Followers အားေပးသူမ်ား အထူး အထူးပဲ ေက်းဇူးတင္ပါသည္။

✩✩ ✩ ✩ ✩ ✩ ✩သီခ်င္းခ်စ္သူ ✪ မွ ✪ သီခ်င္းခ်စ္သူသို႔✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ္႔ခ်စ္ AhMoon&အမြန္း AhNaing&အႏိုင္ AhNge&အငဲ Akuk Alex&အဲလက္စ္ AnnHellar&အန္ဟဲလာ Ar-T AungHtet&ေအာင္ထက္ AungLa&ေအာင္လ AungNaing&ေအာင္ႏိုင္ AungThu&ေအာင္သူ AungYin&ေအာင္ရင္ AuraLi&အာ္ရာလီ AyeChanMay&ေအးခ်မ္းေမ AyeTinChoShwe&ေအသင္ခ်ိဳေဆြ AyeWuttYiThaung&ေအးဝတ္ရည္ေသာင္း BaDin&ဗဒင္ Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန္ BoPhyu&ဘိုျဖဴ Breaky&ဘရိတ္ကီ BunnyPhyoe&ဘန္နီၿဖိဳး ChanChan&ခ်မ္းခ်မ္း ChanChann&ခ်မ္ခ်မ္း ChawSuKhin&ေခ်ာစုခင္ ChinSong&ခ်င္းသီခ်င္း ChitKaung&ခ်စ္ေကာင္း ChitThuWai&ခ်စ္သုေဝ ChoLayLung&ခ်ိဳေလးလုန္ ChoPyone&ခ်ိဳၿပံဳး ChristmasSong&ခရစၥမတ္သီခ်င္း CityFm Dawn&ဒြန္း DiraMore&ဓီရာမိုရ္ DoeLone&ဒိုးလံုး Dway&ေဒြး EainEain&အိန္အိန္း G.Latt&ဂ်ီလတ္ GaeGae&ေဂေဂး GirlLay&ဂဲ(လ္)ေလး Graham&ဂေရဟမ္ Group&အဖြဲ႔လိုက္ GuRawng&ကူးေရာင္ GyoGyar&ႀကိဳးၾကာ HanTun&ဟန္ထြန္း HaymarNayWin&ေဟမာေနဝင္း He`Lay&ဟဲေလး HlonMoe&လႊမ္းမိုး HlwanPaing&လႊမ္းပိုင္ HtamHkay&ထ်န္ေခး HTDTunYin&ဟသာၤတထြန္းရင္ HtetAung&ထက္ေအာင္ HtetHtetMyintAung&ထက္ထက္ျမင္႔ေအာင္ HtetSaung&ထက္ေလွ်ာင္း HtooEainThin&ထူးအိမ္သင္ HtooHtooSet&ထူးထူးဆက္ HtooL.Lin&ထူးအယ္လင္း HtunHtun&ထြဏ္းထြဏ္း HtunYati&ထြန္းရတီ IreneZinMarMyint&အိုင္ရင္းဇင္မာျမင္႔ J.LingMawng&ေဂလိန္းေမာင္း J.MgMg&ေဂ်ေမာင္ေမာင္ JarSan&ဂ်ာဆန္ JetSanHtun&ဂ်က္ဆန္ထြန္း JMe&ေဂ်းမီ KabarPhone&ကမၻာဖုန္း KaiZar&ကိုင္ဇာ KapyaBoiHmu&ကဗ်ာဘြဲ႔မွဴး KaungKaung&ေကာင္းေကာင္း KhaingHtoo&ခိုင္ထူး KhinBone&ခင္ဘုဏ္း khinMgHtoo&ခင္ေမာင္ထူး KhinMgToe&ခင္ေမာင္တိုး KhinSuSuNaing&ခင္စုစုႏိုင္ KhupPi&ခုပ္ပီး KKT&ေကေကတီ KoKoGyi&ကိုကိုႀကီး KoNi&ေကာ္နီ KyingLianMoong L.KhunYe&L.ခြန္းရီ L.LwinWar&L.လြန္းဝါ L.SengZi&L.ဆိုင္းဇီ LaShioTheinAung&လားရႈိးသိန္းေအာင္ LaWi&လဝီ LayLayWar&ေလးေလး၀ါ LayPhyu&ေလးျဖဴ LDKyaw&L.ဒီေက်ာ္ LiLiMyint&လီလီျမင္႔ LinNit&လင္းနစ္ LynnLynn&လင္းလင္း Madi&မဒီ MaNaw&မေနာ Marritza&မာရဇၨ MayKhaLar&ေမခလာ MaySweet&ေမဆြိ MayThu&ေမသူ MgThitMin&ေမာင္သစ္မင္း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင္းေဖ MinAung&မင္းေအာင္ Misandi&မိဆႏၵီ MMGospelSong&ခရစ္ယာန္ဓမၼေတး MMLoveSong&ျမန္မာသီခ်င္း MoMo&မို႔မို႔ MoonAung&မြန္းေအာင္ Music&ဂီတ Myanmar-Kid-Songs MyayPeYo&ေျမပဲယို MyoGyi&မ်ိဳးႀကီး MyoMyo&မ်ိဳးမ်ိဳး NangKhinZayYar&နန္းခင္ေဇယ်ာ Naung&ေနာင္ NawLiZar&ေနာ္လီဇာ NawNaw&ေနာေနာ္ NgeNgeLay&ငဲ႔ငယ္ေလး NiNiKhinZaw&နီနီခင္ေဇာ္ NiNiWinShwe&နီနီဝင္းေရႊ NO&ႏိုး NweYinWin&ႏြဲ႔ယဥ္ဝင္ NyanLinAung&ဥာဏ္လင္းေအာင္ NyiMinKhine&ညီမင္းခိုင္ NyiZaw&ညီေဇာ္ PannEiPhyu&ပန္းအိျဖဴ PanYaungChel&ပန္းေရာင္ျခယ္ Pb.ThanNaing&သန္းႏိုင္ PhawKa&ေဖာ္ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ္ PhyoGyi&ၿဖိဳးႀကီး PhyoKyawHtake&ၿဖိဳးေက်ာ္ထိုက္ PhyuPhyuKyawThein&ျဖဴျဖဴေက်ာ္သိန္း PhyuThi&ျဖဴသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည္ RainMoe&ရိန္မိုး RebeccaWin&ေရဗကၠာ၀င္း Ringo&ရင္ဂို SaiHteeSaing&စိုင္းထီးဆိုင္ SaiLay&စိုင္းေလး SaiSaiKhanHlaing&စိုင္းစိုင္းခမ္းလႈိင္ SaiSaiMaw&စိုင္းဆိုင္ေမာ၀္ SaiSan&ဆိုင္စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင္းဂၽြန္သင္ဇမ္း SalaiSunCeu&ဆလိုင္းဆြန္က်ဲအို SalaiThuahAung&ဆလိုင္းသႊေအာင္ SalaiZamLain&ဆလိုင္းသွ်မ္းလ်န္ SandyMyintLwin&စႏၵီျမင့္လြင္ SangPi&စံပီး SaungOoHlaing&ေဆာင္းဦးလႈိင္ SawBweHmu&စာဘြဲ႔မွဴး SawKhuSe&ေစာခူဆဲ She&သွ်ီ ShinPhone&ရွင္ဖုန္း ShweHtoo&ေရႊထူး SinPauk&ဆင္ေပါက္ SiThuLwin&စည္သူလြင္ SithuWin&စည္သူဝင္း SiYan&စီယံ Snare SoeLwinLwin&စိုးလြင္လြင္ SoeNandarKyaw&စိုးနႏၵာေက်ာ္ SoePyaeThazin&စိုးျပည္႔သဇင္ SoeSandarTun&စိုးစႏၵာထြန္း SoTay&ဆိုေတး SungTinPar&ဆုန္သင္းပါရ္ SuNit&ဆူးနစ္ TekatawAyeMg&တကၠသိုလ္ေအးေမာင္ ThangPaa&ထန္းပါး TharDeeLu&သာဒီးလူ ThawZin&ေသာ္ဇင္ ThiriJ.MgMg&သီရိေဂ်ေမာင္ေမာင္ Thoon&သြန္း TinGyanSong&သႀကၤန္သီခ်င္း TintTintTun&တင္႔တင္႔ထြန္း TinZarMaw&တင္ဇာေမာ္ TunEaindraBo&ထြန္းအိျႏၵာဗို TunKham&ထြဏ္းခမ္ TunTun&ထြန္းထြန္း TuTu&တူးတူး V.NoTun&V.ႏိုထြန္း WaiLa&ေဝလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင္းစုခိုင္သိန္း WyneLay&ဝိုင္းေလး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင္ YadanaOo&ရတနာဦး YairYintAung&ရဲရင္႔ေအာင္ YanAung&ရန္ေအာင္ YarZarWinTint&ရာဇာဝင္းတင္႔ YeTwin&ရဲသြင္ YummyRookie YuZaNa&ယုဇန YY&၀ိုင္၀ိုင္း Z.DiLa&Z.ဒီးလာ ZamNu&ဇမ္ႏူး ZawOne&ေဇာ္ဝမ္း ZawPaing&ေဇာ္ပိုင္ ZawWinHtut&ေဇာ္ဝင္းထြဋ္ ZawWinShing&ေဇာ္ဝင္းရွိန္ ZayYe&ေဇရဲ ZwePyae&ဇြဲျပည္႔
သီခ်င္းနားေထာင္ရန္ အေပၚက အဆိုေတာ္ နာမည္ Click ပါေနာ္

