Thet Tun and Zaw Thurein Tun shared James Mint's photo.
ခုခေတ် လူငယ်အများစုဟာ ကြီးပြင်းလာကြရာမှာ သူတို့ရဲ့ အချိန်တွေကို စားသုံးသွားကြတဲ့ အရာတွေထဲမှာ တရားမ၀င်တဲ့ အပြာစာအုပ်တွေကလည်း တစ်ဒေါင့် တစ်နေရာက ပါဝင်ပါတယ်..... လ...ူရယ်လို့ ရှိနေသမျှ ဖိုမ ကိစ္စက ပါတ်သက်နေမှာမို့ ဒီကိစ္စဟာ တားလို့မလွယ်ပါဘူး...... သို့သော် စနစ်ကျဖို့တော့ လိုမယ်ထင်ပါတယ်..... ဘာလို့လည်းဆိုတော့ အချို့သာ လူငယ်အများစုဟာ အဆိုပါ စာအုပ်တွေကို အဖတ်များပြီး သူတို့ အသိစိတ်မှာ အဆိုပါ စာအုပ်ထဲက အကြောင်းအရာတွေ လွှမ်းမိုးကုန်ကြတာပါပဲ.....
အဆိုပါ တရားမ၀င် အပြာစာအုပ်များ အတွင်းမှာပါတဲ့ အကြောင်းအရာ အများစုဟာ အိမ်ထောင်ရေး ဖောက်ပြန်ခြင်း၊ တဏှာသောင်းကြမ်းနေသူများ အပြန်အလှန် နေရာမရှောင် နှစ်ပါးသွားခြင်း အစရှိတာတွေနဲ့ ထုံမွှန်းထားပါတယ်.... အထူးသဖြင့် မိန်းမဆိုသည်မှာ အားနေလျင် လိင်စိတ်သာဝင်နေပြီး အမြဲတန်း လိင်ဆက်ဆံရန် အသင့်ဖြစ်နေသလို ရေးသားထားတဲ့ ဇတ်လမ်းတွေ များပါတယ်..... အဆိုပါ စာအုပ်များကို ရေးသူအနေနဲ့ လျှပ်ပေါ် လော်မာတဲ့ အမျိုးသမီးတွေကို ကြည့်ပီး ရေးခဲ့ကောင်း ရေးခဲ့ပေမယ့် အဆိုပါ စာအုပ်တွေရဲ့ ရိုက်ခတ်မှုကတော့ စာဖတ်ကြတဲ့ ဆယ်ကျော်သက် ချာတိတ်တွေမှသည် အချို့သော အသက်ကြီးသူများရဲ့ အသိစိတ်ထဲ ၀င်သွားစေတာကတော့ မိန်းမမှန်သမျှ အကုန်ယားနေတယ်၊ ခံချင်နေတယ် ဆိုတဲ့ အသိပါပဲ..... (ရိုင်းသွားရင်တော့ ဆောရီးပါ မြင်အောင်ရေးမှ မြင်မှာပါ....)
လူငယ်တစ်ချို့တွေနဲ့ စကားပြောကြည့်တယ်၊ အပျိုကြီးတွေဆိုရင် လိုချင်လို့ ရွနေတာ၊ အထာနပ်ရင် အလကား ရတယ်ဗျ..... တစ်ခုလပ်ဆိုလည်း အဲ့ စော်ကြီးက ဆာနေမှာ ဆိုပီး ပြောနေ ဆိုနေ သုံးသပ်နေကြတာ များနေတာကို တွေ့ရပါတယ်..... တစ်ချို့တွေကတော့ အပြောမဟုတ်ဘူး လက်တွေ့အဆင့်ကို တက်လှမ်းလာကြပါတယ်.... အဆင်ပြေသူများရှိသလို၊ အဆင်မပြေလို့ ပြဿနာတွေတက်တာတွေလည်း တတိတိနဲ့ တော်တော်များပါတယ်.....
မိန်းမမှန်သမျှ ဒီလိုပါလား ဆိုတဲ့ စိတ်ဓါတ်ရဲ့ လွှမ်းမိုးမှုဟာ တိုင်းတပါးမှာ ရောက်နေတဲ့ ကိုယ့်မြန်မာနိုင်ငံသား မိန်းကလေးတွေကိုလည်း အချောင်လိုချင်စိတ်နဲ့ အချောင် ကြံလိုနေကြတာကိုလည်း စိတ်မကောင်းဖွယ်ရာ တွေ့ရပါတယ်..... မိမိ စိတ်ထင်နဲ့ မိန်းမတစ်ယောက်ကို သွားပီး ကလိတိတိ ရိတိတိ သွားလုပ်လို့ ဘာမှ ပြဿနာ မတက်ဘူး ထင်နေသူများ၊ မိန်းကလေးဘက်က မကျေနပ်တာနဲ့ Sexual Harrasement ဖြစ်တယ်ဆိုတာ သတိမူကြပုံ မပေါ်ပါဘူး.....
အထူးသဖြင့် တိုင်းပြည်ရဲ့ အနာဂါတ်လို့ သတ်မှတ်ရမယ့် လူငယ်တွေရဲ့ စိတ်ဓါတ်မှာ လိင်မှုကိစ္စနဲ့ ပါတ်သက်လို့ တလွဲထင်မြင် ယူဆနေတာတွေဟာ ပွင့်လင်းမြင်သာမှု မရှိခြင်းများရဲ့ အကျိုးဆက်လည်း ဖြစ်ပါတယ်...... ဒီအတွက် မှားယွင်းနေတဲ့ အဆိုပါ စိတ်ပိုင်းဆိုင်ရာ အတွေးအခေါ်များကို စနစ်တကျ ပြင်ဆင်ဖို့ တစ်ခုခုတော့ စဉ်းစားလုပ်ကိုင်သင့်ပီ မြင်ပါတယ်.... မီးဘေးရှောင် မလောင်ခင် တားသင့်တယ် မြင်ပါတယ်.....

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။