Followers အားေပးသူမ်ား အထူး အထူးပဲ ေက်းဇူးတင္ပါသည္။

✩✩ ✩ ✩ ✩ ✩ ✩သီခ်င္းခ်စ္သူ ✪ မွ ✪ သီခ်င္းခ်စ္သူသို႔✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ္႔ခ်စ္ AhMoon&အမြန္း AhNaing&အႏိုင္ AhNge&အငဲ Akuk Alex&အဲလက္စ္ AnnHellar&အန္ဟဲလာ Ar-T AungHtet&ေအာင္ထက္ AungLa&ေအာင္လ AungNaing&ေအာင္ႏိုင္ AungThu&ေအာင္သူ AungYin&ေအာင္ရင္ AuraLi&အာ္ရာလီ AyeChanMay&ေအးခ်မ္းေမ AyeTinChoShwe&ေအသင္ခ်ိဳေဆြ AyeWuttYiThaung&ေအးဝတ္ရည္ေသာင္း BaDin&ဗဒင္ Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန္ BoPhyu&ဘိုျဖဴ Breaky&ဘရိတ္ကီ BunnyPhyoe&ဘန္နီၿဖိဳး ChanChan&ခ်မ္းခ်မ္း ChanChann&ခ်မ္ခ်မ္း ChawSuKhin&ေခ်ာစုခင္ ChinSong&ခ်င္းသီခ်င္း ChitKaung&ခ်စ္ေကာင္း ChitThuWai&ခ်စ္သုေဝ ChoLayLung&ခ်ိဳေလးလုန္ ChoPyone&ခ်ိဳၿပံဳး ChristmasSong&ခရစၥမတ္သီခ်င္း CityFm Dawn&ဒြန္း DiraMore&ဓီရာမိုရ္ DoeLone&ဒိုးလံုး Dway&ေဒြး EainEain&အိန္အိန္း G.Latt&ဂ်ီလတ္ GaeGae&ေဂေဂး GirlLay&ဂဲ(လ္)ေလး Graham&ဂေရဟမ္ Group&အဖြဲ႔လိုက္ GuRawng&ကူးေရာင္ GyoGyar&ႀကိဳးၾကာ HanTun&ဟန္ထြန္း HaymarNayWin&ေဟမာေနဝင္း He`Lay&ဟဲေလး HlonMoe&လႊမ္းမိုး HlwanPaing&လႊမ္းပိုင္ HtamHkay&ထ်န္ေခး HTDTunYin&ဟသာၤတထြန္းရင္ HtetAung&ထက္ေအာင္ HtetHtetMyintAung&ထက္ထက္ျမင္႔ေအာင္ HtetSaung&ထက္ေလွ်ာင္း HtooEainThin&ထူးအိမ္သင္ HtooHtooSet&ထူးထူးဆက္ HtooL.Lin&ထူးအယ္လင္း HtunHtun&ထြဏ္းထြဏ္း HtunYati&ထြန္းရတီ IreneZinMarMyint&အိုင္ရင္းဇင္မာျမင္႔ J.LingMawng&ေဂလိန္းေမာင္း J.MgMg&ေဂ်ေမာင္ေမာင္ JarSan&ဂ်ာဆန္ JetSanHtun&ဂ်က္ဆန္ထြန္း JMe&ေဂ်းမီ KabarPhone&ကမၻာဖုန္း KaiZar&ကိုင္ဇာ KapyaBoiHmu&ကဗ်ာဘြဲ႔မွဴး KaungKaung&ေကာင္းေကာင္း KhaingHtoo&ခိုင္ထူး KhinBone&ခင္ဘုဏ္း khinMgHtoo&ခင္ေမာင္ထူး KhinMgToe&ခင္ေမာင္တိုး KhinSuSuNaing&ခင္စုစုႏိုင္ KhupPi&ခုပ္ပီး KKT&ေကေကတီ KoKoGyi&ကိုကိုႀကီး KoNi&ေကာ္နီ KyingLianMoong L.KhunYe&L.ခြန္းရီ L.LwinWar&L.လြန္းဝါ L.SengZi&L.ဆိုင္းဇီ LaShioTheinAung&လားရႈိးသိန္းေအာင္ LaWi&လဝီ LayLayWar&ေလးေလး၀ါ LayPhyu&ေလးျဖဴ LDKyaw&L.ဒီေက်ာ္ LiLiMyint&လီလီျမင္႔ LinNit&လင္းနစ္ LynnLynn&လင္းလင္း Madi&မဒီ MaNaw&မေနာ Marritza&မာရဇၨ MayKhaLar&ေမခလာ MaySweet&ေမဆြိ MayThu&ေမသူ MgThitMin&ေမာင္သစ္မင္း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင္းေဖ MinAung&မင္းေအာင္ Misandi&မိဆႏၵီ MMGospelSong&ခရစ္ယာန္ဓမၼေတး MMLoveSong&ျမန္မာသီခ်င္း MoMo&မို႔မို႔ MoonAung&မြန္းေအာင္ Music&ဂီတ Myanmar-Kid-Songs MyayPeYo&ေျမပဲယို MyoGyi&မ်ိဳးႀကီး MyoMyo&မ်ိဳးမ်ိဳး NangKhinZayYar&နန္းခင္ေဇယ်ာ Naung&ေနာင္ NawLiZar&ေနာ္လီဇာ NawNaw&ေနာေနာ္ NgeNgeLay&ငဲ႔ငယ္ေလး NiNiKhinZaw&နီနီခင္ေဇာ္ NiNiWinShwe&နီနီဝင္းေရႊ NO&ႏိုး NweYinWin&ႏြဲ႔ယဥ္ဝင္ NyanLinAung&ဥာဏ္လင္းေအာင္ NyiMinKhine&ညီမင္းခိုင္ NyiZaw&ညီေဇာ္ PannEiPhyu&ပန္းအိျဖဴ PanYaungChel&ပန္းေရာင္ျခယ္ Pb.ThanNaing&သန္းႏိုင္ PhawKa&ေဖာ္ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ္ PhyoGyi&ၿဖိဳးႀကီး PhyoKyawHtake&ၿဖိဳးေက်ာ္ထိုက္ PhyuPhyuKyawThein&ျဖဴျဖဴေက်ာ္သိန္း PhyuThi&ျဖဴသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည္ RainMoe&ရိန္မိုး RebeccaWin&ေရဗကၠာ၀င္း Ringo&ရင္ဂို SaiHteeSaing&စိုင္းထီးဆိုင္ SaiLay&စိုင္းေလး SaiSaiKhanHlaing&စိုင္းစိုင္းခမ္းလႈိင္ SaiSaiMaw&စိုင္းဆိုင္ေမာ၀္ SaiSan&ဆိုင္စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင္းဂၽြန္သင္ဇမ္း SalaiSunCeu&ဆလိုင္းဆြန္က်ဲအို SalaiThuahAung&ဆလိုင္းသႊေအာင္ SalaiZamLain&ဆလိုင္းသွ်မ္းလ်န္ SandyMyintLwin&စႏၵီျမင့္လြင္ SangPi&စံပီး SaungOoHlaing&ေဆာင္းဦးလႈိင္ SawBweHmu&စာဘြဲ႔မွဴး SawKhuSe&ေစာခူဆဲ She&သွ်ီ ShinPhone&ရွင္ဖုန္း ShweHtoo&ေရႊထူး SinPauk&ဆင္ေပါက္ SiThuLwin&စည္သူလြင္ SithuWin&စည္သူဝင္း SiYan&စီယံ Snare SoeLwinLwin&စိုးလြင္လြင္ SoeNandarKyaw&စိုးနႏၵာေက်ာ္ SoePyaeThazin&စိုးျပည္႔သဇင္ SoeSandarTun&စိုးစႏၵာထြန္း SoTay&ဆိုေတး SungTinPar&ဆုန္သင္းပါရ္ SuNit&ဆူးနစ္ TekatawAyeMg&တကၠသိုလ္ေအးေမာင္ ThangPaa&ထန္းပါး TharDeeLu&သာဒီးလူ ThawZin&ေသာ္ဇင္ ThiriJ.MgMg&သီရိေဂ်ေမာင္ေမာင္ Thoon&သြန္း TinGyanSong&သႀကၤန္သီခ်င္း TintTintTun&တင္႔တင္႔ထြန္း TinZarMaw&တင္ဇာေမာ္ TunEaindraBo&ထြန္းအိျႏၵာဗို TunKham&ထြဏ္းခမ္ TunTun&ထြန္းထြန္း TuTu&တူးတူး V.NoTun&V.ႏိုထြန္း WaiLa&ေဝလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင္းစုခိုင္သိန္း WyneLay&ဝိုင္းေလး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင္ YadanaOo&ရတနာဦး YairYintAung&ရဲရင္႔ေအာင္ YanAung&ရန္ေအာင္ YarZarWinTint&ရာဇာဝင္းတင္႔ YeTwin&ရဲသြင္ YummyRookie YuZaNa&ယုဇန YY&၀ိုင္၀ိုင္း Z.DiLa&Z.ဒီးလာ ZamNu&ဇမ္ႏူး ZawOne&ေဇာ္ဝမ္း ZawPaing&ေဇာ္ပိုင္ ZawWinHtut&ေဇာ္ဝင္းထြဋ္ ZawWinShing&ေဇာ္ဝင္းရွိန္ ZayYe&ေဇရဲ ZwePyae&ဇြဲျပည္႔
သီခ်င္းနားေထာင္ရန္ အေပၚက အဆိုေတာ္ နာမည္ Click ပါေနာ္

Facebook မွာ ဖတ္ခ်င္ရင္ Like တစ္ခ်က္ေလာက္ နဲ႔ အားေပးႏိုင္ပါသည္

Tuesday, November 14, 2017

ေလွ်ာ္ျဖဴပင္စိုက္ပ်ဳိးျခင္းႏွင့္ အေစးထုတ္ပံုအေၾကာင္း သိေကာင္းစရာမ်ား အပင္သ႐ုပ္


စိုက္ပ်ိဳးေရး ႏွင့္ အေထြေထြဗဟုသုတ added 6 new photos.

