အူတက်အောင်ရီရသောဟာသများနဲ့အခြား
မယ်မြသည် ယောက်ကျားဖြစ်သူ အရက် မူးပြန်လာတိုင်း အော်ဟစ်ဆဲဆို၏။ နင်ပဲ ငဆ ပြော၏။ဆူ၏ပူ၏။
ထိုအဖြစ်အပျက်အား ဂရုဏာသက်မိသော အိမ်နီးချင်း အမျိုးသမီးကြီးမှ မယ်မြအား........
" ဒီမှာမယ်မြ ရယ်။ ညည်းအနေနဲ့ ယောက်ကျားကို အော်လား ဟစ်လား ဆဲလား ဆိုလား မလုပ်ရဖူးကွဲ့....
သူ အရက်သောက်တာကို မသိဟန်ဆောင်ပီး ချစ်စရာကောင်းအောင် ညည်းနေပြကြည့်လိုက်ပါလား......
သူ့ အပေါ် ကြင်နာယုယ မှူ တွေ လက်တွေ့ပြလိုက်၊အေး အဲဒီလိုသာ စိတ်ရှည်ရှည်နဲ့ လုပ်ပြသွားရင် တနေ့သူအရက်ပြတ်ပီး လူသစ်ပြန်ဖြစ်လာမှာပါကွယ်...
ကဲ..ကနေ့ည သူမူးပီးပြန်လာရင် ညည်းသူ့ကို အနမ်းမိုးတွေ ကောင်းကောင်းရွာချပေးလိုက်တော့ ..ဟေ့...ကြားလား.."..လို့ အကြံပေးလေသည်။
ထိုည ၌ ယောက်ကျားဖြစ်သူလည်း ထုံးစံအတိုင်း အရက်မူးကာ ယိမ်းထိုးပီး အိမ်ပြန်လာ၏။
မယ်မြ မှ မူလ စီစဉ်ထားသည့်အတိုင်း ဆီးကြို ၍ ......
" မောင် ကျမ ကို နမ်းစမ်းပါဦး မောင်ရယ်....."...ဟု ညုတုတုပြောလိုက်၏။
ထိုအခါ ယောက်ကျားလည်း မိန်းမဖြစ်သူ မယ်မြ အနား သို့ ဒယီးဒယိုင်နှင့် လျှောက်သွားပီး နုတ်ခမ်းကိုနမ်းဖို့ ကြိုးစားလေ၏။
နဖူးကိုသာနမ်းမိ၏။ ထပ်ကြိုးစား၏။ နားရွက်ကို နမ်းမိ၏။နောက်ထပ်နမ်းရန်ကြိုးစာ
စိတ်မလျှော့ပဲ ထပ်မံ ကြိုးစား၏။ပါးကိုနမ်းမိ၏။
ကြာတော့မယ်မြ စိတ်မရှည် ဖြစ်လာကာ နှုတ်ခမ်းကို လက်နဲ့ ထောက်ပြရင်း အော်ပြောလိုက်တာက.....
" ဟဲ့ ငမူး ။ဒီမှာဟဲ့...။ဒီမှာ ။ ပါးစပ် ပေါက်က ။ ဟောဒီ အပေါက်သာ အရက်ဆိုင်အပေါက် ဆိုရင် နင်တန်းမြင်ပီး ၀င်မှာ မှာမဟုတ်လား။သေနာ ငမူး ရဲ့...။"
ဟု ရန်တွေ့ ရင်း မယ်မြသည် ယောက်ကျား ဖြစ်သူအား တွန်းလွှတ်လိုက်လေတော့၏။
တိန်
ရီမောပျော်ရွှင်ပါစေ....
ကိုလုံ
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။