Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Monday, December 3, 2012

အစဉ်အလာ ထုံးစံများကို စိန်ခေါ်ခြင်း (ဂျူး)

By Crown on Thursday, November 15, 2012 at 8:45pm ·


ကျွန်မဟာ ၀တ္ထုတိုသမားကနေ လုံးချင်းဝတ္ထုရှည်ပါ ရေးသူဖြစ်လာခဲ့ပါတယ်။ ဒီတော့ ဘာဖြစ်လာလဲ ဆိုတော့ စာဖတ်သူတွေနဲ့ ဝေဖန်သူတွေက ကျွန်မကို အမျိုးသမီးဝါဒီ (Feminist) လို့ သတ်မှတ်ကြပါတယ်။ အမျိုးသမီး ၀ါဒီဆိုတာ အဆင့်အမျိုးမျိုးနဲ့ အမျိုးအစားတွေ ကွဲပြားနေတော့ ကျွန်မက ဘယ်အဆင့်လည်း ဘယ်လိုအမျိုးသမီးဝါဒီလည်း ဒါကိုတော့ ရှင်းဖို့လိုမှာပေါ့နော်။
ဒါပေမဲ့ ဒါက ကိစ္စမရှိပါဘူး။ ကျွန်မ ဘယ်လိုမှ မဖြေရှင်းတော့ပါဘူး။
ဝန်ခံရမှာ တစ်ခုကတော့ ကျွန်မက အမျိုးသမီး၊ အမျိုးသားဆိုတဲ့ ကွာခြားမှု Gender ကိစ္စနဲ့ ပတ်သက်ရင် နည်းနည်းအမြင်ဆူးရှတယ်လို့ ဆိုနိုင်မလား မသိဘူး။ အမျိုးသမီး၊ အမျိုးသားနဲ့ ပတ်သက်တဲ့ Gender ထုံးစံ သတ်မှတ်ချက်တွေ (Gender Stereotyping) ကို အမြဲပဲ စောင့်ကြည့် သတိထားမိနေဖြစ် တယ်။ ရုပ်မြင်သံကြားကိုပဲ ကြည့်ကြည့် မဂ္ဂဇင်းကိုပဲဖတ်ဖတ် ဆုရွေးချယ်ရေးအဖွဲ့တစ်ခုကိုပဲ ကြည့်ကြည့် ၀န်ကြီးဌာန ၀န်ထမ်းစာရင်းကိုပဲ ကြည့်ကြည့် Gender ထုံးစံ သတ်မှတ်ချက်တွေကို ဖျတ်ခနဲ ချက်ချင်းမြင်တတ်တယ်။ တစ်ခါတလေ စိတ်ကသိကအောက် ဖြစ်ရတယ်။

ဥပမာဆိုပါတော့ ဖက်ရှင်မဂ္ဂဇင်းတွေမှာ အမျိုးသမီးတွေကို ပုံဖော်တဲ့ ဓာတ်ပုံပြကွက်မျိုးနဲ့၊ အမျိုးသားကို ပုံဖော်တဲ့ဓာတ်ပုံပြကွက်မျိုး။ အမျိုးသမီးဆိုရင် အပြင်ပန်းမျက်နှာအလှ၊ ကိုယ်လုံးအလှ မြူဆွယ်တဲ့ အမူအယာမျိုးကိုပဲ ပြတာတွေက များတယ်။ ဆုံးဖြတ်ချက်ချသူ နေရာမျိုး၊ အလုပ်ကြိုးစားတဲ့ ယှဉ်ပြိုင်တဲ့ နေရာမျိုးမှာ သိပ်မတွေ့ရဘူး။ အချစ်ခံ၊ အကြည့်ခံ၊ အယုယခံ တစ်ဆင့်နှိမ့်နေရာမှာ ခဏခဏ ထားတာကို တွေ့ရတယ်။ အမျိုးသားတွေကိုတော့ ဆုံးဖြတ်ချက် ခိုင်မာတဲ့ အနေအထားမျိုး၊ ပညာတတ်တဲ့ အနေအထားမျိုး၊ ကိုယ်စွမ်းဥာဏ်စွမ်းရှိတဲ့ အနေအထားမျိုး၊ ဥာဏ်ရည်မြင့်တဲ့ အနေအထားမျိုးမှာ တွေ့ရတာ များတယ်။ အမျိုးသမီးတွေကိုတော့ ထူးဆန်းတဲ့ အလှပိုင်ရှင်တွေ ဖြစ်အောင် ဘယ်လို အလှပြင်ပစ္စည်းမျိုးကို စွဲစွဲမြဲမြဲ သုံးစွဲတာပါဆိုတာမျိုး ပုံဖော်ကြတယ်။ အသားဖြူခြင်းကိုပဲ ဂုဏ်ယူစရာဖြစ်အောင် အသားညိုနေတာကို မဖြူမညို အသားလတ်နေတာကိုပဲ အားငယ်စရာလို့ ထင်လာအောင် ကြော်ငြာတွေနဲ့ ၀ိုင်းပြီး ဆွဲဆောင်တဲ့အခါ မိန်းကလေးမော်ဒယ်လ်တွေကို မိန်းကလေးငယ်လေးတွေက အားကျ၊ မိန်းမရဲ့ စွမ်းအားအတွက် အရည်ပြား တစ်ထောက်ပေါ်က အလှကိုပဲ အားကိုးချင်စိတ်တွေ ၀င်လာမလားလို့ ကျွန်မ သံသယအတွေး ၀င်မိတယ်။

ထုံးစံသတ်မှတ်ချက်တွေကို ဘယ်လောက်ထိ လိုက်နေကြတုန်းလဲဆိုရင် မီးဖိုချောင်သုံးပစ္စည်း ကြော်ငြာ၊ အ၀တ်လျှော် အိုးခွက် ပန်းကန်ဆေး၊ ဆပ်ပြာ ကြော်ငြာတွေမှာ အဓိက သရုပ်ဆောင်က မိန်းမပဲ ဖြစ်နေတယ်။ အိုမေ့လို့။ အမျိုးသားပါ ပါဝင်တဲ့ မီးဖိုသုံး ပစ္စည်းကြော်ငြာတွေ ရှိပါတယ်။ အဲဒီ သရုပ်ဆောင် အမျိုးသား ချက်ပြုတ်နေလား။ ဝေးပါသေးရဲ့။ စားကောင်းလိုက်တာလို့ အမျိုးသားက ပြောရင် အမျိုးသမီးက ကောင်းမှာပေါ့၊ ဘာ ငရုတ်သီးမှုန့်ကို သုံးထားတာကိုးလို့ ပြောတဲ့အဆင့်မျိုးက များပါတယ်။

မိန်းမတွေဟာ ပါမောက္ခ ပညာရှင်တွေအဖြစ်သာမက အဆင့်မြင့် အုပ်ချုပ်ရေးနစ်ထဲအထိ တစ်စတစ်စ နေရာပြန်ရလာတာကို တွေ့ရပါတယ်။ ဒါကောင်းတဲ့ အလားအလာပါပဲ။ အဲဒီလိုနဲ့ တဖြည်းဖြည်း အစဉ်အလာ သတ်မှတ်ချက်တွေ လျော့နည်း ပျောက်ကွယ်သွားလိမ့်မယ်လို့ မျှော်လင့်ပါတယ်။


ဂျူး
(သရဖူ မဂ္ဂဇင်း၊ NOV Special Issue မှ ကောက်နုတ်ချက်)

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။