Facebook မွာ ဖတ္ခ်င္ရင္ Like တစ္ခ်က္ေလာက္ နဲ႔ အားေပးႏိုင္ပါသည္

Friday, November 3, 2017

ျမန္မာ့ ရုပ္ရွင္ေလာကအတြက္ေတာ့ ရွက္ဖြယ္ လိလိ ျဖစ္ဦးေတာ့မယ္

Zawgyi ျဖင့္ဖတ္ရန္
ထိုင္းက ပထမဦးဆံုး ဆူရီယိုထိုင္း ရိုက္တယ္ အဲဒီကားမွာ တပင္ေရႊထီးနဲ႔ ဘုရင့္ေနာင္ တို႔ ပထမဦးဆံုးအႀကိမ္ ထိုင္းကို ဝင္ေရာက္တိုက္ခိုက္တဲ့ အေၾကာင္း ရိုက္ျပထားတယ္…
(အျဖစ္ ရိုက္တဲ့ ဘန္ရဂ်န္းလို ေပစုတ္စုတ္ကားကို ထည့္မတြက္ပါ)


ဒုတိယကားအေနနဲ႔ နရဲစြမ္း ထြက္တယ္… ေဒၚလာသန္းခ်ီ အကုန္ခံရိုက္တယ္… ျမန္မာႏိုင္ငံကိုလာၿပီး ကေမာၻဇသာဒီနန္းေတာ္ ပုဂံနန္းေတာ္နဲ႔ မႏၱေလးနန္းေတာ္တို႔ အမ်ိဳးသားျပတိုက္တို႔ကိုလာၿပီး ဓါတ္ပံုရိုက္ ထိုင္းမွာ ျမန္မာနန္းေတာ္ အတုတစ္ခု ႀကီးက်ယ္ခန္းနားစြာ ျပန္ေဆာက္ၿပီး ရိုက္တယ္။ ရိုက္တဲ့ေနရာမွာ အဝတ္အစား costume ေတြကို တခန္းတနားနဲ႔ ျပင္ဆင္တယ္… အသံုးျပဳတဲ့ စစ္ျမင္းေတြကို ၾသစေတးလ်ကေန မွာတယ္… the lord of the ring ရိုက္တဲ့အဖြဲ႕ကို ေခၚၿပီး စက္တင္ ဆင္ရိုက္တယ္… အလြန္ခန္းနားလြန္းတယ္
အဲဒီကားေတြမွာ ျမန္မာ့သမိုင္းမွာ မွန္တာပါသလို လုပ္ဇတ္လုပ္ၿပီး ရိုက္ထားတဲ့ သမိုင္းလိမ္လည္း ပါမွာပဲ… ဒါေပမယ့္ ဘာျဖစ္လဲ… တသက္လံုး ၿပိဳင္ဖက္ျဖစ္လာတဲ့ ျမန္မာကို ေပစုတ္စုတ္ မရုိက္ဘူး.. အလြန္ခန္းနားႀကီးက်ယ္တဲ့ ဟံသာဝတီ နန္းေတာ္ ႏိုင္ငံေတာ္အေနနဲ႔ ရိုက္တယ္… ဒါမွ ကိုယ့္ထက္ႀကီးက်ယ္တဲ့ ခန္းနားတဲ့ ၿပိဳင္ဖက္ႏိုင္ငံရဲ႕ က်ဴးေက်ာ္မႈကို ယိုးဒယားေတြက တြန္းလွန္ႏိုင္တယ္ဆိုမွ သူတို႔ ဂုဏ္ရွိမွာေလ… တကယ္လည္း ျမန္မာ့သမိုင္းမွာ ဘုရင့္ေနာင္ရဲ႕ ႏိုင္ငံေတာ္ဟာ ႀကီးက်ယ္ ခန္းနားခဲ့ပါတယ္။

