14 December 2012 |By Popular News
သရုပ်ဆောင် အပြင် အဆို ဘက်မှာပါ ပရိသတ် အားပေး မှုရရှိနေတဲ့ အနုပညာရှင် ကတော့ နန်းဆုရတီစိုးပဲဖြစ်ပါတယ်။ ကားရိုက်တဲ့အခါမှာလည်း ပရိသတ်အကြိုက် အတွက်ရော၊ ကိုယ့်အကြိုက်ရောနှစ်ခုစလုံးကိုစဉ်းစားပြီး ရိုက်ဖြစ်နေ တယ်လို့နန်းဆုရတီစိုးက ပြောပါတယ်။
”တိုက်ဆိုင်မှုတစ်ခုပါပဲ။ ကိုယ်လည်း ကိုယ့်အကြိုက် ရိုက်ချင်သလို၊ ပရိသတ် အကြိုက်လည်း ထည့်စဉ်းစားရတယ်။ ကိုယ့်အကြို က်လေး လည်းဖြစ်၊ ပရိသတ် အကြိုက်ေ လးလည်းဖြစ်မယ့် ကားမျိုးဆိုရင် နန်းဆု ရိုက်ဖြစ်ပါတယ်။ နန်းဆုမှာတခြားလုပ်စရာ အလုပ်လေးတွေလည်း ရှိတယ်။ အဆိုကိစ္စ ရော၊ အိမ်ကစီး ပွားရေး ကိစ္စ လည်း ရှိတယ်ဆို တော့ နန်းဆု တတ်နိုင်သ လောုက် တော့ ကြိုးစားပြီး ရိုက်တယ်”လို့ နန်းဆုရတီစိုး က ပြောပါတယ်။သရုပ်ဆောင် ဘက်ရော၊ အဆိုဘက်ပါအချိန် မျှ ပြီး လုပ် ဖြစ်နေတဲ့ နန်းဆုရတီစိုးကနောက်ပိုင်းမှာ ပရိသတ်တွေ အနေနဲ့ ဘယ်ဘက်မှာ ပိုပြီးမြင်တွေ့နိုင်မလဲဆို တာကို မေးကြည့်တော့. “အဲဒါ ကတော့ ကံအပေါ်မှာလည်း မူတည် သလို၊ ပရိသတ်အားပေးမှု အပေါ်မှာ လည်း မူတည် ပါတယ်။ သရုပ်ဆောင် ဘက်မှာလည်း နန်းဆုကြိုးစား သလောက် ပရိသတ်အားပေးမှုမြင်ပါတယ်။ အဆို ဘက်မှာလည်း နယ်ရှိုးတွေကို နန်းဆုဆိုဖြစ်နေပါတယ်။
သရုပ်ဆောင် ဘက်မှာက ပရိသတ် နဲ့တိုက်ရိုက်ထိတွေ့မှုသိပ်မရှိဘူး။ အဆိုဘက်မှာက ပရိသတ်နဲ့တိုက်ရိုက် ထိတွေ့မှု ရှိ တယ်။ သရုပ်ဆောင်ဘက်မှာကျတော့ သီချင်းဆိုတဲ့ အခါမျိုးမှ ပရိသတ်တွေဆီက စကားသံပြန်ကြားရတယ်” လို့ပြောပါတယ်။ ဒုတိယ တစ်ကိုယ်တော်စီးရီးကို ပြင်ဆင်နေ ပြီဖြစ် တဲ့နန်း ဆုရတီစိုးက ကိုယ် တိုင်ရေး သီချင်း များမပါသေး ကြောင်း ပြောပါတယ် သီချင်းရေးခိုင်းတဲ့ အခါမှာတချို့ သီ ချင်းတွေကိုလည်း ကိုယ့်ခံစားချက် တွေကို ပြော ပြီး တေးရေးဆရာတွေကို ရေးခိုင်းတတ်ကြောင်း နန်းဆုရတီစိုး က ပြော ပါတယ်။
”Title ကတော့ မစဉ်းစားရ သေးဘူး။ သီချင်း စုစုပေါင်း ၁၂ ပုဒ် လောက်ပါမယ်။ အဲဒီအထဲမှာ အင်္ဂလိပ် သီချင်း၁ပုဒ်ပါမယ်။ အင်္ဂလိပ် သီချင်းကိုကျတော့ ကျော်ထွဋ်ဆွေ ရေးပေးမှာပါ။ အခုလောလော ဆယ် တော့ ၉ ပုဒ်လောက် ပဲရသေးတယ်။ တချို့သီချင်းလေးတွေကျတော့ နန်းဆုလိုချင်တဲ့ ခံစားချက်တွေကို ပြော ပြီးရေးခိုင်းတယ်။ တေးရေးဆရာ တွေနဲ့ တိုင်ပင်တာလည်းရှိသလို၊ သူ့တို စိတ်ကူးနဲ့ လုပ်တာ မျိုးလည်း ရှိပါတယ်”လို့ ပြောတဲ့နန်းဆု ရတီစိုးကို အရင်အခွေ နဲ့ဘာ ကွာခြားမှုတွေ ရှိသွားမလဲ ဆိုတာဆက်မေးတော့. “အရင်အခွေနဲ့တော့ Music ပုံစံတွေ ပြောင်းမယ်။ ဆိုတဲ့ပုံစံတွေ ပြောင်း မယ်။ သေသေချာချာလေးလည်း အဆိုပိုင်းမှာထပ်ပြီးလေ့ကျင့် ထားတယ်။ ကိုယ့်ဘာသာကိုယ် လေ့ကျင့်ပြီး တော့မှ ဒီအခွေကို ဆိုမှာပါ။ နည်းနည်း ကွဲ ပြားမှုလေးတော့ ရှိမယ်။အရှေ့အခွေမှာပါတဲ့ မူလေး တော့ နှစ် ပုဒ်လောက်ပြန်ပါ ထားတယ်။ သဟဇာတဖြစ် အောင်မျှလုပ် ထားတယ်” လို့ ပြောပါတယ်။ ဒုတိယတစ်ကိုယ်တော် အခွေကိုတော့ ဝ၁၃နှစ် ဆန်းပိုင်း လောက်မှာထွက်ရှိမှာ ဖြစ်ကြောင်း ပြောပါတယ်။
ဓာတ်ပုံ-အောင်ဇော်မင်း

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။