18 December 2012 |By 8 Days
အမ်မာဝပ်ဆန် (Emma Watson) ဟာ (၉)နှစ် သမီးအရွယ်က ပထမဆုံး ဟယ်ရီပေါ်တာ
ဇာတ်ကားဖြစ်တဲ့ Harrry Potter and The Sorcerer's Stone မှာ ပါးနပ်ချက်ချာတဲ့ ကလေးမှော် ဆရာ မလေး "ဟာမီးနီးဂရန်းဂျာ" အဖြစ်သရုပ်ဆောင်ကာ နာမည်ရရှိ ခဲ့သူဖြစ်ပါတယ်။ "အဲဒီဝတ္ထုဖတ်ကတည်းက ဟာမီးနီးအဖြစ် သရုပ်ဆောင်ဖို့ ကျွန်မမွေးဖွားခဲ့မှန်းသိခဲ့ပါတယ်"လို့ အမ်မာက ပြောပါတယ်။ ယခုအသက် (၂၂)နှစ်ရှိပြီးဖြစ် တဲ့ အမ်မာဟာ ၁၉၉၉ ခုနှစ်က အရောင်းရဆုံး စာအုပ်စာရင်းဝင် ခဲ့တဲ့စာအုပ် The Perks of Being a Wallflower ကိုမှီငြမ်းပြီး စာရေးဆရာ စတီဖင်ချဘိုးစကီး ကိုယ်တိုင် ဒါရိုက်တာအဖြစ်ရိုက် ကူးတဲ့ဇာတ်ကားမှာ ခေါင်းဆောင် မင်းသမီးအဖြစ်ပါဝင်ထားပါတယ်။
အဲဒီဇာတ်ကားဟာ ပတ်ဝန်းကျင်နဲ့ အဆင်မပြေတဲ့ အထက်တန်း ကျောင်းသူ/ကျောင်းသားအုပ်စု တစ်ခုရဲ့ဇာတ်လမ်းဖြစ်ပြီး အမ်မာ ရဲ့ဇာတ်ကောင်က စိတ်ညစ်နေပေမယ့် ကြင်နာတတ်တဲ့နှလုံးသားရှိ တဲ့ကောင်မလေး ဆမ်(ဆမန်ဘ) ဖြစ်ပါတယ်။" အမ်မာက သိပ်တော်တဲ့ ခေါင်းဆောင် မင်းသမီးလေး တစ်ယောက်ပါပဲ"လို့ ဒါရိုက်တာ ချဘိုးစကီးက ပြောပါတယ်။ ဟယ်ရီပေါ်တာဇာတ် ကားတွဲမှ တခြား သရုပ်ဆောင်တွေက ဇာတ်သိမ်းပိုင်းရုံမတင်ခင်က တည်းက တခြားဇာတ်ကားတွေရိုက် ကူးကြပေမယ့် အမ်မာကတော့ နာမည်ကျော် ဘရောင်းတက္ကသိုလ် သွားပြီး ပညာဆည်းပူးခဲ့ပါတယ်။ (သူဘွဲ့ရဖို့တော့ တစ်နှစ်လိုသေးတယ်) ကျောင်းပိတ်ချိန်မှာတော့ သူက အနုပညာ အသားပေးဇာတ် ကားတချို့ကို လက်ခံရိုက်ကူးခဲ့ရာ ၂၀၁၃ နွေဦးရာသီကျရင် ဆိုဖီယာ ကော်ပိုလာနဲ့ဇာတ်ကား The Bling Ring နဲ့ ဒါရိုက်တာ ဆက်(သ်)ရိုဂင်ရဲ့ The End of the World တို့မှာ သူ့ကိုတွေ့ကြရဦး မှာဖြစ်ပါတယ်။
Bling Ring မှာ အမ်မာက ၂၀ဝ၉ ခုနှစ်က လင်းဆေးလိုဟန်ရဲ့အိမ်ကို ဖောက်ထွင်းတဲ့ ရုပ်သံမင်းသမီး အဲလက်ဇစ်နီး ယား(စ်)အဖြစ် သရုပ်ဆောင်ပါ တယ်။ Burberry နဲ့ Lancome ဖက်ရှင်ကုမ္ပဏီကြီးတွေရဲ့ မော်ဒယ်လ်တစ်ဦးလည်းဖြစ်တဲ့ အမ်မာဟာ လတ်တလောမှာ ဒါရိုက်တာ ဒယ်ရင်အဲရွန်နော့(ဖ်)စကီးရဲ့ သမ္မာကျမ်းစာမှီငြမ်းဇာတ်ကားကြီး Noah ကို ရိုက်ကူးလျက်ရှိပါတယ်။ အမ်မာဟာ မင်းသမီးစဖြစ်ခဲ့ပုံကို မမေ့သေးပါဘူး။ "တစ်နေ့ညက ကျွန်မ ဟယ်ရီပေါ်တာဇာတ်ကား ဟောင်းတစ်ကား ဒီဗွီဒီနဲ့ ပြန်ကြည့် ဖြစ်တယ်။ ကျွန်မလုပ်ခဲ့တာအားလုံး အတွက် ကိုယ့်ဘာသာ အံ့ဩမိ တယ်။ အဲဒါအားလုံးဟာ အိမ်မက် မဟုတ်မှန်းသိရအောင် ကိုယ့်ပေါင် ကိုယ်လှန်ဆိတ်ကြည့်ရတယ်" လို့ သူက ပြောပါတယ်။ အမ်မာကို Elle မဂ္ဂဇင်းက တစ်ဒင်္ဂတွေ့မေးထားပုံ က ဒီလိုပါ....
