Lay Lay Ko shared Spring Flowers's photo.
ဒုတိယကမ္ဘာစစ်ကတည်းက ပျောက်သွားတဲ့ ပန်းချီကားပါ ။ ၂၀၁၀ မှာ ဂျာမနီနိုင်ငံ ဟမ်းဘတ်မြို့နားက လေလံပွဲလေးမှာ ဒီပုံကို ယူရို ၄၄၀၀ လို့ ဈေးခေါ်သတဲ့ ။ ပြီးတော့ ပိုလန်ပန်း...ချီဆရာ Aleksander Gierymski ရဲ့ ပန်းချီ ဖြစ်နိုင်တယ် လို့လည်း ကြေငြာထားတယ် ။
Aleksander Gierymski ဆိုတာက ၁၉ ရာစုက နာမည်ကြီးပန်းချီဆရာပါ ။ သူ့ပန်းချီကားတွေက ပိုလန်ကို နာဇီတွေ သိမ်းတော့ ထုံးစံအတိုင်း အခိုးခံလိုက်ရတယ် ။ ဒီလိုနဲ့ အဲဒီလေလံက ပန်းချီကို သက်ဆိုင်ရာက စုံစမ်းစစ်ဆေးလိုက်တော့ တကယ်ဘဲ Aleksander Gierymski ရဲ့ ပျောက်ဆုံးသွားတဲ့ Jewish woman selling oranges အမည်ရ ပန်းချီကား ဖြစ်နေတယ် ။
ဝါဆောမြို့ကို နာဇီတွေလက်က လွတ်အောင် ပုန်ကန်ကြတဲ့ ၁၉၄၄ ၀ါဆော ပုန်ကန်မှု Warsaw Uprising အပြီးမှာ နာဇီတွေဟာ ဆုတ်ခွာရင်း ရသမျကို ခိုးယူလုယက်ပြီးသကာလ ၀ါဆောမြို့ကို တစ်စစီဖြစ်အောင် လုပ်ခဲ့တယ် ။ ၀ါဆောအမျိုးသားပြတိုက်ထဲမှာ ပြထားတဲ့ ဒီပုံလည်း အဲဒီကတည်းက ပျောက်သွားတော့တာဘဲ ။
အခုပြန်တွေ့တော့ လက်ရှိပိုင်ရှင်က ဂျာမန်လူမျိုးတစ်ယောက် ဖြစ်နေပြီး သူ့အဖွားဆီက အမွေရလိုက်တာပါလို့ ဆိုတယ် ။ သူ့အဖိုးဟာ art collector တစ်ယောက်ဖြစ်ပြီး ဒီပန်းချီကို ၁၉၄၈ ကတည်းက ပိုင်တာလို့ ဆိုတယ် ။
ပိုလန်သက်ဆိုင်ရာနဲ့ အနှီ ဂျာမန်ပိုင်ရှင်ကြားမှာ ညှိနှိုင်းမှုတွေ အလီလီ လုပ်ပြီးနောက် အခုတော့ ဒီပန်းချီကားဟာ ပိုလန် အမျိုးသားပြတိုက်ထဲ ပြန်ရောက်သွားပါပြီ ။
၁၈၈၁ လောက်မှာ ဆွဲတဲ့ ဒီပန်းချီဟာ ထိုခေတ်အခါက ၀ါဆောမြို့ ဆင်းရဲသားရပ်ကွက်က ဂျူးအမျိုးသမီးတစ်ယောက်ကို ပုံဖော်ထားတာပါ ။ အေးခဲနေတဲ့ ဆောင်းရာသီကို အံတုပြီး ထူထဲတဲ့ ခေါင်းပေါင်း ၊ အနွေးအင်္ကျီကို အားကိုးအားထားပြုလို့ လိမ္မော်သီးအရောင်းထွက်လာတဲ့အရွယ်ရင့်ရင့် မိန်းမကြီးဟာ ထိုခေတ်က ဂျူးဆင်းရဲသားတွေရဲ့ ဘ၀ကို ပြောပြနေတယ် ။ အမျိုးသမီးကြီးဟာ ၀ယ်သူစောင့်ရင်း အလကားမနေဘဲ လိမ္မော်သီးခြင်းနှစ်ခြင်းကို ဆွဲထားတဲ့ လက်နဲ့ဘဲ သိုးမွေးထိုးနေပါသေးတယ် ။ ပါးတွေ ချိုင့်နေတဲ့ သူမရဲ့ ညစ်ထေးထေးပုံစံဟာ ဘယ်လောက် လောကံဓံကို အထုအထောင်းခံထားရသလဲဆိုတာ ဖော်ပြနေသလိုပါဘဲ ။
