောင်မလေးအံ့အားသင့်ရ...တာကတော့ သူ့ချစ်သူကောင်လေးဟာ မျက်မမြင်ဖြစ်နေတာကို တွေ့လိုက်ရတာပါပဲ...
ကောင်မလေးဟာ ကောင်လေးဟာ မျက်မမြင်ဖြစ်နေတဲ့အတွက် မျက်စိအလင်းပြန်ရလာပြီဖြစ်တဲ့ သူမက ကောင်လေးကို လက်မထပ်နိုင်ကြောင်း ငြင်းပယ်ခဲ့ပါတယ်... ကောင်လေးဟာ ဝမ်းနည်းစွာနဲ့ မျက်ရည်တွေကို အဖော်ပြုရင်း ကောင်မလေးကို ကျောခိုင်းထွက်ခွာ သွားခဲ့ပါတယ်...
တစ်နေ့မှာတော့ ကောင်လေးဆီကနေ ကောင်မလေးဆီကို စာတစ်စောင်ရောက်ရှိလာပါတယ်... စာထဲမှာရေးထားတာကတော့ “ကိုယ့်ရဲ့ မျက်လုံးတွေကို ဂရုစိုက်ပေးပါ ချစ်သူ...” တဲ့.....
---------------------===------ ---------------
ဒီပုံပြင်လေးက လူတွေရဲ့ ပတ်ဝန်းကျင်အခြေအနေကို လိုက်ပြီး ပြောင်းလဲတတ်တဲ့ သဘာဝကိုထင်ဟပ်စေပါတယ်... ဘဝရဲ့အမြင့်မားဆုံး အခြေအနေရောက်တာတောင် ကိုယ့်ရဲ့ ဘဝကို မမေ့၊ အောက်ခြေမလွတ်ဘဲ ဘဝအကြောင်းကို နားလည်တဲ့သူဟာ အနည်းငယ်မျှသာရှိပါတယ်...
ဒါကြောင့် တခါတရံမှာ မိမိအနစ်နာခံ စတေးလိုက်ရတဲ့ တန်ဖိုးတစ်ခုဟာ လက်ခံသူနဲ့ ထိုက်တန်လား မထိုက်တန်လားဆိုတာကို မိမိကိုယ်တိုင် ဆင်ခြင်ချင့်ချိန်ကြဖို့ လိုအပ်လှပါတယ်... လက်ခံသူတွေဟာလည်း ကိုယ်ရလိုက်တဲ့ ကူညီမှု၊ စာနာမှု၊ နားလည်မှု၊ ပေးဆပ်မှုတွေကို တန်ဖိုးထားတတ်ကြပါစေလို့ ဆုတောင်းရင်း.....
ကြယ်မင်းတာယာ
တစ်နေ့မှာတော့ ကောင်လေးဆီကနေ ကောင်မလေးဆီကို စာတစ်စောင်ရောက်ရှိလာပါတယ်... စာထဲမှာရေးထားတာကတော့ “ကိုယ့်ရဲ့ မျက်လုံးတွေကို ဂရုစိုက်ပေးပါ ချစ်သူ...” တဲ့.....
---------------------===------
ဒီပုံပြင်လေးက လူတွေရဲ့ ပတ်ဝန်းကျင်အခြေအနေကို လိုက်ပြီး ပြောင်းလဲတတ်တဲ့ သဘာဝကိုထင်ဟပ်စေပါတယ်... ဘဝရဲ့အမြင့်မားဆုံး အခြေအနေရောက်တာတောင် ကိုယ့်ရဲ့ ဘဝကို မမေ့၊ အောက်ခြေမလွတ်ဘဲ ဘဝအကြောင်းကို နားလည်တဲ့သူဟာ အနည်းငယ်မျှသာရှိပါတယ်...
ဒါကြောင့် တခါတရံမှာ မိမိအနစ်နာခံ စတေးလိုက်ရတဲ့ တန်ဖိုးတစ်ခုဟာ လက်ခံသူနဲ့ ထိုက်တန်လား မထိုက်တန်လားဆိုတာကို မိမိကိုယ်တိုင် ဆင်ခြင်ချင့်ချိန်ကြဖို့ လိုအပ်လှပါတယ်... လက်ခံသူတွေဟာလည်း ကိုယ်ရလိုက်တဲ့ ကူညီမှု၊ စာနာမှု၊ နားလည်မှု၊ ပေးဆပ်မှုတွေကို တန်ဖိုးထားတတ်ကြပါစေလို့ ဆုတောင်းရင်း.....
ကြယ်မင်းတာယာ
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။