ဦးထွန်းမြင့်နိုင်၏ ကြီးထွားလာသော အင်ပါယာ
ဒီကနေ့ မြန်မာပြည်ရဲ့ စီးပွားရေး လောကကို တရုတ်လူမျိုးတွေက ဓနအင်အား၊ ငွေအင်အား အလုံးအရင်းနဲ့ ချယ်လှယ်နေတာ ဆိုတာ ဘယ်သူမှ ငြင်းမယ် မထင်ပါဘူး။ မြန်မာပြည်ရဲ့ အချမ်းသာဆုံးလို့ဆိုရမယ့် ထူးကုမ္ပဏီက ဦးတေဇကတောင် “တရုတ်အများစုက မြန်မာပြည်မှာ နိုင်ငံသားခံယူပြီး သူတို့ အချမ်းသာဆုံးလို့ ကြွားနေကြတယ်၊ ဒါပေမယ့် သူတို့က မြန်မာစစ်စစ် မဟုတ်ပါဘူး” ဆိုပြီး အီတလီနိုင်ငံထုတ် La ...Repubblica သတင်းစာနဲ့ အင်တာဗျူးမှာ မကြာသေးမီက ပြောခဲ့ဖူးပါသေးတယ်။
ထွန်းမြင့်နိုင် (ခေါ်) စတီဗင် လော (ဘယ်ဘက်မှ ဒုတိယမြောက်) ကို ဒုသမ္မတ ဦးတင်အောင်မြင့်ဦး နှင့်အတူ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ဇွန်လ ၁၁ ရက်၊ ၂၀၁၁ က တွေ့ရစဉ် (ဓာတ်ပုံ - The New Light of Myanmar)
တရုတ်လူမျိုးတွေဟာ မြန်မာစီးပွားရေး လောကမှာတင် တွင်ကျယ်နေရုံမက အခုဆိုရင် မြန်မာအစိုးရ အဖွဲ့အပေါ်မှာလည်း သြဇာလွှမ်းမိုးမှုတချို့ ရှိလာတယ်ဆိုတာ နေပြည်တော်နဲ့ နီးစပ်တဲ့ စီးပွားရေး အသိုင်းအ၀န်းတွေအကြား ပြောဆိုမှုများလည်း ထွက်ပေါ်နေပါတယ်။
ဘယ်လောက် အတိုင်းအတာအထိ လွှမ်းမိုးနေသလဲဆိုတော့ သမ္မတ ဦးသိန်းစိန် မကြာသေးမီက သွားရောက်ခဲ့တဲ့ တရုတ်နိုင်ငံ ခရီးစဉ်တလုံးမှာ အေးရှားဝေါလ် (Asia World) ကုမ္ပဏီပိုင်ရှင် ကိုးကန့်-တရုတ်လူမျိုး ဦးထွန်းမြင့်နိုင် (ခေါ်) စတီဗင် လော က ကမကထပြု ဆောင်ရွက်ခဲ့တယ်လို့ အဆိုပါ ခရီးစဉ်မှာ လိုက်ပါသွားခဲ့သူတဦးရဲ့ ပြန်ပြောပြချက်အရ သိရတယ်။
သမ္မတရဲ့ တရုတ်ပြည်ခရီးစဉ်မှာ အစိုးရနဲ့ နီးစပ်တဲ့ စီးပွားရေးကုမ္ပဏီကြီးတွေဖြစ
- ဦးထွန်းမြင့်နိုင်ဟာ တရုတ်ခရီးစဉ် တလျှောက်လုံး သမ္မတရဲ့ ဦးစားပေး စကားပြောဆိုခြင်းခံခဲ့ရသလို
