Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Monday, January 14, 2013

လီကွမ်းယူနဲ့ အစ္စလာမ် ဘာသာ (အင်တာဗျူး)

Lay Lay Ko shared ဘင်္ဂလီကျူးကျော်သူများကို တားဆီးဆန့်ကျင်တိုက်ဖျက်ရေး အဖွဲ့'s photo.
လီကွမ်းယူနဲ့ အစ္စလာမ် ဘာသာ (အင်တာဗျူး)
မေး ။     ။ မစ္စတာလီရဲ့ လူမျိုးပေါင်းစုံ စုပေါင်းညီညွတ်စွာ နေထိုင်ရေးမူဝါဒဟာ (၄၅) နှစ်အတွင်း ဖွံ့ဖြိုးတိုးတက်လာတဲ့ စင်ကာပူရဲ့ အခြေခံအုတ်မြစ်ပါပဲ။ စင်ကာပူရဲ့ လွတ်လပ်ရေးရတဲ့နေ့ ၁၉၆၅- ခု၊ သြဂုတ်လ ၉ ရက်နေ့က ပြောခဲ့တဲ့မိန့်ခွန်းထဲမှာ စင်ကာပူဟာ မလေးရှားမဟုတ်၊ ချိုင်းနား (တရုတ်) မဟုတ်၊ အိန္ဒိယမဟုတ်လို့ ကြေငြာအသိပေးခဲ့တယ်နော်။ နောက်ကို ပြန်လှည့်ကြည့်ရင် ဒီလမ်းစဉ်ပေါ်မှာ အောင်မြင်မှုရအောင် ဘယ်လိုအစချီခဲ့ရသလဲဆိုတာ ပြောပြပေးပါလား။

ဖြေ ။    ။ မွတ်ဆလင်အဖွဲ့အစည်းတွေနဲ့ အတိုက်အခံမဖြစ်ချင်ပေမယ့် ပွင့်ပွင့်လင်းလင်းပဲ ပြောခဲ့ရတယ်။ အစ်စလမ်တွေ မများလာခင်အထိ ငါတို့နိုင်ငံဟာ အေးအေးချမ်းချမ်းပဲ တိုးတက်လာခဲ့တယ်။ ဘာကြောင့်များလဲလို့ ငါ့အမြင်ကိုမေးရင်- ဒီပြင်လူတွေက အချင်းချင်းရောနှောလို့ရတယ်။ မိတ်ဆွေဖွဲ့လို့ရတယ်။ အပြန်အလှန် အိမ်ထောင်ပြုလို့ရတယ်။ အိန္ဒိယန်းနဲ့ တရုတ်၊ တရုတ်နဲ့ အိန္ဒိယန်း သူတို့အချင်းချင်း ဆက်ဆံနှီးနှောရတာ ပိုလွယ်တယ်။ မွတ်ဆလင်တွေနဲ့ကျတော့ အဲသလိုမဟုတ်ဘူး။ အဲဒါ အာရပ်နိုင်ငံတွေက မွတ်စလင်တွေကြောင့်ပဲ။

မင်းက မွတ်ဆလင်ကို လက်ထပ်ချင်ရင် မင်းကိုယ်တိုင်လည်း မွတ်ဆလင်လုပ်ရ၊ ဖြစ်ရမယ်။ ဒါကြီးက မွတ်ဆလင်ဘာသာဝင်မဟုတ်သူတစ်ယောက်အတွက် အတော်ခက်တဲ့ ကိစ္စကြီးပဲ။ ဆိုလိုတာက လိုက်(ဖ်) စတိုင်တွေ အကုန်လုံးပြောင်းရတာ။ မင်းဗလီတက်မယ်ဆိုရင် အာရပ်ဘာသာ သင်ရတယ်။ ရွတ်ရ၊ ဖတ်ရတာကလည်း အာရပ်လို။ အစားအစာတောင်မှ အာရပ်ပုံစံ။ ဒါက ကျော်လွှားဖို့ တော်တော်ခက်တဲ့ကိစ္စလို့ ငါမြင်တယ်။

