Sa Maung shared Aye Chan Mon's photo.
မြန်မာ အမျိုးသမီးများ မြန်မာလို လှစေချင်
ကမ္ဘာ့နိုင်ငံ အသီးသီးတွင် ကိုယ်ပိုင် ယဉ်ကျေးမှု၊ ကိုယ်ပိုင်ရိုးရာ ဝတ်စား ဆင်ယင်မှု၊ လူမျိုးအလိုက် ရိုးရာ ဓလေ့ထုံးတမ်း စဉ်...လာများနှင့် အညီ ဝတ်စား ဆင်ယင် ထုံးဖွဲ့မှုများ ရှိကြသည်။
မြန်မာနိုင်ငံရှိ မြန်မာလူမျိုး တို့သည်လည်း ကိုယ်ပိုင်စာပေ၊ ကိုယ်ပိုင်စကား၊ ကိုယ်ပိုင် ယဉ်ကျေးမှုများ ရှိကြပါသည်။ ထိုသို့သော ကိုယ့်ဘာသာ၊ ကိုယ့်စကား၊ ကိုယ့်စာပေ၊ ကိုယ့်ယဉ်ကျေး မှုကို ထိန်း...သိမ်း စောင့်ရှောက်ကာ ဇာတိပုည ဂုဏ်မာနနှင့် တင့်တင့်တယ်တယ် ဝင့်ဝင့်ထည်ထည် နေထိုင် လာခဲ့သော မြန်မာ လူမျိုးများ ဖြစ်ကြသည်။
ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော်တွင် လူဦးရေသန်း ၆ဝ ကျော်ရှိသည့် အနက် အမျိုးသမီး ဦးရေသည် ထက်ဝက်ကျော် ရှိနေပေသည်။ မြန်မာ အမျိုးသမီး များ၏ ဝတ်စား ဆင်ယင်မှု မှာလည်း ရိုးရာ အစဉ်အလာ ဓလေ့ထုံးတမ်း အရ ယဉ်ကျေး သိမ်မွေ့သူများ ဖြစ်ကြသလို ဝံသာနု ရက္ခိတ တရားနှင့် အညီ အမျိုးကို စောင့်ရှောက်၍ အမျိုးသမီးတို့၏ ဣနြေ္ဒ သိက္ခာကို တန်ဖိုးထား ထိန်းသိမ်း စောင့်ရှောက်သူများ ဖြစ်ကြသည်။ ထို့ကြောင့် ''မိန်းမတို့ ဣနြေ္ဒ ရွှေပေးလို့မရ'' ''ခြေတစ်လှမ်း ကုဋေတစ်သန်း''ဟုပင် တင်စား ပြောဆို ခဲ့ကြသည်။
အမှန်စင်စစ် မှာလည်း မြန်မာ အမျိုးသမီး လေးများသည် ပိတုန်းရောင် ကေသာ၊ မျက်နှာတော် ဝါဝါဝင်းနှင့် ပင်ကိုအဆင်း လှပခြင်းကြောင့် မြန်မာ့ရိုးရာ ဖြစ်သော ထဘီနှင့် အင်္ကျီကို သေသပ် လှပစွာ ဝတ်ဆင် ထားသော အခါ တစ်နည်းအားဖြင့် မန္တလေး ချိပ်ထဘီနှင့် အင်္ကျီလက်ရှည်၊ ကတ္တီပါ ဖိနပ်စီး၊ ပုသိမ် ထီးဆောင်းထား လိုက်သောအခါ လှပကြော့ရှင်း တင့်တယ်ခြင်း များဖြင့် ပြည့်စုံ လှပနေပါသည်။ မြန်မာ့ရိုးရာ ဝတ်စား ဆင်ယင်မှုဖြင့် မြန်မာ အမျိုးသမီးများ၏ အလှသည် လွန်စွာမှ ဣနြေ္ဒသိက္ခာ ရှိလှပါသည်။ ထို့ကြောင့်လည်း မြန်မာ မလေးများ၏ အလှကို မြန်မာများ သာမက နိုင်ငံခြား ဧည့်သည်များ သည်ပင်လျှင် နှစ်သက် သဘောကျကာ မြန်မာပြည်သို့ အလည်ရောက်ခိုက် မြန်မာ့ ပိုးထဘီ၊ ချိပ်ထဘီနှင့် မြန်မာ အမျိုးသမီး ထဘီ၊ အင်္ကျီများကို အမြတ်တနိုး တန်ဖိုးထား ဝယ်ယူ၍ ဂုဏ်ယူဝင့်ကြွား တန်ဖိုးထား ဝတ်ဆင် သွားလာ နေကြသည်ကို ဝမ်းသာပီတိ ဖြစ်ဖွယ်ရာ တွေ့မြင် နေကြ ရပါသည်။ ဤသည်မှာ မြန်မာ တစ်မျိုးသားလုံး အတွက် ဂုဏ်ယူ ဝမ်းမြောက် ဖွယ်ရာပင် ဖြစ်သည်။
