Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Wednesday, March 6, 2013

ဒူးနာခြင်းအကြောင်း သိကောင်းစရာ ...

May Mon Kyaw shared Royal Hero Media's photo.
ဒူးနာခြင်းအကြောင်း သိကောင်းစရာ ...
=====================

ဒူးခေါင်းရှိတဲ့နေရာ အဆစ်ကို အင်္ဂလိပ်လိုဆိုရင် Knee Joint လို့ခေါ်ပါတယ် ။ ဒူးခေါင်းကို ယေဘူယျ အပိုင်းလိုက် ကြည့်မယ်ဆိုရင် Medial , lateral နဲ့ Patellofemoral ဆိုပြီး ခွဲလို့ရပါတယ် ။ တကယ်တော့ ဒူးနာခြင်းကိုဖြစ်စေတဲ့ အချက်တွေထဲမှာ ထိခိုက် ဒါဏ်ရာရခြင်း ၊ ဒူးခေါင်း ပျက်ဆီးခြင်း ၊ ဒူးဆစ် ယောင်ခြင်း ၊ ပိုးဝင်ခြင်းနဲ့ ရှားပါးတဲ့ အရိုးကင်ဆာ စတာတွေကြောင့် ဖြစ်နိုင်ပါတယ် ။ 

ဒူးခေါင်းအတွင်း တွယ်ဆက်ထားတဲ့ အရွတ်တွေ ( Cruciate ligaments ) နဲ့ ဒူးခေါင်း အတွင်းအပြင် ဖက်မှာရှိတဲ့ အရွတ်တွေ ( Collateral ligaments ) တွေက ဒူးခေါင်းကို ငြိမ်အောင် ထိမ်းပေးပါတယ် ။ အရွတ်တွေကို ခွဲစိတ်ပြီး ပြန်လည်ပြုပြင်တဲ့ နေရာမှာ ချုပ်ခြင်း ၊ အစားထိုးခြင်းတို့ ပါဝင်ပါတယ် ။ အချို့ လူနာတွေကတော့ ဒူးဆစ်တစ်ခုလုံး လဲလိုက်ရတာမျိုးလည်း ရှိပါတယ် ။ ဓါတ်မှန် ပုံမှန်ရိုက် စစ်ဆေးခြင်းက တခြားပြဿနာတွေ ရှိမရှိကို ဖယ်ထုတ် Exclude လုပ်ပေး နိုင်ပါတယ် ။ ဒူးပြဿနာတွေကို Arthroscopy ၊ MRI စတာတွေနဲ့ စစ်ဆေးနိုင်သလို ဒူးဆစ်ထဲမှာရှိတဲ့ အရည်ကို အပ်နဲ့စုပ်ခြင်း ( Needle aspiration ) လုပ်ပြီးလည်း စစ်ဆေးနိုင်ပါတယ် ။ တကယ်တော့ ဒူးဆစ်ရာ လေးဖက်နာလို ရောဂါမျိုးနဲ့လည်း ပတ်သတ်လေ့ရှိတဲ့ Joint ဖြစ်ပါတယ် ။ လေးဖက်နာ ရောဂါတွေဟာ တကယ်တော့ Immune disease တွေဖြစ်ပြီး တစ်ကိုယ်လုံးမှာရှိတဲ့ တစ်ရှုးတွေ ၊ အဆစ်တွေ အပါအ၀င် အရိုးတွေ ယောင်ရမ်းခြင်းကို ဖြစ်စေတယ် အဆစ်တွေ ကွေးမမရအောင် နာကျင်အောင် ဖြစ်စေတဲ့ ရောဂါပဲဖြစ်တယ် ။

ဒူးနာခြင်းကို အဖြစ်များစေတဲ့ အချက်တွေက ဘာတွေလဲ
------------------------------------------------------------

တကယ်တော့ ဒူးနာခြင်းကို အဖြစ်များစေတဲ့ အချက်တွေထဲမှာ အသက်အရွယ် ကြီးရင့်လာခြင်း ၊ ကိုယ်လက် လှုပ်ရှားမှုနည်းခြင်း၊ ထိခိုက်ဒါဏ်ရာ ရခြင်းတွေပဲ ဖြစ်ပါတယ် ။ 

