By Aungzaw Win on Saturday, December 1, 2012 at 1:04am
မြန်မာနိုင်ငံထွက်ကော့ပါးပိုင်ရိုက် မှ
ကြေးနီ ထုတ်ခြင်းအတွက် အကြံပြူခြင်း
မုံရွာအနီးဝန်းကျင်ဒေသများတွင် ထွက်ရှိသော
ကြေးနီသတ္တုရိုင်းများသည် သံ၊ကြေးနီ၊ကန့် တို့ပါဝင်သော ကော့ပါးပိုင်ရိုက် အမျိုးအစား
ဖြစ်ပါသည်၊၊ (CuFeS2) ပိုင်ရိုတက်ကနစ် ခေါ် အပူသုံးနည်းစဉ်ထုတ်လုပ်မှု နှင့်
ဟိုက်ဒရိုတက်ကနစ် ခေါ် ရေအခြေပြူတုပ်လုပ်မှု နည်းစဉ်များကိုသုံး၍ ကြေးနီ သတ္တုသန့်ကို
ထုတ်ယူနိုင်ပါသည် ၊၊
ပိုင်ရိုတက်ကနစ် အစား
ဟိုက်ဒရိုတက်ကနစ် ကို သာ ခေတ်မီ နည်းပညာပေါင်း စပ်မှုများ
ပေါင်းစပ်အသုံးပြုကြပါသည်၊၊ ၁၉၈၃၊ ၁၉၈၄ ခု နှစ် များတွင် ရန်ကုန်စက်မှုတက္ကသိုလ်
သတ္တုဗေဒ အင်ဂျင်နီယာဌာန မှ ပိုင်ရိုတက်ကနစ်ကိုသုံး၍ ကော့ပါးမက် ထုတ်လုပ်မှုကို
သုတေသနပြုခဲ့ကြပါသည်၊၊အပူသုံးနည်းစဉ်တွင် ဆာလ်ဖာဒိုင်အောက်ဆိုဒ် ခေါ်
ကန့်ခိုးထွက်ခြင်းဖြစ်၍ ပတ်ဝန်းကျင်ကို ဆိုးဝါးစွာ ထိခိုက်စေနိုင်ပါသည်၊၊အောက်တွင်
အိုင်ဗင်ဟိုးသုံး ခဲ့သော အင်ဇိုင်းအခြေပြူဒြပ်တိုး နည်းစဉ်ကို ဖေါ်ပြထားပါသည်၊၊
SO2 ခေါ် ကန့်ခိုးမထွက်ပါ၊၊
Cu2S + 1/2 O2 + 2 H+ → CuS + Cu2+ + H2O
CuS + 2 O2 → Cu2+ + SO42-
CuS + 8 Fe3+ + 4 H2O → Cu2+ + 8 Fe2+ + SO42- + 8
H+
ရရှိသော ကော့ပါးဆာလ်ဖိတ်ခေါ် ကြေးဒုတ်ထာ များကို
လျပ်စစ်ဓတ်အားသုံး ဖြိုခွဲလျင် သန့်စင်ကြေးနီ နှင့် ဆာလ်ဖြူရစ် အက်စစ်ပျော့
ထွက်လာပါသည်၊၊ နည်းစဉ်တွင် သုံးသော ဆာလ်ဖျူရစ် အက်စစ်နှင့်
အီလက်ထရိုဝင်းနင်းလုပ်ရာမှ ထွက်ပေါ်သော ဆာလ်ဖျူရစ် အက်စစ် ပျော့တို့ ကို လုံးဝ
ယိုစိမ့်မှု မရှိရန် မှာအလွန်ကုန်ကျစားရိတ်ကြီးပါသည်၊၊ အိုဗင်ဟိုးထုတ်လုပ်နေစဉ် ကာလ
ကပင် မုံရွာ ဝန်းကျင် ရေချိုတွင်းများ တွင် အက်စစ်ဓာတ်အနည်းငယ် မြင့်တက်မှု
ရှိကြောင်းကို ကုလသမဂ္ဂမှ ကျွမ်းကျင် ပညာရှင်တစ်ဦးက
တိုင်းထွာတွေ့ရှိကြောင်းသိရပါသည်၊၊ ပတ်ဝန်းကျင် ကို ဆိုးရွာစွာထိခိုက်စေ သော
ဆာလ်ဖြူရစ်အက်စစ် ယိုစိမ့်မှု အတွက် အဖြေကောင်းရှိပါသည်၊၊မြန်မာပြည် အလည်ပိုင်၊
သဲတော ဝမ်းတွင်း၊ပျော်ဘွယ် နှင့်မြင်းခြံ ဒေသ များတွင် ဆပ်ပြာကျင်း ဟုခေါ်သော သဘာဝ
ဆိုဒီယမ် ကာဗွန်နိတ်ဒြပ်ပေါင်းများပျော်ဝင်နေသောရေများ
စိမ့်နေသည့်နေရာများရှိပါသည်၊၊ထို ဒေသ များတွင် ကြေးနီသန့်စင်ထုတ်လုပ်ရေးစက်ရုံကို
ထားရှိလျင် ပတ်ဝန်းကျင် ယိုယွင်းမှုကို ထိန်းသိမ်းနိုင်ပါမည်၊၊အယ်ကာလီ ပေါက်လွန်းနေ၍
မည်သည့် အပင်မှ မပေါက်နိုင်သော ထိုဒေသများ သည် အက်စစ် နှင့် ဓာတ်ပြယ်ပြီး
စိုက်ပျိုးမြေ၊ စားကျက်မြေများဖြစ်ထွန်းလာပါမည်၊၊ ဆိုဒီယမ်ဆာလ်ဖိတ်ဓာတ်ပေါင်းများ
ဖြစ်ပေါ်လာပါမည်၊၊စစ်ကိုင်းတိုင်းရေးခါးအင်းမှ ထွက်ရှိသောဓာတ်ပေါင်းမျိုးဖြစ်ပါသည်၊၊
စက်ကူ နှင့် အထည်လိပ်လုပ်ငန်းများတွင် အသုံးဝင်ပါသည်၊၊နှစ်အနည်းငယ်ကြာလျင် ထိုဒေသ
တွင် ဆိုဒီယမ်ဆာလ်ဖိတ်ထုတ်လုပ်မှု များ လုပ်ကိုင်နိုင်၍ အလုပ်ကိုသစ်များ
ဖြစ်ထွန်းလာပါမည်၊၊အစွန်းထွက်ပြဿနာတစ်ခုမှာ ကာဗွန်ဒိုင်အောက်ဆိုဒ်ထုတ်လွှင့်မှု
ရှိလာခြင်းဖြစ်ပါသည်၊၊သစ်ပင်၊ရေညှိ၊ဗေဒါ များစိုက်ပျိုးခြင်း၊ စက်မှုလုပ်ငန်းသုံး
ကာဘွန်ဒိုင်အောက်ဆိုဒ် စက်ရုံ ဖွင့်လှစ်ခြင်းတို့ဖြင့်ဖြေရှင်းနိုင် ပါသည်၊၊ဤ
နည်းအားဖြင့် ပတ်ဝန်းကျင်ထိခိုက်မှု မှ ပတ်ဝန်းကျင်ပြူပြင်ကောင်းမွန်စေခြင်း အခြေနေ
သို့ ပြောင်းလည်းနိုင်ပါသည်၊၊ လက်ရှိ အကြပ်တည်းများမှ လွတ်မြောက်၍ လူအများ
နှလုံးစိတ်ဝမ်းချမ်းမြေ့ ကြပါစေ၊၊
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။