ZG
ေလွ်ာ္ျဖဴပင္စိုက္ပ်ဳိးျခင္းႏွင့္ အေစးထုတ္ပံုအေၾကာင္း သိေကာင္းစရာမ်ား
အပင္သ႐ုပ္
ေလွ်ာ္ျဖဴပင္ဆိုသည္မွာ ေဆးကုလားမ(ေခၚ) ေလွ်ာ္ျဖဴေစးထုတ္ယူရရွိသည့္ သစ္ပင္တစ္မ်ဳိး ျဖစ္ပါသည္။ ႐ုကၡေဗဒ အမည္မွာ Sterculia Versicolour Wall ျဖစ္ပါသည္။ မ်ဳိးစဥ္ Mavales တြင္ပါ၀င္ ၿပီး မ်ဳိးရင္းသည္ Sterculiceae ျဖစ္ပါ သည္။ ေလွ်ာ္ျဖဴပင္သည္ သဘာ၀အားျဖင့္ ႏွစ္ရွည္ပင္ အပင္ႀကီးမ်ဳိးျဖစ္ကာ အရြက္မွာရြက္႐ိုးတံတစ္ခုအေပၚ တည္ရွိေနေသာ ရြက္မႊာ ၅-၇ ရြက္ရွိ လက္၀ါးပံု ရြက္ေပါင္းအမ်ဳိးအစားျဖစ္ပါသည္။ ပင္စည္အသား မွာ သစ္ပြမ်ဳိးျဖစ္ပါသည္။ ပင္စည္အေခါက္အတြင္း၌ ေလွ်ာ္မွ်င္မ်ားႏွင့္ အေစးမ်ား ဖြဲ႕စည္းတည္ရွိေန၍ ၎အပိုင္းမွ အေစးမ်ားထုုတ္ယူရရွိျခင္းျဖစ္ပါသည္။

အသံုးျပဳပံု
ေလွ်ာ္ျဖဴပင္မွ ထုတ္ယူရရွိေသာ ေလွ်ာ္ျဖဴေစးသည္ ဂ်ယ္လတင္ (Galactangelose) ပါ၀င္မႈေၾကာင့္ ေရကိုအဆမ်ားစြာစုပ္ယူ၍ ပြေစႏိုင္ျခင္း၊ ေရႏွင့္ေပါင္းစပ္၍ ႏူးညံ့ေပ်ာ့ေျပာင္းေသာ ဂ်ယ္အျဖစ္ ပံု သ႑ာန္အမ်ဳိးမ်ဳိး ေျပာင္းလဲေစႏိုင္ျခင္း အျပင္ ေစးပ်စ္ေစျခင္း၊ ေကာ္ကပ္ႏိုင္စြမ္း ရွိျခင္းႏွင့္ အက္စစ္ေပ်ာ့မ်ားႏွင့္ အႏုဇီ၀ပိုး မ်ား၏ ေျခဖ်က္တိုက္စားမႈဒဏ္ ခံႏိုင္ရည္ရွိ ျခင္းစသည့္ ထူးျခားသည့္႐ုပ္ႏွင့္ ဓာတ္ဂုဏ္သတၱိမ်ားရွိျခင္းေၾကာင့္ ကမၻာေပၚရွိ လူသံုး ကုန္ပစၥည္းထုတ္လုပ္ေရးလုပ္ငန္းမ်ား၊ စက္ မႈလုပ္ငန္းမ်ားတြင္ က်ယ္ျပန္႔စြာအသံုးျပဳ ၾကပါသည္။ အထူးသျဖင့္ စားေသာက္ကုန္ သေရစာႏွင့္ မုန္႔လုပ္ငန္းမ်ား၊ အလွကုန္ ပစၥည္းထုတ္လုပ္ေရးလုပ္ငန္းမ်ား၊ ေဆး၀ါး ထုတ္လုပ္ေရးလုပ္ငန္းမ်ား၊ ယကၠန္းႏွင့္ အထည္အလိပ္လုပ္ငန္းမ်ား၊ ပံုႏွိပ္လုပ္ငန္း မ်ားတြင္ ေလွ်ာ္ျဖဴေစးကို အမ်ဳိးမ်ဳိးသံုးစြဲ ၾကပါသည္။ ျမန္မာႏိုင္ငံတြင္မူ ေလွ်ာ္ျဖဴ ေစး(ေခၚ)ေဆးကုလားမအား ေရခဲမုန္႔၊ ေရႊ ရင္ေအး၊ ဖာလူဒါ စသည့္႐ိုးရာစားေသာက္ကုန္လုပ္ငန္းမ်ားတြင္ သံုးစြဲၾကၿပီး တိုင္းရင္းေဆးတြင္ ဆီးရႊင္ေဆး၊ ၀မ္းႏႈတ္ေဆးမ်ား အျဖစ္ ေဆး၀ါးအသြင္ အသံုးျပဳၾက ပါသည္။
ေပါက္ေရာက္မႈ
ေလွ်ာ္ျဖဴပင္သည္ ျမန္မာႏိုင္ငံ၏ မူရင္းေဒသ သဘာ၀ေပါက္အပင္တစ္ခု ျဖစ္ၿပီး အိႏိၵယႏိုင္ငံတြင္လည္း ေပါက္ေရာက္ေၾကာင္း သိရွိရသည္။ ျမန္မာႏိုင္ငံအႏွံ႔ အျပား ေတာင္တန္းမ်ားေပၚတြင္ အျခား သစ္ပင္မ်ားႏွင့္ ေရာေႏွာေပါက္ေရာက္ေလ့ ရွိၿပီး မႏၲေလး၊ စစ္ကိုင္းႏွင့္ မေကြးတိုင္းေဒသႀကီးမ်ားတြင္ အမ်ားဆံုးေတြ႕ရွိရပါသည္။ ၎ေဒသမ်ားမွ ႏွစ္စဥ္ေလွ်ာ္ျဖဴအေစးအမ်ားဆံုး ထြက္ရွိပါသည္။
စိုက္ပ်ဳိးမႈ
ျမန္မာႏိုင္ငံ၌ ေလွ်ာ္ျဖဴေစးခြာယူ ေရာင္းခ်ျခင္းလုပ္ငန္းသည္ ေတာေတာင္ မ်ားအနီးရွိ ေက်းလက္ေဒသခံမ်ား၏ စား ၀တ္ေနေရးအတြက္လည္းေကာင္း၊ အပို၀င္ေငြရရွိေရးအတြက္လည္းေကာင္း လြန္ခဲ့ ေသာဆယ္စုႏွစ္မ်ားမွစတင္၍ ယေန႔အခ်ိန္ ထိ ေန႔စဥ္လုပ္ကိုင္ေနၾကေသာ လုပ္ငန္း တစ္ခုျဖစ္ပါသည္။ သို႔ေသာ္လည္း ယခု အခါ သစ္ေတာမ်ားျပဳန္းတီးျခင္းႏွင့္အတူ သဘာ၀ေလွ်ာ္ျဖဴပင္မ်ားလည္း တျဖည္း ျဖည္း မ်ဳိးတုန္းရွားပါးလာသျဖင့္ အေစး ထုတ္ယူရရွိႏိုင္မႈေလ်ာ့နည္းလာရာ အခ်ဳိ႕ ေဒသခံမ်ားသည္ ေနအိမ္ျခံစည္း႐ိုးမ်ားတြင္ လည္းေကာင္း၊ ယာခင္းစည္း႐ိုးမ်ားတြင္ လည္းေကာင္း စမ္းသပ္စိုက္ပ်ဳိးၾကည့္ရာ တြင္ ေအာင္ျမင္ျဖစ္ထြန္းၿပီး အေစးရရွိမႈ ေကာင္းမြန္သျဖင့္ စိုက္ပ်ဳိးလွ်င္ အက်ဳိး ရရွိေၾကာင္း လက္ေတြ႕သိျမင္လာၾကသည္။ ျမန္မာေလွ်ာ္ျဖဴေစး၏ ျပည္တြင္းျပည္ပ ေစ်းကြက္ႏွင့္ ၀ယ္လိုအားသည္ ႏွစ္စဥ္ ပံုမွန္ရွိေနသျဖင့္ ယခုအခါ တစ္ပိုင္တစ္ႏိုင္စိုက္ပ်ဳိးသူမ်ားႏွင့္ အခ်ဳိ႕လုပ္ငန္းရွင္မ်ား သည္ စီးပြားျဖစ္ေလွ်ာ္ျဖဴပင္ စိုက္ခင္းမ်ား ကို စတင္တည္ေထာင္စိုက္ပ်ဳိးလွ်က္ရွိပါ သည္။
စိုက္ပ်ဳိးပံု
ေလွ်ာ္ျဖဴပင္ကို ေရ၀ပ္သည့္ေျမမွလြဲ ၍ ေျမမေရြး၊ ေနရာမေရြး စိုက္ပ်ဳိးႏိုင္သည္။သဘာ၀တြင္ ေက်ာက္တုံး၊ ေက်ာက္ေဆာင္ ေပါမ်ားေသာ ေတာင္တန္းမ်ားေပၚတြင္ပင္ ေကာင္းစြာေပါက္ေရာက္ ရွင္သန္ပါသည္။ သဘာ၀အားျဖင့္ ေလွ်ာ္ျဖဴပင္သည္ အပူ ပိုင္းေဒသႀကိဳက္အပင္မ်ဳိးျဖစ္ၿပီး မိုးေရခ်ိန္ ၁၀၀ လက္မပတ္၀န္းက်င္ႏွင့္ ၎င္းေအာက္ မိုးေရခ်ိန္ရရွိသည့္ ျမန္မာႏိုင္ငံေျမလတ္ပိုင္းအလယ္ပိုင္းႏွင့္ အထက္ပိုင္းေဒသမ်ားတြင္ စိုက္ပ်ဳိးလွ်င္ ပိုမိုသင့္ေလ်ာ္ပါသည္။ မိုး မ်ားသည့္ေဒသမ်ား၌ ေတာင္ေစာင္း ဆင္ေျခေလွ်ာေနရာမ်ားတြင္ ေရြးခ်ယ္စိုက္ပ်ဳိးရန္ လိုအပ္ပါသည္။
ေလွ်ာ္ျဖဴပင္သည္ စိုက္ပ်ဳိးရလြယ္ကူ ၍ အပင္ႀကီးထြားမႈလည္း ျမန္ဆန္ပါသည္။ စိုက္ပ်ဳိးရာတြင္ အစိုဓာတ္ေကာင္းစြာရရွိ ခ်ိန္ မိုးရာသီတြင္ ပ်ဳိးသက္ ၃-၄ လသား ရွိ ပ်ဳိးပင္မ်ားကို စိုက္က်င္းမ်ားတူးဆြ စိုက္ ပ်ဳိးရပါသည္။ စိုက္ခင္းတြင္ အစိုဓာတ္ ထိန္းသိမ္းေရးအတြက္ ၾကားထယ္ၾကား ထြန္မ်ား၀င္ေပးျခင္း၊ ေကာက္႐ိုးျမက္ ေျခာက္မ်ား ပင္ေျခတန္းၾကား ဖံုးအုပ္ေပး ျခင္း၊ ေပါင္းျမက္ရွင္းေပးျခင္းတို႔ကို ျပဳလုပ္ ေပးလွ်င္ အပင္ႀကီးထြားမႈ ပိုမိုေကာင္းမြန္ ပါသည္။ တစ္ဧကလွ်င္ အပင္ ၂၀၀ မွ ၃၀၀ ခန္႔ထားရွိ စိုက္ပ်ဳိးႏိုင္ၿပီး အပင္ငယ္စဥ္ ၂-၃ ႏွစ္သားအထိ ၾကားသီးႏွံ ရာသီပင္မ်ား ထည့္သြင္းစိုက္ပ်ဳိးႏိုင္ပါသည္။
အေစးထုတ္လုပ္ပံု
ေလွ်ာ္ျဖဴပင္မွ အေစးထုတ္ယူရာတြင္ စိုက္ပ်ဳိးၿပီး ၃-၄ ႏွစ္သား၊ ပင္စည္လံုးပတ္ ၂၅-၂၇ လက္မခန္႔အရြယ္မွစတင္ အေစး ထုတ္ယူႏိုင္ပါသည္။ အပင္မွ အေစးထုတ္ ယူပံုမွာ ပင္စည္အား ဓားထစ္နည္းျဖင့္ လည္းေကာင္း၊ ေဆာက္ျဖင့္ အေပါက္ ေဖာက္နည္းျဖင့္လည္းေကာင္း ေဒသ အလိုက္ လုပ္ကိုင္ၾကပါသည္။ အေစး ထုတ္ရန္ ဓားထစ္ျပင္ဆင္ပံုမွာ မိုးဦးက် အရြက္စံုခ်ိန္တြင္ ပင္စည္၏ ဒူး၊ ေပါင္ အျမင့္ခန္႔ေနရာ၌ ဓားထက္ထက္ျဖင့္ ပင္ စည္အသားအနည္းငယ္ျပတ္႐ံု ၃-၄ လက္မအက်ယ္ခန္႔ လျခမ္းပံုဘန္ထစ္ငယ္ ပံုေဖာ္ ခုတ္ထစ္ေပးရသည္။ စတင္လုပ္ကိုင္ခ်ိန္ တြင္ ဘန္ထစ္အေရအတြက္ကို ၂-၃ ေနရာသာ ျပဳလုပ္ရသည္။ ၎င္းေနာက္ ၁-၂ ပတ္ခန္႔အၾကာ အသားႏုက်ီးေပါင္း ျဖစ္ေပၚလာသည့္အခါ ဓားထက္ထက္ျဖင့္ ပါးပါးလွီးေပးရသည္။ ထိုကဲ့သို႔ ဓားလွီးေပး ျခင္းကို တစ္ပတ္ျခား တစ္ႀကိမ္၊ ႏွစ္ႀကိမ္ ခန္႔ ျပဳလုပ္ေပးရသည္။ ထိုသို႔ျပဳလုပ္ေပး ျခင္းသည္ အပင္မွအေစးမျပတ္ထြက္လာ ရန္ အေစးေၾကာဖြင့္ေပးျခင္း (၀ါ) ေလ့က်င့္ေပးျခင္းျဖစ္ၿပီး ၎င္းကို “မန္းျပင္ျခင္း”ဟု ေခၚၾကသည္။ အခ်ဳိ႕က “မ်က္ႏွာသစ္ေပး ျခင္း”ဟု ေခၚၾကသည္။
မန္းျပင္ေပးသူသည္ အေစးထြက္ရာ ေနရာ (မန္းရာ)သည္ ေျခာက္ေသြ႕မသြား ရန္(၀ါ) မန္းနပ္ေနရန္ အေျခအေနၾကည့္၍ ၂-၇ ရက္ျခား မန္းျပင္ေပးရပါသည္။ ထို ကဲ့သို႔ လိုအပ္သလို မန္းျပင္ေပးျခင္းျဖင့္ မန္းရာမွ အေစးမ်ားတစ္စိမ့္စိမ့္ေန႔စဥ္ထြက္ လာကာ အေစးမ်ားသည္ ျပင္ပေလအပူခ်ိန္ႏွင့္ ထိေတြ႕ကာ နာရီပိုင္းအၾကာတြင္ ပ်စ္ခဲ သြားသည္။ ေလထုစိုထိုင္းဆမ်ားလွ်င္ အေစးခဲမႈၾကန္႔ၾကာသည္။ အပင္မွအေစးခဲ မ်ားကို ရာသီဥတု(မိုး)အေျခအေနၾကည့္၍ ေန႔စဥ္ျဖစ္ေစ၊ ရက္ျခားျဖစ္ေစ၊ တစ္ပတ္ တစ္ခါျဖစ္ေစ ခြာယူ၍ တစ္ေန၊ ႏွစ္ေနခန္႔ အေျခာက္လွန္းၿပီး ေရာင္းခ်သိမ္းဆည္းၾက ပါသည္။