ဘယ်လို ထိခိုက်ဒါဏ်ရာရခြင်း တွေက ဒူးနာခြင်းကိုဖြစ်စေသလဲ ၊ လက္ခဏာတွေက ဘာတွေလဲ

ထိခိုက်ဒါဏ်ရာ ရပြီဆိုရင် မည်သည့် အရွတ်ကို မဆို သွားပြီး သက်ရောက်စေမှု ရှိနိုင်ပါတယ် ။ အထူးသဖြင့် ဒူးကို ၀န်းရုံထားတဲ့ အရိုးနုတွေ အရွတ်တွေနဲ့ ကြွက်သားတွေ ဖြစ်ပါတယ် ။ ဒါတွေသာမက ဒူးဆစ်ကိုဖြစ်ပေါ်စေတဲ့ အရိုးတွေကိုသာ ထိခိုက် နိုင်ပါတယ် ။ ရှုပ်ထွေးစွာ တည်ဆောက်ထားတဲ့ ဒူးဆစ်ရဲ့ ပုံသဏ္ဍာန်နဲ့ အလေးအပင်တွေ မတဲ့အခါ အကွေးအဆန့်ကို ဒူးကပဲ လုပ်ရတာဖြစ်တဲ့ အချက်တွေကပဲ ဒူးကို ဒါဏ်ရာရစေတဲ့ အဓိကအကြောင်း အရင်းတွေပဲ ဖြစ်ပါတယ် ။ 

အရွတ်ဒါဏ်ရာများ 
--------------------

မတော်တဆ ထိခိုက်မှုတွေက ဒူးရဲ့ အတွင်း အစိတ်အပိုင်းဖြစ်တဲ့ Medial Collateral Ligament , ဒူး အတွင်းပိုင်းက Cruciate ligaments ကို သွားပြီး ဒါဏ်ရာရစေ နိုင်ပါတယ် ။ အဲဒီနေရာတွေမှာဖြစ်တဲ့ ဒါဏ်ရာတွေက ချက်ချင်း ဆိုသလို နာကျင်မှုကို ဖြစ်စေပြီး နေရာအတိအကျကို သိရှိဖို့တော့ခက်ခဲလေ့ ရှိတယ် ။ အထူးသဖြင့် Collateral ligament injury ဟာ ဒူးရဲ့အတွင်းပိုင်း သို့မဟုတ် အပြင် အစိတ်အပိုင်းကို ထိခိုက်စေလေ့ရှိပြီး တခါတရံ အဲဒီအရွတ် ရှိနေတဲ့နေရာ အပေါ်ဖက်ကို နာကျင်စေတာ မျိုးလည်း ရှိပါတယ် ။ Cruciate Ligament ဒါဏ်ရာ ရတာကတော့ ဒူးအတွင်းပိုင်းက နာတာဖြစ်ပါတယ် ။ အတွင်းပိုင်းက စူးပြီး နာလေ့ရှိပါတယ် ။ ဒူးခေါင်းမှာ ဖြစ်တဲ့ အရွတ်ဒါဏ်ရာ ရခြင်းတွေက နားနေတဲ့ အချိန်နဲ့ အလေးအပင် တစ်ခုခုမတဲ့အခါ လမ်းလျှောက် တဲ့ အခါ နာနေလေ့ရှိပါတယ် ။ ဒါဏ်ရာတစ်ခုရဲ့  ပြင်းထန်မှုဆိုတာ အနိမ့်ဆုံး နာကျင်မှု ( ဥပမာ ဒူးရွတ်ပြဲသွားခြင်း အရွတ်အမျှင်များ စုတ်ပြဲခြင်း ) စတာတွေက ပြင်းထန်စွာ နာကျင်ခြင်း ( အရွတ်တစ်ခုလုံး စုတ်ပြတ်သွားခြင်း ) ဆိုပြီး ခွဲခြားနိုင်ပါတယ် ။ သာမန် အရွတ် ယောင်တာမျိုး လောက်ကိုတော့ ရေခဲအုံခြင်း ပတ်တီးစီးခြင်း ၊ အနားယူခြင်းနဲ့ ခြေထောက်ကို အပေါ် မြှောက်ထားခြင်း စတာတွေနဲ့ သက်သာအောင် ပြုလုပ်နိုင်ပါတယ် ။ အထူးသဖြင့် ဒူးဒါဏ်ရာ ရနေတဲ့ အချိန်တွေမှာ အလေးအပင် မတာကိုတော့ ရှောင်ရမှာ ဖြစ်ပါတယ် ။ လမ်းလျှောက် တဲ့အခါလည်း ချော်မလဲအောင် သတိထားရပါမယ် ။ 

