ဓာတ်ပုံလေးတွေ ပြန်ကြည့်မိပြီး အမှတ်တရလေးတွေ ပြန်ပြောရမယ် ဆိုရင်တော့၊ အမေနဲ့အတူ ရိုက်ထားတဲ့ ဂါဝန်လေးနဲ့ပုံက အလှူတစ်ခု ကို သွားမလို့ မေမေက မိုင်လေးကို အလှပြင်ပေးနေတဲ့ ဓာတ်ပုံလေး ပါ။ နောက်တစ်ပုံက ခွေးလေးနဲ့ရိုက်ထားတာ။ မိုင်လေးက ခွေးလေး တွေဆို အရမ်းချစ်တတ်တာပဲ။ အိမ်မှာဆို ခွေးလေးတွေ မွေးထားတာ အများကြီးပဲ။ ငယ်ငယ်တုန်းက မိုင်လေးဓာတ်ပုံ သိပ်မရိုက်ချင်ဘူး။ ဘာပဲဖြစ်ဖြစ်လေ ဒီဓာတ်ပုံလေးတွေ ကလည်း မိုင်လေးအတွက် အခုအချိန်မှာ တန်ဖိုးဖြတ်လို့မရတဲ့ အမှတ်တရလေးတွေပါ။ နောက် ဓာတ်ပုံလေးတစ်ပုံက ဖေဖေနဲ့ တွဲရိုက်ထားတာ။ မိုင်လေးနဲ့ ဖေဖေနဲ့ တွဲပြီး ဓာတ်ပုံရိုက်တာ အရမ်းရှားတယ်။ ဒီဓာတ်ပုံလေး ကအဖိုး မဖြတ်နိုင်ဘူး။ ဒါကြောင့် ဖေဖေနဲ့ မိုင်လေးတွဲပြီး ရိုက်ထားတဲ့ပုံလေးကို ပရိသတ်တွေအတွက် အမှတ်တရ ထည့်ပေးတာပါ။ နောက်တစ်ခုက ငယ်ငယ်လေး ကတည်းက သီချင်းကိုအရမ်းကြိုက် တာ။ အဲဒါကြောင့် မိုင်လေးကို ကက်ဆက်ပေါ်မှာ အိုက်တင်လုပ်ခိုင်းပြီး ဓာတ်ပုံရိုက်ကြ တာ။ အဲဒီတုန်းက မရိုက်ချင်ဘဲနဲ့ ရိုက်ခဲ့ရတာ။
အခုပြန်ကြည့်တော့စိတ်ထဲမှာ ကြည်နူးမိတယ်။ မိုင်လေး ငယ်ဘဝ တွေတုန်းက အမှတ်တရတွေ အများကြီးပဲ။ အဲဒီထဲက အမှတ် ရဆုံးကတော့ သူငယ်ချင်းတွေနဲ့ မုန့်ဈေးတန်းမှာ မုန့်လိုက်ပြီးစားကြ တာတွေ၊ ဟိုမုန့်စားလိုက်၊ ဒီမုန့် စားလိုက်နဲ့ အရမ်းပျော်ခဲ့တာပေါ့။ ပြီးတော့ သူငယ်ချင်းတွေ ကိုလည်း အရမ်းသတိရတယ်။ လူတိုင်း အတွက် သူငယ်ချင်းဆိုတာ အရေးပါတဲ့ ကဏ္ဍတစ်ခုကနေ ပါနေပါ တယ်။ မိုင်လေးအတွက်တော့၊ ငယ်ဘဝက အမှတ်ရစရာတွေ အပြည့်နဲ့ ပန်းချီကားတစ်ချပ်လိုပါပဲ။ ဓာတ်ပုံ လေးတွေကို မိုင်လေး ငယ်ငယ်တုန်းက သိမ်းထားလေ့မရှိပေမယ့် မေမေကတော့ အမြဲ သိမ်းဆည်း ပေးထားတတ်တယ်။ မိုင်လေး အနုပညာရှင် တစ်ယောက်ဖြစ်လာတဲ့ အခါကျတော့ ဓာတ်ပုံတွေက အရမ်း အဖိုးတန်မှန်း နားလည်ပြီး မပျောက်ရအောင် ကွန်ပျူတာထဲ မှာသေချာသိမ်းထား ဖြစ်ပါတယ်။
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။