Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Tuesday, April 2, 2013

ရေတပ်ဆိုင်ရာ အတွေးအခေါ် အပိုင်းအစများ(၁)

 

ရေတပ်ဆိုင်ရာ အတွေးအခေါ် အပိုင်းအစများ(၁)

( အနည်းငယ်မျှ မွမ်းမံ၍ ထပ်မံဖော်ပြပါသည်။ တာထွက်နေရာအသီးသီးသို့ အစီအစဉ်တကျ Plan ဖြင့်သာ ဦးတည်နိုင်ကြပါစေ။ )

Combat Readiness ဖြစ်ရေးအတွက် ရေယာဉ်ပေါ်လေ့ကျင့်ခန်း Drill လုပ်ရုံမျှဖြင့် မလုံလောက်၊ 3R ဖြင့်လည်း မပြည့်စုံနိုင်ပါ၊ရေယာဉ်တစ်စီး / နှစ်စီး အသင့်ရှိနေရုံမျှဖြင့်လည်း မဖြစ်နိုင်။ မဟာဗျုဟာ မှ စစ်နည်းဗျုဟာ အဆင့်အထိ အမှန်တကယ် လက်တွေ့ကျသော စီမံချက်အတိုင်း လူ၊လက်နက်၊ရေယာဉ်အားလုံး တိုက်ပွဲဝင်အသင့်ဖြစ်ရေးသည် အလွန်အရေးကြီးသည်။
ဤအဆင့်သည် တွေးရန်၊ရေးရန်သာ လွယ်ကူပြီးလက်တွေ့ အကောင်အထည်ဖော်ရန် ခက်ခဲပါသည်။

မိမိတို့၏ ကမ်းရိုးတမ်းကာကွယ်နိုင်ခြေအဆင့်ရှိသော ရေတပ်အနေဖြင့် ၎င်းအဆင့်ကို ရောက်ရှိရန် အလှမ်းဝေးနေသေးသော်လည်း တစ်လှမ်းချင်း တစ်ဆင့်ချင်း မဖြစ်မနေဆောင်ရွက်ရန် လိုအပ်သည်။ ကနဦးအစတွင် အချိန်ကာလအားဖြင့် အတိအကျပုံဖော်ရန် ခဲယဉ်းသော်လည်း လက်တွေ့ဆန်ပြီး ရှိရင်းစွဲအခြေအနေများနှင့် ထပ်တူကျသော ဦးစားပေးလုပ်ငန်းစဉ် အဆင့်လိုက် အဆင့်လိုက် ချပြသတ်မှတ်၍ အဖွဲ့အစည်းဝင်အားလုံး Team Work ဖြင့် ဆောင်ရွက်နိုင်မှသာလျင် လိုရာခရီးကို ပေါက်ရောက်မည်။ သို့ရာတွင် အချို့အကြောင်းအရာ များကိုလည်း စိန်ခေါ်မူများအဖြစ် မဖြစ်မနေ သတိပြုဆင်ခြင် သုံးသပ်ရပါမည်။ အဓိကမှာ မိမိတို့သည် Budget တောင့်တင်းပါက လေ့ကျင့်၊တပ်ဆင်၊ တည်ဆောက်ရုံမျှဖြင့် အချိန်တိုအတွင်း လိုချင်သည့် Result ရနိုင်သည့် အခံကောင်း Base Line တွင် ရှိ/မရှိ ပင်ဖြစ်သည်။ ဥပမာဆိုပါက လက်ဆင့်ကမ်း အပြေးအဖွဲ့သည် ပြိုင်ပွဲဝင်ရန် တာထွက်နေရာအသီးသီးတွင် အကြောင်းအမျိုးမျိုးကြောင့် မရှိနေခြင်းဖြစ်သည်။ ထို့ကြောင့် မိမိတို့သည် တာထွက်ကောင်းဖို့ထက် တာထွက်နေရာကို ရောက်ရှိရန် အရင်ကြိုးစားရဦးမည်ဟု ထင်သည်။ ဤအခြေအနေကို ဟုတ်/မဟုတ် ငြင်းခုံစဉ်းစားနေရန်ပင် မလိုအပ်တော့ပဲ ပကတိအရှိ အဖြစ်အပျက် အခြေအနေမှန်ကို ရဲရဲဝံ့ဝံ့လက်ခံ၍ တာထွက်နေရာသို့ မြန်မြန်သွားရန်သာ ဦးတည်သင့်သည်။

