သင့်ရဲ့ဆွဲဆောင်မှုရှိတဲ့ဟန်ပန် ငယ်ရွယ်နုပျိုတဲ့အသွင်ဟာ သင့်ကျန်းမားရေးကောင်းနေတယ်ဆို တာကို ညွှန်ပြနေပါတယ်။ အသက်အရွယ်အိုမင်းလာမှု
အပေါ် အပြစ်တင်မိတာတွေ မျက်နှာပေါ်ကရေးအကြောင်းတွေ လက်သည်းခြေသည်းပျက်စီးဒါတွေ၊ ဆံပင်ကျွှတ်တာတွေကြောင့် စိတ်ဖိစီး မှုတွေ ဖြစ်ကောင်းဖြစ် လာနိုင်ပါတယ်။ တကယ်တော့ အဲဒီအပြစ်အနာအဆာတွေဟာ ပုန်းကွယ်နေတဲ့ကျန်းမာရေးပြဿနာတွေ ဖြစ်နိုင်ပါတယ်။ အဲဒါတွေကို သတိမမူမိဘဲ ထားလိုက်ရင် မလိုလားအပ်တဲ့ကျန်းမာရေးပြဿနာတွေနဲ့ ရင်ဆိုင်ရမှာ အသေအချာပါပဲ။
**အရေးအကြောင်းများ**
အသက်အရွယ်ရလာရင် အရေးအကြောင်းတွေပေါ်ပေါက်လာတတ်တာ မှန်ပေမယ့်၊ ဒါဟာအရိုးပွရောဂါရဲ့ လက္ခဏာလည်းဖြစ်နေနိုင်ပါတယ်။ အရေးအကြောင်းတွေနဲ့ စောစီးစွာသွေးဆုံးတဲ့ အမျိုးသမီးတွေရဲ့ အရိုးကျန်းမာရေးဆက်စပ်နေတယ်ဆိုတာက သုတေသနအသစ်တစ်ခုက အံ့သြဘွယ်ဖော်ထုတ်နိုင်ခဲ့ပါတယ်။ အရေးအကြောင်းပိုများလေလေ အရိုးသိပ်သည်းဆ နည်းပါးမှု အန္တရာယ်ပိုများလေလေ။ အရေးအကြောင်းဖြစ်ပေါ် ရတဲ့အကြောင်းအရင်းဟာ အသက်အရွယ်ကြောင့်ဆိုပေမဲ့ ဆေးလိပ်သောက်လွန်တာနဲ့ နေရောင်ခြည်ဒဏ်ခံလွန်းရင်လည်း အရေးအကြောင်း တွန့်ခြင်းကို ပိုမိုဖြစ်လွယ်စေပါတယ်။
**ခြေထောက်ရောင်ခြင်း**
ခြေထောက်ရောင်ခြင်းဟာ အကြောင်းအမျိုးမျိုးကြောင့်ဖြစ်နိုင်ပါတယ်။ အဆစ်လွဲခြင်း၊ ပင်ပန်းမှုဒဏ်၊ ဒဏ်ရာအနာတရ၊ ပိုးဝင်ခြင်း စတာတွေကြောင့်ဖြစ် နိုင်ပါတယ်။ ကိုယ်ဝန်ဆောင်၊ အ၀လွန်ခြင်းနှင့် အခြားကျန်းမာရေးအခြေအနေတွေမှာ ခြေဖျားလက်ဖျားတွေမှာ အရည်ကိုထိန်းချုပ် ထားတဲ့ ဖြစ်စဉ်ဖြစ်ပေါ်လာပြီး ခြေထောက်ရောင်ရမ်းနိုင်ပါတယ်။ ခြေသည်းလက်သည်းတွေပုံစံမမှန်ခြင်း ခြေသည်းလက်သည်းတွေ ချိုင့်ဝင်နေခြင်း၊ ရွဲ့စောင်းနေခြင်း၊ ၀ါညိုရောင်သန်းနေခြင်း၊ ဒါမဟုတ် ခြေသည်းလက်သည်းတွေပုံမှန်မဟုတ်ပဲ ထူထဲနေခြင်း၊ လက်သဲခွံဟခြင်းတို့ဟာ ကျန်းမာရေးပြဿနာအများအပြားကို ညွှန်ပြနေပါတယ်။ မျက်နှာနီရဲခြင်း ရှက်စရာကိစ္စတခုမှမရှိဘဲ သင့်မျက်နှာဟာ နီရဲနေတာမျိုးဖြစ်ဘူးပါသလား။ မျက်နှာတခုလုံးနီရဲပြီး စပ်လာတာမျိုးဟာ နာတာရှည်အရေပြားဝေဒနာ တစ်မျိုးရဲ့လက္ခဏာဖြစ်ပါတယ်။ ဘာကြောင့်ဖြစ်တယ်ဆိုတာ အတိအကျ မည်သူမျှမသိပေမဲ့ အဲဒီလိုဝေဒနာရှိတဲ့သူတွေရဲ့မျက်နှာဟာ နီရဲနေတတ် ပါတယ်။ ဖြစ်နိုင်တာကတော့ မျက်နှာအောက်မှာ ရှိတဲ့သွေးကြောတွေကြီးထွားတာကြောင့်လို့ သုတေသနပညာရှင်တွေက ဆိုပါတယ်။
**အရေပြားအပေါ်က အနက်ရောင်အကွက်များ**
လည်ပင်းနောက်ဖက်က အနက်ရောင်အကွင်းတွေဟာ တစ်ကိုယ်ရေသန့်ရှင်းရေးအားနည်းမှုကို ညွှန်းဆိုနေသလိုပါပဲ၊ ဒါပေမဲ့အမှန်ကတော့ Acanthosis Nigricans အခြေအနေကြောင့်ဖြစ်ပါတယ်။ အဲဒီအနေအထားရောက်ရင် အရေပြားဟာ ထူထဲသွား၊မည်းသွားပြီး ခန္ဓာကိုယ်အတွန့်ကြောင်း တစ်လျှောက်မှာ ရှိတတ်ပါတယ်။ ဒီအနေအထားဘာကြောင့်ဖြစ်ရသလဲ ဆိုရင် သွေးချိုဆီးချိုဝေဒနာရှင်တွေ၊ အ၀လွန်သူတွေနဲ့ တခြားကင်ဆာဝေဒနာ ရှင်တွေမှာ အဲဒီလို အနက်ရောင်းအကွက်တွေ ဖြစ်ပေါ်တတ်ပါတယ်။
**ဆံပင်ကျွှတ်ခြင်း**
ဆံပင်ကျွှတ်ခြင်းဟာ ကိုယ်ဝန်ဆောင်နေချိန်၊ စိတ်ဖိစီးမှုရောဂါတစ်ခုခု၊ ဆေးဝါးကုသ မှုတစ်ခုခုနှင့် ဟောမုန်းပြောင်းလဲမှုတွေကြောင့် ဖြစ်နိုင်ပါတယ်။အထူးသဖြင့်အမျိုးသမီးတွေမှာ ဆံပင်ခြောက်သွေ့ခြင်း၊ ပါးခြင်းတို့ဟာ သိုင်းရွိုက်လုပ်ငန်း ပုံမှန်မဟုတ်ခြင်းကြောင့်ဖြစ်ပါတယ်။ ကိုယ့်ဆီမှာသိုင်းရွိုက်ဟော်မုန်းပုံမှန်ရှိ မရှိကို သွေးစစ်ဆေးခြင်းဖြင့် သိနိုင်ပါတယ်။
**Public Health**

http://jacbaburma.blogspot.no/

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။