ရာဇာရတနန်ရဲ့ အိုင်ဒီယိုလော်ဂျီကို ငါမွေးစားခဲ့တာ။ ဒီအခက်အခဲက ဆယ်စုနှစ်များစွာကြာတာတောင် ကျော်ဖြတ်နိုင်ဖို့ မလွယ်ကူလှဘူးဆိုတာ ငါကောင်းကောင်း သဘောပေါက်ခဲ့တယ်။ အခုလက်ရှိအဖွဲ့ကို မရရအောင် တဖြည်းဖြည်းချင်း ငါတို့စည်းရုံးယူခဲ့ရတာ။

လက်ရှိအခြေအနေအရ ငါပြောမယ်။ ဘယ်လူမျိုး၊ ဘယ်ဘာသာဝင်မဆို အလွယ်တကူ နှီးနှောနေထိုင်လို့ရတယ်။ အစ်စလမ်ကလွဲရင်။

မေး ။     ။ စင်ကာပူမှာ မွတ်ဆလင်တွေရှိနေတာက စင်ကာပူရဲ့ လူမျိုးပေါင်းစုံ ညီညွတ်စွာနေထိုင်ရေးအတွက် အဟန့်အတားဖြစ်နေတယ်လို့ ဆိုလိုတာလား။

ဖြေ ။    ။ ငါ ဒီလိုမဆိုလိုပါဘူး။ မွတ်ဆလင်တွေကြောင့် လူမှုရေးပြဿနာတွေတက်တာမျိုး မရှိပါဘူး။ သူတို့က သီးသန့်ခပ်ဝေးဝေးက နေတတ်ကြတယ်။

ငါ့ခေတ်တုန်းက ငါနဲ့အတူလက်တွဲပြီးလုပ်ခဲ့ကြတဲ့ Othman Wok တို့ Rahim Ishak တို့ရှိတယ်။ သူတို့ ဘာသာရေးပြဿနာတွေ ဆွဲသွင်းမလာခင်အထိ အေးအေးဆေးဆေးပဲ။ ဘီယာအတူတူသောက်ကြတယ်။ စည်းရုံးရေးတွေ အတူတူဆင်းကြတယ်။ ရွေးကောက်ပွဲ အတူတူဝင်ကြတယ်။ အတူတူစားကြတယ်။

အဲဒီမှာ သူတို့ကမေးတယ် “ ပန်းကန်ပြားက သန့်ရှင်းသလား” တဲ့။ ငါကပြောတယ်။ အားလုံးအတူတူ ဆေးကြောထားတာပဲလို့။ ငါဆိုလိုတာက သူတို့ကစပြီး ခွဲခြားလာတာ။ ငါတို့က ဒါကိုယုံကြည်ကိုးကွယ်တယ်။ မင်းက မယုံကြည်၊ မကိုးကွယ်ဘူး။ ဒါမျိုး။ ရောဂါပိုးမွှားနဲ့ ပတ်သက်ရင်တော့ ဟုတ်ပါတယ်။ သူတို့မေးတဲ့ သန့်ရှင်းသလားဆိုတာက ရောဂါပိုးမွှားကိစ္စကို ပြောတာမဟုတ်ဘူး။ သူတို့ ဘာသာရေးဆိုင်ရာ ဝန်ခံကတိပြုချက်တွေကို ပြောတာ။ ဒါမျိုးတွေက ငါလိုက်လုပ်လို့မရတဲ့ကိစ္စတွေ။

မေး ။     ။ အတူတကွ လက်တွဲသွားကြဖို့ မွတ်ဆလင်တွေဖက်က ဘာတွေလိုက်လျောဖို့လိုမလဲ။

ဖြေ ။    ။ ဘာသာရေး အယူသီးတာတွေကို လျှော့။ “ အိုကေ၊ ငါတို့ အတူတူပဲစားမယ်” ဆိုတာမျိုး ဖြစ်ပါစေပေါ့။

မေး ။     ။ ထမင်းအတူတူမစားဘဲ တခြားပေါင်းစည်းလို့ ရနိုင်တဲ့နည်းတွေ ရှိနေတာပဲ မဟုတ်လား။

