XD
လေယာဉ် တစ်စီးပေါ်မှာ ခရီးသည် ငါးဦးပါလာ ပါတယ်။ နိုင်ငံ ခေါင်းဆောင် လေးဦးနဲ့ ၁၀ နှစ်အရွယ် ကျောင်းသူလေး တစ်ဦး ဖြစ်ပါတယ်။ ကံမကောင်းချင်ေ...တာ့ လေယာဉ်ပျက်ကျမယ့် အခြေအနေကို ကြုံရပြီး လေထီးပါတဲ့ သက်ကယ်အိတ်က လေးလုံး ပဲရှိပါတယ်။
-အမေရိကန် သမ္မတ အိုဘားမား
"ကျနော်က အမေရိကန်နိုင်ငံ သမ္မတ၊ ကမ္ဘာကြီးတစ်ခုလုံးက ကျနော့ကို လိုအပ်နေတယ်။ အခုသေလို့မရသေးဘူး" လို့ စကားဆိုပြီး လေထီးအိတ် တစ်လုံး ဆွဲလို့ ခုန်ဆင်းသွားပါတယ်။
- သြစတေးလျ ဝန်ကြီးချုပ် Julia Gillard
" ကျမက သြစတေးလျ ဝန်ကြီးချုပ်၊ သြစတေးလျနိုင်ငံရဲ့  ပြည်သူ အချစ်တော်ပဲ။ ကျမသေမှာကို မလိုလားကြဘူး။" လို့ စကားဆိုပြီး လေထီး အိတ် တစ်လုံးဆွဲလို့ ခုန်ဆင်းသွားပါတယ်။
- အမေရိကန် အထက်လွတ်တော်အမတ် John Kerry
"ကျနော်က အမေရိကန် အထက်လွတ်တော်အမတ်၊ အမေရိကန် စစ်တပ်ထွက် သူရဲကောင်းတစ်ဦးပဲ" လို့ စကားဆိုပြီး နောက်တစ်လုံးဆွဲလို့ ခုန်ဆင်းသွားပါတယ်။
- အမေရိကန် သမ္မတဟောင်း ဂျော့ဘွတ်ရှ် နဲ့ ၁၀ နှစ်သမီး ကျောင်းသူလေး ပဲ ကျန်ရှိတော့ပါတယ်။ ဘွတ်ရှ်က ကလေးကို အောက်ပါစကားဆိုပါတယ်။
" ဦးက အိုနေပြီ။ တိုင်းပြည်တွက်လည်း လုပ်သင့်တာ လုပ်ပြီးသွားပြီ။ အခုချိန်မှာ အသက်ပေးဆပ်လိုက်လို့ အရှုံးမရှိတော့ပါဘူ။ သမီးလေးပဲ ခုန်ဆင်းတော့"
ဒီတော့ ကလေးမလေးက ယခုလို ပြန်ပြောပါတယ်။
"မဟုတ်ဘူး ဦးဦး သမ္မတဟောင်း။ သမီးတို့ နှစ်ယောက်လုံး လေထီးနဲ့ ခုန်ဆင်းနိုင်ပါတယ်။ ဂျောင်ကာရီ ယူသွားတာ သမီး စာအုပ်ထည့် တဲ့ ကျော်ပိုးအိတ်ကြီး"
--
Ref: funnylol
ရိုးရာလေး ဟာသ
--
www.yoyarlay.com/
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။