Myawady News
ညီမလေးရေ....
ထက်မြက်တဲ့ အိမ်ထောင်ရှင်မဆိုတာ လင်ယောက်ျားရဲ့ နှလုံးသားကို ရုန်းမထွက်နိုင်အောင် သိမ်းပိုက်ထားနိုင်ရမယ်။ လင်ယောက်ျားက မယားငယ်ရှာတယ်ဆိုရင် အိမ်ထောင်ရှင်မက အပြစ် တစ်ဝက်ရှိတယ်။ သိပ်ချစ်လို့ တစ်ယောက်နဲ့ တစ်ယောက် လက်ထပ်ပေါင်းသင်းပြီးမှ လင်ဖြစ်စေ မယားဖြစ်စေ တစ်ယောက်ယောက်က သစ္စာ ဖောက်ရင် နှစ်ယောက်စလုံးမှာ တာဝန်ရှိတယ်။
...
လင်ယောက်ျားကို လက်ညှိုးထိုးပြီး ခိုင်းစေတာပာာ ညံ့ဖျင်းတဲ့ အိမ်ထောင်ရှင်မပဲ ညီမလေး။ ထက်မြက်တဲ့ အိမ်ထောင်ရှင်မဆိုတာ လင်ယောက်ျားကို တာဝန်ကျေပြီး ပာာကွက်မရှိတဲ့ လင်ကောင်းတစ်ယောက်ဖြစ်အောင် သိမ်းသွင်းနိုင်ရမယ်။
လင်ယောက်ျားရဲ့ အမှားတွေကို အမြဲတမ်းထောက်ပြနေတဲ့ မယားပာာ အိမ်ထောင်ပျက်ဖို့ များတယ် ညီမလေး။ လူဆိုတာ အလုပ်ပိုလုပ်ရင် အမှားကိုလည်း ပိုတွေ့ရတတ်ပါတယ်။ မယားကောင်းဆိုတာ အမှားမထောက်ဘဲ အမှန်ကို သတိပေးရမယ်။
အလုပ်က ပင်ပန်းလာတဲ့ လင်ယောက်ျားကို ရေအေးအေး တစ်ခွက်လောက် ခပ်တိုက်ရတာပာာ အပန်းမကြီးပါဘူး။ ဒါပေမယ့် အဲ့လိုပြုစုတာပာာ လင်ယောက်ျားကို ရုန်းမထွက်နိုင်အောင် ချည်နှောင်တာဆိုတာ မှတ်သားထားစေချင်တယ်။
ညအိပ်ယာဝင်ချိန်မှာ လင်ယောက်ျားကို ၁၀ မိနစ်လောက် နှိပ်ပေးရတာပာာ အပန်းမကြီးပါဘူး။ ဒါကလည်း လင်ယောက်ျားကို ချည်နှောင်တာပါပဲ။ အဲ့ဒီလို နှိပ်မပေးရင် လင်ယောက်ျားပာာ ကျိန်းသေ အနှိပ်ခန်းကို သွားလိမ့်မယ်။ လင်ယောက်ျားက အနှိပ်ခန်းသွားတာပာာ မယားရဲ့ တာဝန်အများကြီးရှိတယ်။ လင်လုပ်တဲ့လူကလည်း မယားအပေါ်မှာသစ္စာရှိသင့်တယ်။ ဒါမှ ယောက်ျားကောင်းပါ။
မယားဝတ်တရား၅ပါးကျေပွန်ရုံဆိုရင
လင်ယောက်ျားရဲ့ နှလုံးသားကို နည်းမျိုးစုံနဲ့ ထိန်းချုပ်ဖို့လည်း လိုအပ်တယ်။ လင်ယောက်ျားကို အမြဲတမ်း နားလည်ပေးရမယ်။ အမြဲတမ်း သံသယမျက်လုံးနဲ့ သ၀င်မတိုရဘူး။ ဒါပေမယ့် လင်ယောက်ျားကတော့ သ၀င်တိုပိုင်ခွင့်ရှိတယ်။
လင်ယောက်ျားကို မလိမ်ညာရဘူး။ အလိမ်ပေါ်သွားရင် တစ်သက်လုံး သံသယ ၀င်နေတတ်တယ်။ တစ်ယောက်နဲ့တစ်ယောက် နားလည်ပေးပြီး မရိုးအီနိုင်တဲ့ အချစ်ဇာတ်လမ်းတွေ ဖန်တည်းပေးပြီး လင်ယောက်ျားကို ထာဝရ သိမ်းပိုက်ထားရမယ် ညီမလေး။
နောက်မှ ဆက်ပြောပါ့မယ်။
အားလုံးကို ခင်မင် လေးစားလျက်
ပြည်ငြိမ်း
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။