Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Thursday, December 13, 2012

ဒီဇင်ဘာ ၂၁နီးလာပြီ

 
13 DECEMBER 2012

ကိုယ်တိုင် မကြုံလိုမတွေ့လို သော်လည်း လူ့ဘောင်လောက ပျက်စီးနိုင်သည် ဟူသော သတင်း များသည် လူအများ၏ စိတ်ဝင်စား မှုကို ခံရပြီး လျင်မြန် လွယ်ကူစွာ ပျံ့နှံ့လေ့ရှိကြသည်။ ဥပမာ-၂ဝဝဝ ခုနှစ်ရောက်လျှင် ကမ္ဘာတွင် ဧရာမဘေးကြီး ကျရောက်လိမ့်မည်ဟု လွန်ခဲ့သည့် ၁၂နှစ်ကျော် က ပေါ်ခဲ့သည့် ဝိုင်တူးကေ Y2K ကောလာဟလသည် ပညာတတ် အချို့ကြား၌ပင် စိုးရိမ်စိတ်များ ဖြစ်ခဲ့သည်အထိ ‘အောင်မြင်’ခဲ့သည်။...

ဝိုင်တူးကေနှင့် အလားတူ ၂ဝ၁၂ ဒီဇင်ဘာ ၂၁ တွင် ကမ္ဘာပျက်ကိန်း ရှိသည်ဆို သည့်သတင်းသည် လွန်ခဲ့သောနှစ် အနည်းငယ်မှစ၍ ပေါ်လာကာ ဟုတ်များ ဟုတ်လေမလားဟု အ ထင်ရောက် စိတ်ဝင်စားသူအများ ရှိသည်။
ယင်းကမ္ဘာပျက်ကိန်းဆို သည်ကို အခြေခံသော ရုပ်ရှင်များ၊ စာအုပ်များကို ဖန်တီးသူများသည် လည်း ဝင်ငွေကောင်းကြသည်။ ၂ဝ၁၂ ကမ္ဘာ ပျက်ကိန်း ကောလာ ဟလကို ထုတ်လွှင့်သူများသည် လက်တင်အမေရိကနှင့် တောင်အမေရိကတွင် လွန်ခဲ့သော နှစ်ပေါင်း ၃ဝဝဝ ခန့်မှစ၍ ထွန်း ကားစည်ပင်ခဲ့သော မာယာလူမျိုး တို့၏ အမွေအနှစ် တစ်ခုကို အသုံး ချခဲ့ကြသည်။ အမေရိကတိုက်၏ လူ့ယဉ်ကျေးမှုကြီးများအနက် အ ဆင့်အမြင့်ဆုံး လူ့အဖွဲ့စည်းကို ထူ ထောင်နိုင်ခဲ့ကြသော မာယာလူ မျိုးတို့သည် သင်္ချာ၊ နက္ခတ္တဗေဒ စသည့် အဆင့်မြင့်ပညာအချို့ကို နားလည်တတ်ကျွမ်းခဲ့ကြသည်။ မာယာတို့သည် ပြက္ခဒိန်အမျိုးမျိုးကို ရေးဆွဲအသုံးပြုခဲ့ရာ တစ်မျိုး သော ပြက္ခဒိန်တွင် ယင်းခေတ် ကာလဝန်းကျင်မျှကို သာမဟုတ်၊ အနာဂတ်နှစ်ပေါင်း ထောင်ဂဏန်း အထိ ကြိုတင် တွက်ချက် ရေးဆွဲ ထားခဲ့သည်။ ကမ္ဘာပျက်ကိန်းကောလာဟ လကို ဖန်တီးသူတို့က ဆိုသည်မှာ မာယာတို့၏ ယင်းပြက္ခဒိန်သည် ၂ဝ၁၂ဒီဇင်ဘာ ၂၁တွင် အဆုံး သတ်သွားသည်။ ထိုသို့အဆုံးသတ် ခြင်းသည် မာယာတို့က ယင်းနေ့ တွင် ကမ္ဘာပျက် မည်ကို ကြိုတင် တွက်ချက်သိရှိခဲ့သဖြင့် ဆက်လက် ရေးထိုးခြင်းမပြုခဲ့သောကြောင့် ဖြစ် သည်ဟု သတင်းလွှင့်ခဲ့သည်။ မာယာသမိုင်း သုတေသီတို့ က ယင်းအချက် မမှန်ကြောင်း ခေတ်သုံးပြက္ခဒိန်သည် ဒီဇင်ဘာ ၃၁ တွင် ကုန်ဆုံးသကဲ့သို့ မာယာ ပြက္ခဒိန်သည် ဒီဇင်ဘာ ၂၁ တွင် နှစ်ကုန်၍ အဆုံးသတ်သွားခြင်းသာ ဖြစ်ကြောင်း ပြန်လည်ရှင်းလင်းခဲ့ ပြီးဖြစ်သည်။
