Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Monday, December 3, 2012

မျိုးနွယ်စောင့်ထိန်းခဲ့သော မြန်မာအမျိုးသမီးတို့၏ အားမာန်

 
ကျွန်မတို့မြန်မာအမျိုးသမီးတို့၏ ဖြတ်သန်းကျော်လွှားခဲ့ရသောဘ၀ပုံရိပ် သည်သမိုင်းကဏ္ဍ၀ယ်၊ တစ်မြေတည်းနေ တစ်ရေတည်းသောက်
တစ်ခရီးသွားအမျိုး သားများနှင့် အတူလက်တွဲမဖြုတ်စတမ်း ပူးပေါင်းပါဝင်ခဲ့ကြသည်။

...

အဆိုပါအစဉ်အလာကောင်းများကို စောင့်ထိန်း၍ မြန်မာအမျိုးသမီးတိုင်းရင်း သားမျိုးနွယ်စုများသည်၊ နယ်ချဲ့တော်လှန် ရေးမျက်နှာစာ၊ ဗြိတိသျှသံဖနောင့်
အောက်သူ့ကျွန်ဘ၀မှသည်ဖက်ဆစ်ဂျပန် တော်လှန်ရေးခရီးဝယ်အားနှင့်၊ မာန်နှင့် ကျရာအခန်းကဏ္ဍမှာပါဝင်ခဲ့ကြသည်။

နိုင်ငံပြုအာဇာနည်မေများ၊ မြန်မာ့ ဥယျာဉ်မှူးများအသွင်ဖြင့် လောကကြီးကို အလှဆင်ခဲ့ကြသည်။ သန်း (၆၀) သော လူထုကြီးတစ်ရပ်လုံး၏ဘ၀အတွက်
လူမှုရေးမျက်နှာစာမှစားဝတ်နေရေးအခန်းကဏ္ဍကို တိတိပပတာဝန်ကျေပွန်
ခဲ့ကြသည်။

မြတ်ဗုဒ္ဓလက်ထက်၊ လွန်ခဲ့သော နှစ်ပေါင်းနှစ်ထောင်ကျော်ကာလ၊ အမရာ၊ ကိန္နရီ၊ မဒ်္ဒီ၊ သမ္ဘူလတို့က တော်ဝင်သူမိန်း မမြတ်အဖြစ်သမိုင်းကြေးမုံ၌
ထင်ဟပ်ခဲ့ သည်။

ပျူခေတ်တွင်ဗိဿနိုးဘုရင်မ၊ ဟံသာဝတီမှရှင်စောပုတို့ကနိုင်ငံကိုအုပ်ချုပ်ရေး
ကဏ္ဍ၀ယ်နေရာပေးခံခဲ့ရသည်။ အမျိုးအနွယ်ကိုစောင့်သောရွှေအိမ်စည် သခင်မက ဘာသာခြင်းနှင့် သွေးချင်းနှောမှုကိုကဲ့ရဲ့ရှုတ်ချခဲ့သည်။

ရခိုင်စာဆိုအမျိုး သမီးစောပြည့်ညို၊ မြန်မာဓမ္မသတ်ဖြတ် ထုံးစီရင်ရာတွင် သုဓမ္မစာရီ၊ ပေါက္ကာ ရာမကျစွာမင်း၏ သမီးသံဗျင်မင်းသမီး၊ နန်းတွင်း သူမိဖြူ၊ မိညို၊ ရှင်မင်း၊ မယ်ခွေ၊ ခင်ဆုံ၊ လှိုင်ထိပ်ခေါင်တင်၊ ရဝေရှင်ထွေး၊ မမြလေး၊ ဒေါ်ရီကြိန်၊ ဒေါ်ခင်မျိုးချစ်၊ ဂျာနယ်ကျော်မမလေး၊ လူထုဒေါ်အမာ တို့က ထက်မြက်သောကလောင်ရှင်အဖြစ် စာပေစင်မြင့်ဝယ်ပေါ်လွင်
ထင်ရှားခဲ့သည်။

ဗိုလ်မင်းရောင်၏ တပ်မှယင်းခင်ခင်၊ ၀က်ထီးကန်တိုက်ပွဲမှ ရှမ်းတိုင်းရင်းသူ
လုံမပျိုသုံးဦးတို့၏ ဇာတိသွေးအပြည့်ဖြင့်သွေး ရဲရဲနီခဲ့သည်။ ပုဂံဗိုလ်ချို၏
ဇနီးနှင့် တိုင်းရင်း သူများကမြင်းကိုယ်စီစီးလျက်တိုက်ပွဲအလီလီ
ဆင်နွဲခဲ့ကြသည်။

