Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Friday, March 25, 2016

မှားတတ်တယ်၊ မောင်မှန် မှန်မှန်ပြော Written by မောင်မှန်

 
မှားတတ်တယ်၊ မောင်မှန် မှန်မှန်ပြော
Written by မောင်မှန်

အခုတလော အမှားအယွင်းကိစ္စတွေက တယ်များသကိုး၊ မောင်မှန်ဆိုတာ မျက်စိတွေကို လည်လို့၊ အခွန် မဆောင်တဲ့ ကုမ္ပဏီတွေ စာရင်းမှာ အေဒီဗွီဘဏ်ပါတယ်လို့ သတင်းစာတစ်စောင်က ရေးလိုက်တယ်။ ပြည်တွင်း အခွန်ဦးစီးဌာနရဲ့ ၀က်ဘ်ဆိုက် ဖော်ပြချက် အတိုင်း ရေးလိုက်တာတဲ့။ နောက်နေ့ကျတော့ အေ ဒီဗွီဘဏ် တာဝန်ရှိသူတွေ နဲ့ ပြည်တွင်းအခွန်ဦးစီးဌာနတို့ ပေါင်းပြီး သတင်းစာရှင်းလင်းပွဲ လုပ်ကြတယ်။

အေဒီဗွီ ဘဏ်ရဲ့ မန်နေဂျင်းဒါရိုက်တာ ဦးရဲမင်းဦးက သူတို့အနေနဲ့ နှစ်စဉ်အခွန်တွေ ပေးဆောင်နေကြောင်း အခွန်ဦးစီးဌာနက ထုတ်ပြန်တဲ့ ကုမ္ပဏီတစ်သောင်းစာရင်းထဲမှာ အေဒီဗွီ မပါဝင်ကြောင်း၊ အခွန် ဦးစီးဌာနက အခွန်မဆောင်သူတွေစာရင်းကို ၀န်ကြီးဌာန ၀က်ဘ်ဆိုဒ်ပေါ်တင်တဲ့အခါ ကွန်ပျူ တာ အမှား အယွင်းကြောင့် မှားယွင်းဖော်ပြမိတာသာ ဖြစ်ကြောင်း ပြောသွားပါတယ်။

အော် ... စုံထောက်ကြီး ဦးရှံစား ပြောသလို မှားတဲ့အခါလည်း မှားပေမပေါ့လို့ပဲ ပြောလိုက်ချင်ပါတော့ တယ်။ ကွန်ပျူတာဆိုတာလည်း မှားတတ်တဲ့အမျိုးကို ခင်ဗျ။ သတင်းစာထဲပါမှ ကွန်ပျူတာ အမှားကြောင့် ရယ်လို့ သိကြရတာ။သတင်းစာထဲ မပါရင် အမှားအတိုင်းကြီးပဲ ရှိနေဦးမှာ။ ထည့်ပေးတဲ့ သတင်းစာကို တောင် ကျေးဇူးတင်ရဦးမယ်။

မတ်လ ၁၆ ရက်မှာ ကျရောက်တဲ့ ၂၆ နှစ်မြောက် တံတားနီနေ့အခမ်းအနားမှာ ၈၈ မျိုးဆက် ကျောင်းသားတွေကနေ ယနေ့ခေတ် ကျောင်းသား သမဂ္ဂမျိုးဆက်တွေကို ကျောင်းသားသမဂ္ဂအလံ လွှဲပြောင်းပေးအပ် သွားမယ်ဆိုတဲ့ သတင်းတစ်ပုဒ် ဖတ်လိုက်ရတယ်။ ကျောင်းသားသမဂ္ဂအလံဆိုတာ အမွေဆိုင်ပစ္စည်းများ လား မသိဘူး။

တကယ် လက်ဆင့်ကမ်းရမှာက ကျောင်းသားသမဂ္ဂစိတ်ဓာတ်ပဲ ဖြစ်တယ်လို့ မောင်မှန် ယုံကြည်ပါတယ်။ ကျောင်းသားသမဂ္ဂ စိတ်ဓာတ်ဆိုတာ မတရားမှုကို ခေါင်းငုံ့မခံဘဲ အဖိနှိပ်ခံပြည်သူနဲ့ အတူတကွ ရပ်တည် တော်လှန် တိုက်ပွဲဝင်တဲ့ စိတ်ဓာတ်ပါ။ သခင်အောင်ဆန်း၊ သခင်ဗဟိန်းတို့ကနေ အစပြုလိုက်တဲ့ နယ်ချဲ့ ဆန့်ကျင်ရေး စိတ်ဓာတ်ကအစ ဦးခင်မောင်မြင့်တို့ဦးဗဆွေလေးတို့ ဘူဇွာဆန့်ကျင်ရေး စိတ်ဓာတ်အလယ်၊ ကိုမင်းကိုနိုင်တို့ ကိုကျော်ကိုကို တို့စစ်အာဏာရှင် ဆန့်ကျင်ရေး စိတ်ဓာတ်အဆုံး ကျောင်းသားသမဂ္ဂ စိတ် ဓာတ်ကို လက်ဆင့်ကမ်းခဲ့ကြပြီ မဟုတ်လား။

