Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Friday, December 21, 2012

လှပကျန်းမာဖို့အတွက် အစားအသောက် ဆင်ခြင်နေရသော နန်းသူဇာ

20 December 2012 |By Good Health
Super Model တစ်ယောက် လည်းဖြစ်၊ ကြော်ငြာဘေလ် ဘုတ်တွေ၊ တီဗီကြော်ငြာတွေမှာ လည်း အတော်များများ တွေ့နေရတဲ့ နန်းသူဇာ ကတော့ သီချင်းဆိုတာလည်း ဝါသနာပါတာမို့ သူရဲ့ စီးရီးအတွက် ပြင်ဆင်နေကြောင်း ဆိုပါတယ်။ ဒါကြောင့် အလှအပနဲ့ ကျန်းမာရေး ဆိုင်ရာအတွက် ဂရုစိုက် ဆင်ခြင်ဖြစ်နေတာတွေကို မေးမြန်းခဲ့ပါတယ်။
Q. မိန်းကလေးတစ်ယောက်အတွက် အလှအပက ဘယ်လောက်ထိ အရေးပါသလဲ။

A. အရေးပါတာပေါ့။ မိန်းကလေးတစ်ယောက်က သူရဲ့ Body Structure လှ၊ မလှဆိုတာထက် စိတ်ထားလေးလှပြီး ကိုယ့် ကိုယ်ကိုယ် ယုံကြည်မှုရှိဖို့ လိုတယ်။ နောက်ပြီး တစ်ကိုယ်ရေ သန့်ရှင်းမှုရှိရမယ်။ ကိုယ့်ကိုယ်ကိုယ် ပြင်ဆင်တတ်ရမယ်။ ဒါတွေကလည်း အရေးကြီးတယ်။
Q. နန်းသူဇာကကော အလှအပအတွက် ဘယ်လိုပြုပြင်ထိန်းသိမ်းသလဲ။
A. အစားအသောက်မှားရင် မျက်နှာမှာ အဖုတွေ ထွက်တတ်တယ်လေ။ ဒါ ကြောင့် အစားအသောက်ကို ဆင်ခြင်စားတယ်။ အငန်၊ အစပ်၊ အပူစာတွေ ရှောင်တယ်။ အိပ်ရေးဝ အောင် အိပ်တယ်။Skin Care တွေကိုလည်း ကိုယ်နဲ့တည့်တဲ့ Brand တွေ ရွေးသုံးတယ်။ Skin Care ကတော့ ပုံမှန်ကိုယ့်ဘာသာကိုယ် အိမ်မှာ ပဲ ဂရုစိုက်ပြီးထိန်းတယ်။ ဆိုင်မှာသွားပြီး မျက်နှာပေါင်း တင်တာနည်းတယ်။
Q. ပြည်တွင်းက ခန္ဓာကိုယ်လှပတဲ့ သရုပ်ဆောင်တွေထဲက ဘယ်သူ့ကို အားကျမိသလဲ။
A. နန်းသူဇာက ကိုယ့်ထက် စီနီယာကျတဲ့ သရုပ်ဆောင်တွေကို အားကျတယ်။ အရင်တုန်းကတော့ မအူဝဲပေါ့။ မအူဝဲပြီးတော့ မကစ်၊ ဝတ်မှုံရွှေရည်ပေါ့။ သူတို့ကို သဘောကျတယ်။ ပြည်ပကဆို ဟယ်ရီပေါ်တာထဲက မင်းသမီးအမ်မာဝက်ဘ် ဆန်ကို ကြိုက်တယ်။
Q. နန်းသူဇာရဲ့ မာမားက ဝတော့ နန်းသူဇာကကော ဝမလာအောင် ဘယ်လိုထိန်းသလဲ။