ဖြေ ။    ။ မလေးမဟုတ်သူ၊ မွတ်ဆလင်မဟုတ်သူတွေရဲ့ တုန့်ပြန်မှုတွေကို ငါပြောပြမယ်။ ဝန်ကြီးချုပ်တစ်ယောက်အနေနဲ့ အနားယူသွားတဲ့ ဝန်ကြီးတွေအတွက် ဂုဏ်ပြုနှုတ်ဆက်ညစာ ငါကျွေးတယ်။ ဝန်ကြီးဘဝကနေ အနားယူပြီးဖြစ်တဲ့ Othman Wok ကိုလည်း ဖိတ်တယ်။ သူက ငါ့စားပွဲမှာ။ အထူးစီစဉ်ထားတဲ့ စားစရာတွေ သူ့အတွက်လာချတာကို ငါတွေ့လိုက်တယ်။ ဒါနဲ့ ငါက “Othman မင်းက အထူးစီစဉ်ပေးဖို့ မှာထားတာလား” လို့မေးတော့ သူက “ မဟုတ်ပါဘူး” တဲ့။

ဒါနဲ့ ငါက ထမင်းပွဲလာချတဲ့လူကို “မင်းက ဘာကြောင့် သူ့အတွက် အထူးစီစဉ်ပေးတာလဲ၊ သူက ငါစားသလို မစားနိုင်ဘူးလား။ ဒီမှာ ဝက်သားမှ မပါတာပဲ” လို့မေးတယ်။

“ဝန်ကြီးချုပ်ခင်ဗျား၊ မွတ်ဆလင်တွေဟာ မွတ်ဆလင်အစားအစာပဲ စားရပါတယ်။ အဲသလိုမဟုတ်ရင် မကျေမချမ်းဖြစ်စရာတွေ အများကြီးရှိပါတယ်” တဲ့။

မေး ။     ။ သူ့ထမင်းကိုပဲ သူစားတဲ့အတွက် မစ္စတာလီကို အတိုက်အခံလုပ်တယ်လို့ ထင်မိလို့လား။

ဖြေ ။    ။ မထင်ပါဘူး။ ငါခံစားလိုက်ရတာက ကမ္ဘာကြီးက ပြောင်းလဲနေတယ်။ ငါ့သူငယ်ချင်းလည်း ပြောင်းလဲသွားပြီ။ ဆယ်စုနှစ်များစွာ သူနဲ့ငါက မိတ်ဆွေရင်းတွေ။ သူက ၁၉၅၀၊ ၆၀ ၊ ၇၀- ခုတွေမှာ ငါနဲ့အတူတူ လက်တွဲပြီး စည်းရုံးရေးဆင်းလာတဲ့လူ၊ အခု သူပြောင်းလဲသွားပြီ။ ဒါလောက်ပါပဲ။ ကောင်းမကောင်းကို ငါပြောနေတာမဟုတ်ဘူး။ ငါဆိုလိုတာက လူထုရှေ့မှာဆို သူ့မှာ ဖိအားတွေက အများကြီးပဲလို့ပြောတာ။

ငါက Telok Kurau အင်္ဂလိပ်ကျောင်းမှာ တက်ခဲ့တာ။ မလေးသူငယ်ချင်းတွေ အများကြီးရှိခဲ့တယ်။ ရပ်ဖဲ(လ်) ကျောင်းမှာလည်း အတူတူပဲ။ တစ်ချို့မလေးသူငယ်ချင်းတွေက ရပ်ဖဲ(လ်) ကို ဆက်တက်ကြတယ်။ ကျောင်းသားဘဝတစ်လျှောက်လုံး ဒီလိုပဲဖြတ်သန်းလာခဲ့ကြတာပဲ။ မလေးအစားအစာတွေ ငါတို့အတူတူ ကျောင်းဘေးကဆိုင်ကနေ ဒီလိုပဲဝယ်စားလာကြတာ။

