Moenge Aung
Time flies like an arrow. Fruit flies like a banana.
Groucho Marx
အချိန်ဟာ မျှားတစ်စင်းပစ်လွှတ်လိုက်သလို အကုန်မြန်တယ်။
စည်းစိမ်ဆိုတာ ငှက်ပျောသီးတစ်လုံးစားလိုက်သလို အပြုန်းမြန်တယ်။
(ဂရောင်ချို မာ့ခ်စ်)
Thou shouldst eat to live; not live to eat.
Socrates
အသက်ရှင်ဖို့ စားတာမျိုးပဲ ဖြစ်သင့်တယ်။
စားဖို့အသက်ရှင်နေတာမျိုး မဖြစ်သင့်ဘူး။
(ဆော့ခရတ္တိ)
faith in fiction is a damnable false hope.
(Thomas Alva Edison)
ယုံကြည်မှုကို ရည်ရွယ်ရင်းအတိုင်း အချက်အလက်တွေပေါ်မှာပဲ
တည်ဆောက်ရမယ်။ လုပ်ယူလို့မရဘူး။ လုပ်ယူထားတဲ့ ယုံကြည်မှုဟာ
အမှားဖြစ်ဖို့ နီးစပ်တယ်။
(ထောမတ်စ် အယ်လ်ဗာ အဲဒိဆန်)
Fortitude is the marshal of thought, the armor of the will, and
the fort of reason.
Francis Bacon (1561-1626)
သတ္တိဆိုတာ တွေးတောကြံစည်မှုရဲ့ အကြီးအချုပ်၊ စိတ်ဆန္ဒရဲ့ ချပ်ဝတ်မိန်ညို၊
ဆင်ခြင်ဉာဏ်ရဲ့ ခံတပ်ပါပဲ။
(ဖရန့်ဆစ်စ် ဘေကွန်)
Better to be without logic than without feeling.
Charlotte Bronte (1816-1855)
ခံစားချက်မရှိခြင်းထက် ယုတ္တိမရှိခြင်းက ပိုကောင်းပါသေးတယ်။
(ရှားလက်တ် ဘရွန့်တီ)
Malice is of the boomerang character,
and is apt to turn upon the projector.
William Makepeace Thackeray (1811-1863)
ရန်ညှိုးဆိုတာ လက်နက်ပျံတစ်ခုလိုပဲ၊
ပစ်တဲ့ ကာယကရှင်ဆီ ပြန်လည်လာတတ်တဲ့ သဘောရှိတယ်။
(၀ီလီယံမိတ်ခ်ပီးစ်သက်ခရေး)
The truth is the kindest thing we can give folks in the end.
Harriet Beecher Stowe (1811-1896)
ကျမတို့ နောက်ဆုံး လူတွေကို ပေးနိုင်တဲ့ အကြင်နာဆုံးအရာကတော့
သစ္စာတရားပါပဲ။
(ဟာရိုက် ဘီချာစတူး)
The words that enlighten the soul are more precious
than jewels.
Hazrat Inayat Khan
စိတ်ကို အသိဉာဏ်ရစေတဲ့စကားလုံးတွေဟာ ရတနာတွေထက်
ပိုတန်ဖိုးရှိတယ်။
(ဟာ့ဇ်ရတ် အိုင်နယတ် ခန်)
Never give up, for that is just the place and time that
the tide will turn.
Harriet Beecher Stowe (1811-1896)
ဘယ်တော့မှ အားမလျှော့နဲ့၊ ကံကြမ္မာပြောင်းလဲမှုဆိုတာ ကာလဒေသအပေါ်မှာလဲ
မူတည်တယ်။
(ဟာရိုက်ဘီချာစတူး)
One of the darkest evils of our world is surely the unteachable
wildness ofthe Good.
H.G. Wells (1866-1946)
ကျွန်တော်တို့ကမ္ဘာလောကထဲရှိ အမိုက်မှောင်ဆုံး မကောင်းမှုတွေအနက်
တစ်ခုကတော့လူကောင်းလူတော်ဆိုသူတွေရဲ့ သင်ကြားလို့မရတဲ့ ရိုင်းစိုင်းမှုပဲ။
(အိပ်ခ်ျ၊ ဂျီ၊ ၀ဲလ်)
Selfishness must always be forgiven you know, because
there is nohope of a cure.