၁၉၁၉ ခုနှစ်မှ ၁၉၄၈ ခုနှစ်ထိ လွတ်လပ်ရေးကြိုးပမ်းမှုအခန်းကဏ္ဍတွင် တိုင်းပြည်ချစ်စိတ်ပြည့်ဝသောမြန်မာတိုင်း ရင်းသူများက ၀ိုင်အမ်ဘီအေ၊ ဂျီစီဘီအေ၊ တို့ဗမာအစည်းအရုံး၊ ဖဆပလ၊ ကုမ္မာရီ အသင်း၊ အာရှလူငယ်
အသင်း၊ “ဘူး” အသင်း အမျိုးသားဝံသာနုကောင်စီတို့တွင် အတောင်နှစ်ဆယ်
ဝတ်ယောက်ျားများနှင့် ရင်ဘောင်တန်း၍ လွတ်လပ်ရေးကိုအရ ယူခဲ့ကြသည်။

မျက်မှောက်ခေတ်တွင် မြန်မာအမျိုး သမီး၊ တိုင်းရင်းသူများသည်ထက်မြက်
စူးရှသော စွမ်းဆောင်ရည်တို့ဖြင့်၊ အမျိုးသမီး ရေးရာများကို မျက်နှာစာပြု၍
ဆောင်ရွက် ခဲ့ကြသည်။

မြန်မာတိုင်းရင်းသားစကားပုံများ၌ ပါရှိသော မြန်မာအမျိုးသမီးတို့၏ သက်ဝင် လှုပ်ရှားမှုများ ပုံရိပ်များကိုတွေ့မြင်ကြရ သည်။

“သားကောင်းသည် မိခင်မှ အသီး ကောင်းသည် အမြစ်မှ”

“ပုခက်လွှဲသောလက်သည်ကမ္ဘာကို အုပ်စိုးနိုင်သည်။”

“ပန်းကိုလိုချင်လျှင် အပင်ပျိုးတတ်မှ” “ရွှေလက်များ၏ စွမ်းအား”

မြန်မာအမျိုးသမီးတိုင်းရင်းသူများ ၏ စွမ်းဆောင်မှုဂုဏ်ရည်၊ ကမ္ဘာနှင့်အတူ ရင်ဘောင်တန်းနိုင်မှုဂုဏ်ရည်တို့က နေရာဒေသတိုင်း၊ အလုပ်ရုံ၊ စက်ရုံ၊ ဌာန တိုင်း၏မျက်နှာစာဝယ်ပီပြင်ပေါ်လွင်လှပါသည်။

ယခု လွှတ်တော်အဆင့်ဆင့်၏အခန်း ကဏ္ဍ၀ယ်မြန်မာအမျိုးသမီးတိုင်းရင်းသူ
တို့၏ ပူးပေါင်းပါဝင်နေမှု၊ စုပေါင်းဆန္ဒပေးနိုင်မှု၊ ပါဝင်ဆွေးနွေးနိုင်မှု
မြင်ကွင်းများ ကားသတင်းစာ၊ ဂျာနယ်၊ စာနယ်ဇင်း၊ မျက်နှာစာများဝယ်၊ အပြည့်အရေအတွက် ရောအရည်အချင်းပါဂုဏ်ဝင့်ထည်နေကြ ပါပြီ။

ပြည်ထောင်စုကြီးမပြိုကွဲရေး၊ တိုင်း ရင်းသားစည်းရုံးရေးနှင့် လွတ်လပ်ရေး အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေး၊ ဦးတည်ချက်များကို မြန်မာ
အမျိုးသမီး၊ တိုင်းရင်းသူကလေးများက ဦးထိပ်ပန်ဆင် ၍ ရင်ထဲနှလုံးသား
ထဲမှာ အပြည့်အ၀ခံ ယူပြီး၊ ကျရာအခန်းကဏ္ဍတွင်ပါဝင်နေကြ သည်မှာ နေနှင့်လ၊ ရွှေနှင့် မြပမာ၊ ပဏာ ရလှပါဘိ။

ခြေတစ်လှမ်းကုဋေတစ်သန်းတန် အောင်စွမ်းဆောင်နိုင်သော မြန်မာအမျိုး သမီးကလေးများက မိုင်ပေါင်းများစွာကို ကျော်လွှားဖြတ်သန်းလာခဲ့ကြပြီ။ ဆက်လက် ချီတက်ရမည်၊ ရှေ့လမ်းခရီးဒီမိုကရေစီပန်းတိုင်
အရောက်လှမ်းနိုင်ရေးအတွက်တက် စုံရွက်စုံလှော်ခတ်နေကြပါပြီ။

ခါးသီးသောသမိုင်းစာမျက်နှာများကို ထုံးလိုချေ၊ ရေလိုနှောက်ပြီး သမိုင်းကဏ္ဍ သစ်တစ်ရပ်ဖွင့်လှစ်ခါစွမ်းဆောင်ရည် အပြည့်အ၀ဖြင့် ယနေ့လူမှုရေး၊ နိုင်ငံရေး စီးပွားရေး၊ နယ်ပယ်များ၌ လှေခွက်ချည်း ကျန်အလံမလှဲစတမ်း၊ အတက်ကြွဆုံးပါ ၀င်နေကြပါပြီ။