သံလက်ရမ်းကို မသိမသာ မှီထားတဲ့ သူမရဲ့ နောက်မှာတော့ မြူဆိုင်းနေတဲ့ ၀ါဆောမြို့ကို မပီဝိုးတ၀ါး တွေ့မြင်ရပါတယ် ။ အဲဒီမြင်ကွင်းမှာ ၀ါဆောနန်းတော် Casimir Palace မျှော်စင်နဲ့ ဘုရားကျောင်းပုံသဏ္ဍာန် တွေ့ရတာမို့ လက်ရှိ ၀ါဆောတက္ကသိုလ်နားမှာ ဖြစ်နိုင်တယ် လို့ ဆိုတယ် ။
ပုံရဲ့ ဘယ်ဘက်ထောင့်ကို သေချာကြည့်ရင် မူရင်း ပန်းချီဆရာ Aleksander Gierymski ဆိုတဲ့ နာမည်ကို ရေးထိုးထားတာ ခပ်မှုန်မှုန်တွေ့ရပါလိမ့်မယ် ။
၁၉၄၄ လောက်ကတည်း ပျောက်သွားတဲ့ ဒီပန်းချီဟာ ၂၀၁၀ မှာ ပြန်ပေါ်လာပြီး အခု ၂၀၁၂ နိုဝင်ဘာမှာ လိုအပ်တဲ့ ပြုပြင်ထိန်းသိမ်းမှုတွေ လုပ်တာ ပြီးသွားခဲ့ပါပြီ ။ သူ့နေရာဖြစ်တဲ့ ၀ါဆော အမျိုးသားပြတိုက်ထဲမှာ နိုင်ငံတော် အမွေအနှစ်တစ်ခုအနေနဲ့ ပြည်သူရှေ့ကို ပြန်ရောက်လာခဲ့ပါပြီ ။
( တခါတလေတော့လည်း အနုပညာပစ္စည်းတစ်ခုရဲ့ ဘ၀ဟာ ကျမတို့ မသိနိုင်တဲ့ အဖြစ်အပျက်တွေနဲ့ ပြည့်နှက်နေမယ် လို့ စဉ်းစားမိပါရဲ့ ။ ဒီပန်းချီထက် ပိုမိုရှေးကျတဲ့ လောကံဓံကို ပိုမိုရင်ဆိုင်ခဲ့ရတဲ့ အနုပညာပစ္စည်းတွေလည်း ရှိနေပါသေးတယ် ။
သူတို့သာ စကားပြောတတ်မယ်ဆိုရင်.......... ...)
Aleksander Gierymski ဆိုတာက ၁၉ ရာစုက နာမည်ကြီးပန်းချီဆရာပါ ။ သူ့ပန်းချီကားတွေက ပိုလန်ကို နာဇီတွေ သိမ်းတော့ ထုံးစံအတိုင်း အခိုးခံလိုက်ရတယ် ။ ဒီလိုနဲ့ အဲဒီလေလံက ပန်းချီကို သက်ဆိုင်ရာက စုံစမ်းစစ်ဆေးလိုက်တော့ တကယ်ဘဲ Aleksander Gierymski ရဲ့ ပျောက်ဆုံးသွားတဲ့ Jewish woman selling oranges အမည်ရ ပန်းချီကား ဖြစ်နေတယ် ။
ဝါဆောမြို့ကို နာဇီတွေလက်က လွတ်အောင် ပုန်ကန်ကြတဲ့ ၁၉၄၄ ၀ါဆော ပုန်ကန်မှု Warsaw Uprising အပြီးမှာ နာဇီတွေဟာ ဆုတ်ခွာရင်း ရသမျကို ခိုးယူလုယက်ပြီးသကာလ ၀ါဆောမြို့ကို တစ်စစီဖြစ်အောင် လုပ်ခဲ့တယ် ။ ၀ါဆောအမျိုးသားပြတိုက်ထဲမှာ ပြထားတဲ့ ဒီပုံလည်း အဲဒီကတည်းက ပျောက်သွားတော့တာဘဲ ။