A. ဟိုတစ်လောက ဝလာဖူးပါတယ်။ အရမ်းဝလာလို့ စိတ်ဆင်းရဲခဲ့ ရတယ်။ မာမားကတော့ အရင်တုန်းက မဆင်မခြင် စားခဲ့တာတွေ ရှိတယ်။ အဆီထုတ်မထားတဲ့ နွားနို့တွေ၊ ကယ်လိုရီများတဲ့ အစားအစာတွေ စားတယ်။ ငယ်ငယ်တုန်းကတော့ ဝမလာဘူးလို့ ထင်တာပေါ့။ နောက် လေးဖက်နာရှိတော့ ဆေးကုရတာနဲ့ ကိုယ်အလေးချိန်မထိန်းဖြစ်တာ လည်းပါတယ်လေ။ နန်းသူဇာကိုတော့ ဝမလာအောင် ထိန်းဖို့ အမြဲပြောတယ်။ ဝလာတုန်း ကဆို တစ်ခါတလေ ကိုယ်ဝတ်နေကျ အဝတ်အစားတောင် မတော်တာတွေရှိတယ်။ အဲဒီ အချိန်မှာ ပိန်ချင်စိတ်တွေ ဖြစ်ပြီး အစားလျှော့စားတယ်။ မနက်စာကို ဝအောင် စားတယ်။ ညစာကိုတော့ လျှော့စားလိုက်တယ်။
Q. ဝလာရင် ကျန်းမာရေးလည်း ထိခိုက်နိုင်တယ်ဆိုတာ နန်းသူဇာ လက်ခံလား။
A. ဝတဲ့သူတွေက ကျန်းမာရေးအတွက် မကောင်းဘူးလေ။ ဥပမာ မာမားကိုပဲ ကြည့်၊ မာမားက တစ်ခါ လေဖြန်းဖူးတယ်။ ဒါတွေလည်း ကြောက်ရတယ်။ ပင်ပန်းလွယ်တယ်၊ သွားလာ ရတာကအစ ပေါ့ပေါ့ပါးပါးမရှိလို့ စိတ်အားလည်း ငယ်ရမယ် ထင်တယ်။
Q. နန်းသူဇာကကော အစားအသောက်ကို ဘယ်လိုထိန်းနေသလဲ။
A. အရမ်းစားချင်မှသာ တစ်ခုလောက်ပဲ စားတယ်။ စားချင်တိုင်း အရမ်းမစားဘူး။ အာသာပြေရုံပဲစားတယ်။ အရင်တုန်းက ရှုတင်နောက်ကျရင် အိမ်ရောက်တာနဲ့ အများကြီးစားပစ်လိုက်တာပဲ။ အခုတော့ တစ်ခုခုစားပြီးတိုင်း သုံးနာရီလောက်ခြားပြီးမှ ထပ်စားတယ်။ ညပိုင်းကတော့ မစားဖြစ်အောင် ဂရုစိုက်တယ်။ စက်ပေါ်မှာ လမ်းလျှောက်တယ်။ ခါးကွင်းကတော့ လှည့်တယ်။
Q. အနုပညာအလုပ်လုပ်နေသူတွေအတွက် ကိုယ်အလေးချိန် ထိန်းသိမ်းဖို့ အရေးကြီးလား။
A. အဓိကကတော့ သရုပ်ဆောင်မှ မဟုတ်ဘူး။ မိန်းကလေးတိုင်းအတွက် အရေးပါတယ်။ အဓိကကတော့ ကျန်းမာရေးအတွက်လည်း အရေးပါတယ်။ မော်ဒယ်လေးတွေလို အရမ်း မလှရင်တောင်မှ သူ့နေရာနဲ့သူရှိပြီး ပုံမှန်ကိုယ်အလေးချိန်ဖြစ်နေရင်တော့ ကောင်းပါ တယ်။
Q. နန်းသူဇာ ဘယ်လိုရောဂါတွေဖြစ်ဖူးသလဲ။
A. ထွေထွေထူးထူး ကျန်းမာရေးချူချာတာတော့ မရှိဘူး။ နန်းသူဇာက အစာအိမ်ရော ဂါရှိတယ်၊ လေထတတ်တယ်။ နောက် မျက်စိနာတတ်တယ်။ ဒါက ကိုယ်မဆင်ခြင်လို့ ဖြစ်တာ။ နန်းသူဇာက မျက်ကပ်မှန်တပ်ရတယ်။ ဒါကြောင့် သန့်ရှင်းရေးဂရုစိုက်ရတယ်။ အစာအိမ်အတွက်ကတော့ အဓိကက အစားအသောက်ကို ဂရုစိုက်ရတယ်။ လေစာတွေ ရှောင်တယ်။ ကျန်းမာရေးနဲ့ ညီညွတ်အောင်စားတယ်။ အဓိကကတော့ စိတ်ပါပဲ။ စိတ် သွားတိုင်း ကိုယ်ပါရင် ဘာမဆို ဆောင်ရွက်နိုင်တယ်လေ။

Good Health

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။