၁။ ငါကိုယ်ငါ လေးစားမှု့ ရှိနေသေးသ၍ သူများဘယ်လိုထင်တယ်ဆိုတာ ကိုကြောင့်ကြ စိုးရိမ်နေဖို့မလိုဘူး ။
၂။ ကိုယ့်ကိုယ်ကို အထင်မသေးတဲ့သူဟာ သူများကိုယ့်ကို အထင်သေးတာ ကို ဂရုမစိုက်ဘူး။ ကိုယ့်ကိုယ်ကို ကျေနပ်နေတဲ့သူဟာ သူများဘာပြောပြော ခံနိုင်တယ်။
...
၃။ သူများကို ဘယ်လိုလူစားလဲလို့ ပြောတာဟာ ကိုယ့်ကိုယ်ကိုဘယ်လို လူစားလဲလို့ ဖော်ပြနေတာနဲ့တူတယ်။
၎။ တကယ် ကြီးကျယ်တဲ့ ၊ ထိရောက်တဲ့ ၊ ကိုယ့်အတွက်စိတ်ကျေနပ်မှု အများဆုံးရတဲ့အလုပ်၊ ကိုယ့်အရည်အချင်းတွေလည်းအများဆုံး ထုတ်ပြီး သုံးရတဲ့ အလုပ်ကိုလုပ်မယ့်သူဟာ အသေးအမွှား အဆိုးတွေကို တွေးဖို့ မသင့်ဘူး ။
၅။ ကိုယ့်ဟာကိုယ် စိတ်ချမ်းသာအောင် မနေနိုင်တဲ့သူဟာ သူများကို စိတ်ချမ်းသာအောင် အထောက်အကူ မပေးနိုင်ဘူး။
၆။ စိတ်ဓာတ်ကျသွားရင် စိတ်အိုသွားတယ်။
၇။ သတိနဲ့ နေတဲ့စိတ်ဟာ ဘယ်တော့မှ မအိုဘူး။
၈။ ငွေကလွဲလို့ တခြားဘာမှ မရတဲ့အလုပ်ကို လုပ်တာဟာ ဘ၀ကိုရောင်း
စားတာနဲ့တူတယ်။
၉။ ကိုယ့်အလုပ်ဟာ ကိုယ့်ရဲ့အကောင်းဆုံး စိတ်ထားနဲ့အရည်အချင်း ကို ဖော်ပြနိုင်ရမယ်။
၁၀။ ကိုယ့်အခက်အခဲ ကိုယ့်ပြသနာကို ဖြေရှင်းဖို့ နည်းလမ်းရှာတဲ့အခါမှာ အများအတွက် အဆင်ပြေဖို့ကိုပါ ထည့်သွင်းစဉ်းစားမှသာ ရေရှည်ပြေ လည်တဲ့ အဖြေကိုရမယ်။
စိတ်ထားပြုပြင်နည်း ခုနှစ်သွယ်
(၁) ငြိမ်းချမ်းစိတ်၊ ကျန်းမာရေးစိတ်၊ မျှော်လင့်သည့်စိတ်၊ သတ္တိရှိသော စိတ်တို့ဖြင့် ပြည့်လျှမ်းနေပါစေ.. . အဘယ့်ကြောင့်ဆိုသော် လူတို့၏ ဘ၀သည် မိမိတို့စိတ်က ပြုပြင်သမျှ ဖြစ်ရပါသည်.
(၂) ရန်သူကို ဂရုမပြုပါနှင့်၊ ဂရုပြုလျှင် ရန်သူကို ထိခိုက်သည်ထက်
ကိုယ့်ကိုယ်ကို ပိုထိခိုက်စေပါသည်. .
