Nazdana Ali ဆိုတဲ့သမီးငယ်ဟာ သြဂုတ်လ ကုန်ပိုင်းက Urea Cycle Disorder (UCD)ဆိုတဲ့ မျိုးရိုးလိုက်တဲ့ ရောဂါနဲ့ မွေးဖွားခဲ့ပါတယ်။ ယူရီး ယားတွေကို စွန့်ထုတ်မပစ်နိုင်တာကြောင့် ခန္ဓာကိုယ်အတွင်း အမိုးနီးယားတွေ စုဆောင်းနေတဲ့ ရောဂါပါ။ ကုသမှုမခံယူရင် ဦးနှောက် ပျက်စီးနိုင်ပြီး သေဆုံး တတ်ပါတယ်။ ခန္ဓာကိုယ်က ပရိုတင်းကို အသုံးပြုရာမှာ အမိုးနီးယားတွေ ထွက်ရှိလာတတ်ပြီး UCD ရှိသူတွေ မှာ အမိုးနီးယားမှ ယူရီးယားအဖြစ် ပြောင်းလဲမှု မပြုလုပ်နိုင်ဘူးလို့ သိရပါတယ်။ ရောဂါဖြစ်သူတွေဟာ အလွန်ရှားပါးလှပြီး ကုသလို့ မပျောက်ကင်းဘဲ ကနေဒါနိုင်ငံမှာ နှစ်စဉ်ကလေးအယောက ၅၀ခန့် UCD ရောဂါဖြစ်တယ်လို့ သိရပါတယ်။
UCD ရှိတဲ့ ကလေးငယ် အများစုမှာ မွေးပြီးနှစ်ပတ်အတွင်း သေဆုံးသွား တတ်ပါတယ်။ အသက်ရှင်ပြီး ကျန်ရစ်ခဲ့ရင်လည်း ဦးနှောက် ပျက်စီးနိုင်ခြေ မြင့်မား ပါတယ်။ ရောဂါကို ကုသနိုင်တဲ့ တစ်ခုတည်းသော နည်းလမ်းဟာ အသည်းအစား ထိုးကုသမှုဖြစ်ပြီး ကလေးငယ်တွေမှာ အသည်းအစား ထိုးကုသမှု ခံယူတာဟာ အောင်မြင်နှုန်း အလွန်နည်းပါတယ်။နာဇဒါရဲ့ အမိုးနီးယားအဆင့်တွေ ရေရှည် တည်ငြိမ်မှုရှိစေဖို့ အသည်းဆဲလ်ကို သွေးကြောမှတစ်ဆင့် ထည့်ပေးရပါတယ်။ ခြောက်ရက်ပြုလုပ်ရပြီး တစ်ကြိမ်သွင်းတိုင်း တစ်နာရီခန့်ကြာ တယ်လို့ သိရ ပါတယ်။ ဒီလုပ်ငန်းစဉ်ဟာ သုတေသန စမ်းသပ်မှုရဲ့ တစ်စိတ်တစ်ပိုင်းလည်းဖြစ်တာမို့ လုပ်ငန်းစဉ် တစ်ခုလုံးနဲ့ ဆေးရုံတင်စရိတ်၊ သွေးစစ်ဆေးမှု၊ လိုအပ်တဲ့ တခြားကုန်ကျငွေတွေကို Biotechnology Firm Cytonet LLC က အကုန်အကျခံတယ်လို့ သိရပါ တယ်။ နာဇဒါရဲ့ ခန္ဓာကိုယ်အလေးချိန်ဟာ ၁၀ ပေါင်သာရှိပြီး အသည်းအစားထိုးကုသဖို့ အနည်း ဆုံး ၁၅ ပေါင်ခန့် ရှိဖို့ လိုအပ်တယ်လို့ သိရပါတယ်။ ဒါကြောင့် အသည်းအစား ထိုးဖို့ စောင့်ဆိုင်းနေစဉ် အတွင်း အမိုးနီးယားအဆင့်တွေကို ထိန်းချုပ်ရင်း ပရိုတင်း အပါအဝင် အာဟာရရရှိဖို့ အသည်းဆဲလ် အနည်းငယ်ကို အစားထိုးပေးထားခဲ့တယ်လို့ သိရပါ တယ်။
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။