အထူးသဖြင့် မြန်မာ အမျိုးသမီး များသည် ရှေးပဝေသဏီ ကပင် ပင်ကိုဗီဇ နူးညံ့ သိမ်မွေ့ခြင်း၊ သနားကြင်နာသော မိခင်စိတ်ထား ရှိတတ်ခြင်း၊ စိတ်ဓာတ် ကြံ့ခိုင်ခြင်း၊ အရှက်သိက္ခာ ဣနြေ္ဒကြီးခြင်း တို့မှာ မွေးရာပါ ထူးခြားသော ဝိသေသ ဗီဇ လက္ခဏာများပင် ဖြစ်ကြသည်။
အရှက်အကြောက် ကြီးတတ်သူများလည်း ဖြစ်သည်။ ထဘီကို ခြေမျက်စိ ဖုံးအောင် ဝတ်ဆင် တတ်ကြသည်။ မတော်တဆ ခြေသလုံး၊ ဒူး၊ ပေါင် ပေါ်သွားသည် ဆိုလျှင်ပင် အရှက်ကြီး ရှက်တတ်သည်။ အရှက်ကို အသက်နှင့် လဲကြသည် အထိ အရှက်ကို တန်ဖိုး ထားကြသဖြင့် မြန်မာ အမျိုးသမီးလေး များ၏ ဝတ်စား ဆင်ယင်မှုမှာ သိမ်မွေ့ နူးညံ့၍ ကျက်သရေ မင်္ဂလာ အဖြာဖြာနှင့် ပြည့်စုံသော ချစ်စရာ ဂုဏ်ယူ ဝင့်ကြွားစရာ ကောင်းလှသော မြန်မာ့ ယဉ်ကျေးမှု ပင်ဖြစ်သည်။
မြန်မာ မိန်းကလေးများ၏ ချိပ်ထဘီ၊ အင်္ကျီ လက်ရှည်နှင့် ကတ္တီပါ ဖိနပ်စီး၍ ခြေတစ်လှမ်း ကုဋေတစ်သန်း ပုံစံမျိုးကို နိုင်ငံခြားသားများက နှစ်သက် သဘောကျလွန်း၍ ဓာတ်ပုံ အကြိမ်ကြိမ် အခါခါ ရိုက်ယူလေ့ ရှိတတ်ကြ သည်ကို စာရေးသူတို့ များစွာ မြင်တွေ့ဖူး ခဲ့ကြပါသည်။ ဂုဏ်လည်း ယူမိ ခဲ့ကြပါသည်။
သို့ဖြစ်၍ မြန်မာ အမျိုးသမီးများကို ကမ္ဘာကပင် အသိအမှတ်ပြု အမြတ်တနိုး တန်ဖိုးထား နေကြချိန်တွင် မြန်မာ အမျိုးသမီးများ အနေဖြင့် နိုင်ငံ့ဂုဏ်၊ လူမျိုးဂုဏ်ကို စောင့်ထိန်း ဖော်ဆောင်နိုင်ရန် မြန်မာ့ရိုးရာ ဝတ်စား ဆင်ယင်မှုဖြင့် မြန်မာ့ယဉ်ကျေးမှုကို မြတ်နိုး ထိန်းသိမ်း စောင့်ရှောက် ကြရမည်ပင် ဖြစ်သည်။
သို့သော်လည်း ယခု မျက်မှောက်ကာလ အချိန်အခါတွင် မြန်မာ့ လူမှု ပတ်ဝန်းကျင်၌ ပြည်ပ ယဉ်ကျေးမှု ဓလေ့စရိုက်များ စီးဝင် ထိုးဖောက် ဝင်ရောက်လျက် ရှိနေရာ မြန်မာ့ ယဉ်ကျေးမှုများ ပျက်ယွင်းစ ပြုလာပြီး ယနေ့ အမျိုးသမီး ငယ်များ၏ ဝတ်စား ဆင်ယင်မှုသည် မြန်မာ့အမြင်၊ မြန်မာ့ လူမှုရေး ဝန်းကျင်တွင် အမြင် မတင့်တယ်သည် အထိ ခေတ်မီဆန်းပြား လော်လည် ဖောက်ပြား လာနေကြမှုကို ဆင်ခြင်သင့်ပြီ ဖြစ်သည်။