န၀ရတ်ကိုးပါးကျောက်မျက်တို့သည် တန်ဖိုးအလိုက်အဖိုးထိုက်တန်
ကြသည်မှန် သော်လည်း ရွှေနှင့် ရောစပ်အလှချင်း ပေါင်းစပ်ပါမှ ရှိရင်းစွဲထက်တန်ဖိုးပိုတက် လှသွေးယှက်ကာဝင်းလက်လာလိမ့်မည်။
အမိနိုင်ငံတော်၏ ဒီမိုကရေစီလမ်း ကြောင်းသက်တမ်းနှစ်နှစ်ကာလတို့တွင် အဖိုးတန်ကျောက်မျက်ပမာ၊ အရေးပါလှ သည့် မြန်မာအမျိုးသမီး၊ တိုင်းရင်းသူလေး များသည် ကိုယ်ပိုင်အရည်အသွေးစွမ်း ဆောင်မှု
ဂုဏ်ကျက်သရေများဖြင့် လက်ချင်းယှက်ခါကျရာကဏ္ဍတွင်ပါဝင်နေ ကြပါပြီ။

ကျွန်မခေတ်၊ ကျွန်မတို့ကာလ၊ ကျွန်မတို့ အချိန်ကျရောက်သောဒီမိုကရေ စီခေတ်၊ ခေတ်ကောင်းကာလ၊ အများ အသိ၊ အများဆန်္ဒ၊အများအမြင်များကိ
ရှေ့တန်းပို့နေချိန်ဝယ်အသိဉဏ်မဖွံ့ဖြိုး သောလူရိုင်းခေတ်၊ ကျောက်ခေတ်သို့ သမင်လည်ပြန်သွားကြမှာလား။ အ၀တ် မပါမွေးရာပါဖော်ကျူး၊ မိမွေးတိုင်း၊ ဖမွေး တိုင်းလှစ်ဟပြပြီး၊ ဗလာကျင်းနေထိုင်သွားလာမှုကို လက်သီးလက်မောင်းတန်းပြီး ထောက်ခံကြရမှာလား။

သမိုင်းဦးကျောက်ခေတ်က၀တ်စား ဆင်ယင်မှုဖြင့် “ဂလိုဘယ်ခြုံလွာ
အောက် မှာ ပြားပြားဝပ်စင်းပြီး၊ မိမိတို့ မိဘဘိုး ဘွားများစောင့်ထိန်း
ပြုပြင်ပြောင်းလဲခဲ့ကြတဲ့ ယဉ်ကျေးမှုကိုလည်စင်းခံကြတော့မှာ တော့မှာလား။ အထက်တစ်ဝက်၊ အောက်တစ်ဝက်၊ မပေါ့်တပေါ်၊ ခေတ်မီတယ်ဆိုတဲ့
ခေါင်းစဉ်ကြီးတပ်ပြီးဖော်ကျူး မှုတွေကို လူမြင်ကွင်းမှာလှစ်ဟကြတော့ မှာလား။

မျိုးရိုးစောင့်ထိန်းခဲ့သော မြန်မာ အမျိုးသမီးတို့၏အားမာန်ကို တိုင်းတစ်ပါး ယဉ်ကျေးမှု၊ ၀တ်စားဆင်ယင်မှု၊ တေးဂီတ၊ ဇာတ်လမ်းတွဲရှည်များကြားမှာ အရှင် လတ်လတ်ယဉ်ကျေးမှုအသွင်သွေးကြော ကို ဖြတ်တောက်
ခံကြတော့မှာလား။

ကြည်လင်သန့်ရှင်းသောထက်ကောင်း ကင်ပြာ၌ စိန်ရောင်စိန်သွေး
တဖျပ်ဖျပ် ပြေးနေသောကြယ်တာရာအစုအဝေးတို့ သည်သော်တာ
လမင်းကြီးနှင့် အပြိုင်အလှ ချင်း၊ ကျက်သရေချင်း၊ ဂုဏ်ချင်းယှဉ်ပြိုင် ၀င်းလက်နေဘိသကဲ့သို့အမိနိုင်ငံတော်၏ ဒီမိုကရေစီလမ်းကြောင်းပေါ်မှ
ဘ၀ကိုယ် စီ၊ အသိကိုယ်စီ၊ အတွေးကိုယ်စီဖြင့် လျှောက်လှမ်း
နေကြသောပါရမီဖြည့်ဖက်များအဖြစ် တည်ဆောက်ပြုပြင်ရေးမျက်နှာစာကို အလှပန်းများဖြိုးဝေစွာဖြင့် အားဖြည့်နေကြပါပြီ။

ကျွန်မတို့အားလုံး၏လောကအလှ ကြွယ်ဆုံးအချိန်ပါတကား။

Ref: ဇင်မာသင်း
Hot News
Monday, 03 December 2012<Myanmar News online>

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။