(၃) သူတစ်ပါးက ကျေးဇူးမဲ့မှုနှင့် ပတ်သက်၍ သောက ဖြစ်နေမည့်အစား
ကျေးဇူးမဲ့မည်ကို ကြိုတင်၍ မျှေ
ာ်လင့်သင့်သည်. . ကျေးဇူးအတင်ခံဖို့
မမျှော်လင့်မှ စိတ်ချမ်းမြေ့ဖွယ် ရမည် ဖြစ်ပါသည်. . . . .မိမိသားသမီး တို့ ကို ကျေးဇူးသိတတ်သည့် အလေ့ရှိစေလိုလျှင် ကျေးဇူးသိတတ်မှုကို အားပေးကာ သင်ကြားပေးရပါသည်. .
(၄) ကိုယ့်မှာ ခံစားရသည့် အကျိုးကျေးဇူးတို့ကိုသာပွားများ ပါ. . .
ချို့တဲ့မှုကို နှလုံး မသွင်းပါနှင့်. . .
(၅) သူတစ်ပါးကို မတုပါနှင့်. . . နဂိုအနေအတိုင်း ပြုပါ. . .သူတစ်ပါးကို
မနာလိုခြင်းသည် အလွန်ဆိုးရွားခြင်းပင်ဖြစ်သည်. . တုပခြင်းသည်. . မိမိ၏
နဂို အရည်အချင်းများကို ချိုးနှိမ်လိုက်ခြင်း ဖြစ်သည်. . ကိုယ့်ကိုယ်ကို သတ်ခြင်းနှင့် တူသည်. .
(၆) ကံဆိုးတည်းဟူသော သံပရာကို ရရှိလျှင် ကံကောင်းတည်း ဟူသော
သံပရာဖျော်ရည် ဖြစ်အောင် ကြိုးပမ်းပါ. . .
(၇) သူတစ်ပါး အကျိုးဆောင်နိုင်သလောက် ဆောင်ခြင်းဖြင့် ကိုယ့်သောက ကိုဖျောက်ပစ်ပါ. . . "သူတပါး အကျိုးဆောင် ကိုယ့်အကျိုးအောင်သည် "
စာဖတ်သူ ညီအကိုမောင်နှမများ အားလုံးအထက်ပါ နည်းလမ်း (၇)
သွယ်ဖြင့် စိတ်ငြိမ်းချမ်း သာယာမှုရပါစေလို့ ဆုမွန်ကောင်းတောင်းလျှက်. .
တက်တိုး (သောကကင်းဝေးနေနိုင်ရေး) စာအုပ်မှ
အားလုံးကိုချစ်ခင်လေးစားလျှက်.. .
ညချစ်သူ
You'realways Onmymind

၎။ တကယ် ကြီးကျယ်တဲ့ ၊ ထိရောက်တဲ့ ၊ ကိုယ့်အတွက်စိတ်ကျေနပ်မှု အများဆုံးရတဲ့အလုပ်၊ ကိုယ့်အရည်အချင်းတွေလည်းအများဆံ
၅။ ကိုယ့်ဟာကိုယ် စိတ်ချမ်းသာအောင် မနေနိုင်တဲ့သူဟာ သူများကို စိတ်ချမ်းသာအောင် အထောက်အကူ မပေးနိုင်ဘူး။
၆။ စိတ်ဓာတ်ကျသွားရင် စိတ်အိုသွားတယ်။
၇။ သတိနဲ့ နေတဲ့စိတ်ဟာ ဘယ်တော့မှ မအိုဘူး။
၈။ ငွေကလွဲလို့ တခြားဘာမှ မရတဲ့အလုပ်ကို လုပ်တာဟာ ဘ၀ကိုရောင်း
စားတာနဲ့တူတယ်။
၉။ ကိုယ့်အလုပ်ဟာ ကိုယ့်ရဲ့အကောင်းဆုံး စိတ်ထားနဲ့အရည်အချင်း ကို ဖော်ပြနိုင်ရမယ်။
၁၀။ ကိုယ့်အခက်အခဲ ကိုယ့်ပြသနာကို ဖြေရှင်းဖို့ နည်းလမ်းရှာတဲ့အခါမှာ အများအတွက် အဆင်ပြေဖို့ကိုပါ ထည့်သွင်းစဉ်းစားမှသာ ရေရှည်ပြေ လည်တဲ့ အဖြေကိုရမယ်။
စိတ်ထားပြုပြင်နည်း ခုနှစ်သွယ်
(၁) ငြိမ်းချမ်းစိတ်၊ ကျန်းမာရေးစိတ်၊ မျှော်လင့်သည့်စိတ်၊ သတ္တိရှိသော စိတ်တို့ဖြင့် ပြည့်လျှမ်းနေပါစေ.. . အဘယ့်ကြောင့်ဆိုသော် လူတို့၏ ဘ၀သည် မိမိတို့စိတ်က ပြုပြင်သမျှ ဖြစ်ရပါသည်.
