Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Monday, April 1, 2013

ကရင်လူမျိုးများဟုခေါ်တွင်ခြင်း

 

နောက်ထပ် စိတ်ဝင်စားစရာကောင်းတာတစ်ခုကတော့ ကရင်လူမျိုးစုတွေကို ပညာရှင်တွေက ထိုင်းတ ရုတ်အနွယ်ဝင်တွေလို့ မှတ်တမ်းတင်ထားကြတာပဲဖြစ်ပါတယ်။ ပညာရှင်တွေရဲ့ တင်ပြချက်တွေ အရ တော့ လူတွေရဲ့ဦးခေါင်းခွံအနေအထားနဲ့နှာခေါင်းအနေအထားအရ၊နောက်ပြီးစကားဝေါဟာရဘာသာ ဗေဒအရ ကရင်လူမျိုးတွေကို ထိုင်းတရုတ်နွယ်ဝင်တွေလို့ သတ်မှတ်ကြတာဖြစ်တယ်တဲ့။ နောက်ပြီး ကရင်လူမျိုးနွယ်စုက ထိုင်း၊ တရုတ်အုပ်စုတွေလိုပဲ... မွန်ဂိုအနွယ်ဝင်များ ဖြစ်ကြပါတယ်။


အရှေ့တောင်အာရှဒေသရှိတဲ့ လူမျိုးအတော်များများကို ကယန် လို့ခေါ်ကြပြီး မြန်မာလူမျိုးတွေက ကရင်လို့ခေါ်ကြတာဖြစ်ပါတယ်။ဒါပေမယ့် ကရင် ဆိုတဲ့အခေါ်အဝေါ်ကို ဘယ်အချိန်ကစပြီး ခေါ်တယ် ဆိုတာ ကိုတော့ တိတိကျကျ ပြောပြဖို့ တော်တော်လေးခက်ပါတယ်။ ဒါပေမယ့် အဲ့ဒီလိုမျိုး ကရင်လို့ စ ခေါ်တာက အင်းဝခေတ်မတိုင်မီ စတင်ခေါ်တွင်ခဲ့ကြပုံရှိတယ်လို့လည်း ကရင်သမိုင်းရေး သားကြတဲ့ ပညာ ရှင်တွေရဲ့ ရေးသားချက်အရ သိရပါတယ်။

နောက်ပြီးမြန်မာလူမျိုးတို့ရဲ့ အယူအဆအရ ကရင်လူမျိုးတွေကို ရှမ်းလူမျိုး (၃၀)ထဲမှာထည့်ပြီး (ကွေ့ ရှမ်း) လူမျိုးများ မှတ်တမ်းတင်ခဲ့ကြတာကိုလည်း တွေ့ရပါတယ်။ ပြီးတော့ (ဂျွမ်း) လူမျိုးများလို့ လည်း ကရင်လူမျိုးများကို နေထိုင်တဲ့ဒေသ အလျောက် ခေါ်ကြတယ်လို့လည်း သမိုင်းပညာရှင်အချို့က ယူဆ ကြတယ်။
အချို့ပညာရှင်တွေကတော့ တစ်ချိန်ကဧရာဝတီမြစ်ကမ်းမှာ နေထိုင်ခဲ့ဖူးတဲ့ ကမ်းယံလူမျိုး ကနေပြီး ကရင်လူမျိုးတွေဖြစ်လာတယ်။နောက်ပြီး တချိန်က ပျူလူမျိုးတွေကလည်း ယနေ့ပိုးကရင်ဖြစ်လာတယ် လို့ယူဆထားကြတာတွေလည်းရှိပါတယ်။

အဲ့ဒါနဲ့ဆက်စပ်ပြီးပြောရမယ်ဆိုရင် ယနေ့ရခိုင်ပြည်ဒေသအချို့မှာ ပညာရှင်တချို့ပြောတဲ့ ကရင်လူမျိုး တွေဖြစ်တယ်လို့ ယူဆကြတဲ့(ကမ်းယံ) လူမျိုးအနည်းငယ်ကို တွေ့ရပြီးအဲ့ဒီကမ်းယံလူမျိုးတွေကကရင် လူမျိုးတွေနဲ့ မတူကြသလို၊ ယနေ့ပိုးကရင်ဖြစ်လာတယ်လို့ ပညာရှင်တွေယူဆထားတဲ့ ပျူလူမျိုးဆို တာကိုလည်း ပျောက်ကွယ်သွားပြီလို့ သမိုင်းပညာရှင်အချို့က ယူဆလိုက်ကြတယ်။