ခေတ်မီခြင်းနှင့် သရုပ်ပျက်ခြင်းသည် အနှစ်သာရခြင်း ခြားနား လှပါသည်။ လှလှပပ ဣနြေ္ဒရရ ဝတ်စား ဆင်ယင်ခြင်းသည် ခေတ်နှင့်လည်းညီ၊ ခေတ်လည်း မီပါသည်။ မလုံ့တလုံ ဝတ်စား သွားလာမှ ခေတ်မီသည် ဟူသည့် အတွေးအမြင်မျိုး မထားမိ ကြစေရန် သတိထား ကြရပါမည်။ အရှက်အကြောက် ကင်းမဲ့သော ဝတ်စား ဆင်ယင်မှုကြောင့် မိမိ၏ ဂုဏ်သိက္ခာနှင့် တန်ဖိုးလျော့ကျ စေနိုင်သည်ကို မြန်မာ မိန်းကလေးများ သတိပြု သင့်ကြပေသည်။ ''စိန်ရွှေဆင်၍ မယဉ်၊ ဣနြေ္ဒဆင်မှ ယဉ်သည်'' ''ခြေတစ်လှမ်း ကုဋေတစ်သန်း'' ဟူသော ဆိုစကားသည် မြန်မာ အမျိုးသမီးတို့၏ ယဉ်ကျေး သိမ်မွေ့မှုနှင့် အရှက်အကြောက် တရားကို တန်ဖိုးထားမှု တို့ကို ဖော်ညွှန်း ထားခြင်းပင် ဖြစ်သည်။ ယနေ့ အချိန် အခါသည် ပြည်ပ တိုင်းပြည်များမှ တိုင်းတစ်ပါး ယဉ်ကျေးမှုများ၊ လူနေမှု အကျင့်စရိုက်များ၊ ဝတ်စား ဆင်ယင် ထုံးဖွဲ့မှုများ ထိုးဖောက် ဝင်ရောက် လာနေပေသည်။
မိမိ ယဉ်ကျေးမှု ရိုးရာ ဓလေ့စရိုက်နှင့် မကိုက်ညီ၊ မလိုက်ဖက်၊ မဆီလျော် သော ဓလေ့စရိုက် သရုပ်ပျက် ဝတ်စား ဆင်ယင် ထုံးဖွဲ့မှုများကို အကောင်းထင်ပြီး အတုခိုး မှားကြသည့် အတွက် မလုံ့တလုံ ရင်ဟိုက် ရင်ရှားများ၊ တိုနံ့နံ့ အဝတ်အစားများ၊ ဒူးပေါ် ပေါင်ပေါ် ရုံသာမက ပေါင်ရင်း အထိအောင် ရောက်နေကြပြီ ဖြစ်သော ဘောင်းဘီတို၊ စကတ်ကွဲ အတိုများကို ခုံခုံမင်မင် မြတ်မြတ်နိုးနိုး ဝတ်ဆင်ကြပြီး လူမြင်ကွင်း ပွဲလမ်း သဘင်များသို့ပင် အတင့်ရဲ အရှက်မဲ့စွာ သွားလာနေကြသည် ကိုလည်း တွေ့မြင် နေကြရသည်။ ပို၍ ဆိုးရွား လာသည်မှာ ၂ဝ၁၂ ခုနှစ် ဧပြီလ သင်္ကြန်မဏ္ဍပ် များပေါ်မှ သရုပ်ပျက် အနုပညာ ပြကွက်များပင် ဖြစ်သည်။ ထိုပြရုပ်များသည် ပရိသတ်ကို စော်ကား ရိုင်းစိုင်းသော အပြုအမူ များပင် ဖြစ်သည်။
ယနေ့ လူငယ်များသည် အတုမြင် အတတ်သင် ကြသည်။ အထူးသဖြင့် ရုပ်ရှင် တေးဂီတ အနုပညာရှင် သရုပ်ဆောင်များ၏ ဝတ်ဆင်မှုများကို အတုယူ ကြသည်။ ရုပ်ရှင်၊ ဂီတ၊ အနုပညာရှင် သရုပ်ဆောင်များ ကလည်း ဇာတ်လမ်းအရ သရုပ်ဆောင် ရသည် ဆိုသော်လည်း သာမန် အချိန်တွင် မြန်မာ့ ယဉ်ကျေးမှုနှင့် ဆန့်ကျင်သည့် သရုပ်ပျက် ဝတ်စား ဆင်ယင်မှုကို အထူး ရှောင်ကြဉ် သင့်လှပေသည်။
တစ်ချိန်က မင်းသားဝင်းဦး ခေတ်စားစဉ် မင်းသား ဝင်းဦး ပုံစံမျိုး ဝတ်စား ဆင်ယင် ကြသလို၊ မင်းသားကျော်ဟိန်း ခေတ်စားစဉ် ကလည်း မင်းသားကျော်ဟိန်း အမူအရာ အသွင်အပြင် ဝတ်စား ကြပြန်သည်။ ယနေ့ခေတ်တွင် ဟစ်ဟော့ပ် အဆိုကျော်များ ခေတ်စားစဉ် ကာလ၌ လူငယ်များသည် ဟစ်ဟော့ပ်များ ဖြစ်သွား ကြပြန်သည်။ ထို့ကြောင့် စင်တင် ဖျော်ဖြေသူ အနုပညာရှင် တို့ကလည်း ဆင်ဆင်ခြင်ခြင် ဝတ်စားကပြ အမူအရာ လုပ်ပြသင့် လှပေသည်။ တာဝန် ရှိသူများ ကလည်း ပွဲပါမစ် ပေးစဉ်ကပင် ပွဲစည်းကမ်း များကိုပါ တစ်ပါတည်း ထုတ်ပြန် ပေးထား သင့်ပါသည်။