သို့သော် ကောလာ ဟလဖန်တီးရှင်တို့သည် မီဒီယာများကို ကျွမ်းကျင် စွာ အသုံးချနိုင်သဖြင့် လည်းကောင်း၊ ကြောက်စရာ ကိုမှ ပို၍အာရုံပြုတတ်သည့် လူ့ သဘာဝကြောင့်လည်းကောင်း ယင်း ကောလာဟလသည် တော မီးပမာ လျင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်။ မည်မျှ ပျံ့နှံ့သနည်းဆိုပါလျှင် ပညာတတ်အချို့သည်ပင် ဒီဇင်ဘာ ၂၁ တွင် ကမ္ဘာပျက်နိုင်သည့်နည်း များကို ဆွေးနွေးပြောဆိုလာကြ သည်အထိ ဖြစ်သည်။ သူတို့ ဆွေး နွေးချက်များမှာ သိပ္ပံပညာရှင်တို့ အခိုင်အမာတွေ့ရှိထားသည်များနှင့် ဆန့်ကျင် လျက် ရှိသည်။ ကမ္ဘာနှင့် ဝင်တိုက်နိုင်သော အရာများကို စနစ်တကျ မှတ်တမ်းတင် ထောက်လှမ်းနေသည့် အမေရိကန် အာကာသ အဖွဲ့အစည်း (နာဆာ)က ကမ္ဘာကို ဧရာမ အပျက်အစီးများ ဖြစ်ပေါ် စေနိုင်လောက်အောင် ဝင် တိုက်နိုင်သည့် ဂြိုဟ်၊ ဂြိုဟ်သိမ်၊ ဂြိုဟ်ပဲ့များ လောလော ဆယ်မရှိသေးပါဟု ပြောနေသည့် ကြားမှ နီဘီရူးဟု အမည်ပေးထား သော ဂြိုဟ်ကြီးတစ်လုံးက ဒီဇင် ဘာလအတွင်း ကမ္ဘာနှင့်ဝင်တိုက် နိုင်သည့်အကြောင်း သတင်းလွှင့် သူကလွှင့်သည်၊ ယုံသူက ယုံသည်။
နေမှ မီးလျှံများ ထွက်ခြင်း သည် ပုံမှန်ဖြစ်စဉ် တစ်ခုသာဖြစ်ပြီး ယင်းမီးလျှံ အများစုကို ကြိုတင်ခန့် မှန်းနိုင်သည့် နည်းပညာလည်း အဆင်သင့်ရှိသည်။ သို့စဉ်လျက် ၂ဝ၁၂ ခုနှစ် ဒီဇင်ဘာ ၂၁ တွင် နေမှ ဧရာမမီးလျှံကြီးတစ်ခု ထွက် လာကာ ကမ္ဘာကိုဖုံးအုပ်လောင် မြိုက် စေနိုင်သည်ဟု အချို့ကအခြေ အမြစ်မရှိဘဲ ပြောကြသည်။ လက်ခံသူက လက်ခံကာ တွေးကြောက် ကြသည်။ ကမ္ဘာ့သံလိုက်ဝင်ရိုးစွန်းသည် နှစ်ပေါင်းသန်း ၂ဝ အတွင်း ၅ဝ ဒီဂရီမျှပြောင်းခဲ့သည်။ နောက်ထပ် နှစ်ပေါင်း ၁ သန်းအတွင်း ဖြည်း ညင်းစွာသာ ပြောင်းသည်ဟု ပညာ ရှင်တို့သိပြီးဖြစ်သည်။ သို့စဉ်လျက် ၂ဝ၁၂ ဒီဇင် ဘာ ၂၁တွင် ကမ္ဘာ့ သံလိုက်ဝင်ရိုးစွန်းများ ရုတ်ခြည်း နေရာပြောင်းရွှေ့ကာ ရှိရှိသမျှအရာ များဇောက်ထိုးမိုးမျှော် ရုန်းရင်းဆန်ခတ် ဖြစ်ကုန်မည့် အရေးကို စိုးရိမ် နေသူများလည်းရှိသည်။ ကမ္ဘာသည် ဂလက်ဆီခေါ် ကြယ်စု၏’ပြင်ညီ’ကို ၂ဝ၁၂ ခုနှစ် အတွင်းတွင် ဖြတ်ပြီး ယင်းပြင်ညီ ရှိကြယ်များ၊ ဂြိုဟ်များနှင့်တိုက်မိ ကာ ကမ္ဘာပျက်မည်ဟု အချို့ကဆို ကြသည်။
နက္ခတ္တပညာရှင်များ၏ လေ့လာ တွက်ချက်မှုများအရ ကမ္ဘာသည် လွန်ခဲ့သော နှစ်ပေါင်း ၂ သန်းခန့်က ယင်းပြင်ညီကို ဖြတ်ခဲ့ပြီး နောက်ထပ်နှစ်ပေါင်း ၁၄ သန်းကြာမျှ ပြင်ညီနှင့်ဝေးရာ အပေါ်ပိုင်းသို့ ဆက်၍ တက်နေဦး မည်သာဖြစ်ကြောင်း တိုင်းတာသိရှိ ပြီးဖြစ်သည်။ ခေတ်သစ် သိပ္ပံပညာ ရှင်တို့ တွေ့ရှိထားသည်ကို လက်မခံဘဲ ၂ဝ၁၂ ဒီဇင်ဘာ ၂၁တွင် ကမ္ဘာပျက်မည်ဟု မာယာတို့က ကြိုသိခဲ့သည်ဟု ဆိုနေသူများသည် မာယာတို့နှင့် ခေတ်သစ်လူသားများ အကြား ရှိနေသည့် အဓိကကွာဟ ချက်တစ်ခုကို သတိမမူမိသူများ ဖြစ်ကြသည်။ မာယာတို့ တီထွင်အသုံးပြုခဲ့သော ကိရိယာများသည် သူ့ခေတ် သူ့အခါက ‘အဆင့်မြင့်’ တန်းဝင် သော်လည်း ယခုခေတ်အနေနှင့် မူအကြမ်းစား မျှသာ ဖြစ်ကြသည်။ အလွန်ဝေးလံ လှသောနေရာမှ ဂြိုဟ်များ၊ ကြယ် များကို လှမ်း ကြည့် လေ့လာနိုင်သော တယ်လီစကုပ် စသည့် ကိရိယာများကို မာယာတို့ မပိုင်ဆိုင်ခဲ့ချေ။ လက် တွေ့ အသုံးချနိုင်သော တယ်လီ စကုပ်များသည် မာယာယဉ်ကျေးမှု ပျက်သုဉ်းပြီး နှစ်ပေါင်း ၇ဝဝ ကျော် အကြာမှ ပေါ်လာ ခဲ့ခြင်း ဖြစ်သည်။ ခေတ်သစ် လူသားတို့သည်မူ အလင်းရောင်သုံး တယ်လီစကုပ် များသာမက အိပ်စရေးရောင်ခြည်၊ ဂမ်မာရောင်ခြည် စသည်တို့အပြင် ဒြပ်ဆွဲအားကို အသုံးပြုလေ့လာ နိုင်သော တယ်လီစကုပ်များကိုပင် ပိုင်ဆိုင်ထားကြသည်။ တယ်လီစကုပ် အချို့ကို အာကာသထဲသို့ ပို့ လွှတ်ထားရှိခြင်းဖြင့် မြေပြင်ပေါ်မှ လေ့လာသည်ထက် ပိုမိုပြတ်သားသော မြင်ကွင်းများကို ရရှိကာ နက္ခတ္တဗေဒ ဆိုင်ရာ တွေ့ရှိချက်များ ကို ဖော်ထုတ်နေကြသည်။ အာကာသတွင်းမှ အန္တရာယ် များကို အထက်ပါ ခေတ်မီကိရိယာ များဖြင့်သာလျှင်ကြိုတင်သိရှိနိုင် သည်။ ယင်းကိရိယာများသာ မရှိလျှင် ခေတ်သစ် ပညာရှင်တို့ သည်လည်း အာကာသ အန္တရာယ်များ ပေါ်လာနိုင်ခြင်း ရှိမရှိကို ကြို ပြောနိုင်မည်မဟုတ်ချေ။