ဒါပေမယ့် အမှန်တကယ်တော့ ပျူလူမျိုးဆိုတာ ယနေ့တိုင်အောင် ရှိနေဆဲဖြစ်ပြီး အဲ့ဒီပျူ လူမျိုးအ ဆက်အနွယ်တွေကို ပဲခူးတိုင်း အနောက်ဖက်ခြမ်းနဲ့ ပြည်မြို့တွေမှာ အနှံ့အပြားတွေ့နိုင်ပါတယ်။

ဒါနဲ့ပတ်သက်ပြီး ထူးခြားတာတစ်ခုကတော့ အဲ့ဒီပျူလူမျိုးတွေက သူတို့ကိုယ်သူတို့ မြန်မာ လူမျိုး တွေ ဖြစ်တယ်လို့ ယုံကြည်ကြပြီး အများက ပိုးကရင်လို့ယူဆထားတဲ့သူတွေက မြန်မာလူမျိုးများ အသွင်ကို လုံးဝပြောင်းလဲသွားခြင်းလည်း ဖြစ်တယ်လို့ ကရင်သမိုင်းပညာရှင်တွေက ရေးသားဖော်ပြ ထားကြပါ တယ်။ဒီအချက်ကို ကြည့်ပြီးတော့ တချို့ပညာရှင်တွေပြောတဲ့ ပျူလူမျိုးဟာ ယနေ့ ပိုးကရင်ဖြစ် လာ တယ်ဆိုတဲ့ ယူဆချက်က မမှန်ကန်နိုင်ဘူးလို့လည်း ဆိုထားပြန်ပါတယ်။

နောက်ပြီးရျေးပျူယဉ်ကျေးမှုထွန်းကားချိန်တုန်းက ပျူလူမျိုးနဲ့ ပိုးကရင်အနွယ်ဝင်တွေက ရောနှောခဲ့ ကြတဲ့ လက္ခဏာအထောက်အထားကိုတော့ ထည့်သွင်းစဉ်းစားရမယ်လို့လည်း ရေးသားထားကြပြန်ပါ တယ်။ဘာဖြစ်လို့လည်းဆိုတော့ ယနေ့ကရင်လူမျိုးတွေရဲ့ ရိုးရာဓလေ့အချို့က အဲ့ဒီခေတ် အဲ့ဒီအခါ တုန်းက ပျူယဉ်ကျေးမှုတချို့နဲ့ နီးစပ်မှုရှိတာကိုလည်း တွေ့ရလို့ဖြစ်တယ်။

အဲ့ဒီခေတ်တုန်းက မာန်လည်သမိုင်းမှာ ပျူမင်းများဟူသောအရေးအသားနဲ့ ပတ်သတ်ပြီး ပျူလူမျိုး တွေကို ဖော်ပြတဲ့အခါမှာ ပြုံးလို့ရေးသားတာကိုတွေ့ရတယ်။ အဲ့ဒီပြုံးဆိုတဲ့ အခေါ်ကလည်း မြန်မာစ ကားသံအရ ယရစ်သံ ပျက်ပြီး(ပရုံး)လို့ အသံထွက်တယ်။
အသံအနေအထားကို လေ့လာကြည့်လိုက်တော့ ဖရုံး-ဖလုံး-ဖလုံ ဆိုတဲ့ မူလဇာတ်မြစ်ဖြစ်နိုင်ကြောင်း နဲ့ယခုခေတ် ပိုးကရင်လူမျိုးစုတို့ မိမိကိုယ်ကိုကိုယ်ခေါ်ဝေါ်နေတဲ့ ဖလုံဆိုတာနဲ့ အသံထွက်တူနေတာ ကိုတွေ့ရတယ်။ဒါနဲ့ပဲတဆက်တည်းပြောရရင် နိုင်ငံခြားသားတွေရဲ့ မျတ်တမ်းအရပြန်ကြည့်လိုက်ရင် ပြည်မြို့ကိုအရင်က (ပရုံး)လို့ခေါ်ခဲ့ကြတယ်။ဒီလိုမျိုးအခေါ်အဝေါ်တွေကို ပြန်ပြီးနှိုင်းယှဉ်ကြည့်လိုက် ပြန်တော့လည်း ပျူလူမျိုးတွေဖြစ်တဲ့ ပရုံးဆိုတာနဲ့ ဆက်စပ်ပြီး ပျူဟာ ယနေ့ပိုးကရင်လူမျိုးစုလို့လည်း ရှေးကရင်လူကြီးတွေကလည်း မှတ်ယူခဲ့ကြတယ်။