အခုေနာက္ဆံုး တတိယကားအေနနဲ႔ အေလာင္းမင္းတရား ရုပ္ရွင္ စရိုက္ေနၿပီ။ ဒီpost မွာ ဇာတ္ဝင္ခန္းအခ်ိဳ႕ရဲ႕ ဓါတ္ပံုေတြ တင္ေပးထားပါတယ္ ၾကည့္ၾကည့္ပါ။ ထိုင္းေတြက ျမန္မာနန္းေတာ္ အတု တစ္ခါပဲ ေဆာက္တယ္ costume ေတြကို တစ္ခါပဲ အကုန္ခံလုပ္တယ္။ ႀကီးက်ယ္ခန္းနားေသာ စက္တင္ေတြကို တစ္ခါပဲေဆာက္တယ္။ ၿပီးေတာ့ လူေတြ စိတ္ဝင္စားေစမယ့္ ရုပ္ရွင္ ၉ ကားေလာက္ ရိုက္လိုက္တယ္ (ဆူရီယိုထိုင္းက ၁ ကား၊ နရဲစြမ္းက ၆ ကား၊ ၾကားထဲမွာ ႏိုင္ငံျခားရုပ္ရွင္း the prince and me ဆိုလား စိတ္ကူးယဥ္ႏိုင္ငံလုပ္ရိုက္တဲ့ တကား၊ အခုေနာက္ဆံုး အေလာင္းဘုရားကား) ၿပီးေတာ့ နရဲစြမ္းကို tv series လုပ္ ရိုက္လိုက္ေသးတယ္။ ၿပီးေတာ့ အဲဒီ နန္းေတာ္ေတြ costume ေတြကို ျပစားတယ္။ အဲဒီေတာ့ သူတို႔ အရင္းက ေက်သထက္အျပင္ အျမတ္ေတာင္ အမ်ားႀကီး ေပၚေနၿပီ။

ကၽြန္ေတာ္တို႔ ျမန္မာ ရုပ္ရွင္ေတြက ေရွးေခတ္ ျမန္မာ့ စစ္ကားရိုက္တယ္။ က်န္စစ္မင္းဆို ႏွာဘူးကားျဖစ္လို႔… ဘာႀကီးက်ယ္ခန္းနားမႈမွလည္း မရွိ၊ ဘုရင္အခန္းေတြ ရိုက္တဲ့ကားေတြဆိုလည္း စုတ္တီးစုတ္ျပတ္နဲ႔။ ထိုင္းလို ေငြမရွိလို႔ မရိုက္ႏိုင္ဘူး ဆင္ေျခမေပးနဲ႔။ တကယ္လုပ္တတ္ရင္ တကယ္ မခုိမကပ္ပဲ ႏိုင္ငံခ်စ္စိတ္ ျပည္သူေတြကို တန္ဖိုးထားၿပီး ဇာတ္ကားေကာင္း ဖန္တီးခ်င္စိတ္ ေစတနာစိတ္ထားၿပီး ရိုက္ရင္ရတယ္။ ျမန္မာျပည္မွာလည္း နန္းေတာ္ အတုေဆာက္လုိ႔ရတယ္ ၿပီးေတာ့ ဇာတ္လမ္းတြဲေပါင္းမ်ားစြာ မကုန္ႏိုင္မခန္းႏိုင္ (မြန္ျမန္မာ ႏွစ္ ၄၀ စစ္အေၾကာင္း၊ အင္းဝ၊ အမရပူရ ဟံသာဝတီ ေတာင္ငူ ေခတ္အဆက္ဆက္က သူရဲေကာင္းေတြအေၾကာင္း မင္းေတြအေၾကာင္း ဇတ္ကားျဖစ္ျဖစ္ ရိုက္လို႔ရတယ္။

