Hla Wai shared AD Board Myanmar's photo.
အမေရိကန်နိုင်ရဲ့ အမျိုးသား အဝေးပြေးလမ်း ယာဉ်အန္တရာယ် ထိန်းချုပ်ရေးအဖွဲ့ (National Highway Traffic Safety Admi...nistration – NHTSA) ၏ တရားဝင် စာရင်းဇယားများအရ အမေရိကန်နိုင်ငံမှ အသက် ၄ နှစ်မှ ၁၅ အတွင်းရှိ ကလေးသူငယ်များ မတော်တဆမှုကြောင့် အသက်ဆုံးရှုံးရာတွင် မော်တော်ယာဉ် မတော်တဆမှုများကြောင့် အများဆုံးဖြစ်ကြောင်း သိရှိရသည်။
အသက် ၁၅ နှစ်အောက် ကလေးသူငယ်ပေါင်း ၂၀၀၀ ကျော်မှာ ယာဉ်မတော်တဆမှုကြောင့် မလိုလားအပ်ပဲ အသက်ဆုံးရှုံးနေရပြီး စုစုပေါင်း ၃ သိန်းခန့်မှာ ဒဏ်ရာအနာတရများ ရရှိနေရသည်ဟုလည်း သိရှိရသည်။
မြန်မာနိုင်ငံတွင် တရားဝင် ထုတ်ပြန်ထားသည့် စာရင်းဇယား မရှိသည့်အတွင် နှစ်စဉ်နှစ်တိုင်း မော်တော်ယာဉ် မတော်တဆမှုကြောင့် အသက်ဆုံးရှုံး (သို့) ထိခိုက်ဒဏ်ရာရရှိသူ မည်မျှရှိသည်ကို အတိအကျ မသိရှိနိုင်ပေ။
သို့သော်လည်း မိမိတို့ အားလုံးအနေဖြင့် ယာဉ်အန္တရာယ် ကင်းရှင်းစေရေးအတွက် အောက်ပါအချက်များအား လိုက်နာခြင်းဖြင့် တစ်ဖက်တစ်လမ်းမှ ပါဝင်ဆောင်ရွက် နိုင်ပါသည်။
(၁) ကန့်သတ် အမြန်နှုန်းအတိုင်း မောင်းနှင်ခြင်း
(၂) အသက် ၁၀ နှစ်အောက် ကလေးငယ်များအား ကားနောက်ခန်း၌သာ လိုက်ပါစီးနင်းစေခြင်း
(၃) ယာဉ်မောင်းနှင့် ယာဉ်ပေါ်ပါသူများ အားလုံး ခါးပတ်ပတ်ထားခြင်း
(၄) ၂ နှစ်အောက် ကလေးငယ်များအား ကလေးထိုင်ခုံ (Child Seat) ပေါ်တွင် လိုက်ပါစေခြင်း
(၅) ယာဉ်မောင်းနေစဉ် ဖုန်းမပြောခြင်း
(၆) အရက်သေစာ သောက်စားမူးယစ်ပြီး မောင်းနှင်ခြင်းအား ရှောင်ကြဉ်ခြင်း
(၇) မိမိရှေ့မှ မော်တော်ယာဉ်အား ကပ်မလိုက်ခြင်း
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။