Jane Austen (1775-1817)
အတ္တဆန်မှုဆိုတာ အမြဲတစေ့ခွင့်လွှတ်ရမည့် အရာပဲ၊ ဘာ့ကြောင့်လဲဆိုတော့
ကုရာနတ္ထိ ဆေးမရှိဘူးလေ။
(ဂျိန်းအော်စတင်)
I told the doctor I broke my leg in two places. He told me to
quit going to those places.
(Henny Youngman)
ကျနော့်ခြေထောက်နှစ်နေရာမှာ ကျိုးသွားကြောင်း ဆရာဝန်ကို ကျနော်ပြောပြ
လိုက်တယ်။ ဆရာဝန်က ဘာပြန်ပြောလဲဆိုတော့ အဲဒီနေရာတွေဆီ နောက်မသွားနဲ့တော့ တဲ့။
(ဟဲနီ ယန်းမန်း)
Fashion is a form of ugliness so intolerable that we have to
alter it every six months.
(Oscar Wilde )
ဖက်ရှင်ဆိုတာ ခြောက်လတစ်ကြိမ်ပြောင်းလဲနေရလောက်အောင်ကို
သည်းမခံနိုင်စရာကောင်းတဲ့ အကျီးတန်ပုံစံတစ်မျိုးပဲ။
(အော်စကာဝိုင်း)
A man's mind is wont to tell him more than seven
watchmen sitting in a tower.
Rudyard Kipling (1865-1936)
လူတစ်ယောက်ရဲ့စိတ်ဟာ ကင်းတဲပေါ်က ကင်းစောင့်(၇)ယောက်ထက်
ပိုပြီး ကိုယ့်ကိုယ်ကိုသတိပေးလေ့ရှိတယ်။
(ရ(ဒ်) ယာ့ဒ် ကစ်ပ်လင်)
It is a farce to call any being virtuous whose virtues do not
result from the exercise of its own reason.
Mary Shelley (1797-1851)
ဆင်ခြင်တုံတရားက ရလာတဲ့ ကိုယ်ကျင့်တရားမျိုးမရှိတ
ဲ့ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ကိုကိုယ်ကျင့်တရား ကောင်းတယ်လို့
ခေါ်တာဟာ ပျက်လုံးတစ်ခုပါပဲ။
(မေရီ ရှဲလီ)
Reading makes a full man;
conference a ready man;
and writing an exact man.
(Francis Bacon (1561-1626)
စာဖတ်ခြင်းကြောင့် (အသိဉာဏ်) ပြည့်စုံသူ ဖြစ်ရသည်၊
ဆွေးနွေးခြင်းကြောင့် အဆင်သင့် ဆောင်ရွက်နိုင်သူ ဖြစ်ရသည်၊
စာရေးခြင်းကြောင့် (အချက်အလက်) တိကျသူ ဖြစ်ရသည်။
(ဖရန့်စစ် ဘေကွန်)
Every man has his follies - and often they are the most
interesting thinghe has got.
(Josh Billings)
လူတိုင်းမှာ မိုက်မဲမှုလေးတွေ ကိုယ်စီရှိကြပါတယ်၊
အဲဒီမိုက်မဲမှုလေးတွေဟာ သူတို့ပိုင်ဆိုင်တဲ့အရာတွေထဲမှာ
စိတ်ဝင်စားစရာ အကောင်းဆုံးပဲ။
(ဂျိုရှ် ဘင်လင်းစ်)
To know what you prefer, instead of humbly saying
Amen to what the worldtells you . you ought to prefer,
is to have kept your soul alive.
Robert Louis Stevenson (1850-1894)
သူများက ကြိုက်သင့်တယ်ပြောလို့ လိုက်ပြီးကြိုက်လိုက်ရတာမျိုး
မဟုတ်ပဲနဲ့ ကိုယ်ကိုယ်တိုင်ဘာကြိုက်တယ်ဆိုတာကို သိခြင်းဟာ
ကိုယ့်စိတ်ကို ရှင်သန်တက်ကြွလာအောင် လုပ်ပေးခြင်းပဲ။
(ရောဘတ်လူးဝစ်စတီဗင်ဆန်)
I would prefer even to fail with honor than to win by cheating.
Sophocles (496 BC-406 BC)
ကလိမ်ကကျင့်လုပ်ပြီး အနိုင်ယူရတာထက် သိက္ခာရှိရှိ အရှုံးပေးရတာ
ကို ပိုကြိုက်တယ်။
(ဆိုဖကော်လ်စ်)

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။