03 December 2012 |By 8 Days
ကိုယ့် ပတ်ဝန်းကျင်မှာ အလွယ်တကူ ရရှိနိုင်ပြီး ကုန်ကျ စရိတ်လည်း နည်းပါးတဲ့ သဘာဝ သစ်သီး သစ်ဖု တွေနဲ့ အသားအရေကို ထိန်းသိမ်း နိုင်ဖို့ လမ်းညွှန် ပေးလိုက် ပါတယ်။ 8DAYS ရဲ့ ပျိုမေ တို့လည်း အ သားအရေကို နဂိုရည်စိုပြည်ပြီး လှ ပချင်ရင်တော့ သဘာဝ သစ်သီးတွေ နဲ့ အသားအရေ ထိန်းသိမ်းနည်း တွေကို တင်ဆက် ပေးလိုက် ပါတယ်။
မိုးရဲ့ အသားက အဆီပျံတဲ့ အတွက် အသီးအနှံတွေထဲမှာမှ အာလူးကို အသုံးပြုပြီး မျက်နှာကို ပေါင်းတင်တယ်။ အာလူးက အဆီပျံတဲ့ သူတွေ အတွက် ကောင်း တယ်။ နောက်ပြီး သူက အမည်း စက်တွေလည်းပျောက်စေတယ်။ သခွားသီးလည်းသူ့ဟာနဲ့သူ အကျိုးအာနိသင်ရှိပါတယ်။ ကိုရီးယား ကားတွေ မှာဆိုလည်း ဒီလိုပဲ ပေါင်းတင် နေကြတာပဲ။
သူတို့ဆို မျက်နှာမှာ ကပ်ထားတဲ့ သခွားသီးကိုတောင် စားလိုက်သေးတယ်(ရယ်လျက်) မိန်းကလေးတိုင်းက အလှကြိုက် ကြတယ်။ ဒါကြောင့် ညအိပ်ရာ ဝင်ခါနီး မျက်နှာသစ်ပြီး အသီးအနှံ တွေနဲ့ဆယ့်ငါးမိနစ်လောက် ပေါင်း တင်လိုက်မယ်ဆိုရင် အရေး အကြောင်းတွေလည်းသက်သာမယ်။
တစ်နေ့လုံးမိတ်ကပ်လိမ်းထားတာ တွေ၊ ဖုန်တွေ၊ သဲတွေကင်းသွား အောင် ခဏပဲဖြစ်ဖြစ်လုပ်သင့်တယ် လို့ထင်တယ်။ အချိန်ကုန်တာလည်း သက်သာ သလို ပစ္စည်းကလည်း ရှာစရာ မလိုဘူး ဆိုတော့ အကျိုးရှိတယ်။ မိုးကလည်း မင်းသမီးလုပ် နေတာဆိုတော့ မိတ်ကပ်က အမြဲလိမ်းနေ ရတယ်။ ဒါကြောင့် Skin Care ဆိုလည်းလုပ်ဖြစ်တယ်။
ဆရာဝန်တွေ ပြောသလို တချို့ မိတ်ကပ်တွေက ကြာရှည်စွဲသုံးရင် မကောင်းတာတွေရှိတယ်၊ မိုးတော့ တစ်ခါမှ မဖြစ်ဖူးသေးဘူး။ အဲဒီလို မဖြစ်အောင် လည်း အားတဲ့အချိန် ပဲဖြစ်ဖြစ်၊ တစ်ပတ်ကိုတစ်ခါပဲဖြစ် ဖြစ် အသီးအနှံတွေနဲ့ ပုံမှန်ပေါင်း တင်ပေးတယ်။
အလှကြိုက်တဲ့ မိန်းကလေးတိုင်းကတော့ မျက်နှာ ကို ဂရုစိုက်သင့်တယ်။ အမြဲတမ်း မလုပ်နိုင်ရင်တောင် အားတဲ့အချိန် လေးမှာ မီးဖိုချောင်က အသီးအနှံ တွေကို အသုံးပြုပြီးပေါင်းတင်ရင်းနဲ့ အလှနဲ့ဘဝ ထပ်တူကျကြပါစေ။

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။