ဒါေပမယ့္ မရိုက္ခဲ့ဘူး။ မရိုက္တဲ့အျပင္ ဒီဖက္ေခတ္ ကိုယ့္ျမန္မာျပည္ရဲ႕ လြတ္လပ္ေရးဗိသုကာ ဗိုလ္ခ်ဳပ္ေအာင္ဆန္း ရုပ္ရွင္ေတာင္ ေလနဲ႔ ရိုက္ေနတာ ၅ ႏွစ္ မကေတာ့ဘူး။ ဘာမွ အေကာင္အထည္ မေပၚတဲ့အျပင္ ျပတဲ့ ဇာတ္ဝင္ခန္းကလည္း ေပစုတ္စုတ္နဲ႔။
အခု ထိုင္းက ရိုက္မယ့္ အေလာင္းမင္းတရား ရုပ္ရွင္ကလည္း အလြန္ခန္းနားစြာ လာပါဦးမယ္။ အဲဒီ ရုပ္ရွင္ ထြက္လာရင္လည္း သမိုင္းလိမ္တယ္ ဘာညာနဲ႔ ေအာ္ဦးမယ္။ ကိုယ့္ႏိုင္ငံသမုိင္းကို ကိုယ္က ႀကီးက်ယ္ခန္းနားစြာ လက္ဦးေအာင္ မရိုက္ျပပဲနဲ႔ သူမ်ားတိုင္းျပည္က ႀကီးက်ယ္ခန္းနားမႈကို ေရွ႕တန္းတင္ၿပီး သူတို႔လိုသလို ျမန္မာ့သမိုင္းကို လိမ္ရိုက္တာလည္း ခံရဦးမယ္။ ဘယ္ေလာက္ေတာင္ ရွက္ဖို႔ ေကာင္းပါသလဲ။

အခု ျမန္မာ့ ရုပ္ရွင္ကို ၾကည့္တယ္။ သရဲကားေခတ္ေကာင္းရင္ သရဲကားလိုက္ရိုက္တယ္ ဟာသကား ေခတ္ေကာင္းရင္ ဟာသကား လိုက္ရိုက္တယ္ မင္းသားေတြ မိန္းမလိုဝတ္ အေျခာက္ပံုလုပ္တာ လူေတြ သေဘာက်ရင္ ရွိသမွ် မင္းသားအကုန္ အေျခာက္လိုဝတ္ ရိုက္ရတယ္။ ဘယ္မွာလဲ ဖန္တီးမႈေတြ၊ ဘယ္မွာလဲ ႀကီးက်ယ္ခန္းနားမႈေတြ။ ဒါေၾကာင့္လည္း ျမန္မာ့ရုပ္ရွင္ေတြကို ဘယ္လိုမွ ၾကည့္မရေတာ့တာ။ acting ေတြက over ေတြ ျဖစ္လာ ပရိတ္သတ္ကို လည္း ခပ္ေပါေပါေတြ ခ်ျပ မင္းသမီးေတြက လည္း တင္ပဲ ျပစားလိုက္ ရင္သားပဲ ႀကီးေအာင္လုပ္လိုက္ ကိုရီးယားသြား အလွျပင္လိုက္နဲ႔ပဲ ၿပီးတယ္။

