Thet Ko Oo
အင်တာနက်စွဲလမ်းမှုဟာ ဂိမ်းစွဲလမ်းတာ ၊ မူးယစ်ဆေးစွဲလမ်းတာတွေမျိုးနဲ့
တူပါတယ်။ မထိန်းချုပ်နိုင်တဲ့ စွဲလမ်းမှုမျိုးတွေပါ..။ အင်တာနက်ကို
အလွန်အမင်းသုံးချင်တာက စိတ်ပိုင်းဆိုင်ရာဝေဒနာတစ်ခုရဲ့
... ဖြစ်ပါတယ်..။ အင်တာနက်ကို အလွန်အမင်း သုံးစွဲတာကြောင့် စိတ်ဓါတ်ကျတာ ၊
ပူပန်သောက များတာ၊ အာရုံစူးစိုက်မှုလွန်ကဲတာတွေ ဖြစ်လာနိုင်ပါတယ်။
ဒါကြောင့် အင်တာနက်စွဲလမ်းနေတဲ့ သတိပေးလက္ခဏာ (၉) မျိုးကို တင်ပြပေးလိုက်ပါတယ်။
(၁) အွန်လိုင်းမှာ အချိန်ဖြုန်းနေတာကြောင့်
တာဝန်ယူထားရတဲ့အကြောင်းကိစ္စတွေက
(၂) အလုပ်ထဲမှာ စွမ်းဆောင်ရည်ကျဆင်းလာတာ ၊ အတန်းထဲမှာ အဆင့်ကျဆင်းလာတာ…
(၃) အွန်လိုင်းပေါ်မှာပဲရှိလွန်းလို့
တွေ့ဆုံချိန်နည်းပါးလာတာ..
(၄) အင်တာနက်သုံးနေရရင် လောကကြီးက ပြီးပြည့်စုံတယ်လို့ ထင်နေတာ….
(၅) အင်တာနက် မသုံးရင်တောင် အင်တာနက်အကြောင်းပဲ တစ်ချိန်လုံးတွေးတောနေတာ…
(၆) စိတ်ညစ်တာဖြေဖျောက်ဖို့ နဲ့ ပြဿနာတွေလွတ်မြောက်ဖို့ဆိုတဲ့
ရည်ရွယ်ချက်နဲ့ အင်တာနက်သုံးတာ…
(၇) အင်တာနက်ကို ညဥ့်နက်သည်အထိ သုံးတာကြောင့် အိပ်ရေးပျက်တာ….
(၈) အင်တာနက်သုံးချိန်ကို လျော့ရမယ်ဆိုတာ သိပေမယ့် မကြိုးစားတာ….
(၉) အင်တာနက်မသုံးဘဲ နေတဲ့အခါ စိတ်လက်မကြည်မသာဖြစ်တာ……
အင်တာနက်သုံးတာကြောင့် နေ့စဉ်ဘ၀မှာ ပြင်းထန်ဆိုးဝါးတဲ့ ပြဿနာတွေ ဖြစ်ရင်
စိတ်ပိုင်းဆိုင်ရာ အကြံပေးသူတစ်ဦးဦး နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။
Ref : Good Health (No.374)Posted by အိမ့်(သိုးမဲလေး)

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။