တရုတ်အစိုးရ အသိုင်းအ၀န်းမှာ ဦးထွန်းမြင့်နိုင် ပေါက်ရောက်မှုရှိနေခြင်းဟာ တရုတ်စကားကို ကျွမ်းကျွမ်းကျင်ကျင် ပြောတတ်ခြင်း၊ ယခုလက်ရှိ မြန်မာပြည်အနှံ့ တရုတ်နိုင်ငံရဲ့ ချေးငွေတွေနဲ့ တည်ဆောက်နေတဲ့ ရေအားလျှပ်စစ် စီမံကိန်းကြီးတွေ၊ ရေနံနဲ့ သဘာဝဓာတ်ငွေ့ စီမံကိန်းကြီးတွေ၊ တရုတ်ချေးငွေနဲ့ တည်ဆောက်နေတဲ့ နေပြည်တော်လေဆိပ် အပါအ၀င် ရန်ကုန်ဆိပ်ကမ်း တည်ဆောက်ရေး စီမံကိန်းကြီးတွေကို ဦးထွန်းမြင့်နိုင် ပိုင်ဆိုင်တဲ့ အေးရှားဝေါလ် ကုမ္ပဏီတခုတည်းကသာ တည်ဆောက်ခွင့် ရရှိခြင်းနဲ့လည်း ဆက်စပ်နေတယ်လို့ သိရပါတယ်။
အတည်မပြုနိုင်သေးတဲ့ သတင်းတွေအရဆိုရင် အေးရှားဝေါလ်ကုမ္ပဏီဟာ တရုတ်ချေးငွေ ၇၀ ရာခိုင်နှုန်းကို ၎င်းတို့ ကုမ္ပဏီက တဆင့် ဆက်သွယ်ချေးငှားပေးခဲ့တယ်လု
ဒါကြောင့်လည်း ဦးသိန်းစိန်အစိုးရဟာ ကျမ်းသစ္စာကျိန်ဆိုပြီး မကြာခင်မှာပဲ တရုတ်နိုင်ငံနဲ့ စီးပွားရေးဆိုင်ရာ အပြန်အလှန် သဘောတူညီချက်စာချုပ် ၉ ခုနဲ့ တရုတ်ဘက်မှ အမေရိကန်ဒေါ်လာ ၇၆၃ သန်း ချေးဖို့ သဘောတူစာချုပ်များ ချုပ်ဆိုနိုင်ခဲ့ ပါတယ်။ ဒီခရီးစဉ်ကို အောင်မြင်စွာ ဦးဆောင်ခဲ့တဲ့ ဦးထွန်းမြင့်နိုင်ဟာ အသက်အရွယ်အားဖြင့် ၅၃ နှစ်ခန့်ရှိပြီဖြစ်ပြီး ဖခင်ကတော့ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီလက်ထက် သမ္မတကြီး ဦးနေ၀င်းက အရှေ့မြောက်ပိုင်းဒေသ ဗမာပြည် ကွန်မြူနစ်ပါတီ (ဗကပ) ရန်ကို ကာကွယ်ဖို့ ကိုးကန့်ဒေသမှာ ပြည်သူစစ်အဖြစ် မြေတောင်မြှောက်ခြင်းခံရပေမ
ဖခင်ဖြစ်သူ လော်စစ်ဟန်ဟာ နောက်ပိုင်းမှာတော့ အရှေ့မြောက်ဒေသကို ရောက်ရှိလာတဲ့ စစ်တိုင်းမှူး အဆက်ဆက်နဲ့ ရင်းရင်းနှီးနှီး ပေါင်းသင်းနိုင်ခဲ့တယ်ဆိုတာ
၁၉၈၉ ခုနှစ် ဗကပမှ ဖုန်ကြားရှင် ဦးဆောင်တဲ့ ကိုးကန့်အဖွဲ့ ခွဲထွက်ဖို့ ကြိုးပမ်းရာမှာလည်း ဖခင်ဖြစ်သူ လော်စစ်ဟန်က စစ်အစိုးရ ကိုယ်စားလှယ် ငြိမ်းချမ်းရေး အကျိုးဆောင်တဦးအဖြစ် ပါဝင်ခဲ့သလို၊ သားဖြစ်သူကလည်း တရုတ်နိုင်ငံကို ဖြတ်ပြီး ကိုးကန့်နယ်ထဲသို့ အကြိမ်ကြိမ် ၀င်ရောက်ကာ ဖုန်ကြားရှင်အဖွဲ့နဲ့ ဆက်သွယ်ခဲ့တယ်လို့ စစ်သမိုင်းပြတိုက်နှင့် တပ်မတော် မော်ကွန်းတိုက်မှူးရုံးက ထုတ်ဝေတဲ့ တပ်မတော်သမိုင်း သတ္တမတွဲမှာ အတိအလင်း ရေးသားထားပါတယ်။