ဖစ္ေစခ်င္တာက ျမန္မာျပည္မွာ ရိုက္ျပႏိုင္တဲ့ ရုပ္ရွင္ေတြ သမိုင္းေတြ အမ်ားႀကီးပါ။ tourist attraction ျဖစ္ေအာင္ လုပ္လို႔ရတာေတြ အမ်ားႀကီးပါ။ ဘာလုပ္ မလုပ္ၾကတာလဲ။ မလုပ္ႏိုင္တာလား ေရသာခိုတာလား ဘာမွ ႀကိဳးစားမႈ ျပင္းထန္အားထုတ္မႈ မရွိပဲ အလြယ္တကူ ပိုက္ဆံလိုခ်င္ေနတာလားဆိုတာေတာ့ လက္ရွိ ရုပ္ရွင္ေလာကက လူေတြသာ ကိုယ့္အေၾကာင္းကို အသိဆံုး ျဖစ္ပါလိမ့္မယ္။ ကၽြန္ေတာ္ကေတာ့ လက္ရွိအခ်ိန္အထိ ေလးစားရေသာ ျမန္မာ့ သမိုင္းဝင္ ရုပ္ရွင္ဇတ္ကား ထြက္တာ မေတြ႕ရေသးပါ။
အခု ထိုင္းကရိုက္တဲ့ အေလာင္းမင္းတရား ရုပ္ရွင္ထြက္တာနဲ႔ လက္ဝယ္ရဖို႔ ႀကိဳးစားေနပါတယ္။ ၿပီးရင္ ထပ္ေရးပါဦးမယ္။ ထိုင္းက သမိုင္းလိမ္သည္ျဖစ္ေစ လိုသလိုဆြဲသည္ျဖစ္ေစ ကိုယ့္ဘုရင္အေၾကာင္း ခုလို တခမ္းတနားနဲ႔ ရိုက္ျပတဲ့အတြက္ ေက်းဇူးတင္တာေတာ့ ရွိပါတယ္။
Source – Thit Sar
Share From လွေတာသားရဲ႕ဟာသမ်ား
Unicode ျဖင့္ဖတ္ရန္
ထိုင်းက ပထမဦးဆုံး ဆူရီယိုထိုင်း ရိုက်တယ် အဲဒီကားမှာ တပင်ရွှေထီးနဲ့ ဘုရင့်နောင် တို့ ပထမဦးဆုံးအကြိမ် ထိုင်းကို ဝင်ရောက်တိုက်ခိုက်တဲ့ အကြောင်း ရိုက်ပြထားတယ်…
(အဖြစ် ရိုက်တဲ့ ဘန်ရဂျန်းလို ပေစုတ်စုတ်ကားကို ထည့်မတွက်ပါ)

ဒုတိယကားအနေနဲ့ နရဲစွမ်း ထွက်တယ်… ဒေါ်လာသန်းချီ အကုန်ခံရိုက်တယ်… မြန်မာနိုင်ငံကိုလာပြီး ကမ္ဘောဇသာဒီနန်းတော် ပုဂံနန်းတော်နဲ့ မန္တလေးနန်းတော်တို့ အမျိုးသားပြတိုက်တို့ကိုလာပြီး ဓါတ်ပုံရိုက် ထိုင်းမှာ မြန်မာနန်းတော် အတုတစ်ခု ကြီးကျယ်ခန်းနားစွာ ပြန်ဆောက်ပြီး ရိုက်တယ်။ ရိုက်တဲ့နေရာမှာ အဝတ်အစား costume တွေကို တခန်းတနားနဲ့ ပြင်ဆင်တယ်… အသုံးပြုတဲ့ စစ်မြင်းတွေကို သြစတေးလျကနေ မှာတယ်… the lord of the ring ရိုက်တဲ့အဖွဲ့ကို ခေါ်ပြီး စက်တင် ဆင်ရိုက်တယ်… အလွန်ခန်းနားလွန်းတယ်
အဲဒီကားတွေမှာ မြန်မာ့သမိုင်းမှာ မှန်တာပါသလို လုပ်ဇတ်လုပ်ပြီး ရိုက်ထားတဲ့ သမိုင်းလိမ်လည်း ပါမှာပဲ… ဒါပေမယ့် ဘာဖြစ်လဲ… တသက်လုံး ပြိုင်ဖက်ဖြစ်လာတဲ့ မြန်မာကို ပေစုတ်စုတ် မရိုက်ဘူး.. အလွန်ခန်းနားကြီးကျယ်တဲ့ ဟံသာဝတီ နန်းတော် နိုင်ငံတော်အနေနဲ့ ရိုက်တယ်… ဒါမှ ကိုယ့်ထက်ကြီးကျယ်တဲ့ ခန်းနားတဲ့ ပြိုင်ဖက်နိုင်ငံရဲ့ ကျူးကျော်မှုကို ယိုးဒယားတွေက တွန်းလှန်နိုင်တယ်ဆိုမှ သူတို့ ဂုဏ်ရှိမှာလေ… တကယ်လည်း မြန်မာ့သမိုင်းမှာ ဘုရင့်နောင်ရဲ့ နိုင်ငံတော်ဟာ ကြီးကျယ် ခန်းနားခဲ့ပါတယ်။