အဲဒီတုန်းက ကျောင်းကဖွင့်တဲ့ဆိုင်တွေ မရှိသေးဘူး။ အိမ်ကနေ နှစ်ဆင့်ယူလာပြီး nasi lemak ဝယ်စားကြရတာ။ အဲဒီမှာ ကွေ့တျောင်(Kway teow) ရောင်းတဲ့လူလည်းရှိတယ်။
*** (Nasi lemak- မလေးအစားအစာတစ်မျိုး ၊ Kway teow- တရုတ်အစားအစာတစ်မျိုး)

အခုဆို ကျောင်းတွေ၊ တက္ကသိုလ်တွေကိုသွားကြည့်၊ မွတ်ဆလင်တွေ စားလို့ရတဲ့အသား၊ စားလို့မရတဲ့အသားတွေ ကွဲနေပြီး (halal and non-halal) စားရင်လည်း အတူတူတွဲထိုင်ပြီး မစားကြဘူး။ ဒါတွေကြောင့် လူမှုရေးအကွဲအပြဲတွေ ဖြစ်ကုန်မှာ။ ဒါတွေနဲ့ပတ်သက်လို့ အမှားအမှန်ကို ဝေဖန်နေတာမဟုတ်ဘူး။ ငါဆိုလိုတာက ဘာသာရေးကိုလိုက်နာတယ်ဆိုပေမယ့် ပြန်ပေးရမယ့်ကိစ္စတွေက အများကြီးဖြစ်နေတယ်။ ဒါကြောင့် အစ္စလာမ်ဟာ သီးသန့်ကြီးဖြစ်နေတယ်လို့ ပြောတာ။

မေး ။     ။ နိုင်ငံတော်တည်ဆောက်ရာမှာ တကယ့်အဟန့်အတားကြီး ဖြစ်နေသလား။

ဖြေ ။    ။ SAF ထဲမှာ အစားအစာနှစ်မျိုး စီစဉ်ပေးနေရတယ်။ ဆိုပါတော့၊ စစ်ပွဲကိုထွက်မယ်၊ ထမင်းခွဲပြီးစား၊ ကျည်ဆန်တွေက ဘေးမှာ ပလူပျံ။ ဘယ်လိုလဲ။ တို့ဖြစ်အောင်တော့ ကြည့်စီစဉ်နိုင်ပါတယ်။ အခုပဲ မင်းက မေးခွန်းမေးတယ်။ သီအိုရီဆန်တဲ့ မေးခွန်း။ ငါက လက်တွေ့ဦးဆောင်ခဲ့ရတဲ့ ကောင်။ နောက်လူငယ်ခေါင်းဆောင်တွေဆိုရင် ဒီထက်ကွဲပြားတဲ့ လူမှုရေးတွေကို ဖြေရှင်းကြရဦးမှာ။ ထမင်းနှစ်မျိုး၊ ဘာနှစ်မျိုး၊ ညာနှစ်မျိုး စသဖြင့်ပေါ့။ ဘာတတ်နိုင်မှာတုန်း။ အဲဒါက ဘဝပဲဟာကို။

စင်ကာပူထဲဝင်လာတဲ့ နိုင်ငံခြားသားတွေကိုကြည့်။ မလေးလူမျိုး၊ အင်ဒိုနီးရှားလူမျိုးတွေ သိပ်မရှိဘူး။ သူတို့က စင်ကာပူဟာ အစ္စလာမ်ဘာသာမဟုတ်တဲ့ နိုင်ငံလို့မြင်ထားကြတယ်။ ဒီတော့ အထူးအခွင့်အရေးတွေလည်း မရတော့ဘူးပေါ့။ ဒါနဲ့ တို့က အာရပ်တွေ လာအောင်လုပ်တယ်။ ဒီကောင်တွေက လူချမ်းသာတွေ။ သူတို့ ဒီလိုရောက်လာရင် မလေးမိန်းကလေးတွေကို လက်ထပ်ကြတယ်။ သိပ်တော့ မများလှဘူး။