တချို့လူတွေကတော့ ဒူးနာခြင်းကို သက်သာစေဖို့ အတွက် ပတ်တီးကို တင်းကြပ်စွာ စီးခြင်း နဲ့ ဒူးခေါင်းကို ငြိမ်နေအောင် ပြုလုပ်လေ့ရှိတယ် ။ တချို့သော ပြင်းထန်တဲ့ ဒါဏ်ရာရမှုတွေ မှာတော့ Arthroscopic သို့မဟုတ် ဒူးခေါင်းကို ဖွင့်ပြီး ခွဲစိတ်ပြုပြင်ခြင်း လုပ်ဖို့လိုပါတယ် ။ အရွတ်တွေကို ခွဲစိတ် ပြုပြင်တဲ့နေရာမှာ ပြဲသွားတဲ့ အရွတ်တွေကို ပြန်ချုပ်ခြင်း ၊ အစားထိုးခြင်း တွေ ပါဝင်ပြီး အဲဒီလို ခွဲစိတ် လုပ်ဆောင်မှု မျိုးတွေကိုလည်း ဒူးခေါင်းကို ဖွင့်ပြီးဖြစ်စေ arthroscopic surgery နဲ့ဖြစ်စေ ပြုလုပ်နိုင်တယ် ။ ဘယ်လို ခွဲတ်စိတ်မှုမျိုး ပြုလုပ်သင့်သလဲ ဆိုတာကတော့ ဒါဏ်ရာ အမျိုးအစား အပေါ်မူတည်ပြီး လူနာ ဘယ်လောက်ထိ ပြန်ကောင်း လာနိုင်မလဲဆိုတဲ့ အပေါ် မူတည်ပါတယ် ။ အချို့သော အရမ်းပြင်းထန်တဲ့ ဒါဏ်ရာရမှုတွေကတော့ ဒူးခေါင်း တစ်ခုလုံး ဖွင့်ပြီး ခွဲစိတ်မှသာရနိုင်မှာပါ ။ ယခု လတ်တလော အသုံးပြုနေတဲ့ နောက်ဆုံးပေါ် ခွဲစိတ်နည်း ပညာတွေနဲ့ cruciate ligaments အတွက်ကို ပြန်လည် ပြုပြင်ခြင်း Reconstruction procedure က သိသိသာသာ တိုးတက် အောင်မြင်နေပြီ ဖြစ်ပါတယ် ။ တခြား ဒါဏ်ရာရမှုတွေ ထဲမှာတော့ Meniscus tears , အရွတ်ယောင်ခြင်း ( Tendinitis ) အရိုးကျိုးခြင်း ( Fructure ) စတာတွေလည်း ပါဝင်ပါတယ်။ 

ဒူးနာခြင်းကိုဖြစ်စေတဲ့ ရောဂါတွေကဘာတွေလဲ 
---------------------------------------------------