အခုပြန်တွေ့တော့ လက်ရှိပိုင်ရှင်က ဂျာမန်လူမျိုးတစ်ယောက် ဖြစ်နေပြီး သူ့အဖွားဆီက အမွေရလိုက်တာပါလို့ ဆိုတယ် ။ သူ့အဖိုးဟာ art collector တစ်ယောက်ဖြစ်ပြီး ဒီပန်းချီကို ၁၉၄၈ ကတည်းက ပိုင်တာလို့ ဆိုတယ် ။
ပိုလန်သက်ဆိုင်ရာနဲ့ အနှီ ဂျာမန်ပိုင်ရှင်ကြားမှာ ညှိနှိုင်းမှုတွေ အလီလီ လုပ်ပြီးနောက် အခုတော့ ဒီပန်းချီကားဟာ ပိုလန် အမျိုးသားပြတိုက်ထဲ ပြန်ရောက်သွားပါပြီ ။
၁၈၈၁ လောက်မှာ ဆွဲတဲ့ ဒီပန်းချီဟာ ထိုခေတ်အခါက ၀ါဆောမြို့ ဆင်းရဲသားရပ်ကွက်က ဂျူးအမျိုးသမီးတစ်ယောက်ကို ပုံဖော်ထားတာပါ ။ အေးခဲနေတဲ့ ဆောင်းရာသီကို အံတုပြီး ထူထဲတဲ့ ခေါင်းပေါင်း ၊ အနွေးအင်္ကျီကို အားကိုးအားထားပြုလို့ လိမ္မော်သီးအရောင်းထွက်လာတဲ့အရွယ
သံလက်ရမ်းကို မသိမသာ မှီထားတဲ့ သူမရဲ့ နောက်မှာတော့ မြူဆိုင်းနေတဲ့ ၀ါဆောမြို့ကို မပီဝိုးတ၀ါး တွေ့မြင်ရပါတယ် ။ အဲဒီမြင်ကွင်းမှာ ၀ါဆောနန်းတော် Casimir Palace မျှော်စင်နဲ့ ဘုရားကျောင်းပုံသဏ္ဍာန် တွေ့ရတာမို့ လက်ရှိ ၀ါဆောတက္ကသိုလ်နားမှာ ဖြစ်နိုင်တယ် လို့ ဆိုတယ် ။
ပုံရဲ့ ဘယ်ဘက်ထောင့်ကို သေချာကြည့်ရင် မူရင်း ပန်းချီဆရာ Aleksander Gierymski ဆိုတဲ့ နာမည်ကို ရေးထိုးထားတာ ခပ်မှုန်မှုန်တွေ့ရပါလိမ့်မယ် ။
၁၉၄၄ လောက်ကတည်း ပျောက်သွားတဲ့ ဒီပန်းချီဟာ ၂၀၁၀ မှာ ပြန်ပေါ်လာပြီး အခု ၂၀၁၂ နိုဝင်ဘာမှာ လိုအပ်တဲ့ ပြုပြင်ထိန်းသိမ်းမှုတွေ လုပ်တာ ပြီးသွားခဲ့ပါပြီ ။ သူ့နေရာဖြစ်တဲ့ ၀ါဆော အမျိုးသားပြတိုက်ထဲမှာ နိုင်ငံတော် အမွေအနှစ်တစ်ခုအနေနဲ့ ပြည်သူရှေ့ကို ပြန်ရောက်လာခဲ့ပါပြီ ။
( တခါတလေတော့လည်း အနုပညာပစ္စည်းတစ်ခုရဲ့ ဘ၀ဟာ ကျမတို့ မသိနိုင်တဲ့ အဖြစ်အပျက်တွေနဲ့ ပြည့်နှက်နေမယ် လို့ စဉ်းစားမိပါရဲ့ ။ ဒီပန်းချီထက် ပိုမိုရှေးကျတဲ့ လောကံဓံကို ပိုမိုရင်ဆိုင်ခဲ့ရတဲ့ အနုပညာပစ္စည်းတွေလည်း ရှိနေပါသေးတယ် ။
သူတို့သာ စကားပြောတတ်မယ်ဆိုရင်..........

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။