မာယာတို့ သည် ခေတ်သစ်လူသားတို့ထက် ဥာဏ်ရည်သာလွန်သည်ထားဦး၊ အဆိုပါ ကိရိယာများ မရှိသဖြင့် ခိုင်မာတိကျသော နက္ခတ္တတွေ့ရှိ ချက်များကို ဖော်ထုတ်နိုင်ခြင်း မရှိ ခဲ့ပေ။မာယာတို့ကို ခုတုံးလုပ်၍ လွှင့်ထုတ်သော ဒီဇင်ဘာ ၂၁ကောလာဟလသည် အခြေအမြစ် ကင်းမဲ့လွန်းသဖြင့် အထင်ကရ သိပ္ပံပညာရှင်အ များအပြားက ယင်း တို့ကို အရေးတယူဖြေရှင်းခြင်းပင် မပြုကြချေ။ ဤသည်ကို အခွင့် ကောင်းယူ၍ လုပ်စား လှန့်စားနေသူများ ရှိဆဲပင် ဖြစ်သည်။ ယင်းတို့ထဲတွင် တောင်အမေရိက တိုက် ဂွာတီမာလာ နိုင်ငံ ယဉ်ကျေးမှု ဝန်ကြီးဌာနကပါ ပါဝင် ပတ်သက်လာ သောအခါ ယင်း နိုင်ငံတွင် ယနေ့ အထိ ရှင်သန်နေဆဲ မာယာအဆက်အနွှယ်တို့ က ကန့်ကွက်စာများ ထုတ်ပြန်ရသည်အထိ ဖြစ်လာသည်။
ဂွာတီမာလာ အစိုးရနှင့် ခရီး သွားကုမ္ပဏီတို့သည် ဒီဇင်ဘာလ ၂၁ရက်နေ့တွင် ‘ကမ္ဘာပျက် အခမ်းအနား’ လုပ်မည်ဆိုကာ ကမ္ဘာလှည့် ခရီးသည်များကို ဆွဲဆောင်စည်းရုံး လျက်ရှိရာ ယင်းလုပ်ဆောင်ချက်သည် မာယာလူမျိုးတို့ကို သိက္ခာချမည့် လုပ်ပွဲတစ်ရပ်သာ ဖြစ်ကြောင်း ‘မာယာမဟာမိတ် များအဖွဲ့’ Oxlajuj Ajpop က ကြေညာသည်ဟု ယခုနှစ် အောက်တိုဘာလ ၂၄ရက်နေ့ အေအက်ဖ်ပီသတင်း၌ ဖော်ပြထားသည်။ ယင်းအဖွဲ့၏ ခေါင်းဆောင် ဖိလစ်ဂိုမက်ဇ်က ”ကျွန်တော်တို့ရဲ့ ရှေးအမွေအနှစ် အမှန်တရားတွေကို စီးပွားရေး သမားတွေက သူတို့ရဲ့ အကျိုးအမြတ်အတွက် တစ်နည်းတစ်ဖုံ လှည့်ဖြား အသုံးချနေကြတာကို ထုတ်ဖော်ပြောဆို ကန့်ကွက်ရ ခြင်းဖြစ်ပါတယ်”ဟု ပြောသည်။ မည်သို့မျှ အခြေအမြစ် မရှိသော ဒီဇင်ဘာ ၂၁ ကမ္ဘာပျက် မည့်ကိစ္စသည် ဒီဇင်ဘာ ၂၂မှစ၍ ပျောက်ကွယ်တော့မည် ဖြစ်သော်လည်း ရှိသင့်သော သိပ္ပံဗဟုသုတနှင့် မှန်ကန်စွာ အကျိုးအကြောင်း ဆင်ခြင်နိုင်မှုများ ကျယ်ပြန့်စွာ မရှိသေးသရွေ့ ‘ဒီဇင်ဘာ၂၁များ’၊ ‘ဝိုင်တူးကေ’ များ ထပ်၍ ပေါ်လာဦးမည်သာဖြစ်သည်။

ကျော်ဦး

အေးချမ်းမွန်မှ POPULAR NEWS တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :POPULAR NEWS

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။