L-Zaw Sai and Sa Maung shared Nyi Thit's photo.
ဖေဖော်ဝါရီလ ၂၇ နေ့က နောက်ဆုံးအင်တာဗျူးမှာ စိုင်းနော်ခမ်း
ပြောသွားတဲ့ စကားပါ
ကျွန်တော့် ကလေးတွေကို ကျွန်တော့်လို မဖြစ်စေချင်ဘူး
ကျွန်တော် သေရမှာ ကြောက်တယ်
ကျွန်တော် အသက်ရှင်ချင်ပါတယ်
ကျွန်တော် အိပ်မပျော်တာ ၂ ရက်ရှိပြီ
ကျွန်တော် အများကြီး စဉ်းစားနေလို့ပါ
ကျွန်တော့် အမေကို လွှမ်းတယ်
ကျွန်တော် မသေချင်ဘူး
ကျွန်တော့်မှာ ကလေးတွေရှိတယ်
ကျွန်တော် ကြောက်ရွံ့နေပါတယ်
CCTV ရုပ်သံဌာနက နော်ခမ်းတို့ကို သေဒဏ်စီရင်မယ့် အစီအစဉ်ကို
နောက်ဆုံး ဆေးထိုးတာအထိ ရုပ်သံကနေ တိုက်ရိုက်ပြမယ်လို့ ကြိုတင်ကြေငြာခဲ့ပါတယ် အဲ့ဒီ ကြေငြာစ အချိန်တုန်းကတော့ တရုတ်ပြည်သူတွေကြားမှာ တရုတ် ငါးဖမ်း သင်္ဘောသား ၁၃ ယောက်ကို သတ်ခဲ့တဲ့ တရားခံကို စီရင်မယ် ဆိုတဲ့အတွက် အားပေးတဲ့ သဘောရှိပါတယ် နောက်ဆုံး အစီအစဉ်လွှင့်ခါနီးကျမှ CCTV ရုပ်သံက အစီအစဉ် ပြောင်းသွားပြီးတော့ သေဒဏ်စီရင်နေတာကို မပြတော့ဘူးလို့
ဖြစ်သွားပြန်ပါတယ် အဲ့ဒီ ရုပ်သံကို တိုက်ရိုက်လွှင့်နေတဲ့ အချိန်မှာ
တရုတ် အင်တာနက်ဆိုဒ်တစ်ခုက ဒီ Live လွှင့်မူကို ပြသင့်တယ် မပြသင့်ဘူး ဆိုပြီး စစ်တမ်းကောက်တဲ့ Poll တစ်ခုလုပ်ပါတယ်
အစီအစဉ် အစတုန်းကတော့ ပြသင့်တယ်လို့ vote ကြတဲ့ လူတွေများပေမယ့် တဖြည်းဖြည်း ကြည့်ရင်း ကြည့်ရင်းနဲ့
လူတွေက လက်မခံနိုင်တော့တဲ့ အဆင့်မျိုး ဖြစ်လာလို့
မပြသင့်ဘူးဆိုတဲ့ Vote တွေပိုများလာပါတယ် နောက်တော့ အဲ့ဒီ စစ်တမ်းကောက်တဲ့ Poll ကိုပြန်ဖြုတ်ချသွားပါတယ်..
လက်တလောထိ ကျွန်တော်တို့ တွေ့နေရတဲ့ ဗီဒီယို တွေထဲမှာ
ဆေးထိုးပြီး သေတာကို ပြတဲ့ movie တစ်ခုမှ မရှိသေးပါဘူး
ကျန်းမာရေး ကောင်းမကောင်း ဆေးစစ်တဲ့ အခန်းထဲမှာ ရှိတုန်းကရယ်
အပြင်ကို ထုတ်လာတဲ့ အချိန်ရယ် နောက်ဆုံး သီးသန့် ကား တစ်စီးစီနဲ့ ခေါ်သွားတာ နောက်ဆုံးပါပဲ... ဆေးထိုးပြီး သေဒဏ်
စီစဉ်ပြီးသွားပြီဆိုမှ ယူနန် ပြည်နယ် ရဲ ၀က်ဆိုဒ်မှာ
ဆေးထိုး စီရင်မူ ပြီးစီးပြီဖြစ်ကြောင်း ဆိုပြီး ကြေငြာသွားတာပဲ ရှိပါတယ်.. ။
ငုတ်တုတ်လေး ထိုင်နေတာကြည့်ပြီး စိတ်မကောင်းဖြစ်နေတဲ့ ဘော်ဒါတွေအတွက် ရှာတွေ့တာလေး
မျှဝေပါတယ်
ညီသစ်

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။