Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Saturday, April 20, 2013

နောက်ဆုံးစကားတစ်ခွန်း မပြောတာနဲ့..

ine Nine Sanay @ နိုင်းနိုင်းစနေ
နောက်ဆုံးစကားတစ်ခွန်း မပြောတာနဲ့..
____________________________

ဂုဏ်ဝင့်မာန်တက်နေတဲ့ သူဌေးမကြီးတစ်ဦးက အဆင့်မြင့်စားသောက်ဆိုင်ကြီးတစ်ဆိုင်မှာ စားသောက်ရင်း ဟိုဟာမကောင်းဘူး၊ ဒီလိုမရဘူးနဲ့ မကျေမနပ်ရေရွတ်နေခဲ့တယ်။ စားပွဲထိုးတွေက ခွင့်လွှတ်သည်းခံပြီး ဘေးမှာခစားနေသည့်တိုင် သူဌေးမက မာန်မလျော့တဲ့အပြင် ပိုမောက်မာပြတော့တယ်။ ပြီးတော့ ဟင်းတစ်ပွဲကို လက်ညှိုးထိုးပြီး "ပြောစမ်း! ဒါက ဘာဟင်းလဲ? ဒီလိုဟင်းကို ဝက်ကတောင် စားမှာမဟုတ်ဘူး" လို့ အော်တယ်။

အဲဒီမှာ သည်းမခံနိုင်တော့တဲ့ စားပွဲထိုးတစ်ဦးက "သူဌေးကတော်.. တကယ်ပဲ ဝက်ကတောင် စားမှာမဟုတ်ဘူးလား! ဒီလိုဆိုရင် သူဌေးကတော်အတွက် ဝက်စားတဲ့အစာ သွားယူခဲ့မယ်"လို့ ပြောလိုက်တယ်။

ဒီနှစ်ယောက်ထဲမှာ တစ်ဦးက "စိတ်ကောင်း လုံးဝမရှိသူ"ဖြစ်ပြီး ကျန်တစ်ဦးက "ခွင့်လွှတ်သည်းခံစိတ် လုံးဝမရှိသူ"ဖြစ်တယ်။ ဒါဟာ အခုခေတ်လူတွေရဲ့ ဆက်ဆံရေး အမျိုးအစားပုံစံပဲဖြစ်တယ်။

အောက်က သာဓကတွေကို ဆက်ကြည့်ရအောင်...

ခင်ပွန်း "မင်းစကားကို နားထောင်ရတာ လူနုံလူအတစ်ယောက်ရဲ့စကားကို နားထောင်နေရတာသလိုပဲ"

ဇနီး "ကျွန်မဒီလိုပြောမှ ရှင်နားလည်မယ်ဆိုတာ ရှင်မသိဘူးလား?"

ခင်ပွန်း "ပင်မင်းဆိုင်ပို့ထားတဲ့ ရှပ်အင်္ကျီတွေ ယူခဲ့ပြီလား?"

ဇနီး "ကျွန်မက ရှင်ရဲ့ဘာမို့လို့လဲ? အိမ်ဖော်လား?"

ခင်ပွန်း "အိမ်ဖော် မဟုတ်ပါဘူး။ မင်းသာအိမ်ဖော်ဆိုရင် အနည်းဆုံးတော့ အဝတ်ဘယ်လိုလျှော်ရမယ်ဆိုတာ သိမှာပေါ့"

ကျွန်တော်တို့ဟာ ထောင်ချောက်တစ်ခုထဲ အမြဲပြုတ်ကျနေတယ်။ အဲဒီထောင်ချောက်က ငြင်းခုန်မှုတိုင်းမှာ "အနိုင်နဲ့အရှုံး" ရှိရမယ်ဆိုတဲ့ ထောင်ချောက်ဖြစ်တယ်။ ငြင်းခုန်မှုတိုင်းမှာ လူတွေက ကိုယ့်အမြင်၊ ကိုယ့်အယူအဆကိုပဲ စွဲစွဲမြဲမြဲလက်ကိုင်ထားပြီး နောက်မဆုတ် အရှုံးမပေးစတမ်း ငြင်းခုန်လိုကြတယ်။ ပိုဆိုးတာက နှစ်ဦးနှစ်ဘက်စလုံး "နောက်ဆုံးစကားတစ်ခွန်း"ကို လက်မလျော့တမ်း ပြောချင်ကြတယ်။ အကျိုးအကြောင်း ဆက်စပ်မှုရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ နောက်ဆုံးစကားပြောနိုင်သူက အနိုင်ရသူအဖြစ် သတ်မှတ်ကြတယ်။ ဒါနဲ့ပဲ ငြင်းခုန်ပွဲက မရပ်နားနိုင် ဖြစ်ခဲ့ရတယ်။

