Myanmar News Update
အတုနဲ့ အစစ်
**********
"သမီးရေ။ ကောင်းကင်ပေါ်က လင်းလက်နေတဲ့ လမင်းကြီးကို ကြည့်လိုက်ပါအုံးကွယ်။ မလှဘူးလား။"
"လှတာပေါ့ဖေဖေရယ်။ သမီးက ဒီလို လပြည့်ညမျိုးဆို အရမ်းသဘောကျတယ်။ လမင်းကြီးက ကြည့်လို့ မ၀နိုင်ဘူး။"
"ဒါဆို ပင်လယ်ပြင်မှ ပုံရိပ်ထင်နေတဲ့ လမင်းနဲ့ ကောင်းကင်က လမင်းပာာ ဘယ်လက ပိုလှတယ် ထင်လဲ။"
...

"ကောင်းကင်က လမင်းက ပာန်ဆောင်မှုမရှိဘူးအဖေ။ ရိုးရှင်းတယ်။ ဒါပေမယ့် ပင်လယ်ပြင် လမင်းကတော့ ပင်လယ်ရဲ့ အရောင်အသွေးရယ် လှုပ်ခတ်မှုရယ်ကြောင့်ထင်တာပဲ။ လမင်းက လှုပ်နေသလို ထင်ရတယ်။ ဒါ့ကြောင့် ပင်လယ်က လမင်းက ပိုလှတယ် ဖေဖေ။"
"အေး။ ပာုတ်တယ် သမီး။ လောကမှာ အတုနဲ့ အစစ် ယှဉ်လာရင် အတုက အစစ်ထက်ပိုပြီး လှနေတယ်လို့ ထင်ရတယ်။
ရွှေအတုက ရွှေအစစ်ထက် အရောင်လှတယ်။ ရတနာ အတုက အစစ်ထက် အရောင်လှတယ်။
ပန်းအတုက ပန်းအစစ်ထက် ပိုလှတယ်။ ဆံပင် အတုက ဆံပင် အစစ်ထက် ပိုလှတယ်။ မျက်နှာ အတုက အစစ်ထက် ပိုလှတယ်။
အတုအားလုံးပာာ အစစ်အားလုံးထက် ပိုလှနေတတ်တယ်။
ဒါပေမယ့် အပေါ်ယံကိုပဲ ကြည့်ပြီး အရာရာ မဆုံးဖြတ်ရဘူး။ အစစ်ပာာ တစ်ခါတလေ အတုလောက်မလှပေမယ့် သူ့မှာ အရည်အသွေးရှိတယ်။ တန်ဖိုးရှိတယ်။
မိန်းကလေးရဲ့ အလှလည်း ဒီလိုပဲ။ အတုတွေပါဝင်နေရင် ပိုလှလာတယ်။ ဒါပေမယ့် အတုဆိုတာ အစစ်လို မခိုင်မာဘူး။
အပေါ်ယံလှတာက အတုပါ။ အစစ်ဆိုတာက အရည်အသွေးနဲ့တူတဲ့ ကိုယ်ကျင့်တရားပါ။
အပေါ်ယံ မလှရင် စိတ်ဓာတ်မကျနဲ့။ အဲဒါအတုပါ။ အစစ်က ကိုယ်ကျင့်တရား။ ကိုယ်ကျင့်တရားကိုပဲ လှအောင်လုပ်ပါ သမီး။ "
"သမီး နားလည်ပါပြီအဖေ။ အတုနဲ့ အစစ်ကို ခွဲတတ်ပါပြီ။"
ပြည်ငြိမ်း

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။