Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။
✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩
8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်
Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်
Tuesday, November 7, 2017
ထမင်းချက်၊ စားပွဲထိုး၊ ပန်းကန်ဆေး ဘ၀မှ ယခုမြန်​မာပြည်​၏ အချမ်းသာဆုံး သူဌေးကြီးဖြစ်နေသူ ဦးဇော်ဇော်
အပေါင်းအသင်းဆန့်တဲ့ သူဌေး (သို့) ဦးဇော်ဇော်
ဦးဇော်ဇော်ဆိုလိုက်တာနဲ ပြေးမြင်ကြမှာက ဧရာဝတီဘဏ်နဲ မြန်မာ့ဘောလုံးလောကပါ။
သူဟာ မြန်မာခရိုနီတွေ ကြားထဲမှာ အသက်အငယ်ဆုံး ဖြစ်တလို အများချီးကျူးဝေဖန်နေကြတဲ့ သူ ဖြစ်တလို
နိင်ငံတကာကပါလေးစားခံနေရတဲ့ သူတစ်ယောက်လို့ ပြောရင်လည်း မမှားပါဖူး။
ခရိုနီတွေထဲမှာလည်း အပေါင်းအသင်းအဆန့်ဆုံးလိုဆို့ရမှာပါ၊
သူဟာ အစီုးရအာဏာရှင်များနဲသာမက ထောင်ကျနိင်ငံရေး သမားတွေ လူမှုရေး စီးပွားရေးနယ်ပါယ်အသီးသီးက
ထိပ်သီးအဆင့်ဖြစ်စေ အောက်ခြေဖြစ်စေ သိကျွှမ်းဝင်သူ တစ်ဦး ဖြစ်ပါတယ်။
အခတ်အခဲတွေ ရုန်းကန်းမူတွေ ကျော်ဖြတ်လာပြီးမှ သူဌေးဆိုတဲ့ ဂုဏ်ဘွဲ့ကို ရရှိခဲ့တာ ဖြစ်တလို
ယခင်အာဏာရှင်တွေနဲ ပေါင်းစားသူဆိုပြီးလည်း ၀ိုင်းသမုက်ခံနေရပေမယ့် သူဟာ
၈၈အရေးတော်ပုံကာလက တက်ကြွသောကျောင်းသားတစ်ဦးဆိုတာ လူသိနည်းပါတယ်။
သူငယ်စဉ်ဘဝ အတော်များများကို ရှာမရ ဖြစ်တာမို့ သိရတလောက်ကို ပြန်ဝေမျှ ပါရစေ။
ဦးဇော်ဇော်ဟာ ဧရာ ဝတီမြစ်ဝကျွန်း ပေါ် – ရေ ကြည် နယ် သား ပါ ။
အဖေက အစိုးရ ဝန်ထမ်း ၊ အမေ က အိမ်ဆိုင်လေးဖွင့်ထားပီးတစ်ဘက်တစ်လမ်း
အိမ်ဝင်ငွေရှာခဲ့ရတဲ့ မွေးချင်း ၆ ယောက် အ နက် သူ က အ ငယ် ဆုံး သား တစ် ဦး ဖြစ် ပါ တယ်။
၁၉၈၈မှာ အရေးအခင်းဖြစ်တော့ သူ က ‘ရန်ကုန်တက္ကသိုလ်နောက်ဆုံးနှစ်မှာ ပါ ။