ဒူးဆစ် ၊ တစ်ရှူးတွေနဲ့ ဒူးကိုဖြစ်ပေါ်စေတဲ့ အရိုးတွေ နဲ့ ဆက်နွယ်နေတဲ့ရောဂါ တွေကနေ တဆင့်လည်း ဒူးနာခြင်းကို ခံစားရနိုင်ပါတယ် ။ ဒူးခေါင်းတ၀ှိုက်မှာ ရှိတဲ့ အာရုံကြောတွေ ကနေတဆင့် နာကျင်ခြင်းကို ကြုံတွေ့ရတာဖြစ်ပါတယ် ။ တကယ်တော့ ဒူးနာခြင်းကို အများဆုံး ကြုံတွေ့စေတဲ့ ရောဂါကတော့ Rheumatic ရောဂါတွေဖြစ်ပြီး အဲဒီ လေးဖက်နာဆိုတာ Immune ရောဂါ တစ်မျိုးဖြစ်ပြီး တစ်ကိုယ်လုံးက အဆစ်အမြစ်တွေကို အဆစ်ယောင်ခြင်းတွေ ဖြစ်စေတာ ဖြစ်ပါတယ် ။ Joint တစ်ခုရောင်ယမ်းခြင်းကို Arthritis လို့ခေါ်ပြီး ဒူးဆစ်ရောင်ယမ်းခြင်းကို noninflammatory နဲ့ inflammatory လို့ခွဲထား နိုင်ပါတယ်။ Non inflammatory ဆိုတာကတော့ Osteoarthritis လိုမျိုး အရိုးနဲ့အဆစ်ရောင်ခြင်းပုံစံမျိုးဖြစ်ပြီး Inflammatory ဆိုတာကတော့ လေးဖက်နာ သို့မဟုတ် Gout လိုမျိုးရောဂါမျိုးကြောင့်ဖြစ်တဲ့ ရောင်ရမ်းမှုမျိုးကို ခေါ်ပါတယ် ။ အဆစ်ရောင်တာကိုကုသတဲ့အခါ ဘယ်လိုပုံစံ ရောင်သလဲ ဆိုတဲ့အပေါ် မူတည်ပါတယ် ။ လူအများစုက အဆစ်ရောင်ခြင်း ကြုံတဲ့အခါ နာတာရယ် မသက်မသာ ဖြစ်တာရယ်လောက်ပဲ ဖြစ်ပြီး တချို့ကတော့ ဒူးဆစ်တစ်ခုလုံး လဲပစ်ရတဲ့ အခြေ အနေအထိလည်း ကြုံရပါတယ် ။ တကယ်တော့ ဒူးဆစ် ရောင်တာက နေစပြီး ဒူးခေါင်းနောက်မှာ ရှိတဲ့ အရေ အိတ်ထဲက အရေတွေ ထဲမှာ inflammatory materials တွေ စုလာခြင်းကို ဖြစ်စေတယ် ။ အဲဒီ အရေအိတ်ကို Baker cyst လို့ခေါ်ပြီး ဒူးအနောက်ပိုင်း နာကျင်ခြင်းကို ဖြစ်စေတဲ့ အဓိက အချက်လည်း ဖြစ်ပါတယ် ။

အရိုးနဲ့ အဆစ်တွေကို ရောဂါပိုး ၀င်တာကတော့ ရှားပါတယ် ။ ဒါပေမယ့် ၀င်ပြီဆိုရင်လည်း အရမ်းပြင်းထန် လေ့ရှိပြီး အဖျားတက်ခြင်း ၊ အလွန်အမင်း ပူခြင်း ၊ ဖြစ်တဲ့ အဆစ်ပူနွေးခြင်း စတာတွေ ကြုံရတတ်ပါတယ် ။ တစ်ကိုယ်လုံး ချမ်းတုန်လေ့ရှိပြီး အထူးသဖြင့် ဒူးခေါင်းတ၀ှိုက်မှာ ဖြစ်တဲ့ ပြည်တည်နာတွေ ကြောင့် ဖြစ်တတ်ပါတယ် ။ ဘယ်လို ရောဂါပိုး အမျိုးအစားလဲ ဆိုတာကတော့ အပ်လေးနဲ့ အဲဒီ ဒူးဆစ်ထဲက အရည်ကို စုပ်ယူခြင်း Joint aspiration လုပ်ပြီး မိုက်ကရိုစကုပ်နဲ့ စစ်နိုင်ပါတယ် ။ ဒါ့အပြင် Microbial culture နည်းပညာ တွေနဲ့လည်း စမ်းသပ် စစ်ဆေး နိုင်ပါတယ် ။ ကုသမှုတွေကတော့ ပဋိဇီဝ ပိုးသတ် ဆေးများ ပေးခြင်း နဲ့ တခါတရံ အဆစ် ခွဲစိတ်ခြင်းများ ပြုလုပ်ခြင်းတို့ ဖြစ်ပါတယ် ။ အဆစ်နဲ့ ပတ်သတ်တဲ့ Tumor တွေကတော့ ရှားပါတယ် ဥပမာ Synovial sarcomas , giant cell tumors တို့ဖြစ်ပါတယ် ။ 