ရှုပ်ထွေးနေတဲ့ငြင်းခုန်ပွဲကို ဖြေလျော့ချင်ရင် အားစိုက်ပြီး သွားဆွဲ၊ သွားခွဲလို့ မရပါဘူး။ အားစိုက်ပြီး သွားခွဲလေ ပိုရှုပ်ထွေးလေဖြစ်ပြီး နောက်ဆုံးမှာ ငြင်းခုန်ပွဲက ပိုတင်းမာသွားတတ်ပါတယ်။

လူလူချင်းဆက်ဆံရေးမှာလည်း လူအများက "အကျိုးအကြောင်းမှန်ရင် ဘယ်သူ့ကိုမှ အလျော့မပေးဘူး" ၊ "မီးလောင်ရာလေပင့်" ဆိုတာကိုပဲ ပိုသိခဲ့ကြတယ်။ "စကားနဲရန်စဲ"၊ "သည်းခံခြင်းသည် အရာရာကိုအောင်နိုင်၏"ဆိုတာကို မသိခဲ့လေတော့ ငြင်းခုန်မှုက နောက်ဆုံးမှာ ထိန်းမနိုင်သိမ်းမရဖြစ်ခဲ့ကြတယ်။

ငြင်းခုန်ခြင်းက ပျော်ရွှင်ခြင်းလောက် အရေးမကြီးခဲ့ပါတယ်။ ပျော်ရွှင်ခြင်းရဲ့ လျှို့ဝှက်ချက်က "နောက်တစ်လှမ်းဆုတ်"တာဖြစ်ပြီး တစ်ဘက်သားကို ချစ်ခင်ရင်းနှီးတဲ့လက် အရင်ကမ်းတာပဲဖြစ်တယ်။ တစ်ဘက်သားကို "မှန်ကန်သူ" ပေးလုပ်လိုက်တာက ကိုယ်ဟာ "မှားယွင်းသူ" အဖြစ်ရောက်သွားစေတာ မဟုတ်ပါဘူး။ အရာအားလုံး ပြီးဆုံးပြေငြိမ်းသွားတဲ့အချိန်ကျမှ ကိုယ်အရယူနိုင်ခဲ့တဲ့အရာက "ငြိမ်းချမ်းခြင်း" ဆိုတာကို သင်သတိထားမိသလို တစ်ဘက်သားကို "အမှန်"ပေးလိုက်ရတဲ့ ဝမ်းသာမှုတွေကိုလည်း သင်ခံစားမိပါလိမ့်မယ်။ သင် "မှန်ကန်" ခဲ့ပါတယ်။

ဆာလ်ဝင်စတန်ချာချီ (Winston Churchill)နိုင်ငံရေးနယ်ပယ်က အနားယူပြီးနောက် တစ်ရက်မှာ စက်ဘီးစီးပြီး မြို့အနှံလည်ပတ်ခဲ့တယ်။ တစ်နေရာမှာ ဆန့်ကျင်ဘက်က စက်ဘီးအမြန်နင်းလာတဲ့ အမျိုးသမီးတစ်ဦးနဲ့ ချာချီထိပ်တိုက်တိုးခဲ့တယ်။ အမျိုးသမီးက ဘရိတ်မအုပ်နိုင်ဘဲ ချာချီကိုအရှိန်နဲ့ ဝင်တိုက်ခဲ့တယ်။

"ဟဲ့.. အဘိုးကြီး စက်ဘီးရောစီးတတ်ရဲ့လား? မျက်စိမပါဘူးလား?"