Q. အောင်မြင်ကျော်ကြား သူဖြစ်ရတာ ညီမအတွက် သက်သောင့်သက်သာ မဖြစ်ဘူးလို့ပြောခဲ့တယ်။ အဲဒါဘာကြောင့်လဲ။ ရှင်းပါဦး။
A. ကျွန်မက အသက် ၂၂ နှစ်အရွယ် သာမန်လူသားမိန်းက လေးတစ်ယောက်ပါ။ ဒါပေမဲ့ လူတွေက ကျွန်မကိုအဲဒီလိုမမြင်ကြဘူး။ ကော်ဇောနီပေါ်က ကျွန်မရဲ့ လှပတဲ့ဂါဝန်ကိုပဲ သူတို့မြင်မယ်။ ဒါမှမဟုတ် ဟယ်ရီပေါ်တာဇာတ် ကားရဲ့ ကြော်ငြာဝါဒဖြန့်မှုကို မြင် ကြမယ်လေ။
Q. ဇာတ်ရုပ်တစ်ရုပ် သရုပ် ဆောင်ခွင့်ရဖို့ ညီမ တိုက်ပွဲဝင်ရ ဖူးသလား။
A. ဟင့်အင်း။ ဒါပေမဲ့ Bling Ring အတွက် မင်းသမီးရွေးပွဲဝင် လျှောက်ပြီး ဒါရိုက်တာ ဆိုဖီယာ ကော်ပိုလာ့ဆီက ဘာမှသတင်းမ ကြားရတာနဲ့ သူ့ဆီကို ကျွန်မအီး မေး(လ်)ပို့တယ်။ အဲဒီဇာတ်ရုပ် အတွက် ကျေးဇူးပြုပြီးကျွန်မကို စဉ်းစားပေးပါလားလို့ ရေးတယ်။ "သမီးကို ရွေးထားပြီးသားပါ"လို့ သူ့ဆီက အီးမေး(လ်)ပြန်လာတယ်။
Q. ညီမ သရုပ်ဆောင်ချင်တဲ့ သီးခြားဇာတ်ရုပ်မျိုးတွေ ရှိသလား။
A. ကျွန်မ သီချင်းဆိုတဲ့ဇာတ် ရုပ်သရုပ်ဆောင်ချင်တယ်။ ဒါပေမဲ့ ကျွန်မအသံက စိတ်ပျက်စရာ ကောင်းမှာပါ။
Q. မိန်းမဇာတ်ရုပ်တွေ ပိုပြီး အမျိုးအမည်ကွဲပြားစုံလင်လာတဲ့ လက်ရှိကာလမှာ ညီမနေရာကောင်း ရထားပြီလို့ထင်သလား။
A. ထင်ပါတယ်။ ဆိုဖီယာက ရှုပ်ထွေးခက်ခဲပြီး စိတ်ဝင်စားစရာကောင်းတဲ့ မိန်းမဇာတ်ရုပ်တွေရေး သားဖန်တီးတတ်လို့ သူ့ဇာတ်ကားမှာ ကျွန်မပါဝင်ခွင့်ရတာ ဂုဏ်ရှိပါ တယ်။Birdesmaids ဇာတ်ကားရယ်၊ လီနာဒန်ဟမ်နဲ့ အမ်မာစတုန်း တို့လိုမင်းသမီးတွေရယ်ကြောင့် ရုပ် ရှင်လောကမှာ အပြောင်းအလဲဖြစ် လာတယ်လို့ထင်တာပဲ။ ကျွန်မတို့ မိန်းမသားတွေဟာ ရယ်စရာကောင်း သူတွေဖြစ်နိုင်တယ်။ နည်းနည်းဒုက္ခ ရောက်သူတွေဖြစ်နိုင်တယ်။ အာဇာနည် ဒါမှမဟုတ် ပြည့်တန်ဆာ ဒါမှမဟုတ် ပါးနပ်ချက်ချာသူ ဒါမှမဟုတ် ဥာဏ်တုံးတဲ့ရွှေရောင်ဆံ ကေသာရှင်မလေး ဖြစ်ရုံသက်သက် နဲ့ မပြီးပါဘူး။

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။