ဤတွင် အပိုင်းနှစ်ပိုင်းကို ခွဲခြားသိမြင်ရန်နှင့် ပေါင်းစပ် ဆောင်ရွက်တတ်ရန် လိုသည်။ တစ်ပိုင်းသည် ပင်မရေစီးကြောင်းထဲမှ ခေတ်ခါအခြေအနေနှင့် အမျိုးမျိုးသော အကြောင်းများကြောင့် သွေဖီစီးဆင်းလာပြီး လက်တွေ့ အခြေအနေအရ ချက်ချင်းရပ်တန့်ပစ်ရန် မဖြစ်နိုင်သော နှစ်အတန်ကြာ အရိုးစွဲ၍ အလေ့အထသဖွယ် ဖြစ်နေသောအထွေထွေကိစ္စရပ်များ ၊ အမိန့်အာဏာ ညွန်ကြားချက် စီမံချက် အသီးသီးဖြင့် ကောက်ရိုးမီး (သို့) စာရွက်ပေါ်တွင်သာ ပြုပြင်ပြောင်းလဲနိုင်(နေ)သော ကိစ္စရပ်များ၊ ဦး/ရေး/ထောက် နှင့် လေ့/အုပ်/သက်/စိတ် တွင်မပါဝင်၊ ပါဝင်ရင်လည်း တစ်ဘို့တည်းကြည့်သလို အစွန်းရောက်လွန်း၊ ရလာဒ်မရှိ၊ အချိန်ကုန်၊ ငွေကုန်၊ အဓိပ္ပါယ်ဖွင့်၍ပင် မရ၊ကာလရှည် ခေါက်ရိုးကျိုး၍ Daily Routine သဖွယ် ဖြစ်လာသော (အထူးသဖြင့် ယနေ့ခေတ် CO များ တွေ့ကြုံ ခံစားနေရသော) အုပ်ချုပ်မူအမည်ခံ ကိစ္စရပ်များ ဖြစ်သည်။အမှားမှန်းမသိ၍ လွဲနေသော အမှန်များမှာ ပို၍စိုးရိမ်ဖွယ် ကောင်းပါသည်။

နောက်တစ်ပိုင်းမှာ ပင်မရေစီးကြောင်းတွင် ခိုင်မာစွာ စီးမျောနေသော ဆက်လက်ထိန်းသိမ်းရမည့် အမွေခံကောင်း အကြောင်းအရာများ၊ အရှိန်ကောင်းစွာဖြင့် မှန်ကန်စွာရှေ့တန်းရောက်နေပြီး အသိအမှတ်ပြု ဆက်လက်တွန်းအားပေး ဆောင်ရွက်ရမည့် အကြောင်းအရာများ၊ လမ်းကြောင်းမှန် စီးဆင်းနေသော်လည်း အခြေအနေအမျိုးမျိုးအရ ပြုပြင်ပြောင်းလဲရန် လိုအပ်နေသော အကြောင်းအရာများ ၊ လက်တွေ့ အခြေအနေနှင့် လုံးဝထပ်တူကျပြီး ဦးစားပေးအစီအစဉ်ရေးဆွဲ၍ ကာလတို၊ ကာလရှည် အဆင့်လိုက်ဆောင်ရွက်ရမည့် Transformation နှင့် Building အစီအမံ လုပ်ငန်းစဉ်များ ဖြစ်သည်။