မူအားဖြင့်ပြောရရင် ၁၉၆၀ ဆဋ္ဌမ အကြိမ်မြောက် ကျောင်းသားကွန်ကရက်က ချမှတ်ခဲ့တဲ့မူတွေကလည်း ဒီနေ့ ခေတ်ကာလနဲ့ ကိုက်ညီလျက်ရှိနေသေးတာ တွေ့ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဗကသရဲ့ သတ္တမ ကွန်ဂရက် မခေါ်နိုင်မချင်း ဒီမူတွေကိုပဲ ဆက်လက် ထိန်းသိမ်းလက်ဆင့် ကမ်းနေကြရဦးမှာပါ။

အလံဆိုတဲ့ ရုပ်ဝတ္ထုသက်သက်ကိုသာ လွှဲပြောင်းပေးမယ်ဆိုရင်တော့ အလံဆိုတာရွှေဂုံတိုင်မှာ လိုသလောက် ရနိုင်တဲ့ အရာဖြစ်လို့ သိပ်ထူးမှာ မဟုတ်ပါဘူးခင်ဗျာ။

လာဘ်ပေးလာဘ်ယူ တိုက်ဖျက်ရေး ကော်မရှင် ဖွဲ့သံကြားရတော့ မောင်မှန် အတော်ပဲ ၀မ်းသာအား တက်မိပါတယ် ခင်ဗျ။ ကျပ်သုံးသိန်းအထက် တန်ဖိုးရှိ လက်ဆောင်ယူလျှင် လာဘ်ယူတယ်လို့ သတ်မှတ် မည်ဆိုတဲ့ သမ္မတကြီးရဲ့ စကားကိုလည်း ဖတ်လိုက်ရပါတယ်။ (ကျပ်သုံးသိန်းအောက် လက်ဆောင် ဆို ရင်တော့ လာဘ်ယူမှု မမြောက်တော့ဘူး ထင်ပါရဲ့။) လာဘ်ပေး လာဘ်ယူခြစားမှုကို မနှိမ်နှင်းနိုင်သ၍ တိုင်းပြည်တိုးတက်ဖို့ရာ လမ်းမရှိတာ သေချာပါတယ်။ မောင်မှန့် သူငယ်ချင်း တစ်ယောက်ရဲ့အဖြစ်လို မဖြစ်ဖို့တော့ အရေးကြီးတယ် ခင်ဗျ။ သူ့အဖြစ်က ဒီလို ...သူ့ အိမ်မှာ ခြတွေ အတော်သောင်းကျန်းနေ လိုက်တာ စာအုပ်စင်တစ်ဝက်လောက် ကျိုးမှပဲ သူလည်း ရိပ်မိသွားရှာတယ်။ ဒီတော့ ခြသတ်ဆေးတွေ ၀ယ်ပြီး ရှင်းလင်းရတော့ တာပေါ့။ မြေပဒေသာကနေ ခြသတ်ဆေး အမှုန့် အကောင်းစားနှစ်ထုပ်လောက် ၀ယ်ပြီး မောင်မှန့်သူငယ်ချင်းက ခြစားမှုကို တိုက်ဖျက်ပါတယ်။

တစ်ထုပ်လောက် အကုန်မှာပဲ ခြတွေ ပြုတ်ပြုတ် ပြုန်းသွားတဲ့အတွက် စီမံချက်ကို အနိုင်နဲ့ ရပ်စဲလိုက်ပါ တယ်။ ကျန်တဲ့ တစ်ထုပ်ကိုလည်း နောင်သုံးဖို့ရာ သိမ်းထားလိုက်ပါတော့တယ် ခင်ဗျာ။ ဒါနဲ့ လေးငါးလ လောက် ကြာတော့ထုံးစံအတိုင်း ခြတွေ တစ်စခန်း ပြန်ထလာပြန်တယ်။ ခြဆိုတာ အစရှိ အနောင်နောင် ပဲ၊ ခဏခဏ ထပ်ကျော့လာ တတ်ပါတယ်။ ဒီတစ်ခါတော့ မောင်မှန့် သူငယ်ချင်းက နပ်နေပြီ၊ ခြစားမှု စ တင်ခါစမှာပဲ တန်းသိပါတယ်။ ဘာရမလဲ သာဝရာဆိုတဲ့ ဂိုဏ်းနဲ့ပေါ့လေ။ ခြဆေးကလည်း ထပ်ဝယ်စရာ မလိုဘူး အဆင်သင့်ပဲ ခြတွေကိုနှိပ်ကွပ်ဖို့ သိမ်းထားတဲ့ ခြသတ်ဆေးထုပ်ကို သွားယူတဲ့အခါ ဆေးထုပ် ပေါ်မှာ ခြတွေ အပြည့်အုံ ကျင်းဖွဲ့နေကြပါသတဲ့၊ မောင်မှန့် သူငယ်ချင်းကလည်း အံ့အားကြီးသင့်ပြီး ကြက် သေသေ ငုတ်တုတ်မေ့ရပါတော့တယ်။