စစ်တပ်အာဏာသိမ်း ပီးနောက် အရေးအခင်းမှာ ပါဝင်လှုပ်ရှားသူတွေကို စစ်အစိုးရလိုက်လံဖမ်းတော့
သူလည်း ၄ လ လောက် ပြည်တွင်းမှာ ပုန်းရှောင်နေရသေးတု့ အချိန်မှာ သူအသက်ဟာ (၂၀)၀န်းကျင်သာ ရှိပါသေးတယ်။
အဲဒီနောက် ဆွေမျိုးဝမ်းကွဲ အကူအညီနဲ့ စင်ကာပူ ကို ( ဒေါ်လာ ၈၀ ပဲ အိတ်ထဲ ပါလာ ) ထွက်လာပီး ၊
သင်္ဘောသားလုပ်ခဲ့တာ ၆ နှစ်ကြာ ပြည်ပထွက် အလုပ်လုပ်ခြင်း စွန့်စားရမှုရဲ့ အစ ဦးပိုင်း အခြေအနေပါပဲ ။
ပြည်ပကို အ ကြောက်တရားရှိနေတဲ့ စစ်အစိုးရရဲ့ အထီးကျန်ကာလတွေ မှာ
ဦးဇော်ဇော်တစ်ယောက် တစ်လမှ ဒေါ် လာ ၂၀၀ ရဖို့အရေး သင်္ဘောကုန်းပတ်ပေါ်မှာ
တစ်နေ့နာရီ(၂၀)ကြာ သင်္ဘောသားလုပ်နေရင်းနဲ့ ၊ ဩစတေးလျ – ဟောင်ကောင် – တိုင်ဝမ် – အီရန် – ဂျပန် -အာဖရိက စသည် နေရာတွေကို
သူလည်း အစုံ ရောက်ဖူးသွားပြီး ၊ အင်္ဂလိပ်စာကို လေ့လာခွင့်ရခဲ့သလို ၊
တစ်ဖက်မှာ သူများနိုင်ငံတွေ ဖွံးဖြိုးတိုးတက်တာ တွေမြင်ရတော့ သူ့ဘဝသူ ၊သူရဲ့ဆင်းရဲမှု ၊
အနှိမ်ခံရမှု တွေ အပေါ် ရှက်စိတ်တွေနဲ့သာ ရှင်သန်နေထိုင်လာခဲ့ပါတယ် ။
ဒါကတော့ သူလုပ်နေတဲ့ သဘောင်္ ဂျပန်မှာ ဆိုက်ကပ်စဉ် နေကျန်ခဲ့တာပဲ၊ တချို့က သူထွက်ပြေးခဲ့တာလို့ ဆိုကြပါတယ်။
ဒီလိုနဲ ၁၉၉၁ (တချို့က ၁၉၉၂လို့ ဆို) မှာ လက်ကျန်ငွေ ၆၅၀ နဲ့ ဂျပန်ကိုရောက်ရပြန်ပါတယ်။
တို ကျို မှာ ‘ ထမင်းချက် – ပန်းကန်ဆေး – စားပွဲထိုး ‘ အလုပ် ၃ မျိုးလုပ်ပြီး ၊
တစ်ဖက်မှာ ဂျပန်စာကို သင်ယူလေ့လာခွင့် ရပါတယ် ။ ဒီလိုနဲ့ yellow pages နဲ့ cold-calling က
တစ်ဆင့် ကားဟောင်း ရောင်းဝယ်တဲ့ ဗျံကျ အလုပ်ကလေး စလုပ် ဖြစ်ပါတယ် ။
အဲဒီမှာ Max Trading Co လို့ အမည်စပေး ဖြစ်သွားတာပါ ။
ကားဟောင်းရောင်းသူဌေး နဲ့ မိတ်ဆွေ ဖြစ်လာပြီး ၊ အဲဒီက Nissan ဆီဒင် ၂ စီး ကို ဝယ် ဖြစ် ၊
အ ခြားမိတ်ဆွေ ကို ပြန်ရောင်းဖြစ် ၊ ဒီကစပြီး Max Myanmar Group.ဖြစ်တည်လာတာ