ဗကပ ပြိုကွဲခဲ့ရတဲ့အတွက် ရန်သူနည်းပါးသွားခဲတဲ့ စစ်အစိုးရဟာ လော်စစ်ဟန်တို့ သားအဖကိုလည်း အကျိုးအမြတ်အဖြစ် Asia World ဆိုတဲ့ နာမည်နဲ့ စီးပွားရေး လုပ်ခွင့်ပေးခဲ့ပါတယ်။
အေးရှားဝေါလ် ကုမ္ပဏီဟာ မူဆယ်-လားရှိုး- မန္တလေး လမ်းကို ပြုပြင်ပြီး လမ်းခွန်ကောက်ခံခွင့် ရရှိခဲ့သလို၊ နောက်ပိုင်း အပြည်ပြည်ဆိုင်ရာ သီလ၀ါဆိပ်ကမ်း လုပ်ငန်းကိုပါ လုပ်ကိုင်ခွင့်ရခဲ့ပါတယ်။
အရှေ့မြောက်တိုင်းမှာ ရင်းနှီးခဲ့တဲ့ တိုင်းမှူး သီဟသူရ ဦးတင်အောင်မြင့်ဦး ကုန်သွယ်ရေးမူဝါဒ ကောင်စီဥက္ကဋ္ဌ ဖြစ်လာချိန်မှာတော့ အေးရှားဝေါလ်ကုမ္ပဏီဟာ ဦးတေဇရဲ့ ထူးကုမ္ပဏီနဲ့အပြိုင် နေပြည်တော် ဆောက်လုပ်ရေးကို လုပ်ကိုင်ခွင့်ရခဲ့ပါတယ်။ ဒီအတွက် နေပြည်တော်မှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ သမီးတွေအတွက် ကိုယ်ပိုင်အိမ်တွေ အသီးသီး ဆောက်ပေးခဲ့တဲ့အပြင် သီဟသူရ ဦးတင်အောင်မြင်ဦးကိုလည်း ရန်ကုန်မှာ အိမ်တလုံးဆောက်ပေးခဲ့ပါတယ်။
- ဒါ့အပြင် ကချင်ပြည်နယ် မြစ်ဆုံရေကာတာစီမံကိန်း၊ တာဆန်းရေအားလျှပ်စစ် ထုတ်လုပ်ရေးအပါအ၀င် ရေအားလျှပ်စစ်စီမံကိန်းများ
အေးရှားဝေါလ်ကုမ္ပဏီ လုပ်ကိုင်ခွင့်ရ ရေအားလျှပ်စစ်စီမံကိန်းတွေဟ
စီးပွားရေး အသိုင်းအ၀န်းရဲ့ ခန့်မှန်းချက်ကတော့ လက်ရှိအခြေအနေမှာ ဦးထွန်းမြင့်နိုင် ပိုင်ဆိုင်တဲ့ အေးရှားဝေါလ် ကုမ္ပဏီဟာ မြန်မာအစိုးရသစ်ရဲ့ ဒု သမ္မတ သီဟသူရ ဦးတင်အောင်မြင်ဦးနဲ့ ပိုမိုအနီးကပ် ဆက်ဆံနေတဲ့အတွက် နောင်အနာဂတ်မှာ ဦးတေဇရဲ့ ထူးကုမ္ပဏီ၊ ဦးဇော်ဇော်ရဲ့ မက်စ်မြန်မာကုမ္ပဏီ၊ ၀န်ကြီးဟောင်း ဦးအောင်သောင်းရဲ့သား ဦးနေအောင်ရဲ့ IGE ကုမ္ပဏီတို့ကို ဖြတ်ကျော်ကာ အချမ်းသာဆုံး စီးပွားရေးကုမ္ပဏီတခု ဖြစ်လာနိုင်တယ်လို့ သုံးသပ်ပြောဆိုမှုတွေ ထွက်ပေါ်နေပါတယ်။
မူရင်း--- Wednesday, 27 July 2011 18:29 ဆောင်းပါး
http://bur.irrawaddy.org//
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။