စတော်ဘယ်ရီသီး၊ ဘလူးဘယ်ရီသီး စတဲ့ ဘယ်ရီသီး မျိုးနွယ်ဝင် အသီးတွေကို သရေစာအဖြစ် စားလေ့ရှိကြပါတယ်။ ဘယ်ရီးသီးတွေမှာ ဘယ်လို အကျိုးကျေးဇူးတွေ ရှိသလဲဆိုတာ တိတိကျကျ သိနိုင်အောင် ဖော်ပြပေးလိုက်ပါတယ်။ စတော်ဘယ်ရီသီး တစ်ခွက်စာ ပမာဏမှာ ဗီတာမင်စီ ၁၀၀ မီလီဂရမ်ကျော် ပါဝင်နေပါတယ်။ လိမ္မော်ရည် တစ်ခွက်စာမှာပါတဲ့ ဗီတာမင်စီ ပမာဏနီးပါး ရှိပါတယ်။ ဗီတာမင်စီကို ကိုယ်ခံစွမ်းအား ကောင်းမွန်ဖို့နဲ့ တွယ်ဆက်တစ်သျှူးတွေ အားကောင်းစေဖို့ လိုအပ်ပါတယ်။ စတော်ဘယ်ရီသီးမှာ ကယ်လ်စီယမ်၊ မဂ္ဂနီဆီယမ်၊ ဖောလိတ်နဲ့ ပိုတက်စီယမ်တို့ အများအပြား ပါဝင်ပြီး စတော်ဘယ်ရီ တစ်ခွက်စာ ပမာဏမှာ ၅၃ ကယ်လိုရီလောက်ပဲ ပါဝင်ပါတယ်။
ဘလူးဘယ်ရီသီး တစ်ခွက်စာ ပမာဏမှာ ဗီတာမင်စီ၊ သတ္တုဓာတ်နဲ့ ဖိုင်တိုကမ်မီကယ်လ်တို့ ပါဝင်ပါတယ်။ ခရမ်ဘယ်ရီသီးမှာလည်း အလားတူ ပါဝင်နေပြီး ရက်စ်ဘယ်ရီသီး တစ်ခွက်စာပမာဏမှာ ဗီတာမင်စီနဲ့ ပိုတက်စီယမ်တို့ များစွာ ပါဝင်နေပါတယ်။ ဘယ်ရီသီးတွေမှာ ပါဝင်တဲ့ ဖိုက်တိုကမ်မီကယ်လ်နဲ့ ဖလေဗိုးနွိုက်တို့ဟာ တချို့ ကင်ဆာရောဂါတွေကို ကာကွယ်ပေးနိုင်ပါတယ်။ ခရမ္ဘယ္ရီသီးနဲ႔ ဘလူးဘယ္ရီသီးေ...
တွက ဆီးအိတ်ပိုးဝင်တာကို ကာကွယ်ပေးနိုင်ပါတယ်။ ဘလူးဘယ်ရီသီးနဲ့ ရက်စ်ဘယ်ရီသီးမှာ ပါဝင်တဲ့ လူတင်ဓာတ်က အမြင်အာရုံ ကောင်းမွန်စေရေးအတွက် အရေးကြီးတဲ့ အာဟာရဓာတ်ဖြစ်ပါတယ်။
ဇွန်
By Good Health

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။