အခုနောက်ဆုံး တတိယကားအနေနဲ့ အလောင်းမင်းတရား ရုပ်ရှင် စရိုက်နေပြီ။ ဒီpost မှာ ဇာတ်ဝင်ခန်းအချို့ရဲ့ ဓါတ်ပုံတွေ တင်ပေးထားပါတယ် ကြည့်ကြည့်ပါ။ ထိုင်းတွေက မြန်မာနန်းတော် အတု တစ်ခါပဲ ဆောက်တယ် costume တွေကို တစ်ခါပဲ အကုန်ခံလုပ်တယ်။ ကြီးကျယ်ခန်းနားသော စက်တင်တွေကို တစ်ခါပဲဆောက်တယ်။ ပြီးတော့ လူတွေ စိတ်ဝင်စားစေမယ့် ရုပ်ရှင် ၉ ကားလောက် ရိုက်လိုက်တယ် (ဆူရီယိုထိုင်းက ၁ ကား၊ နရဲစွမ်းက ၆ ကား၊ ကြားထဲမှာ နိုင်ငံခြားရုပ်ရှင်း the prince and me ဆိုလား စိတ်ကူးယဉ်နိုင်ငံလုပ်ရိုက်တဲ့ တကား၊ အခုနောက်ဆုံး အလောင်းဘုရားကား) ပြီးတော့ နရဲစွမ်းကို tv series လုပ် ရိုက်လိုက်သေးတယ်။ ပြီးတော့ အဲဒီ နန်းတော်တွေ costume တွေကို ပြစားတယ်။ အဲဒီတော့ သူတို့ အရင်းက ကျေသထက်အပြင် အမြတ်တောင် အများကြီး ပေါ်နေပြီ။