ဒီတော့ ရလဒ်က အိန္ဒိယန်းတွေက မလေးလူဦးရေကို လိုက်လာနေတယ်။ (၇) ရာခိုင်နှုံးကနေ (၉) ရာခိုင်နှုန်းအထိရှိလာတယ်။ မလေးက (၁၄- ၁၅) ရာခိုင်နှုန်းလာက်ရှိမယ်။
ု
မေး ။     ။ မလေးတွေရဲ့ ကလေးမွေးဖွားနှုန်း ဒီလောက်မြင့်နေတာတောင် စင်ကာပူမှာ အဲသလိုဖြစ်နေသလား။

ဖြေ ။    ။ ဝင်ရောက်နေထိုင်တဲ့ နိုင်ငံခြားသားဦးရေက ကလေးမွေးဖွားနှုံးကို ကျော်တက်နေတယ်။ အရည်အချင်းရှိတဲ့ အိန္ဒိယန်းတွေ တို့ဆီတော်တော်များများ ရောက်လာနေတယ်။ အိန္ဒိယတောင်ပိုင်းက လူငယ်ပညာတတ်တွေ အများကြီးပဲ။ သူတို့က အများအားဖြင့် အဆင့်ရှိတဲ့ တက္ကသိုလ်၊ အင်စတီကျုတွေကနေ ဘွဲ့ရသူတွေချည်းပဲ။ ဒီကိစ္စက အလေးထားကိုင်တွယ်ရမယ့်ကိစ္စတော့ ဖြစ်တာပေါ့။ အားလုံးကို မျှမျှတတ ဆက်ဆံမှရမယ်။

မွတ်ဆလင်တွေရဲ့ ဘာသာရေး၊ သူတို့အစားအစာ၊ သူတို့ ဗလီတွေရဲ့ ဘာသာရေးလုပ်ဆောင်မှုတွေနဲ့ပတ်သက်လို့ ဘာမှ ငါဝင်မစွက်ခဲ့ဘူးပါဘူး။ ကျူရှင်သင်တန်းတွေ ပေးနေကြတာအပါအဝင်ပဲ။

မေး ။     ။ စင်ကာပူက မွတ်ဆလင်နိုင်ငံကြီးတွေ ကြားထဲမှာဆိုတော့ ဒီအချက်ကလည်း အရေးကြီးတာပဲမဟုတ်လား။

ဖြေ ။    ။ ဒေသတွင်းက မွတ်ဆလင်တွေနဲ့ တို့နိုင်ငံရဲ့ မွတ်ဆလင်တွေ ဆက်ဆံရေးက လက်တွေ့ဆန်ပါတယ်။ တွေ့ကြ၊ ဆုံကြ၊ တီဗွီကြည့်ကြ။ ကျောင်းတွေမှာ သူတို့ခေါင်းစွပ်တွေက ပြောစရာကိစ္စတွေဖြစ်နေတယ်။ မလေးရှားရဲတွေတောင် ခေါင်းစွပ်တွေနဲ့ဆိုတော့ သူတို့လည်း စွပ်ရမယ်လို့ပြောကြတယ်။ အင်ဒိုနီးရှားတွေကလည်း တဖြည်းဖြည်းနဲ့ ခေါင်းတွေဖုံးလာကြပြီ။ အကုန်လုံးတော့ မဟုတ်ဘူး။ တစ်ချို့ခေါင်းဆောင်တွေ မလုပ်ကြပါဘူး။

ငါတို့ဘက်ကလည်း ရပ်တည်ချက်က ခိုင်မာမှရမယ်။ ငါကပြောတယ်။ “ ဒါက ကျောင်းဝတ်စုံမဟုတ်ဘူး။ စာသင်ခန်းရှေ့ပိုင်းမှာ နေချင်ရင် ခေါင်းမစွတ်ရဘူး။ နောက်ဖေးမှာဆိုရင်တော့ ခေါင်းစွပ်ဝတ်ချင်ဝတ်” လို့။

