ဒါလေးကိုဖတ်မိတော့ ဦးဧရာ ရဲ့ စကားလေးကို ပြန်သတိရမိပါရဲ့ :)
ယခုလက်ရှိအချိန်မှာ ဟာသ သရုပ်ဆောင်တွေရဲ့ အခန်းကဏ္ဍက တိုးတက်လာတယ်လို့လည်း ပြောလို့ မရသလို...၊ ယိုယွင်းသွား တယ်လို့လည်း ပြောလို့ မရကြောင်းသရုပ်ဆောင် ကျော်ထူးကပြောပါတယ်။
လောလောဆယ်မှာတော့ လူရွှင်တော်တွေအနေနဲ့ ခိုကိုး ရာမဲ့နေကြကြောင်း ကျော်ထူးက ပြောပါတယ်။
" ၁၉၈၈ခုနှစ် နောက်ပိုင်းတုန်းကတော့ ကိုမော့စ်နဲ့ဦးမိုးဒီတို့က မုန့်ဟင်းခါးရောင်းခဲ့တယ်။ ခေတ်ပျက်နေတဲ့အချိန်တုန်းကပေါ့။ အားကိုးစရာမရှိတော့ ကိုယ့်ဘာသာကိုယ် မုန့်ဟင်းခါးရောင်းကြ တယ်။အခု
လောလောဆယ် ကျွန်တော်တို့တွေလည်း အခက်အခဲဖြစ်နေကြတယ်။ တစ်ကားဆိုဆိုသလောက် ရတဲ့သူတွေနဲ့တော့ မတူဘူးပေါ့။ သူတို့ကြတော့ အရင်းအနှီးကောင်း ကောင်းရတော့ခမ်းခမ်းနားနားဆိုင် မျိုးတွေဖွင့်နိုင်တာပေါ့။
စီးပွားရေးလုပ်ငန်းတွေလုပ်နိုင် တာပေါ့။ ကျွန်တော့်အနေနဲ့လည်း စဉ်းစားထားတယ်။ကွမ်းယာဆိုင်လေးဖွင့်မယ်ပေါ့ အဆင်ပြေရင်လည်းပြေပေါ့။ မပြေရင်လည်း တခြားနည်းစဉ်းစားရတာပေါ့။ လောလာဆယ်မှာတော့ မိုးယံရွှေလမင်းနဲ့ ဆက်သွယ်ပြီးထီဆိုင်လေးဖွင့်ချင် တယ်လို့ အကူအညီတောင်းထားတယ်။ မကျွမ်းကျင်သေးပါဘူး။ နောက်တော့လည်း အလုပ်ကသင်သွားမှာပါ။ အဲဒါလေးတော့လျာထားတယ်။ ရှေ့လျောက်လည်းကောင်းမယ်မထင်ဘူး ။ ကျွန်တော့်အနေနဲ့ ဒီလိုပြောလိုက်ခြင်းအားဖြင့် လူငယ်မျိုးဆက်သစ် ဟာသသရုပ်ဆောင်တွေလည်း ကြို တင်ပြင်ဆင်ချိန်ရတာပေါ့။ ကျွန်တော်အခုဆိုရင်ဇာတ်ကားရိုက် က နားထားတာ မဟုတ်ပါဘူး။ ဘာမှကို မရှိတာပါ။လူရွှင်တော်တွေဈေးတက် ရဖို့ နေနေသာသာရှိတဲ့ဈေးကိုတောင် မနည်းတောင်းနေရတာလေ။
ဇာတ်ပို့ဇာတ်ရံတွေအကုန်လုံးက ဒီလိုကြီးပဲ ဖြစ်နေတယ်။ ဘယ်လိုကြောင့်လဲ တော့မသိဘူး" လို့ လူရွှင်တော် ဟာသသရုပ်ဆောင်တွေရဲ့ အခြေအနေကို ကျော်ထူးက ပြောပြပါတယ်။
ဗီဒီယိုလောကယိုယွင်းနေတဲ့အချိန် မှာ အဓိက ခံရတာကတော့ လူရွှင်တော်တွေ၊ လူကြမ်းတွေနဲ့စက်မှုပိုင်းဆိုင်ရာတွေပဲဖြစ်ကြောင်း၊ ဒီထက်ပို ကောင်းလာဖို့အတွက်ကို မျှော်လင့် နေခဲ့ရတာလည်း
နှစ်ပေါင်းမနည်းတော့ဘူးဖြစ်ကြော င်း၊ ရုပ်ရှင်အစည်းအရုံးကို တောင်းဆိုချင် တာကတော့ အောက်လက်ငယ်သားသမီးတွေအနေနဲ့ အားကိုးရမယ်လို့ထင်ကြောင်း၊ အားကိုးချင်တဲ့အတွက် အားကိုးရလောက်အောင်လည်းလုပ်ပေးပါလို့ ပြောချင်ကြောင်း ကျော်ထူးက ပြောပါတယ်။
လင်းအက္ခရာ
ယခုလက်ရှိအချိန်မှာ ဟာသ သရုပ်ဆောင်တွေရဲ့ အခန်းကဏ္ဍက တိုးတက်လာတယ်လို့လည်း ပြောလို့ မရသလို...၊ ယိုယွင်းသွား တယ်လို့လည်း ပြောလို့ မရကြောင်းသရုပ်ဆောင် ကျော်ထူးကပြောပါတယ်။
လောလောဆယ်မှာတော့ လူရွှင်တော်တွေအနေနဲ့ ခိုကိုး ရာမဲ့နေကြကြောင်း ကျော်ထူးက ပြောပါတယ်။
" ၁၉၈၈ခုနှစ် နောက်ပိုင်းတုန်းကတော့ ကိုမော့စ်နဲ့ဦးမိုးဒီတို့က မုန့်ဟင်းခါးရောင်းခဲ့တယ်။ ခေတ်ပျက်နေတဲ့အချိန်တုန်းကပေါ့။
လောလောဆယ် ကျွန်တော်တို့တွေလည်း အခက်အခဲဖြစ်နေကြတယ်။ တစ်ကားဆိုဆိုသလောက် ရတဲ့သူတွေနဲ့တော့ မတူဘူးပေါ့။ သူတို့ကြတော့ အရင်းအနှီးကောင်း ကောင်းရတော့ခမ်းခမ်းနားနားဆိုင်
စီးပွားရေးလုပ်ငန်းတွေလုပ်နိုင်
ဇာတ်ပို့ဇာတ်ရံတွေအကုန်လုံးက ဒီလိုကြီးပဲ ဖြစ်နေတယ်။ ဘယ်လိုကြောင့်လဲ တော့မသိဘူး" လို့ လူရွှင်တော် ဟာသသရုပ်ဆောင်တွေရဲ့ အခြေအနေကို ကျော်ထူးက ပြောပြပါတယ်။
ဗီဒီယိုလောကယိုယွင်းနေတဲ့အချိန်
နှစ်ပေါင်းမနည်းတော့ဘူးဖြစ်ကြော
လင်းအက္ခရာ
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။