ကျွန်တော်တို့ မြန်မာ ရုပ်ရှင်တွေက ရှေးခေတ် မြန်မာ့ စစ်ကားရိုက်တယ်။ ကျန်စစ်မင်းဆို နှာဘူးကားဖြစ်လို့… ဘာကြီးကျယ်ခန်းနားမှုမှလည်း မရှိ၊ ဘုရင်အခန်းတွေ ရိုက်တဲ့ကားတွေဆိုလည်း စုတ်တီးစုတ်ပြတ်နဲ့။ ထိုင်းလို ငွေမရှိလို့ မရိုက်နိုင်ဘူး ဆင်ခြေမပေးနဲ့။ တကယ်လုပ်တတ်ရင် တကယ် မခိုမကပ်ပဲ နိုင်ငံချစ်စိတ် ပြည်သူတွေကို တန်ဖိုးထားပြီး ဇာတ်ကားကောင်း ဖန်တီးချင်စိတ် စေတနာစိတ်ထားပြီး ရိုက်ရင်ရတယ်။ မြန်မာပြည်မှာလည်း နန်းတော် အတုဆောက်လို့ရတယ် ပြီးတော့ ဇာတ်လမ်းတွဲပေါင်းများစွာ မကုန်နိုင်မခန်းနိုင် (မွန်မြန်မာ နှစ် ၄၀ စစ်အကြောင်း၊ အင်းဝ၊ အမရပူရ ဟံသာဝတီ တောင်ငူ ခေတ်အဆက်ဆက်က သူရဲကောင်းတွေအကြောင်း မင်းတွေအကြောင်း ဇတ်ကားဖြစ်ဖြစ် ရိုက်လို့ရတယ်။
ဒါပေမယ့် မရိုက်ခဲ့ဘူး။ မရိုက်တဲ့အပြင် ဒီဖက်ခေတ် ကိုယ့်မြန်မာပြည်ရဲ့ လွတ်လပ်ရေးဗိသုကာ ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်တောင် လေနဲ့ ရိုက်နေတာ ၅ နှစ် မကတော့ဘူး။ ဘာမှ အကောင်အထည် မပေါ်တဲ့အပြင် ပြတဲ့ ဇာတ်ဝင်ခန်းကလည်း ပေစုတ်စုတ်နဲ့။
အခု ထိုင်းက ရိုက်မယ့် အလောင်းမင်းတရား ရုပ်ရှင်ကလည်း အလွန်ခန်းနားစွာ လာပါဦးမယ်။ အဲဒီ ရုပ်ရှင် ထွက်လာရင်လည်း သမိုင်းလိမ်တယ် ဘာညာနဲ့ အော်ဦးမယ်။ ကိုယ့်နိုင်ငံသမိုင်းကို ကိုယ်က ကြီးကျယ်ခန်းနားစွာ လက်ဦးအောင် မရိုက်ပြပဲနဲ့ သူများတိုင်းပြည်က ကြီးကျယ်ခန်းနားမှုကို ရှေ့တန်းတင်ပြီး သူတို့လိုသလို မြန်မာ့သမိုင်းကို လိမ်ရိုက်တာလည်း ခံရဦးမယ်။ ဘယ်လောက်တောင် ရှက်ဖို့ ကောင်းပါသလဲ။
အခု မြန်မာ့ ရုပ်ရှင်ကို ကြည့်တယ်။ သရဲကားခေတ်ကောင်းရင် သရဲကားလိုက်ရိုက်တယ် ဟာသကား ခေတ်ကောင်းရင် ဟာသကား လိုက်ရိုက်တယ် မင်းသားတွေ မိန်းမလိုဝတ် အခြောက်ပုံလုပ်တာ လူတွေ သဘောကျရင် ရှိသမျှ မင်းသားအကုန် အခြောက်လိုဝတ် ရိုက်ရတယ်။ ဘယ်မှာလဲ ဖန်တီးမှုတွေ၊ ဘယ်မှာလဲ ကြီးကျယ်ခန်းနားမှုတွေ။ ဒါကြောင့်လည်း မြန်မာ့ရုပ်ရှင်တွေကို ဘယ်လိုမှ ကြည့်မရတော့တာ။ acting တွေက over တွေ ဖြစ်လာ ပရိတ်သတ်ကို လည်း ခပ်ပေါပေါတွေ ချပြ မင်းသမီးတွေက လည်း တင်ပဲ ပြစားလိုက် ရင်သားပဲ ကြီးအောင်လုပ်လိုက် ကိုရီးယားသွား အလှပြင်လိုက်နဲ့ပဲ ပြီးတယ်။
ဖစ်စေချင်တာက မြန်မာပြည်မှာ ရိုက်ပြနိုင်တဲ့ ရုပ်ရှင်တွေ သမိုင်းတွေ အများကြီးပါ။ tourist attraction ဖြစ်အောင် လုပ်လို့ရတာတွေ အများကြီးပါ။ ဘာလုပ် မလုပ်ကြတာလဲ။ မလုပ်နိုင်တာလား ရေသာခိုတာလား ဘာမှ ကြိုးစားမှု ပြင်းထန်အားထုတ်မှု မရှိပဲ အလွယ်တကူ ပိုက်ဆံလိုချင်နေတာလားဆိုတာတော့ လက်ရှိ ရုပ်ရှင်လောကက လူတွေသာ ကိုယ့်အကြောင်းကို အသိဆုံး ဖြစ်ပါလိမ့်မယ်။ ကျွန်တော်ကတော့ လက်ရှိအချိန်အထိ လေးစားရသော မြန်မာ့ သမိုင်းဝင် ရုပ်ရှင်ဇတ်ကား ထွက်တာ မတွေ့ရသေးပါ။
အခု ထိုင်းကရိုက်တဲ့ အလောင်းမင်းတရား ရုပ်ရှင်ထွက်တာနဲ့ လက်ဝယ်ရဖို့ ကြိုးစားနေပါတယ်။ ပြီးရင် ထပ်ရေးပါဦးမယ်။ ထိုင်းက သမိုင်းလိမ်သည်ဖြစ်စေ လိုသလိုဆွဲသည်ဖြစ်စေ ကိုယ့်ဘုရင်အကြောင်း ခုလို တခမ်းတနားနဲ့ ရိုက်ပြတဲ့အတွက် ကျေးဇူးတင်တာတော့ ရှိပါတယ်။
Source – Thit Sar
Share From လှတောသားရဲ့ဟာသများ

No comments:

Post a Comment

မိတ္ေဆြ...အခ်ိန္ေလးရရင္ blogg မွာစာလာဖတ္ပါေနာ္
ဗဟုသုတ ရနိုင္တယ္။