Lay Lay Ko and May Mon Kyaw shared Ko Nay Myo's photo.
ခေတ်ကိုဆန်ကာ ခေတ်မီပါခင်
★ ခေတ်ဆန်သူလေး ၊ မြင်သူငေးမို့
ဘေးကအကွဲ ၊ ရှေ့နောက်ခွဲကာ
နောက်ခွဲထဘီ ၊ ဂျင်းဘောင်းဘီကျပ်
... ပေါင်ကပ်နေအောင် ၀တ်ကြတယ်....။
★ ပိတုန်းရောင်ကေသာ
ရွှေဝါရောင်လည်း ၊ မည်းရာကမှောင်
ဆေးရောင်စုံဖြစ် ၊ စိမ်းညစ်နီပြာ
တိုထွာထွာမို့ ၊ ဟ၀ှာနဲ့ပဲတူတော့တယ်....။
★ စကတ်တင်ဖုံး ၊ အတိုဆုံးကို
ပေါင်လုံးဖွံ့သန် ၊ ပေါင်တံဖြောင့်စင်း
ပေါင်ရင်းထိကပ် ၊ နေရောင်ဟပ်လို့
မတ်တတ်ကများ ငုံ့လိုက်ရင်
မမြင်ချင်တာ မြင်ရမယ်
မြင်ချင်တာလည်း မြင်ရမယ်.....။
★ ရင်ဟိုက်ဝတ်ကာ ၊ နှစ်မွှာလှစ်ပြ
ဖြူလွှဝါ၀င်း ၊ ရွှေအဆင်းမို့
သက်ပြင်းခိုးချ ၊ မရိုးရွဖြစ်
အပြစ်စကား ၊ ၀တ်သူမှားတော့
ဖျားသွားနိုင်ရဲ့ ကြည့်သူမှာ.......။
★ ခေတ်ဆန်သူရေ.... ခေတ်ကိုဆန်ကာ
တတ်ပညာဖြင့် ၊ စွမ်းရာဝိုင်းကူ
များလူအကျိုး ၊ သယ်ပိုးရွက်ဆောင်
လူ့ဘောင်လောက ၊ လှပစေမည်
ပန်းတွေသီမှ ၊ ခေတ်မီမှာပဲ
စိတ်မှာစွဲလို့ ၊ အမြဲလှမယ်ခင်...။ ။
ဘုန်းဝေ
ပြစ်မှု မဂ္ဂဇင်း မှ....။
(မြန်မာ့ သမီးပျိုများ မြန်မာ့ ယဉ်ကျေးမှု ၊ မြန်မာ့ ၀တ်စားဆင်ယင်မှုကို အမြတ်တနိုး တန်ဖိုးထား၍ နိုင်ငံအကျိုး.. လူမျိုးအကျိုး..ကို တတ်သည့်ပညာဖြင့် ၀ိုင်းကူထမ်းရွက် သယ်ပိုးခြင်းဖြင့် ခေတ်ကို ဆန်တက်ကာ တန်ဖိုးရှိသော သမီးပျိုလေးများဖြစ်ခြင်း ဖြင့် ဂုဏ်ယူနိုင်ကြပါစေ.....)
★ ခေတ်ဆန်သူလေး ၊ မြင်သူငေးမို့
ဘေးကအကွဲ ၊ ရှေ့နောက်ခွဲကာ
နောက်ခွဲထဘီ ၊ ဂျင်းဘောင်းဘီကျပ်
... ပေါင်ကပ်နေအောင် ၀တ်ကြတယ်....။
★ ပိတုန်းရောင်ကေသာ
ရွှေဝါရောင်လည်း ၊ မည်းရာကမှောင်
ဆေးရောင်စုံဖြစ် ၊ စိမ်းညစ်နီပြာ
တိုထွာထွာမို့ ၊ ဟ၀ှာနဲ့ပဲတူတော့တယ်....။
★ စကတ်တင်ဖုံး ၊ အတိုဆုံးကို
ပေါင်လုံးဖွံ့သန် ၊ ပေါင်တံဖြောင့်စင်း
ပေါင်ရင်းထိကပ် ၊ နေရောင်ဟပ်လို့
မတ်တတ်ကများ ငုံ့လိုက်ရင်
မမြင်ချင်တာ မြင်ရမယ်
မြင်ချင်တာလည်း မြင်ရမယ်.....။
★ ရင်ဟိုက်ဝတ်ကာ ၊ နှစ်မွှာလှစ်ပြ
ဖြူလွှဝါ၀င်း ၊ ရွှေအဆင်းမို့
သက်ပြင်းခိုးချ ၊ မရိုးရွဖြစ်
အပြစ်စကား ၊ ၀တ်သူမှားတော့
ဖျားသွားနိုင်ရဲ့ ကြည့်သူမှာ.......။
★ ခေတ်ဆန်သူရေ.... ခေတ်ကိုဆန်ကာ
တတ်ပညာဖြင့် ၊ စွမ်းရာဝိုင်းကူ
များလူအကျိုး ၊ သယ်ပိုးရွက်ဆောင်
လူ့ဘောင်လောက ၊ လှပစေမည်
ပန်းတွေသီမှ ၊ ခေတ်မီမှာပဲ
စိတ်မှာစွဲလို့ ၊ အမြဲလှမယ်ခင်...။ ။
ဘုန်းဝေ
ပြစ်မှု မဂ္ဂဇင်း မှ....။
(မြန်မာ့ သမီးပျိုများ မြန်မာ့ ယဉ်ကျေးမှု ၊ မြန်မာ့ ၀တ်စားဆင်ယင်မှုကို အမြတ်တနိုး တန်ဖိုးထား၍ နိုင်ငံအကျိုး.. လူမျိုးအကျိုး..ကို တတ်သည့်ပညာဖြင့် ၀ိုင်းကူထမ်းရွက် သယ်ပိုးခြင်းဖြင့် ခေတ်ကို ဆန်တက်ကာ တန်ဖိုးရှိသော သမီးပျိုလေးများဖြစ်ခြင်း ဖြင့် ဂုဏ်ယူနိုင်ကြပါစေ.....)

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။