(၂) ရန်သူကို ဂရုမပြုပါနှင့်၊ ဂရုပြုလျှင် ရန်သူကို ထိခိုက်သည်ထက်
ကိုယ့်ကိုယ်ကို ပိုထိခိုက်စေပါသည်. .
(၃) သူတစ်ပါးက ကျေးဇူးမဲ့မှုနှင့် ပတ်သက်၍ သောက ဖြစ်နေမည့်အစား
ကျေးဇူးမဲ့မည်ကို ကြိုတင်၍ မျှေ
ာ်လင့်သင့်သည်. . ကျေးဇူးအတင်ခံဖို့
မမျှော်လင့်မှ စိတ်ချမ်းမြေ့ဖွယ် ရမည် ဖြစ်ပါသည်. . . . .မိမိသားသမီး တို့ ကို ကျေးဇူးသိတတ်သည့် အလေ့ရှိစေလိုလျှင် ကျေးဇူးသိတတ်မှုကို အားပေးကာ သင်ကြားပေးရပါသည်. .
(၄) ကိုယ့်မှာ ခံစားရသည့် အကျိုးကျေးဇူးတို့ကိုသာပွားများ
ချို့တဲ့မှုကို နှလုံး မသွင်းပါနှင့်. . .
(၅) သူတစ်ပါးကို မတုပါနှင့်. . . နဂိုအနေအတိုင်း ပြုပါ. . .သူတစ်ပါးကို
မနာလိုခြင်းသည် အလွန်ဆိုးရွားခြင်းပင်ဖြစ်သည်. . တုပခြင်းသည်. . မိမိ၏
နဂို အရည်အချင်းများကို ချိုးနှိမ်လိုက်ခြင်း ဖြစ်သည်. . ကိုယ့်ကိုယ်ကို သတ်ခြင်းနှင့် တူသည်. .
(၆) ကံဆိုးတည်းဟူသော သံပရာကို ရရှိလျှင် ကံကောင်းတည်း ဟူသော
သံပရာဖျော်ရည် ဖြစ်အောင် ကြိုးပမ်းပါ. . .
(၇) သူတစ်ပါး အကျိုးဆောင်နိုင်သလောက် ဆောင်ခြင်းဖြင့် ကိုယ့်သောက ကိုဖျောက်ပစ်ပါ. . . "သူတပါး အကျိုးဆောင် ကိုယ့်အကျိုးအောင်သည် "
စာဖတ်သူ ညီအကိုမောင်နှမများ အားလုံးအထက်ပါ နည်းလမ်း (၇)
သွယ်ဖြင့် စိတ်ငြိမ်းချမ်း သာယာမှုရပါစေလို့ ဆုမွန်ကောင်းတောင်းလျှက်. .
တက်တိုး (သောကကင်းဝေးနေနိုင်ရေး) စာအုပ်မှ
အားလုံးကိုချစ်ခင်လေးစားလျှက်..
ညချစ်သူ
You'realways Onmymind

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။