ကုသမှုတွေကတော့ ခွဲစိတ်ခြင်း  ဒူးဆစ်ကို ဖြတ်ပစ်ခြင်း စတာတွေလည်း ရှိတတ်ပါတယ် ။ ဘယ်လို ကျူမာ အမျိုးအစားလဲ ဆိုတဲ့ အပေါ်မူတည်ပြီး ကုသ မှုနဲ့ ခွဲစိတ်မှုတို့ကို လုပ်ဆောင်လေ့ ရှိပါတယ် ။ ဒူးကို ဖုံးထားတဲ့ ဂုံညင်းဒိုးလို့ ခေါ်တဲ့ Patella အောက်က အရိုးနု ပျော့ပြောင်းခြင်းကို Chondromalacia လို့ ခေါ်ပါတယ် ။ ဒါကလည်း ငယ်ရွ့ယ်တဲ့ အမျိုးသမီးတွေမှာ ဒူးနာခြင်းကို အဖြစ် များစေတဲ့ အကြောင်း တစ်ခုဖြစ်ပြီး အကြာကြီး ထိုင်ပြီး ရုတ်တရက် ပြန်ထ မရတာ လှေကားတို့ တောင်ကုန်းတို့ တက်တဲ့အခါ ဒူးနာတာတွေဟာ ဒီလို ပြဿနာမျိုးကြောင့် ဖစ်ပါတယ် ။ Bursitis လိုမျိုးကိုတော့ ရေခဲ ကပ်ပေးခြင်း ၊ ပတ်တီးစီးခြင်းနဲ့ အကိုက်အခဲ ပျောက်ဆေးတွေ ဥပမာ ibuprofen , aspirin လို ဆေးတွေပေးပြီးလည်း ကုကြပါတယ် ။ ဒါ့အပြင် ဖြစ်တဲ့နေရာကို corticosteroid တွေပေးပြီး လည်း ကုသတာတွေ ၊ လေ့ကျင့်ခန်း လုပ်ရတာ တွေလည်း ပါရှိပါတယ် ။ 

ဒူးနာခြင်းကို ကာကွယ်ဖို့ ကတော့ ဒါဏ်ရာ မရအောင်နေဖို့နဲ့ လမ်းလျောက်တဲ့ အခါ အလေးအပင် မတဲ့အခါ သတိထားဖို့ ဖြစ်ပါတယ် ။ ဒါ့အပြင် အမြင့်တွေ တက်တဲ့အခါ လှေကားတွေ တက်တဲ့အခါ အလောတကြီး မဖြစ်ကြဖို့နဲ့ မိမိ ဒူးခေါင်းဟာ တစ်ကိုယ်လုံးကို သယ်ထားရတဲ့ အကွေးအညွတ် လုပ်တဲ့ အဆစ်တစ်ခု ဖစ်တာကြောင့် သတိကြီးစွာ ထားသင့်ပါကြောင်း တင်ပြရင်း အဆုံးသတ်လိုက်ပါတယ် ။ 

သက်တန့်ချို
REFERENCES:
Koopman, William, et al., eds. Clinical Primer of Rheumatology. Philadelphia: Lippincott Williams & Wilkins, 2003.
Ruddy, Shaun, et al., eds. Kelley's Textbook of Rheumatology, 6th ed. Philadelphia: Saunders, 2001.
Shiel Jr., William C. "Total Knee Replacement." MedicineNet.com. Apr. 28, 2008. <http://www.medicinenet.com/total_knee_replacement/article.htm>.
Additional resources from WebMD Boots UK on Knee Pain
ဒူးခေါင်းရှိတဲ့နေရာ အဆစ်ကို အင်္ဂလိပ်လိုဆိုရင် Knee Joint လို့ခေါ်ပါတယ် ။ ဒူးခေါင်းကို ယေဘူယျ အပိုင်းလိုက...် ကြည့်မယ်ဆိုရင် Medial , lateral နဲ့ Patellofemoral ဆိုပြီး ခွဲလို့ရပါတယ် ။ တကယ်တော့ ဒူးနာခြင်းကိုဖြစ်စေတဲ့ အချက်တွေထဲမှာ ထိခိုက် ဒါဏ်ရာရခြင်း ၊ ဒူးခေါင်း ပျက်ဆီးခြင်း ၊ ဒူးဆစ် ယောင်ခြင်း ၊ ပိုးဝင်ခြင်းနဲ့ ရှားပါးတဲ့ အရိုးကင်ဆာ စတာတွေကြောင့် ဖြစ်နိုင်ပါတယ် ။

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။