မြန် မာ နဲ့ အ ခြား နိုင် ငံ တွေ ဆီ ကား ဟောင်း တွေ တင် ပို့ ရောင်းချဖြစ်ပါတယ် ။
ဦးဇော်ဇော်ဟာ သူရရှိခဲ့တဲ့ အဆက်အသွယ်များနဲ့ ၁၉၉၅ ခုနှစ်မှာ ရန်ကုန်ကို ပြန်ရောက်ခဲ့ပါတယ်။
အဲအချိန်မှာ ဦးဇော်ဇော်အသက်ဟာ (၂၉)နှစ် ရှိပါပြီ။
ဇော်ဇော်အမည်နဲ့ စစ်အစိုးရကို ကန်ထရိုက်ဝင်လုပ်ပါတယ်။
မြန်မာနိုင်ငံသားတစ်ယောက်ကို ကား ၁ စီးသွင်းခွင့်ရှိတဲ့ အဲဒီခေတ်လုပ်ထုံးလုပ်နည်း အရ $500 လောက် ပေါက်တဲ့ ကားပါမစ်တွေကို သူက ချုပ်ကိုင်ထားရပါတယ် ။
သူ့ရဲ့ ဇနီးလောင်း ဖြစ်မည့်သူဟာ သူမကိုယ်တိုင်လည်း ဂျပန်မှာ အလုပ်လုပ်နေချိန် ၊
သူထံကားလာဝယ်ရင်း နဲ့ ဖူးစာဆုံခဲ့တာ လို့ သိရပြီး ၁၉၉၅ခုနှစ်မှာပဲ လက်ထက်ဖြစ်ကြတယ် လို့ သိရပါတယ်။
လက်ရှိအချိန်မှာတော့ သမီးတစ်ဦး သားတစ်ဦး ရှိတဲ့ မီသားစုဖြစ်နေပါပြီ။
ဦးဇော်ဇော်ဟာ ဂျပန်က သူဌေးတစ်ယောက် မွေးစားတာ ခံရပြီး အရင်းအနှီးရရှိကာ မြန်မာပြည်ပြန်လာ စီးပွားပြန်လုပ်ရင်း ချမ်းသာလာတာလို့လည်း ပြောကြပါတယ်။
ဘာပဲ ဖြစ်ဖြစ် အဲအချိန်တုန်းက ဂျပန်ဟာ ခောတ်မှိအတိုးတက်ဆုံး နိင်ငံမို့ သူအတွက် အတွေ့အကြုံကောင်းတွေ အများကြီး ရရှိခဲ့မှာ အမှန်ပါ။
လုပ်ဖော်ကိုင် ဖက်နိုင်ငံရေးသမားများ အဝေဖန်ခံကာ စီးပွားရေးလောကသို့ ခြေစုံပစ်ဝင်ရောက်ခဲ့တယ် လို့ သိရပါတယ်။
မြန်မာပြည် အတူပြန်လာတော့လည်း ဒီကားဟောင်းသွင်းတဲ့ အလုပ်ကိုပဲ ဆက်လုပ်ပါ တယ် ။
နောက်ပိုင်းမှာ အကြီးစားဆောက်လုပ်ရေးယန္တရား ပစ္စည်းတွေ၊အစီုးရ ပရောဂျက်တွေ လုပ်ကိုင်ရင်းနဲ
ယခင် အစီုးရအုပ်ချူပ်ရေးပိုင်းက လူတွေနဲ ပိုသိလာကာ၂၀၀၅ ခုနှစ်မှာ ဆောက်လုပ်ရေးကုမ္ပဏီ ထူထောင်ပြီး
နေပြည်တော် အမြန်လမ်းတွေ ဟိုတယ်တွေ ဘော်လုံးကွင်းတွေ တည်ဆောက်ပေးတဲ့ အထိ နေရာ ရလာခဲ့ပါတယ်။
ယခင်စစ်အစီုးရနဲ ပူးပေါင်းဆောင်ရွှက်ခဲ့တယ် ဆိုပြီး ၂၀၀၈ ခုနှစ်မှာ အမေရိကန်က စီးပွားရေးပိက်ဆို့မှုတွေ ပြုလုပ်တာ ခံခဲ့ရပါတယ်။