သွေဖီစီးဆင်းနေသော ရေစီးကြောင်းများကို လေ့လာကြည့်ပါစို့။ ယင်းတို့သည် လည်ပါတ်နေသော ယန္တယားတစ်ခုလုံးတွင် လက်တွေ့ အခြေအနေများအရ အတွင်းကျကျ ပါဝင်နေခြင်းကြောင့် ချက်ချင်းရပ်တန့်ပစ်ရန် မဖြစ်နိုင်၊ ထိခိုက်ပွန်းရှမှုများပြီး ရင်းနှီးပေးဆပ်ရမူ ကြီးနိုင်သည်။ အခန့်မသင့်ပါက မူလရေစီးကြောင်း ထိခိုက်ပျက်စီးနိုင်သည်။ သို့သော် ပြုပြင်တည့်မတ်ခြင်းသည် မဖြစ်မနေ လုပ်ရပါမည်။ ရေစီးကြောင်းလွဲများထဲမှ အားလုံးတစ်ပြိုင်တည်း ဆွဲထုတ်ပြုပြင်ရန် မဖြစ်နိုင်သဖြင့် Priority ခွဲခြားဆွဲထုတ်၍ ကာလတစ်ခုအထိ အစီအစဉ်တကျ လက်ဆင့်ကမ်း ပြုပြင်ပြောင်းလဲရပါမည်။ တစ်ဦး တစ်ယောက်တည်းဖြင့် လုံးဝဆောင်ရွက်နိုင်မည် မဟုတ်ပါ။ ဤအတွက် ခေါင်းဆောင်မှု၊ စီမံခန့်ခွဲမှု၊ Management Level အသီးသီးအား တန်ဖိုးထားရှိမူ၊ နည်းလမ်းနှင့် စနစ်များ ရွေးချယ်ကျင့်သုံးမှု၊ ရေတို/ရေရှည် Plan ရေးဆွဲ၍ အချိန်ကိုက် ဆောင်ရွက်တတ်မှု တို့သည် အရေးကြီးပါသည်။

အဓိကသည် မိမိတို့၏ ဗဟိုပြုချက်ဖြစ်ပြီး ၎င်းသည် တိုက်စွမ်းအားစုများ Combat Forces (သို့) ရေယာဉ်စုများအား အခြေခံထားသည်။ ဤတွင်လည်း ရေယာဉ်စုလိုက်သော် လည်းကောင်း၊ ရေယာဉ်လိုက်သော် လည်းကောင်း War Fighting၊ Role၊ Capability တို့ပေါ်တွင် အခြေခံ၍ ဦးစားပေး အဆင့်များ ခွဲခြားရမည်။ ထို့ကြောင့် ပထမဦးဆုံးသည် မိမိတို့ ဗဟိုပြုချက်၏ ဦးစားပေးအဆင့် အသီးသီးကို ထိခိုက်ဖျက်စီးနေသော ရေစီးကြောင်းလွဲများအား မှန်မှန်ကန်ကန် လက်တွေ့ကျကျ သိရန်လိုသည်။ ဆန္ဒနှင့် စေတနာမှန် လိုသည်။ Management Level အသီးသီးထံမှ ဆင့်ကဲဆင့်ကဲ Listen လုပ်ရန်လိုသည်။ လမ်းဖွင့်ပေးရန် ခွင့်ပြုပေးရန် လိုသည်။ Workshop၊ Brainstorming စသည့် နည်းလမ်းများလည်း အသုံးပြုနိုင်သည်။ သူလိုလို ကိုယ်လိုလို မရောထွေးသင့်၊ ခေါင်းစဉ်များ အလိုက် ခွဲခြားသတ်မှတ်ထားသော အဖွဲ့အစည်းများအား တာဝန်ပေးသင့်သည်။ တွေ့ရှိချက်၊ ရရှိချက် များအား မိမိတို့ဗဟိုပြုချက် ဦးစားပေးအစီအစဉ်အရ လည်းကောင်း၊ မိမိတို့ စွမ်းဆောင်နိုင်မူအရ လည်းကောင်း Priority ခွဲခြားနိုင်သည်။

မိမိတို့ Arm တစ်ခုတည်းဖြင့် စွမ်းဆောင်နိုင်ခြင်း မရှိသေးသော ကိစ္စများကိုလည်း တေးမှတ်ထားရမည်။ ကိုယ်ကျိုးမပါသော အခွင့်အရေးအတွက် အသင့်ဖြစ်နေရန် လိုသည်။အကောင်းဆုံးသည် အဝေးကို ကျော်ဖြတ် မျှော်မှန်းကြည့်တတ်ဖို့သာ လိုအပ်ပြီး အနီးအနားရှိ လက်လှမ်းမီသော ကိစ္စရပ်များအား အမြန်ဆုံး ဆောင်ရွက်နိုင်သည်။ အဖွဲ့အစည်းဝင်များ သူ့နေရာ သူ့အဆင့်အလိုက် ရည်မှန်းချက်၊ လိုလားချက်များကို စမ်းတဝါးဝါးမဖြစ်ပဲ စနစ်တကျ နားလည်သိရှိ ပါဝင်ဆောင်ရွက်နိုင်ရေးသည် အဓိက Key Source ဖြစ်ကြောင်း နားလည်ရမည်။