ယခုအခါ လူငယ်များ အထူးသဖြင့် မိန်းကလေး များသည် နိုင်ငံခြား ဇာတ်လမ်းများကို ကြည့်ပြီး အတုယူ၊ အတတ်သင် လိုက်လုပ်နေကြရာ ဝတ်စား ဆင်ယင်မှု ပျက်ပြားလာကြ၊ အိမ်ထောင်ရေး၊ ချစ်ရေးကြိုက်ရေး၊ ဖိုမ ဆက်ဆံရေးက အစ မြန်မာ့ ယဉ်ကျေးမှုနှင့် သွေဖည် လာကြသည်ကို မြင်တွေ့ နေကြရသည်မှာ စိတ်မကောင်း စရာ ဖြစ်မိပါသည်။
အထူးသဖြင့် မြန်မာ မိန်းကလေး များသည် မိမိယဉ်ကျေးမှု ဓလေ့စရိုက်နှင့် မကိုက်ညီ၊ မလိုက်ဖက်၊ မဆီလျော်သော ဓလေ့စရိုက် သရုပ်ပျက် ဝတ်စား ဆင်ယင်မှုများ ဖြစ်သည့် မလုံ့တလုံ ရင်ဟိုက်ရင်ရှားများ၊ တိုနံ့နံ့ အဝတ် အစားများ၊ ဒူးပေါ် ပေါင်ပေါ်ရုံသာမက ပေါင်ရင်းအထိ ဖော်ပြထားသော ဘောင်းဘီတို၊ စကတ်တို များဖြင့် မောင်နှင့်နှမ၊ သားနှင့် အမိမြင်၍ မတော်သော ဝတ်စား ဆင်ယင်မှုများ၊ ဘီယာဆိုင်တွင် ဘီယာသောက်ခြင်း၊ ယောက်ျားလေး များနှင့် မတော်တရော် ပွေ့ဖက်နမ်းရှုပ် နေမှုများကို ယဉ်ကျေးမှု ရှိသော မြန်မာ မိန်းကလေးများ ပီပီ ဝေးဝေး ရှောင်ကြ စေလိုပါသည်။
မြန်မာ မိန်းကလေးများ အနေဖြင့် မိမိကိုယ် မိမိ တန်ဖိုးထားပါ။ တန်ဖိုး ရှိအောင် နေထိုင်ကြပါ။ ထိုသို့ မဟုတ်ဘဲ မိမိ နေချင်သလို နေမည်။ ဝတ်ချင်သလို၊ ပြောချင် သလို ပြောဆို နေမည်ဆိုလျှင် မြန်မာ တစ်မျိုးသား လုံး၏ ယဉ်ကျေးမှုကို စော်ကားသလို ဖြစ်နေပါမည်။
ထို့ကြောင့် မြန်မာ မိန်းကလေး တစ်ယောက်သည် ဣနြေ္ဒသိက္ခာ ရှိပြီး တန်ဖိုး အနဂ္ဃ ထိုက်တန်သော၊ ဂုဏ်ကျက်သရေ အဖြာဖြာ ရှိသော၊ ဗိုင်းကောင်း ကျောက်ဖိ ယဉ်ကျေး သိမ်မွေ့၍ အများတကာ ကြည်ညိုလေးစား တန်ဖိုး ထားသော မြန်မာ သမီးပျိုလေးများ ဖြစ်အောင် နေထိုင် ပြောဆို ပြုမူကြပါရန် စေတနာ မှန်စွာဖြင့် သတိပေး တိုက်တွန်း ချင်ပါသည်။
မြဝတီဆောင်းပါး
အေးချမ်းမွန်မှ Royal Hero Media တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသ ည်။
Photo From :Royal Hero Media

အေးချမ်းမွန်မှ Royal Hero Media တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသ
Photo From :Royal Hero Media
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။