အမျိုးသမီးက ကိုယ့်အမှားကိုမသိဘဲ ချာချီကို ရိုင်းရိုင်းစိုင်းစိုင်း အရင်စဆဲဆိုခဲ့တယ်။

"ဟုတ်ကဲ့.. တောင်းပန်ပါတယ်.... တောင်းပန်ပါတယ်။ ကျွန်တော် စက်ဘီးသိပ်မစီးတတ်သေးလို့ပါ။ ကြည့်ရတာ ခင်ဗျားက ကျွန်တော်ထက် စက်ဘီးစီး ပိုကျွမ်းပါတယ်။ ဟုတ်တယ် မဟုတ်လား?"

ချာချီက အမျိုးသမီးရဲ့ ကြမ်းတမ်းတဲ့အပြုအမူကို ဂရုမစိုက်ဘဲ မပြတ်တောင်းပန်နေခဲ့တယ်။ တောင်းပန်သံကိုကြားတော့ အမျိုးသမီးရဲ့ဒေါသတွေ တစ်ဝက်လျော့ကျသွားခဲ့ပြီး ချာချီကို သေချာကြည့်လိုက်တယ်။ သူစက်ဘီးတိုက်မိသူက မြင့်မြတ်တဲ့ဝန်ကြီးချုပ်ဖြစ်နေတာကို တွေ့တော့ အမျိုးသမီးက ရှက်ရွံ့အားနာစွာနဲ့ "ဟို.... မဟုတ်ဘူး... မဟုတ်ပါဘူး ကျွန်မ အခုမိနစ်ပိုင်းအတွင်းမှာပဲ စက်ဘီးစီးတတ်သွားတာပါ။ ကျွန်မကို စက်ဘီးစီးသင်ပေးလိုက်တာကလဲ အရှင်ဝန်ကြီးချုပ်ပဲဖြစ်ပါတယ်"လို့ ပြောလိုက်တယ်။

ပညာရှိတစ်ဦးက "သည်းခံခြင်း၊ စိတ်သဘောထားကြီးခြင်းက အမုန်းရန်ငြိုးကို သူငယ်ချင်းမိတ်ဆွေအဖြစ် ပြောင်းလဲစေနိုင်တယ်" လို့ဆိုပါတယ်။

တစ်ခါက သားအဖနှစ်ဦး ရထားစီးပြီး ခရီးထွက်ခဲ့ကြတယ်။ လမ်းတစ်နေရာမှာ လက်မှတ်စစ်နဲ့ကြုံတော့ ဖခင်ဖြစ်သူက အိတ်ထည့်ထားတဲ့လက်မှတ်ကို ချက်ချင်းရှာမတွေ့ဖြစ်ခဲ့တယ်။ အဲဒီအခါ ဒေါသကြီးတဲ့လက်မှတ်စစ်ရဲ့ ဆူပူကြိမ်းမောင်းတာကို ခေါင်းငုံ့ခံခဲ့တယ်။ အဖြစ်အပျက်ပြီးနောက် သားက "အဖေ... လက်မှတ်ပါရက်သားနဲ့ ဘာဖြစ်လို့ ပြန်မပြောခဲ့တာလဲ?" လို့မေးတယ်။

ဖခင်က "သား... သူ့ဒေါသ၊ သူ့စိတ်သဘောထားကို သူတောင်တစ်သက်လုံး ခံနိုင်ခဲ့သေးတာပဲ။ အဖေက ဘာဖြစ်လို့ ဒီမိနစ်ပိုင်းလေးမှာ သည်းမခံနိုင်ဖြစ်ရမလဲ?" လို့ ပြန်ပြောခဲ့တယ်။

"နောက်ဆုံးစကားတစ်ခွန်း မပြောတာနဲ့ ငြင်းခုန်မှုတိုင်းကို ရပ်တန့်နိုင်ပါတယ်".... ဒါကလည်း ကျွန်တော့်ကိုယ်ကျွန်တော် အမြဲသတိပေးတဲ့စကားဖြစ်ခဲ့တယ်။



မူရင်း--- http://www2.nsysu.edu.tw

နိုင်းနိုင်းစနေ (Tuesday, February 09, 2010)

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။