ပင္စည္မွ အေစးထုတ္ယူရာတြင္ အခ်ဳိ႕ေဒသမ်ား၌ ဓားထစ္နည္းမသံုးဘဲ ပင္ စည္အား အေပါက္မ်ားေဖာက္သည့္နည္း ကို အသံုးျပဳၾကပါသည္။ ပင္စည္ေပၚတြင္ ငါးမူး၀ိုင္း ခန္႔ အ၀ိုင္းေပါက္မ်ားကို ေဆာက္ခံုးငယ္ျဖင့္လည္းေကာင္း၊ လယ္ သမားသံုး “လြန္” ကိရိယာျဖင့္လည္း ေကာင္း၊ အသားထိ႐ံုေဖာက္ၿပီး က်ီးေပါင္း တက္လာခ်ိန္တြင္ ဓားငယ္ဦးခၽြန္ သို႔မဟုတ္ေဆာက္ငယ္ျဖင့္ ပါးပါးလွီးျခစ္ေပး၍ ဓား ထစ္နည္းကဲ့သို႔ ဆက္လက္မန္းျပင္ေပးရ ပါသည္။ အေစးမ်ားသည္ အေပါက္အတြင္း မွ စိမ့္ထြက္လာၿပီး ခဲသြားခ်ိန္ ခြာယူၾကျခင္းျဖစ္ပါသည္။
အထက္ေဖာ္ျပပါ သမ႐ိုးက် အေစး ထုတ္နည္းမ်ားသည္ လြန္က်ဴးစြာျပဳလုပ္ လွ်င္ အပင္သက္တမ္းၾကာရွည္မခံဘဲ ပင္ စည္ႏွင့္ အကိုင္းမ်ား က်ဳိးျပတ္ျခင္း၊ ပင္ စည္ထိုးပိုး၀င္အပင္ေသဆံုးျခင္း စသည့္အႏၲရာယ္မ်ား ျဖစ္ေပၚတတ္ပါသည္။ သို႔ျဖစ္ရာ ပင္စည္အား ဒဏ္ရာအနည္းဆံုး ျဖင့္ အေစးထြက္အမ်ားဆံုးရရွိရန္ အိႏိၵယ ႏိုင္ငံ အင္ဒရာပရာဒဏ္ျပည္နယ္ သစ္ေတာဌာနမွ ျမန္မာေလွ်ာ္ျဖဴပင္ႏွင့္ မ်ဳိးႏြယ္တူ ေလွ်ာ္ပင္ (S.urens) ႏွင့္ ေလွ်ာ္နီပင္ (S.villosa) မ်ားအား ပင္စည္ေပၚ မတ္၀ိုင္း အရြယ္ေပါက္ငယ္မ်ားကို ေဖာက္တန္ျဖင့္ ေဖာက္ေပးၿပီး (ETHEPHON) ေခၚ အေစး အထြက္ႏွင့္ အေစးအရည္အေသြး ပိုမို ေကာင္းမြန္စြာရရွိေၾကာင္း စမ္းသပ္ေလ့လာ
ေတြ႕ရွိရပါသည္။ သို႔ျဖစ္ရာ ျမန္မာေလွ်ာ္ျဖဴပင္မ်ားကိုလည္း အေစးထြက္ေကာင္းရန္ ေရာ္ဘာတြင္သံုးစြဲသည့္ VITAX ကဲ့သို႔ အားေဆးမ်ား သံုးစြဲႏိုင္ပါသည္။
အေစးအထြက္ႏႈန္း
ျမန္မာႏိုင္ငံ၏ ေတာင္တန္းမ်ားေပၚ ရွိ သဘာ၀ေလွ်ာ္ျဖဴပင္မ်ားႏွင့္ ျခံစည္း႐ိုး စိုက္ခင္းမ်ား၏ တစ္ပင္ပ်မ္းမွ် အေစး အထြက္ႏႈန္းသည္ တစ္ရက္လွ်င္ တစ္က်ပ္ သားမွ ႏွစ္က်ပ္သားခန္႔ျဖစ္ၿပီး တစ္ရာသီ ၌ တစ္ပင္လွ်င္ ႏွစ္ပိႆာမွ ငါးပိႆာခန္႔ ရရွိၾကပါသည္။ အထြက္မ်ားေသာ အခ်ဳိ႕ အပင္မ်ားသည္ ေန႔စဥ္ ၁၀ က်ပ္သားမွ ၃၀ က်ပ္သားအထိ ရရွိၾကေသာ္လည္း အပင္ မ်ား၏ အေစးရရွိမႈႏႈန္း ညီညာမႈမရွိပါ။ေလွ်ာ္ပင္မ်ား၏ အေစးထြက္ႏႈန္း အနည္းအမ်ားသည္ မ်ဳိးႏွင့္ေျမအေျခအေန အျပင္ အပင္သက္တမ္းႏွင့္ လံုးပတ္အရြယ္အစားေပၚမူတည္ေနပါသည္။ ေယဘုယ် အားျဖင့္ အပင္သက္တမ္းႏွင့္ လံုးပတ္ အရြယ္အစား ႀကီးမားပါက အေစးပိုမိုရရွိ လာေသာ္လည္း အပင္သက္တမ္း ရွစ္ႏွစ္မွ၂၀ ႏွစ္ခန္႔အတြင္း အေစးထြက္အမ်ားဆံုး ရရွိပါသည္။ ၎င္းျပင္ စိုက္ခင္းျပဳစုထိန္းသိမ္းမႈစနစ္ ေကာင္းမြန္ပါက သာမန္ႏႈန္းထက္ အေစးထြက္ပိုမိုရရွိလာမည္ ျဖစ္ပါသည္။
ေစ်းကြက္
ျမန္မာႏိုင္ငံ ေလွ်ာ္ျဖဴေစးေရာင္း၀ယ္ မႈလုပ္ငန္းသည္ လြန္ခဲ့ေသာ ဆယ္စုႏွစ္ မ်ားစြာကပင္ ယေန႔အခ်ိန္အထိရွိေနေသာ လုပ္ငန္းတစ္ခုျဖစ္ပါသည္။ အမ်ားအား ျဖင့္
မႏၲေလး၊ စစ္ကိုင္းႏွင့္ မေကြးတိုင္းေဒသ
ႀကီးမ်ားရွိ ၿမိဳ႕နယ္အခ်ဳိ႕တြင္ ေဒသအလိုက္ ေန႔စဥ္လုပ္ကိုင္လ်က္ရွိၾကသည္။ ေလွ်ာ္ျဖဴေစး ခြာယူစုေဆာင္းသူမ်ားသည္ ေဒသခံပြဲစားမ်ားထံ ေပးသြင္းေရာင္းခ်ၾကၿပီး လက္ရွိေဒသေပါက္ေစ်းမွာ ပစၥည္းအရည္အေသြးေပၚတည္၍ တစ္ပိႆာလွ်င္ က်ပ္၇,၀၀၀ မွ က်ပ္ ၁၂,၀၀၀ အထိ ရွိပါသည္။
ေဒသခံမ်ားက မႏၲေလး၊ မိတၳီလာ၊သာစည္၊ ရန္ကုန္ၿမိဳ႕မ်ားရွိ ပြဲ႐ံုကုန္သည္ မ်ားထံ သြားေရာက္ေရာင္းခ်ကာ ကုန္သည္ မ်ားက နယ္စပ္ကုန္သြယ္ေရးလမ္းေၾကာင္း မ်ားမွတဆင့္ ထိုင္း၊ တ႐ုတ္၊ အိႏိၵယစသည့္ႏိုင္ငံမ်ားသို႔ တင္ပို႔ေရာင္းခ်ၾကပါသည္။ ျမန္မာ့ေလွ်ာ္ျဖဴေစးသည္ ႏွစ္စဥ္ႏိုင္ငံျခား ၀ယ္လိုအားေကာင္းေနေသာ ကုန္ပစၥည္း ျဖစ္ရာ သီးျခားစိုက္ပ်ဳိးထုတ္လုပ္ျခင္းျဖင့္ အက်ဳိးရွိၿပီး အလားအလာေကာင္းသည့္ စိုက္ပ်ဳိးေရးလုပ္ငန္းတစ္ခု ျဖစ္လာပါ သည္။