ရေစီးကြောင်းလွဲများနှင့်ပတ်သက်၍ ခေါင်းထဲရောက်နေသော အရာတစ်ခု ရှိသေးသည်။ခေတ်၊စနစ် အခြေအနေအမျိုးမျိုးကြောင့် တစ်ခါနာလို့ ကောင်းနေဆဲ၊ စီမံခန့်ခွဲမှု အားနည်းချက် အပိုစာသား လှိုင်းတံပိုးကြောင့် မိအေးနှစ်ခါနာ ကိစ္စမျိုးတွေလည်း မစိပ်မကြဲမှ ခပ်စိပ်စိပ် တွေ့နေရပါသည်။ ဥပမာ- ရေယာဉ်များ ပြုပြင်ထိန်းသိမ်းရန်နှင့် ပြင်ဆင်ရန်အတွက် လိုအပ်သောပစ္စည်းများအား အရည်အသွေးမှန် ၊ အရေအတွက်မှန် ၊ စနစ်ဇယားအမှန် ၊အချိန်မှန်စွာဖြင့် လွယ်ကူမြန်ဆန်စွာ ရရှိနိုင်ရေးသည် အမျိုးမျိုးသော အကြောင်းအရာများကြောင့် အခက်အခဲများ ဖြစ်ပေါ်လျှက်ရှိရာ စီမံခန့်ခွဲမှုအမှားများ ပေါင်းထည့်ခြင်းဖြင့် ပို၍ဆိုးသောအဖြေကို တကူးတက တွန်းပို့နေသလိုမျိုး ဖြစ်ပါသည်။

ပင်မရေစီးကြောင်းအပိုင်းသည် အသားကျ ရှိနှင့်နေပြီးသား ဖြစ်၍ သီးခြားဆွေးနွေး တင်ပြရန် မလိုသော်လည်း အရှိန်အဟုန်ဖြင့် ကာလတို၊ ကာလရှည် အဆင့်လိုက် ဆောင်ရွက်ရမည့် Transformation နှင့် Building အစီအမံလုပ်ငန်းစဉ်များအတိုင်း ဆက်လက်စီးဆင်းနိုင်ရေး အတွက် ဆောင်ရွက်ရာတွင် ရေစီးကြောင်းလွဲများ ပြုပြင်ရေး ဆောင်ရွက်ခြင်းနှင့် ဟန်ချက်ညီဖို့ လိုအပ်သည်။ ထို့ပြင် လမ်းကြောင်းမှန် စီးဆင်းနေသော်လည်း အခြေအနေအမျိုးမျိုးအရ ပြုပြင်ပြောင်းလဲရန် လိုအပ်နေသော အကြောင်းအရာများကိုလည်း အချိန်ကိုက် ပြုပြင်ရမည်။