ဒါ တကယ့်အဖြစ်အပျက်ပါ။ (ခြသတ် ဆေးက အချိန်ကြာတော့ အာနိသင် ပြယ်သွားတယ် ထင်ပါတယ်) လာဘ်ပေး လာဘ်ယူမှု တိုက်ဖျက်ရေး ကော်မရှင်လည်း အချိန်ကြာတာနဲ့အမျှ အာနိသင်ပြယ်ပြီး သူကိုယ် တိုင် ပြန်ခြအစားမခံရဖို့ အရေးကြီးပါတယ် ခင်ဗျ။ ပြည်လုံးကျွတ် သန်းခေါင်စာရင်း အသံကလည်း စီစီညံ လို့ပါ။ တိုင်းရင်းသားတွေကလည်း ဘာလူမျိုး ဘာအမည်ကိုပဲ ဖြည့်ပါ။ ဘာလူမျိုးအမည်ကို လက်မခံပါနဲ့။ဒေသဆိုင်ရာ ပြဿနာတွေရှိတဲ့အတွက် အချိန်ပေး နောက်ဆုတ်ပေးပါဦး စတဲ့စတဲ့ အသံတွေနဲ့ပေါ့။ TV က လာတဲ့ သန်းခေါင်စာရင်း လှုံ့ဆော်ပညာပေး ဇာတ်လမ်းတိုတစ်ပုဒ်မှာ ၂၀၀၈ ဖွဲ့စည်းပုံပြင်ရေးကို အခါ မလပ်ပြောနေတတ်တဲ့ နိုင်ငံရေးသမား ဇာတ်ရုပ်တစ်ခုကို ပေါတောတောကြီးဖြစ်အောင် လုပ်ထားတာ လည်း တွေ့ရတယ်။ သန်းခေါင်စာရင်းနဲ့ ဘယ်လို ဆိုင်သလဲတော့ မသိဘူး။

တစ်ခါ VCD, DVD တွေမှာလည်း တရုတ်တီးလုံးသံလိုလို ဘာလိုလိုနဲ့ အတူထွက်ပေါ်လာတဲ့ သန်းခေါင် စားရင်းဆိုင်ရာ ပြည်သူသို့ အသိပေးချက်တွေကိုလည်း ဖတ်ရပါတယ်။ မေးခွန်းတွေကို မှန်မှန်ကန် ဖြေ ကြပါတဲ့။ မဖြေရင် နစ်နာမည်မှာ ပြည်သူသာတဲ့၊ (အစိုးရကတော့ ပြည်သူ မဟုတ်တဲ့အတွက် မနစ်နာ ဘူးဆိုတဲ့သဘော)သန်းခေါင်စာရင်း ကောက်ယူရတဲ့ အချက်တွေကိုလည်း အခြားဘယ်နေရာမှာမှ မသုံး ဘူးဆိုပြီး ဥပဒေနဲ့အညီ ရဲရဲကြီး အာမခံချက် ပေးတာလည်း တွေ့ရရဲ့။ မောင်မှန်ကတော့ တလောလေးက အွန်လိုင်းပေါ် တက်လာတဲ့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးကြီးကတောင် ကန့်ကွက်ယူရတဲ့ ရုပ်ရှင် အနုပညာရှင်အချို့ရဲ့ မူးယစ်ဆေးဝါးဆိုင်ရာ အစစ်ခံချက်တွေကို ပြေးပြီး မြင်ယောင်မိသေးတယ်။

နောက်ပြီး ထိပ်တန်း လျှို့ဝှက်ချက်အဖြစ် ထိန်းသိမ်းထားရာမှဆိုတဲ့ ဗိုလ်ချုပ်ကြီး ခင်ညွှန့်ရဲ့မိန့်ခွန်း အင်တာ နက်မှာ ဟော့သွားတာလည်း သင်ခန်းစာ ယူစရာပါပဲ။ ဘာပဲဖြစ်ဖြစ် မောင်မှန်က အားလုံးကို အမှန်တိုင်း ပြောမှာပါ။ ဘာဖြစ်လို့လဲဆိုရင် လ၀ကအဖွဲ့ကြီးကို လွဲသထက် မလွဲစေချင်လို့ပါ။ အကြောင်းက ဒီလိုပါ။ အခု လ၀က ၀န်ကြီးဟာ အရင်ကရဲချုပ်ပါ။ သူ ရဲချုပ်ဘ၀က သတင်းစာ ရှင်းလင်းပွဲတစ်ခုမှာ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုအောင်ဒင်ကို လူသတ်မှုနဲ့ ထွက်ပြေးသွားတဲ့ဝရမ်းပြေးလို့ ပြောခဲ့ဖူးပါတယ်။ လုံးဝ မဟုတ်ပါ။

ရဲချုပ်ဘ၀မှာ လွဲခဲ့ပြီး ၀န်ကြီးဘ၀မှာလည်း သန်ခေါင်းစာရင်းနဲ့ ပတ်သက်တာတွေ ထပ်လွဲရင် ကောင်းမယ် မထင်ပါ။ ဒါကြောင့် မောင်မှန်က အမှန်အတိုင်းဖြေမှာ ဖြစ်ကြောင်းပါ ခင်ဗျာ။

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။