စိုက္ပ်ဳိးသင့္ပံု
ေလွ်ာ္ျဖဴပင္ကို အိမ္ျခံစည္း႐ိုးမ်ား၊ ယာခင္းစည္း႐ိုးမ်ား၊ ဥယ်ာဥ္ျခံစည္း႐ိုးမ်ား တြင္ အရိပ္ပင္၊ ေလကာပင္၊ ျခံစည္း႐ိုးပင္ မ်ားအျဖစ္ စိုက္ပ်ဳိးထားလွ်င္ ေငြပေဒသာ ပင္စိုက္ထူထားသကဲ့သို႔ ေန႔စဥ္၀င္ေငြရရွိ လာမည္ ျဖစ္ပါသည္။ေလွ်ာ္ျဖဴပင္စိုက္ပ်ဳိးမႈသည္ လုပ္ငန္း ကုန္က်စရိတ္လည္းနည္းပါးၿပီး စီးပြားေရး တြက္ေျခကိုက္ျခင္းအျပင္ ကာလတို အတြင္း ၀င္ေငြရရွိႏိုင္ျခင္းစသည့္ အက်ဳိး ေက်းဇူးမ်ားေၾကာင့္ တစ္ပိုင္တစ္ႏိုင္ စိုက္ခင္းမ်ားႏွင့္ စီးပြားျဖစ္စိုက္ခင္းမ်ား တည္ေထာင္လုပ္ကိုင္သင့္ေသာ စိုက္ပ်ဳိးေရးလုပ္ငန္း တစ္ခု ျဖစ္ပါသည္။
အထူးသျဖင့္ ႏိုင္ငံအႏွံ႔အျပားရွိ ေျမ ယာအသံုးခ်ႏိုင္မႈမရွိေသးဘဲ က်န္ရွိေန သည့္ ေျမလြတ္ေျမလပ္မ်ားတြင္ ေငြေၾကး အရင္းအႏွီးအနည္းငယ္ျဖင့္ စိုက္ပ်ဳိးလုပ္ ကိုင္ႏိုင္၍ ႏိုင္ငံ၏ေျမယာအသံုးခ်မႈ က႑တိုးတက္လာမည္ျဖစ္ၿပီး ေက်းလက္ေဒသဆင္းရဲမႈေလ်ာ့ခ်ေရး လုပ္ငန္းစဥ္မ်ားတြင္ မ်ားစြာအေထာက္အကူျပဳေစမည္ ျဖစ္ပါသည္။
သို႔ျဖစ္ရာ ေလွ်ာ္ျဖဴပင္ စိုက္ပ်ဳိးမႈအား ႏိုင္ငံ၀န္း က်ယ္က်ယ္ျပန္႔ျပန္႔ စိုက္ပ်ဳိးလုပ္ကိုင္လာၾကျခင္းျဖင့္ သဘာ၀ပတ္၀န္းက်င္ ထိန္းသိမ္းေရးလုပ္ငန္းမ်ားကိုပါ မ်ားစြာအ ေထာက္အကူျပဳေစမည္ျဖစ္သည့္အျပင္ ေလွ်ာ္ျဖဴေစးထြက္ကုန္ေၾကာင့္ ႏိုင္ငံ၏ စက္မႈကုန္ၾကမ္း ပို႔ကုန္အမယ္သစ္ တစ္မ်ဳိး တိုးပြားလာမည္ျဖစ္၍ စိုက္ပ်ဳိး လုပ္ကိုင္သင့္သည့္ အပင္ျဖစ္ပါေၾကာင္း သတင္းေကာင္းပါး တိုက္တြန္းေရးသား လိုက္ရပါသည္။

Credit To The Farmer Journal
UNI
လျှော်ဖြူပင်စိုက်ပျိုးခြင်းနှင့် အစေးထုတ်ပုံအကြောင်း သိကောင်းစရာများ
အပင်သရုပ်
လျှော်ဖြူပင်ဆိုသည်မှာ ဆေးကုလားမ(ခေါ်) လျှော်ဖြူစေးထုတ်ယူရရှိသည့် သစ်ပင်တစ်မျိုး ဖြစ်ပါသည်။ ရုက္ခဗေဒ အမည်မှာ Sterculia Versicolour Wall ဖြစ်ပါသည်။ မျိုးစဉ် Mavales တွင်ပါ၀င် ပြီး မျိုးရင်းသည် Sterculiceae ဖြစ်ပါ သည်။ လျှော်ဖြူပင်သည် သဘာ၀အားဖြင့် နှစ်ရှည်ပင် အပင်ကြီးမျိုးဖြစ်ကာ အရွက်မှာရွက်ရိုးတံတစ်ခုအပေါ် တည်ရှိနေသော ရွက်မွှာ ၅-၇ ရွက်ရှိ လက်ဝါးပုံ ရွက်ပေါင်းအမျိုးအစားဖြစ်ပါသည်။ ပင်စည်အသား မှာ သစ်ပွမျိုးဖြစ်ပါသည်။ ပင်စည်အခေါက်အတွင်း၌ လျှော်မျှင်များနှင့် အစေးများ ဖွဲ့စည်းတည်ရှိနေ၍ ၎င်းအပိုင်းမှ အစေးများထုတ်ယူရရှိခြင်းဖြစ်ပါသည်။
အသုံးပြုပုံ
လျှော်ဖြူပင်မှ ထုတ်ယူရရှိသော လျှော်ဖြူစေးသည် ဂျယ်လတင် (Galactangelose) ပါ၀င်မှုကြောင့် ရေကိုအဆများစွာစုပ်ယူ၍ ပွစေနိုင်ခြင်း၊ ရေနှင့်ပေါင်းစပ်၍ နူးညံ့ပျော့ပြောင်းသော ဂျယ်အဖြစ် ပုံ သဏ္႑ာန်အမျိုးမျိုး ပြောင်းလဲစေနိုင်ခြင်း အပြင် စေးပျစ်စေခြင်း၊ ကော်ကပ်နိုင်စွမ်း ရှိခြင်းနှင့် အက်စစ်ပျော့များနှင့် အနုဇီ၀ပိုး များ၏ ခြေဖျက်တိုက်စားမှုဒဏ် ခံနိုင်ရည်ရှိ ခြင်းစသည့် ထူးခြားသည့်ရုပ်နှင့် ဓာတ်ဂုဏ်သတ္တိများရှိခြင်းကြောင့် ကမ်ဘာပေါ်ရှိ လူသုံး ကုန်ပစ္စည်းထုတ်လုပ်ရေးလုပ်ငန်းများ၊ စက် မှုလုပ်ငန်းများတွင် ကျယ်ပြန့်စွာအသုံးပြု ကြပါသည်။ အထူးသဖြင့် စားသောက်ကုန် သရေစာနှင့် မုန့်လုပ်ငန်းများ၊ အလှကုန် ပစ္စည်းထုတ်လုပ်ရေးလုပ်ငန်းများ၊ ဆေးဝါး ထုတ်လုပ်ရေးလုပ်ငန်းများ၊ ယက္ကန်းနှင့် အထည်အလိပ်လုပ်ငန်းများ၊ ပုံနှိပ်လုပ်ငန်း များတွင် လျှော်ဖြူစေးကို အမျိုးမျိုးသုံးစွဲ ကြပါသည်။ မြန်မာနိုင်ငံတွင်မူ လျှော်ဖြူ စေး(ခေါ်)ဆေးကုလားမအား ရေခဲမုန့်၊ ရွှေ ရင်အေး၊ ဖာလူဒါ စသည့်ရိုးရာစားသောက်ကုန်လုပ်ငန်းများတွင် သုံးစွဲကြပြီး တိုင်းရင်းဆေးတွင် ဆီးရွှင်ဆေး၊ ၀မ်းနှုတ်ဆေးများ အဖြစ် ဆေးဝါးအသွင် အသုံးပြုကြ ပါသည်။