အဆင်ပြေအောင်တော့ တတ်နိုင်သ၍ ကြိုးစားကြတာပဲ။ ဒါပေမယ့် လူထုနဲ့ နိုင်ငံခြားသားတွေကိုတော့ တို့ကျောင်းဝတ်စုံက ဒါပဲဆိုတာ သိသွားစေချင်တယ်။ ဒါမျိုးတွေ လာလုပ်လို့မရဘူး။ ဒီမှာ အလုပ်လုပ်မယ်။ ဒါဆိုရင် သူများဝတ်သလိုပဲ ဝတ်၊ သူများလို မဝတ်နိုင်ရင် နောက်ဖေးက ကွန်ပြူတာမှာ သွားလုပ်။ ဟိုတုန်းက မရှိခဲ့ဘူးတဲ့ပြဿနာတွေ အခုဒီမှာ အများကြီးပဲ။

ဘာကြောင့်လဲဆိုတော့၊ ငါတို့က သူတို့အကြောင်းပိုသိနေလို့။
ဟိုးနှစ်ပေါင်းရာချီစဉ်က အစ္စလာမ်ဆိုတာ အာရပ်ကုန်သည်တွေသယ်လာလို့ ဒီကိုရောက်လာတာ။ ဒီရောက်ဖို့ သုံးလေးလကြာကောင်းကြာမယ်။ ဒီရောက်လာပြီးတဲ့နောက် သူတို့အလေ့အကျင့်တွေကို ဟိုမှာထားခဲ့ပြီး ဒီမှာရှိတဲ့လူတွေနဲ့ အတူတူပေါင်းပြီး နေထိုင်လာခဲ့ကြတာ။

မေး ။     ။ အစီအစဉ်တစ်ချို့ကိုတော့ အစိုးရကစပြီး ကျင့်သုံးနေတယ်။ ဆိုပါတော့ HDB တိုက်မှာ လူမျိုးစုအလိုက် ကိုတာခွဲရောင်းပေးတာတို့၊ အဖွဲ့လိုက် မဲဆန္ဒနယ်တွေကို ဆင်းတာတို့ပေါ့။ အနာဂတ်မှာ အကွဲအပြဲတွေ ဖြစ်လာမယ်လို့မြင်မိသလား။ ဘယ်အချိန်လောက်မှာ ဖြစ်နိုင်မလဲ။

ဖြေ ။    ။ လာမယ့် ၁၀ နှစ်၊ အနှစ် ၂၀- ကို ကြိုမပြောတတ်ဘူး။ ဖြစ်မယ်လို့တော့ မထင်ဘူး။ 

လီကွမ်းယု ရဲ့ " Hard Truths ( to keep Singapore going " စာအုပ်) မှ အခန်းတစ်ခန်းဖြစ်ပါတယ်။

မူရင်းလင့်
ကမ်းလက်ဘလော့ဂ်မှ ကူးယူဖော်ပြပါသည်။
http://cammlek.blogspot.co.uk/2012/09/blog-post_19.html#.UF9XFVFVdEw
လီကွမ်းယူနဲ့ အစ္စလာမ် ဘာသာ (အင်တာဗျူး)
မေး ။ ။ မစ္စတာလီရဲ့ လူမျိုးပေါင်းစုံ စုပေါင်းညီညွတ်စွာ နေထိုင်ရေးမူဝါဒဟာ (၄၅) နှစ်အတွင်း ဖွံ့ဖြိုးတိုးတက်လာတဲ့ စင်ကာပူရ...ဲ့ အခြေခံအုတ်မြစ်ပါပဲ။ စင်ကာပူရဲ့ လွတ်လပ်ရေးရတဲ့နေ့ ၁၉၆၅- ခု၊ သြဂုတ်လ ၉ ရက်နေ့က ပြောခဲ့တဲ့မိန့်ခွန်းထဲမှာ စင်ကာပူဟာ မလေးရှားမဟုတ်၊ ချိုင်းနား (တရုတ်) မဟုတ်၊ အိန္ဒိယမဟုတ်လို့ ကြေငြာအသိပေးခဲ့တယ်နော်။ နောက်ကို ပြန်လှည့်ကြည့်ရင် ဒီလမ်းစဉ်ပေါ်မှာ အောင်မြင်မှုရအောင် ဘယ်လိုအစချီခဲ့ရသလဲဆိုတာ ပြောပြပေးပါလား။

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။