Khaing Soelynn
"အကယ်၍ အာဏာရှင်စနစ်ကို ပြန်လည်အသက်သွင်းဖို့ ကြိုးစားမယ်ဆိုရင်
မြန်မာနိုင်ငံဟာ လက်ရှိအခြေအနေလို မဟုတ်တော့ဘဲ တစ်ချိန်မှာ
ယနေ့ ဆိုမာလီနိုင်ငံ၊ ဆီးရီးယားနိုင်ငံ စတဲ့ failed state ဆိုတဲ့ နိုင်ငံတွေလို
ဖြစ်သွားပြီး တိုင်းပြည်လည်းပျောက်၊ လူမျိုးလည်းပျောက် ဆိုတာမျိုး
ဖြစ်သွားမယ်ဆိုတာ မလွဲမသွေပဲ ။
အခုတောင်မှ အချိန်မီလေး အရေးပေါ်ထွက်ပေါက် (emergency exit) တစ်ခုရှိခဲ့လို့ ယနေ့အခြေအနေကို ရောက်ရှိလာခဲ့တာ ဖြစ်တယ်။ အဲဒီလို emergency exit မရှိခဲ့ဘူးဆိုရင် စောစောကပြောတဲ့ နိုင်ငံတွေလိုမျိုး
ဖြစ်သွားနိုင်တယ်။ ဥပမာ ဆီးရီးယားနိုင်ငံကိုကြည့်ရင် သမ္မတအာဆတ်ဟာ သူ့ကိုယ်သူ ကာကွယ်နေတာလား။ ဒါမှမဟုတ် သူ့ပြည်သူတွေကို သူပြောသလို ကာကွယ်နေတာလားဆိုတဲ့ အချက်နှစ်ချက်လုံးကို
သူ အာမ မခံနိုင်တော့ဘူး။
ဆိုလိုတာက အခြေအနေတွေက evolution ဖြစ်စဉ်တွေကို လျစ်လျူရှုခဲ့တဲ့ အာဏာရှင်စနစ်တွေကြောင့် ရုတ်ခြည်းပြောင်းလဲမှု revolution တွေဆိုတာ
ဖြစ်ပေါ်လာတာပဲ။ လွတ်ကျပြီး တစ်စစီကွဲသွားတဲ့ ဖန်ခွက်တစ်လုံးဟာ အကောင်းပကတိအတိုင်း ပြန်ဖြစ်ဖို့ဆိုတာ မလွယ်ဘူး။
ဒါကြောင့် အာဏာရှင်စနစ်တွေက တဖြည်းဖြည်းနဲ့
ကမ္ဘာပေါ်မှာ ချုပ်ငြိမ်းသွားတယ် ဆိုတာကို သတိထားဖို့ လိုတယ်"
ဒေါက်တာအောင်ကိုကို
via Eleven Media Group

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။