ပေါက်ရောက်မှု
လျှော်ဖြူပင်သည် မြန်မာနိုင်ငံ၏ မူရင်းဒေသ သဘာ၀ပေါက်အပင်တစ်ခု ဖြစ်ပြီး အိနိ္ဒယနိုင်ငံတွင်လည်း ပေါက်ရောက်ကြောင်း သိရှိရသည်။ မြန်မာနိုင်ငံအနှံ့ အပြား တောင်တန်းများပေါ်တွင် အခြား သစ်ပင်များနှင့် ရောနှောပေါက်ရောက်လေ့ ရှိပြီး မန္တလေး၊ စစ်ကိုင်းနှင့် မကွေးတိုင်းဒေသကြီးများတွင် အများဆုံးတွေ့ရှိရပါသည်။ ၎င်းဒေသများမှ နှစ်စဉ်လျှော်ဖြူအစေးအများဆုံး ထွက်ရှိပါသည်။
စိုက်ပျိုးမှု
မြန်မာနိုင်ငံ၌ လျှော်ဖြူစေးခွာယူ ရောင်းချခြင်းလုပ်ငန်းသည် တောတောင် များအနီးရှိ ကျေးလက်ဒေသခံများ၏ စား ၀တ်နေရေးအတွက်လည်းကောင်း၊ အပို၀င်ငွေရရှိရေးအတွက်လည်းကောင်း လွန်ခဲ့ သောဆယ်စုနှစ်များမှစတင်၍ ယနေ့အချိန် ထိ နေ့စဉ်လုပ်ကိုင်နေကြသော လုပ်ငန်း တစ်ခုဖြစ်ပါသည်။ သို့သော်လည်း ယခု အခါ သစ်တောများပြုန်းတီးခြင်းနှင့်အတူ သဘာ၀လျှော်ဖြူပင်များလည်း တဖြည်း ဖြည်း မျိုးတုန်းရှားပါးလာသဖြင့် အစေး ထုတ်ယူရရှိနိုင်မှုလျော့နည်းလာရာ အချို့ ဒေသခံများသည် နေအိမ်ခြံစည်းရိုးများတွင် လည်းကောင်း၊ ယာခင်းစည်းရိုးများတွင် လည်းကောင်း စမ်းသပ်စိုက်ပျိုးကြည့်ရာ တွင် အောင်မြင်ဖြစ်ထွန်းပြီး အစေးရရှိမှု ကောင်းမွန်သဖြင့် စိုက်ပျိုးလျှင် အကျိုး ရရှိကြောင်း လက်တွေ့သိမြင်လာကြသည်။ မြန်မာလျှော်ဖြူစေး၏ ပြည်တွင်းပြည်ပ ဈေးကွက်နှင့် ၀ယ်လိုအားသည် နှစ်စဉ် ပုံမှန်ရှိနေသဖြင့် ယခုအခါ တစ်ပိုင်တစ်နိုင်စိုက်ပျိုးသူများနှင့် အချို့လုပ်ငန်းရှင်များ သည် စီးပွားဖြစ်လျှော်ဖြူပင် စိုက်ခင်းများ ကို စတင်တည်ထောင်စိုက်ပျိုးလျှက်ရှိပါ သည်။
စိုက်ပျိုးပုံ
လျှော်ဖြူပင်ကို ရေ၀ပ်သည့်မြေမှလွဲ ၍ မြေမရွေး၊ နေရာမရွေး စိုက်ပျိုးနိုင်သည်။သဘာ၀တွင် ကျောက်တုံး၊ ကျောက်ဆောင် ပေါများသော တောင်တန်းများပေါ်တွင်ပင် ကောင်းစွာပေါက်ရောက် ရှင်သန်ပါသည်။ သဘာ၀အားဖြင့် လျှော်ဖြူပင်သည် အပူ ပိုင်းဒေသကြိုက်အပင်မျိုးဖြစ်ပြီး မိုးရေချိန် ၁၀၀ လက်မပတ်၀န်းကျင်နှင့် ၎င်းင်းအောက် မိုးရေချိန်ရရှိသည့် မြန်မာနိုင်ငံမြေလတ်ပိုင်းအလယ်ပိုင်းနှင့် အထက်ပိုင်းဒေသများတွင် စိုက်ပျိုးလျှင် ပိုမိုသင့်လျော်ပါသည်။ မိုး များသည့်ဒေသများ၌ တောင်စောင်း ဆင်ခြေလျှောနေရာများတွင် ရွေးချယ်စိုက်ပျိုးရန် လိုအပ်ပါသည်။
လျှော်ဖြူပင်သည် စိုက်ပျိုးရလွယ်ကူ ၍ အပင်ကြီးထွားမှုလည်း မြန်ဆန်ပါသည်။ စိုက်ပျိုးရာတွင် အစိုဓာတ်ကောင်းစွာရရှိ ချိန် မိုးရာသီတွင် ပျိုးသက် ၃-၄ လသား ရှိ ပျိုးပင်များကို စိုက်ကျင်းများတူးဆွ စိုက် ပျိုးရပါသည်။ စိုက်ခင်းတွင် အစိုဓာတ် ထိန်းသိမ်းရေးအတွက် ကြားထယ်ကြား ထွန်များ၀င်ပေးခြင်း၊ ကောက်ရိုးမြက် ခြောက်များ ပင်ခြေတန်းကြား ဖုံးအုပ်ပေး ခြင်း၊ ပေါင်းမြက်ရှင်းပေးခြင်းတို့ကို ပြုလုပ် ပေးလျှင် အပင်ကြီးထွားမှု ပိုမိုကောင်းမွန် ပါသည်။ တစ်ဧကလျှင် အပင် ၂၀၀ မှ ၃၀၀ ခန့်ထားရှိ စိုက်ပျိုးနိုင်ပြီး အပင်ငယ်စဉ် ၂-၃ နှစ်သားအထိ ကြားသီးနှံ ရာသီပင်များ ထည့်သွင်းစိုက်ပျိုးနိုင်ပါသည်။
အစေးထုတ်လုပ်ပုံ