သတိပြုသင့်သည်မှာ မိမိတို့သည် လက်ရှိနေရာတွင် ပြန့်ကြဲနေသော အရာများကို ကောက်သင်းကောက် စုစည်း၍ ဗဟိုပြု ဦးစားပေး အစီအစဉ်အတိုင်း တာထွက်နေရာသို့ ချီတက်ရန်ဖြစ်သည်။ ဤနေရာတွင် သီအိုရီများ ၊ စံနှုန်းများဖြင့် Academic ပုံစံ အားပြု၍မရ ၊ အခြားကိုလည်း ပုံတူကူးချ ဇာတ်သွင်း၍လည်း မဖြစ်နိုင် ၊ သူ့အရပ် ၊ သူ့ဇာတ် ၊သူ့အထာနှင့် လိုက်လျောညီထွေသော ပုံစံမျိုးကိုသာ စီမံခန့်ခွဲတတ်ဖို့ လိုအပ်သည်။ အဓိကသည် အဆင့်အတန်းအားလုံးမှ နားလည်သိရှိပါဝင်ရမည်။ သက်ဆိုင်ရာ အဆင့်ဆင့်သော Management Level အသီးသီးကို ရေရှည်/ရေတို ဆောင်ရွက်ပုံဖော်မည့် ရည်မှန်းချက်၊ ရည်ရွယ်ချက်၊ လိုလားချက်များကို ရှင်းရှင်းလင်းလင်း ဖော်ပြရမည်၊ ခိုင်ခိုင်မာမာ လျှောက်ရမည့် Implementation / Operation လမ်းကြောင်းကို ထင်ထင်ရှားရှား သိစေသင့်သည်။ တစ်ဦးတည်း တစ်ဖွဲ့တည်း တစ်ဌာနတည်း သိမြင်နေရုံမျှဖြင့် လုံးဝမဖြစ်နိုင်၍ Implementation Plan ပါသော Decentralization ကို ဖွဲ့စည်းပုံများအတိုင်း လိုအပ်သလို အသုံးပြုရဲရမည်။ Management Level အသီးသီးကို လုပ်ပိုင်ခွင့်နှင့် တာဝန်ယူမှုအား ဒွန်တွဲပေးရမည်။ အကယ်၍ ဟိုတစ်မျိုး ဒီတစ်မျိုး အစီအစဉ်ကျနမှုမရှိပဲ စိတ်ကူးပေါက်သလို Plan ပျောက် သိုင်းကွက်နင်းနေပါက အထက်/အောက် ပို၍ လွဲလာမည်။ သူ့နေရာ ကိုယ်နေရာ မမြင်တော့၊ ဆိုင်လားမဆိုင်လား မစဉ်းစားတော့ ၊ ဓါးထောင်မာန်ဟီးပြရင် ဘောလုံးတစ်လုံးတည်းနောက်ကို Player အားလုံး လိုက်ကြမည်။ ဓါးပျောက်ပါက တွေ့ရာနေရာမှာ စိတ်တွေ့သလို နေရာယူမည်၊ နားချင်သလို နားနိုင်သည်။ မြင်သူ စဉ်းစားမိသူများကလည်း အဖွဲ့အစည်း၏ အနှစ်သာရနှင့်တန်ဖိုးများကြောင့် သည်းခံဖျစ်ညှစ်၍ ရေတိုဖာထေးသော နည်းလမ်းကိုသာ သုံးမည်။ ဘာဖြစ်ချင်မှန်း ဘာလိုချင်မှန်းမသိ၍ အဆင်ပြေသလို မီးစင်ကြည့် ကကြသည် ၊ အချိန်ကြာလာတော့ Motivation ထိလာသည်၊ ကိုယ်တိုင်ရော အားလုံးအတွက်ရော Value ဆိုသည်ကို နားမလည်တော့၊ ထည့်သွင်း မစဉ်းစားတော့၊ ဤအတွက် သွေဖီရေစီးကြောင်းများ ပို၍ အားကောင်းလာနိုင်သည်။ ထို့ကြောင့် မြန်မြန်မြင် မြန်မြန်ပြင် ဟုသာ ဆန္ဒပြုမိသည်။

နောက်ဆုံးအနေဖြင့် အစဉ်အဆက်ဖြစ်ရန် အရေးကြီးကြောင်း တွေ့ရှိရပါသည်။ ရေတို/ ရေရှည် အစီအမံများသည် တစ်ဗိုလ်တက် တစ်ဗိုလ်ဆင်း ဇာတ်လမ်းထဲတွင် အတိတ်မေ့ ပျောက်ဆုံးရန်မဟုတ် ၊ တစ် က ပြန်စရန်လည်းမလို တစ်ဆက်ပြီးတစ်ဆက် ပခုံးပြောင်း ဆောင်ရွက်ရန်သာ ရှိရမည်။ ထို့အတွက် ထင်သာမြင်သာ ရှိသော ၊ လက်တွေ့ဆန်သော ၊ အဆင့်အတန်းအားလုံး စဉ်ဆက်မပြတ် ပါဝင်နိုင်သော Master Plan နှင့် မှန်ကန်သော ခေါင်းဆောင်မူ ၊ မှန်ကန်သော စီမံခန့်ခွဲမှုသာ ပြတ်ပြတ်သားသား လိုအပ်နေကြောင်း ဖော်ပြအပ်ပါသည်။

မောင်မုတ်သုန်
(၁၂-၉-၂၀၁၂)

Photo Credit - The Voice

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။