မြန်မာပြည်မှာ အချမ်းသာဆုံးဖြစ်လာတဲ့ အချိန်မှာ သူအသက်ဟာ(၄၂) သာ ရှိပါသေးတယ်။
ပုသိမ်၊ ဧရာဝတီတိုင်း၊လုံးခင်းကျောက်စိမ်းတွင်း၊ ဖားကန့်၊ ကချင်ပြည်နယ်၊Max Myanmar ဘိလပ်မြေစက်ရုံ၊တောင်ဖီလာအနီး၊လယ်ဝေးမြို့နယ်၊
နေပြည်တော်၊Max Myanmar ရာဘာစိုက်ခင်း၊ ဘီးလင်းမြို့နယ်၊မွန်ပြည်နယ်၊ပင်းယထုတ်လုပ်ရေး ကုမ္ပဏီလီမိတက်၊Hotel Max (ချောင်းသာ)၊
Royal Kumudar Hotel ၊နေပြည်တော်ဟိုတယ်ဇုန်၊ဟိုတယ် ဧရာဝတီ၊ နေပြည်တော် အမျိုးသား အထိမ်းအမှတ်ဥယျာဉ်၊ဧရာဝတီဘဏ်လုပ်ငန်း ၊
ရေကြည်၊ ငသိုင်းချောင်းအနီး ကျေးရွာများ ငွေချေးလုပ်ငန်း၊ နေပြည်တော်ရှိ ဘောလုံးကွင်းများ တည်ဆောက်ရေး လုပ်ငန်း၊ကျောက်မီးသွေးတူူး လုပ်ငန်း၊
ငွေကောက်ခံလုပ်ငန်း ( UWSA လုပ်ငန်းခွဲ) ရန်ကုန်အဲယားဝေး အစုရှယ်ယာပိုင်ရှင် စတဲ့ လုပ်ငန်းတွေကို ဦးဇော်ဇော်ပိုင်ဆိုင်တယ်လို့ သိရပါတယ်။
ဦးဇော်ဇော်ဟာ ၈၈ကျောင်းသားနိင်ငံရေးသမား ဖြစ်ခဲ့တာမို့ နိင်ငံရေးသမားတွေနဲပါ ခင်မင် ပါတ်သတ်မှု ရှိပါတယ်။
ဒါပေမယ့် ဦးဇော်ဇော်ဟာ ကိုယ်ပိုင်ငွေကြေးအများအပြား စိုက်ထုက်ကာ ကြိုးပမ်းဆောင်ရွှက်မှုတွေကြောင့်
ဘောလုံးပရိသတ်တွေကြားမှာလည်း နာမည်ကြီးသူတစ်ဦး ဖြစ်တလို အာရှဘောလုံးအဖွဲ့ချူပ်မှာလည်း အတွင်းရေးမှုးနေရာ ယူထားပါသေးတယ်။
ပြည်တွင်းမှာလည်း ဘောလုံးအကယ်ဒမီကျောင်းကို ထူထောင်ဖွင့်လှစ်ပေးနိင်ခဲ့ပြီး ကမ္ဘာ ဘောလုံအဖွဲ့ချူပ်ရဲ့ အသိအမှတ်ပြုမှုကို ရယူနိင်ခဲ့ပါတယ်။
မည်သို့ ဆိုဆို ဒီမိုကရေစီအပြောင်းအလဲ ဖြစ်ပြီး နောက်ပိုင်းမှာ အအောင်မြင်ဆုံး စီးပွားရေးသမား
တစ်ဦး ဖြစ်တလို အလှုအတန်းအရက်ရောဆုံး၊ဘောလုံးလောက တဖန်ပြန်ကောင်းလာအောင် အထောက်ပံပြုသူ တစ်ဦးအဖြစ် သက်မှတ်ရမှာ ဖြစ်ပါတယ်။
ကိုးကား
Wikipedia , GIZ Report
Credit – လှတောသား