လျှော်ဖြူပင်မှ အစေးထုတ်ယူရာတွင် စိုက်ပျိုးပြီး ၃-၄ နှစ်သား၊ ပင်စည်လုံးပတ် ၂၅-၂၇ လက်မခန့်အရွယ်မှစတင် အစေး ထုတ်ယူနိုင်ပါသည်။ အပင်မှ အစေးထုတ် ယူပုံမှာ ပင်စည်အား ဓားထစ်နည်းဖြင့် လည်းကောင်း၊ ဆောက်ဖြင့် အပေါက် ဖောက်နည်းဖြင့်လည်းကောင်း ဒေသ အလိုက် လုပ်ကိုင်ကြပါသည်။ အစေး ထုတ်ရန် ဓားထစ်ပြင်ဆင်ပုံမှာ မိုးဦးကျ အရွက်စုံချိန်တွင် ပင်စည်၏ ဒူး၊ ပေါင် အမြင့်ခန့်နေရာ၌ ဓားထက်ထက်ဖြင့် ပင် စည်အသားအနည်းငယ်ပြတ်ရုံ ၃-၄ လက်မအကျယ်ခန့် လခြမ်းပုံဘန်ထစ်ငယ် ပုံဖော် ခုတ်ထစ်ပေးရသည်။ စတင်လုပ်ကိုင်ချိန် တွင် ဘန်ထစ်အရေအတွက်ကို ၂-၃ နေရာသာ ပြုလုပ်ရသည်။ ၎င်းင်းနောက် ၁-၂ ပတ်ခန့်အကြာ အသားနုကျီးပေါင်း ဖြစ်ပေါ်လာသည့်အခါ ဓားထက်ထက်ဖြင့် ပါးပါးလှီးပေးရသည်။ ထိုကဲ့သို့ ဓားလှီးပေး ခြင်းကို တစ်ပတ်ခြား တစ်ကြိမ်၊ နှစ်ကြိမ် ခန့် ပြုလုပ်ပေးရသည်။ ထိုသို့ပြုလုပ်ပေး ခြင်းသည် အပင်မှအစေးမပြတ်ထွက်လာ ရန် အစေးကြောဖွင့်ပေးခြင်း (ဝါ) လေ့ကျင့်ပေးခြင်းဖြစ်ပြီး ၎င်းင်းကို “မန်းပြင်ခြင်း”ဟု ခေါ်ကြသည်။ အချို့က “မျက်နှာသစ်ပေး ခြင်း”ဟု ခေါ်ကြသည်။
မန်းပြင်ပေးသူသည် အစေးထွက်ရာ နေရာ (မန်းရာ)သည် ခြောက်သွေ့မသွား ရန်(ဝါ) မန်းနပ်နေရန် အခြေအနေကြည့်၍ ၂-၇ ရက်ခြား မန်းပြင်ပေးရပါသည်။ ထို ကဲ့သို့ လိုအပ်သလို မန်းပြင်ပေးခြင်းဖြင့် မန်းရာမှ အစေးများတစ်စိမ့်စိမ့်နေ့စဉ်ထွက် လာကာ အစေးများသည် ပြင်ပလေအပူချိန်နှင့် ထိတွေ့ကာ နာရီပိုင်းအကြာတွင် ပျစ်ခဲ သွားသည်။ လေထုစိုထိုင်းဆများလျှင် အစေးခဲမှုကြန့်ကြာသည်။ အပင်မှအစေးခဲ များကို ရာသီဥတု(မိုး)အခြေအနေကြည့်၍ နေ့စဉ်ဖြစ်စေ၊ ရက်ခြားဖြစ်စေ၊ တစ်ပတ် တစ်ခါဖြစ်စေ ခွာယူ၍ တစ်နေ၊ နှစ်နေခန့် အခြောက်လှန်းပြီး ရောင်းချသိမ်းဆည်းကြ ပါသည်။
ပင်စည်မှ အစေးထုတ်ယူရာတွင် အချို့ဒေသများ၌ ဓားထစ်နည်းမသုံးဘဲ ပင် စည်အား အပေါက်များဖောက်သည့်နည်း ကို အသုံးပြုကြပါသည်။ ပင်စည်ပေါ်တွင် ငါးမူး၀ိုင်း ခန့် အ၀ိုင်းပေါက်များကို ဆောက်ခုံးငယ်ဖြင့်လည်းကောင်း၊ လယ် သမားသုံး “လွန်” ကိရိယာဖြင့်လည်း ကောင်း၊ အသားထိရုံဖောက်ပြီး ကျီးပေါင်း တက်လာချိန်တွင် ဓားငယ်ဦးချွန် သို့မဟုတ်ဆောက်ငယ်ဖြင့် ပါးပါးလှီးခြစ်ပေး၍ ဓား ထစ်နည်းကဲ့သို့ ဆက်လက်မန်းပြင်ပေးရ ပါသည်။ အစေးများသည် အပေါက်အတွင်း မှ စိမ့်ထွက်လာပြီး ခဲသွားချိန် ခွာယူကြခြင်းဖြစ်ပါသည်။
အထက်ဖော်ပြပါ သမရိုးကျ အစေး ထုတ်နည်းများသည် လွန်ကျူးစွာပြုလုပ် လျှင် အပင်သက်တမ်းကြာရှည်မခံဘဲ ပင် စည်နှင့် အကိုင်းများ ကျိုးပြတ်ခြင်း၊ ပင် စည်ထိုးပိုး၀င်အပင်သေဆုံးခြင်း စသည့်အန္တရာယ်များ ဖြစ်ပေါ်တတ်ပါသည်။ သို့ဖြစ်ရာ ပင်စည်အား ဒဏ်ရာအနည်းဆုံး ဖြင့် အစေးထွက်အများဆုံးရရှိရန် အိနိ္ဒယ နိုင်ငံ အင်ဒရာပရာဒဏ်ပြည်နယ် သစ်တောဌာနမှ မြန်မာလျှော်ဖြူပင်နှင့် မျိုးနွယ်တူ လျှော်ပင် (S.urens) နှင့် လျှော်နီပင် (S.villosa) များအား ပင်စည်ပေါ် မတ်၀ိုင်း အရွယ်ပေါက်ငယ်များကို ဖောက်တန်ဖြင့် ဖောက်ပေးပြီး (ETHEPHON) ခေါ် အစေး အထွက်နှင့် အစေးအရည်အသွေး ပိုမို ကောင်းမွန်စွာရရှိကြောင်း စမ်းသပ်လေ့လာ
တွေ့ရှိရပါသည်။ သို့ဖြစ်ရာ မြန်မာလျှော်ဖြူပင်များကိုလည်း အစေးထွက်ကောင်းရန် ရော်ဘာတွင်သုံးစွဲသည့် VITAX ကဲ့သို့ အားဆေးများ သုံးစွဲနိုင်ပါသည်။
အစေးအထွက်နှုန်း