မြန်မာ့သမိုင်းမှာပါရှိတဲ့ မွန်၊ မြန်မာ နှစ်ပေါင်း(၄၀)စစ်ပွဲကာလမှာ မြန်မာမင်းများရဲ့ အရှေ့ဘက် စစ် ကြောင်းဖြစ်တဲ့ စစ်တောင်းမြစ်ဝှမ်း တစ်လျှောက် မှာအများစုနေထိုင်တဲ့ စကောကရင် လူမျိုးစုတွေကို မြန်မာမင်း တွေက သူတို့ရဲ့ စစ်တပ်တွေထဲမှာ ပါဝင်ခိုင်းခဲ့တယ်။ အဲ့လိုပါဝင်ခိုင်းခဲ့ပြီး မွန်မင်းတွေက လည်းသူတို့ ကြီးစိုးရာ ဒေသဖြစ်တဲ့ မြစ်ဝကျွန်းပေါ်နှင့် အောက်ပိုင်းမှာရှိတဲ့ပိုးကရင် လူမျိုးစုများကို မွန် မင်းတွေရဲ့ စစ်တပ်တွေမှာ ပါဝင်ပြီး အမှုထမ်းစေခဲ့တယ်။ ဒီလို ကရင်လူမျိုးစု(၂)စုကို မွန်-မြန်မာတွေက ခွဲခြား ခေါ်ဝေါ်လိုက်တာကြောင့် စကောကရင်အုပ်စုကို မြန်မာကရင်များ၊ ပိုးကရင်အုပ်စုကို မွန်-ကရင် သို့မဟုတ် တလိုင်းကရင်များ ဆိုပြီး ယနေ့တိုင်အောင် တစ်ချို့ ခေါ်ဝေါ်နေကြသေးတယ်။

နောက်ထပ်တစ်ခုကတော့ သုတေသီအချို့က တောင်ငူမင်းဆက်ကို ကရင်လူမျိုးတို့ စတင်တည် ထောင်တာလို့လည်း အဆိုရှိခဲ့ကြပြန်တယ်။ ဘာဖြစ်လို့လည်းဆိုတော့ မွန်-မြန်မာစစ်ပွဲကာလမှာ စ ကောကရင် လူမျိုးစုတို့က စစ်ရေးနှင့် အုပ်ချုပ် ရေးအတွေ့အကြုံနဲ့ နယ်မြေဒေသစုစည်းနေထိုင် တာ တွေကြောင့် အင်အားအလွန်ကြီးမားတာကြောင့်လည်း တောင်ငူမင်းဆက်ကို စတင်ထူထောင်နိုင် တာလို့လည်း ပညာရှင်တွေက အသိအမှတ်ပြုထားကြပြန်ပါတယ်။

ဒါပေမယ့် သမိုင်းတွေထဲမှာ ကရင်လူမျိုး မှတ်တမ်းမ၀င်တာဟာ ကရင်လူမျိုး တို့ရဲ့ အေးဆေးစွာ နေ ထိုင်လိုသော စိတ်ဓါတ်နဲ့ စည်းလုံးညီညွတ်မှုအားနည်းသော သဘာဝတို့ကြောင့် အခြားလူမျိုးတွေရဲ့ လက်အောက်မှာ ကာလတွေအကြာကြီးနေထိုင်ပြီး မိမိတို့ယဉ်ကျေးမှုဓလေ့ ထုံးစံတချို့ကိုလည်း နှ မြောစရာကောင်းလောက်အောင်ပဲ ဆုံးရှုံးခဲ့ရတယ်။ တစ်ဒေသနဲ့တစ်ဒေသ ဝေးလံခက်ခဲတဲ့ နေရာဒေ သအနှံ့အပြားမှာ နေထိုင်ကြတာဖြစ်တယ်။

La Won Lay က မူလရေးသားထားတဲ့စာသားကို ဖတ်လို့ကောင်းအောင် ပြန်လည်ပြုပြင်ထားပါသည်။See More
— with Deborah Zun Moe, Paw Paw, Thi Dar, Phlonetherdwae Karenization, Saw Saw Saw Saw, Snow Chit Thu, တကျော့ ပြန်ဟစ် တလာ, EH Karen Blood, Saw Poe Thein, Sa Soe, We Are Karen, Thadah Ni Win, Kayin Gyi, Nwet Nwe, Saw Saw Phyo, La Won Lay, Karen Thailand Love King, Saw Nay Myo Naw, Loveyou Karen, Teresi Ta, Sa Win Rooney, SA Zarni Phyo Wai, Phyow Nya and Sasue Nie.

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။