13 December 2012 |By Good Health
သင်ရဲ့ စိတ်ဖိစီးမှုများတာ၊ မောပန်းတာ ဒါမှမဟုတ် အဝလွန်တာတွေ ဟာ သင်ရဲ့ သိုင်းရွိုက် ပြဿနာကြောင့်ဖြစ်နိုင်ပါတယ်။ သိုင်းရွိုက် အကျိတ်ဟာ ခန္ဓာကိုယ်မှ ဆဲလ်တိုင်းကို ထိန်းချုပ်ထားတဲ့အပြင် ဇီဝရုပ် ဖြစ်ပျက်နှုန်းကိုလည်း ထိန်းချုပ်ထားတာမို့ သိုင်းရွိုက် ကျန်းမာရေး ကောင်းမွန်ဖို့ လိုအပ်ပါတယ်။ အောက်ပါတို့ကို ပြုလုပ်ပါ။
အမြဲတမ်းမောပန်းနေလျှင်ရေညှိ (Seaweed) စားပါ
ရေညှိ (Seaweed) ကို နေ့စဉ်စားသုံးရင် သိုင်းရွိုက်အကျိတ် ပြန်လည်အလုပ်လုပ်နိုင်ပြီး ၁၀ ပတ်အတွင်း မောပန်းတာ ပျောက်ကင်းသွားနိုင် တယ်လို့ သုတေသနပြုလုပ်ချက် အသစ်အရ သိရပါတယ်။ ရေညှိမှာပါဝင်တဲ့ အိုင်အိုဒင်းဟာ သိုင်းရွိုက်အကျိတ် မြင့်မားစွာ အလုပ်လုပ်နိုင်ဖို့ လိုအပ်တဲ့ သတ္တုဓာတ် ပါလို့ မေရီလန်းတက္ကသိုလ်မှ သုတေသီတွေက ရှင်း ပြပါတယ်။
အရေပြားတွဲကျနေလျှင် ဘာဂါ စားပါ
သင်ရဲ့ သိုင်းရွိုက် အလုပ်မလုပ်လွန်းလို့ပဲဖြစ်ဖြစ်၊ အလုပ်လုပ်လွန်းလို့ပဲဖြစ်ဖြစ် နှစ်မျိုးစလုံးကြောင့် ကြွက်သားထု ဆုံးရှုံးတတ်ပါတယ်။ သိုင်းရွိုက်ဟော် မုန်းနည်းလွန်းရင် တစ်သျှူးကြီးထွားမှုကို ရပ်တန့် နိုင်ပြီး ဟော်မုန်းများလွန်းရင် သင့်ရှိပြီးသား ကြွက်သားတွေ ဆုံးရှုံးတတ်ပါတယ်။ ကြွက်သားထု ကြီးမားမှု ရရှိဖို့ L-carnitine ကြွယ်ဝတဲ့ အစားအစာ စားရပါမယ်။ အမဲသားမှာ အများဆုံး ပါဝင်ပြီး ဒီအမိုင်နိုအက်စစ်ဟာ ခန္ဓာကိုယ်ရဲ့ ကြွက်သား တည်ဆောက်မှုကို ကောင်းစေနိုင်ပါတယ်။ အမဲသား၊ ဝက်သား၊ ကြက်သား ဒါမှမဟုတ် ငါးဟင်း နေ့စဉ် စားပါ။
စိတ်ခံစားမှု ကောင်းလိုပါသလား၊ အောက်ပါတို့ကို ရှောင်ပါ
ဆေးလိပ်ငွေ့ကို ရှူရှိုက်ရတာကြောင့် သိုင်းရွိုက် ဒုက္ခပေးနိုင်ခြေ ငါးဆပိုများသွားနိုင်ပြီး ခြစ်ရာရှိ နေတဲ့ Nonstick ဒယ်အိုးလို အသုံးပြုတာကြောင့် သိုင်းရွိုက်ဒုက္ခပေးနိုင်ခြေ နှစ်ဆပိုများနိုင်ပါတယ်။ ဆေးလိပ်မှ အဆိပ်တွေက သိုင်းရွိုက်အလုပ်လုပ်နိုင် အောင် လိုအပ်တဲ့ အိုင်အိုဒင်းစုပ်ယူမှုကို ပိတ်ပင်လိုက် တာကြောင့်ပါလို့ နယူးယောက်၊ မန်ဟန်တာဝေး တက္ကသိုလ်မှ သုတေသီက ရှင်းပြပါတယ်။ Nonstick အိုးတွေရဲ့ မျက်နှာပြင်မှာ ပျက်စီးမှုရှိနေရင်လည်း အဲဒီကမှ ထွက်ရှိလာတဲ့ ဓာတုပစ္စည်းတွေဟာ သိုင်းရွိုက်ဟော်မုန်းတွေ တစ်သျှူးနဲ့ ပူးပေါင်းမှုကို ပိတ်ပင်နိုင် လို့ပါလို့ စကော့တလန်မှ သုတေသီတွေက ဆိုပါတယ်။
ဖိစီးမှုများနေလျှင် Lemon Balm Tea ကို သောက်ပါ
စိုးရိမ်စိတ်များလွန်းတာ ဒါမှမဟုတ် စိတ်တို လွယ်တာတွေဟာ သိုင်းရွိုက်ဟော်မုန်းအလုပ်လွန် တာကြောင့်ပါ။ Lemon Balm Tea ကို နေ့စဉ် သောက်တာကြောင့် သုံးလအတွင်း ဝေဒနာသက်သာ နိုင်ပါတယ်။ သိုင်းရွိုက်အကျိတ်မှ စိုးရိမ်စိတ်ကို လှုံ့ဆော်နိုင်တဲ့ ဟော်မုန်းထွက်ရှိလာမှု နည်းသွား နိုင်လို့ပါ။ Tips ထောပတ်အသုံးပြုပါ မာဂျရင်းနဲ့ ပေါ်လီမပြည့်ဝဆီ (ကန်နိုလာအဆီနဲ့ ပြောင်းဖူးဆီ)တွေဟာ သိုင်းရွိုက်ကို အာဟာရဖြစ် စေတဲ့ အိုင်အိုဒင်း စုပ်ယူမှုကို ပိတ်ပင်နိုင်ပါတယ်။ ထောပတ်မှာမူ အိုင်အိုဒင်းစုပ်ယူမှု မနှေးကွေးနိုင် ဘူးလို့ သိရပါတယ်။

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။