မြန်မာနိုင်ငံ၏ တောင်တန်းများပေါ် ရှိ သဘာ၀လျှော်ဖြူပင်များနှင့် ခြံစည်းရိုး စိုက်ခင်းများ၏ တစ်ပင်ပျမ်းမျှ အစေး အထွက်နှုန်းသည် တစ်ရက်လျှင် တစ်ကျပ် သားမှ နှစ်ကျပ်သားခန့်ဖြစ်ပြီး တစ်ရာသီ ၌ တစ်ပင်လျှင် နှစ်ပိဿာမှ ငါးပိဿာခန့် ရရှိကြပါသည်။ အထွက်များသော အချို့ အပင်များသည် နေ့စဉ် ၁၀ ကျပ်သားမှ ၃၀ ကျပ်သားအထိ ရရှိကြသော်လည်း အပင် များ၏ အစေးရရှိမှုနှုန်း ညီညာမှုမရှိပါ။လျှော်ပင်များ၏ အစေးထွက်နှုန်း အနည်းအများသည် မျိုးနှင့်မြေအခြေအနေ အပြင် အပင်သက်တမ်းနှင့် လုံးပတ်အရွယ်အစားပေါ်မူတည်နေပါသည်။ ယေဘုယျ အားဖြင့် အပင်သက်တမ်းနှင့် လုံးပတ် အရွယ်အစား ကြီးမားပါက အစေးပိုမိုရရှိ လာသော်လည်း အပင်သက်တမ်း ရှစ်နှစ်မှ၂၀ နှစ်ခန့်အတွင်း အစေးထွက်အများဆုံး ရရှိပါသည်။ ၎င်းင်းပြင် စိုက်ခင်းပြုစုထိန်းသိမ်းမှုစနစ် ကောင်းမွန်ပါက သာမန်နှုန်းထက် အစေးထွက်ပိုမိုရရှိလာမည် ဖြစ်ပါသည်။
ဈေးကွက်
မြန်မာနိုင်ငံ လျှော်ဖြူစေးရောင်း၀ယ် မှုလုပ်ငန်းသည် လွန်ခဲ့သော ဆယ်စုနှစ် များစွာကပင် ယနေ့အချိန်အထိရှိနေသော လုပ်ငန်းတစ်ခုဖြစ်ပါသည်။ အများအား ဖြင့်
မန္တလေး၊ စစ်ကိုင်းနှင့် မကွေးတိုင်းဒေသ
ကြီးများရှိ မြို့နယ်အချို့တွင် ဒေသအလိုက် နေ့စဉ်လုပ်ကိုင်လျက်ရှိကြသည်။ လျှော်ဖြူစေး ခွာယူစုဆောင်းသူများသည် ဒေသခံပွဲစားများထံ ပေးသွင်းရောင်းချကြပြီး လက်ရှိဒေသပေါက်ဈေးမှာ ပစ္စည်းအရည်အသွေးပေါ်တည်၍ တစ်ပိဿာလျှင် ကျပ်၇,၀၀၀ မှ ကျပ် ၁၂,၀၀၀ အထိ ရှိပါသည်။
ဒေသခံများက မန္တလေး၊ မိတၳီလာ၊သာစည်၊ ရန်ကုန်မြို့များရှိ ပွဲရုံကုန်သည် များထံ သွားရောက်ရောင်းချကာ ကုန်သည် များက နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း များမှတဆင့် ထိုင်း၊ တရုတ်၊ အိနိ္ဒယစသည့်နိုင်ငံများသို့ တင်ပို့ရောင်းချကြပါသည်။ မြန်မာ့လျှော်ဖြူစေးသည် နှစ်စဉ်နိုင်ငံခြား ၀ယ်လိုအားကောင်းနေသော ကုန်ပစ္စည်း ဖြစ်ရာ သီးခြားစိုက်ပျိုးထုတ်လုပ်ခြင်းဖြင့် အကျိုးရှိပြီး အလားအလာကောင်းသည့် စိုက်ပျိုးရေးလုပ်ငန်းတစ်ခု ဖြစ်လာပါ သည်။
စိုက်ပျိုးသင့်ပုံ
လျှော်ဖြူပင်ကို အိမ်ခြံစည်းရိုးများ၊ ယာခင်းစည်းရိုးများ၊ ဥယျာဉ်ခြံစည်းရိုးများ တွင် အရိပ်ပင်၊ လေကာပင်၊ ခြံစည်းရိုးပင် များအဖြစ် စိုက်ပျိုးထားလျှင် ငွေပဒေသာ ပင်စိုက်ထူထားသကဲ့သို့ နေ့စဉ်၀င်ငွေရရှိ လာမည် ဖြစ်ပါသည်။လျှော်ဖြူပင်စိုက်ပျိုးမှုသည် လုပ်ငန်း ကုန်ကျစရိတ်လည်းနည်းပါးပြီး စီးပွားရေး တွက်ခြေကိုက်ခြင်းအပြင် ကာလတို အတွင်း ၀င်ငွေရရှိနိုင်ခြင်းစသည့် အကျိုး ကျေးဇူးများကြောင့် တစ်ပိုင်တစ်နိုင် စိုက်ခင်းများနှင့် စီးပွားဖြစ်စိုက်ခင်းများ တည်ထောင်လုပ်ကိုင်သင့်သော စိုက်ပျိုးရေးလုပ်ငန်း တစ်ခု ဖြစ်ပါသည်။
အထူးသဖြင့် နိုင်ငံအနှံ့အပြားရှိ မြေ ယာအသုံးချနိုင်မှုမရှိသေးဘဲ ကျန်ရှိနေ သည့် မြေလွတ်မြေလပ်များတွင် ငွေကြေး အရင်းအနှီးအနည်းငယ်ဖြင့် စိုက်ပျိုးလုပ် ကိုင်နိုင်၍ နိုင်ငံ၏မြေယာအသုံးချမှု ကဏ္႑တိုးတက်လာမည်ဖြစ်ပြီး ကျေးလက်ဒေသဆင်းရဲမှုလျော့ချရေး လုပ်ငန်းစဉ်များတွင် များစွာအထောက်အကူပြုစေမည် ဖြစ်ပါသည်။
သို့ဖြစ်ရာ လျှော်ဖြူပင် စိုက်ပျိုးမှုအား နိုင်ငံ၀န်း ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးလုပ်ကိုင်လာကြခြင်းဖြင့် သဘာ၀ပတ်၀န်းကျင် ထိန်းသိမ်းရေးလုပ်ငန်းများကိုပါ များစွာအ ထောက်အကူပြုစေမည်ဖြစ်သည့်အပြင် လျှော်ဖြူစေးထွက်ကုန်ကြောင့် နိုင်ငံ၏ စက်မှုကုန်ကြမ်း ပို့ကုန်အမယ်သစ် တစ်မျိုး တိုးပွားလာမည်ဖြစ်၍ စိုက်ပျိုး လုပ်ကိုင်သင့်သည့် အပင်ဖြစ်ပါကြောင်း သတင်းကောင်းပါး တိုက်တွန်းရေးသား လိုက်ရပါသည်။

Credit To The Farmer Journal

No comments:

Post a Comment

မိတ္ေဆြ...အခ်ိန္ေလးရရင္ blogg မွာစာလာဖတ္ပါေနာ္
ဗဟုသုတ ရနိုင္တယ္။